Life

ဘဝဆိုတာ ရွေးချယ်မှုတွေလုပ်ရတဲ့
ခရီးရှည်တစ်ခုပဲ။

ဘဝထဲမှာ ဘာရလဒ်တွေရသွားချင်လဲ။ဒီပေါ်မူတည်ပြီး ရွေးချယ်မှုတွေပြုလုပ်ရတယ်။ ဘာရလဒ်ရချင်လဲဆိုတာ ပညာနဲ့ဆိုင်ပြီး၊ ဘယ်လိုရွေးချယ်မှုတွေပြုလုပ်ရမလဲဆိုတာဥာဏ်နဲ့ဆိုင်တယ်။ ကျွန်တော်ကတော့ ဒီဘဝမှာ အချုပ်အနှောင်ကင်းကင်းနဲ့ ဘဝမှာ လေ့လာချင်တာကိုလေ့လာပြီး၊ကမ္ဘာကြီးရဲ့ ကိုယ်ကြိုက်တဲ့ဘယ်နေရာမှာမဆို အခြေချနိုင်တဲ့သူဖြစ်ချင်တယ်။ ဘဝရဲ့ဖြတ်သန်းမှုတွေကို မှတ်တမ်းတစ်ခုတင်ခဲ့ချင်တယ်။ စွန့်ဦးတီထွင်တစ်ယောက်၊စွန်းဆောင်ရည်မြင့်၊ ဥာဏ်ရည်မြင့်တဲ့ကိုယ်လုပ်တဲ့အလုပ်မှာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့သူတစ်ယောက်နှစ်အလိုက်  မတူညီတဲ့အတွေ့အကြုံတွေကို စုစည်းသူတစ်ယောက်အဖြစ်ဘဝကြီးကို အသက်မွေးချင်တယ်။ သမာအာဇီဝနဲ့ မတူညီတဲ့နည်းလမ်းတွေနဲ့ဝင်ငွေတွေအများကြီးရှာချင်တယ်။ နောက် သဘာဝတရားရဲ့ဖြစ်တည်မှုကိုသိပြီးသံသရာက လွတ်မြောက်ချင်တယ်။ ဘဝရဲ့ရွေးချယ်မှုအနေနဲ့အရင်းနှီးဆုံးသူ၊ နေတဲ့နေရာ၊ လုပ်တဲ့အလုပ်၊ ပေါင်းသင်းတဲ့အပေါင်းအသင်း၊ကျင်လည်မည့်စျေးကွက်၊ နေ့စဥ်ဘဝဖြတ်သန်းမည့်ပုံစံ၊ နှစ်အလိုက်ဖြတ်သန်းမည့်ပုံစံ၊ဆယ်စုနှစ်တစ်ခုအလိုက်ဖြတ်သန်းမည့်အကြမ်းပုံစံကိုစဥ်းစားကြံဆရပြန်တယ်။ ဘဝဆိုတာ လိုချင်တဲ့ရလဒ်အတွက်နေ့စဥ်၊ အပတ်စဥ်၊ လစဥ်၊ နှစ်စဥ်ရွေးချယ်မှုကောင်းတွေကို ပြုလုပ်ရတဲ့နေရာတစ်ခုလို့စဥ်းစားမိတယ်။ အထူးသဖြင့် နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုမနေသွားချင်ရင်ပေါ့။ Phyo Paing @ Derek

ဘဝဆိုတာ ရွေးချယ်မှုတွေလုပ်ရတဲ့
ခရီးရှည်တစ်ခုပဲ။
Read More »

ဘဝရဲ့အရည်အသွေးဆိုတာကလဲ
ကိုယ့်ဘဝပြဿနာ
ဘယ်လောက်အဖြေရှာနိုင်လဲနဲ့ဆိုင်တယ်။

တိုးတက်ချင်ရင်အဓိက တစ်နည်းပဲရှိတယ်။ပြဿနာဖြေရှင်း။ ဒီထက်ကောင်းတဲ့တိုးတက်တဲ့နည်းမရှိဘူး။ ပုစ္စာတွေပြဿနာအဖြေရှာတာကိုသူငယ်တန်းကတည်းကလုပ်ခဲ့တယ်။အတန်းကြီးလေ ပုစ္စာတွေခက်လာလေပဲ။ ဘဝရဲ့အရည်အသွေးဆိုတာကလဲကိုယ့်ဘဝပြဿနာဘယ်လောက်အဖြေရှာနိုင်လဲနဲ့ဆိုင်တယ်။ Phyo Paing @ Derek

