ကျေးဇူးတင်တတ်တဲ့စိတ်နဲ့ အသက်ရှင်ပါ။
ကျွန်တော်တို့ ဘာကြောင့်မပျော်သလဲ? ကိုယ့်ထက် ပိုကောင်းတဲ့ ဘဝတစ်ခုကို တခြားသူတစ်ယောက်က ပိုင်ဆိုင်ထားတယ်လို့ ယူဆတဲ့အခါ ကိုယ့်ကိုကိုယ် ဂုဏ်မယူနိုင်တော့ဘူး။ ကျေးဇူးတင်တတ်တဲ့စိတ်နဲ့ မနေနိုင်တော့ဘူး။ ဒီအချိန်မှာ စိတ်မထားတတ်ရင် Virus လေးခုဝင်လာလိမ့်မယ်။ -Negative Thinking -Negative Emotion-Limiting Belief-Inner Conflicts ဘဝက ကျေးဇူးတင်စရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ဥပမာ သင်အသက်ရှင်နေတယ်။သင့်မိဘ သို့ မိသားစုရှိမယ်။ ဘဝက သာသာယာယာ စီးဆင်းနေတယ်။ ဒီနေ့သုံးနေရတဲ့ အင်တာနက်ဆိုတာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အိမ်မက်ပဲ။ မိတ်ဆွေတို့ ဘဝမှာ ကျေးဇူးတင်တဲ့ အကြောင်းအရာတွေထဲက တစ်ခုဟာ ဘာများဖြစ်မလဲ? Phyo Paing @ Derek