ဘဝရဲ့အရည်အသွေးဆိုတာကလဲ
ကိုယ့်ဘဝပြဿနာ
ဘယ်လောက်အဖြေရှာနိုင်လဲနဲ့ဆိုင်တယ်။
Read More »

အားလုံးက သံသရာမှာ
တခဏလာတွေ့ကြတယ်။

နောက်အနှစ်ငါးဆယ်ဆိုFacebook ပေါ်ကလူတော်တော်များများရှိချင်မှ ရှိကြတော့မယ်။​ Facebook ကြီးကလဲရှိချင်မှ ရှိကြတော့မယ်။ ရှိရင်လဲ သိချင်မှသိကြတော့မယ်။ အားလုံးက သံသရာမှာတခဏလာတွေ့ကြတယ်။ မသေခင်တော့အထောက်အပံကောင်းတွေတည်ဆောက်သွားဖို့လိုနိုင်တယ်။ဘာကြောင့်လဲဆို အနာဂတ်မှာဘာတွေဖြစ်မလဲ၊ဘာတွေရှိမလဲမသိနိုင်ဘူး။​ကုသိုလ်၊ ဥစ္စာ၊ ပညာဒီသုံးခုဖြည့်ဆည်းထားတာကတော့မှားတဲ့အလုပ်မဟုတ်ဘူး။နေ့တိုင်း ဒီသုံးခုစလုံးမဟုတ်ရင်တောင်တစ်ခုကတော့ ဖြည့်ဆည်းထားမှအနာဂတ်အတွက် တော်ကာကျနိုင်မယ်။ Phyo Paing @ Derek

အားလုံးက သံသရာမှာ
တခဏလာတွေ့ကြတယ်။
Read More »

လူတိုင်းသူ့အားသာချက်နဲ့သူ၊
သူ့ပေးထားချက်နဲ့သူ။

မပြည့်စုံတဲ့လောကမှာပြည့်စုံတဲ့ပုံစံဟန်ဆောင်တာကမောပန်းစေတယ်။အရှိအရှိအတိုင်းပေါ့။လူတိုင်းသူ့အားသာချက်နဲ့သူ၊သူ့ပေးထားချက်နဲ့သူ။ကိုယ့်တာဝန်က ဒီဘဝရဲ့ပေးထားချက်ကို အကောင်းဆုံးအသုံးပြုဖို့ပဲ။ Phyo Paing @ Derek

လူတိုင်းသူ့အားသာချက်နဲ့သူ၊
သူ့ပေးထားချက်နဲ့သူ။
Read More »

လောကအမြင်အရေးကြီးတယ်။

လောကအမြင်မတူရင်ဘဝရဲ့ အမြင့်မတူဘူး။ ငွေရေးကြေးရေးအပေါ်ထားတဲ့အမြင်မတူရင်ပိုင်ဆိုင်မှုအမြင့်မတူဘူး။ပညာရေးပေါ်ထားတဲ့အမြင်မတူရင်ပညာရေး အမြင့်မတူဘူး။ လူတွေရဲ့လောကအမြင်ကကိုယ့်ပတ်ဝန်းကျင်ကလာတတ်တယ်။ကိုယ့်မိဘ၊ ဆွေးမျိုး၊ကျင်လည်ခဲ့တဲ့အသိုင်းအဝိုင်း။ ချမ်းသာတဲ့မိသားစုမှာမွေးပြီးအမွေမရ၊ အထောက်အပံ့မရရင်တောင်အကြီးဆုံးရနိုင်တဲ့အရာကငွေကြေးနဲ့ပတ်သက်တဲ့လောကအမြင်ပဲ။ ကျွန်တော့်ဘဝရဲ့ အကြီးဆုံးအပြောင်းအလဲတစ်ခုက၂၀၁၃ မှာ စတင်တယ်။ ချမ်းသာတဲ့သူတွေရဲ့စဥ်းစားပုံနဲ့ကိုယ်ကျင်လည်နေတဲ့အသိုင်းအဝိုင်းစဥ်းစားပုံကို တော်တော်လေးကွာတာသတိသွားပြုမိတယ်။ ကိုယ်ကျင်လည်နေတဲ့နေရာကသူများအကြောင်း၊ ဘယ်သူဘာဖြစ်အရေးမပါတာတွေနဲ့ပြောဆို အချိန်ကုန်နေတာများတယ်။ သူ့နယ်ပယ်မှာ နေရာကြီးကြီးတစ်ခုမှာရောက်နေတဲ့အသိုင်းအဝိုင်းမှာဒါတွေ ပြောဆိုတာမတွေ့ရဘူး။အများစုက ကိုယ့်လုပ်ငန်းအကြောင်း၊အတုယူလို့ရတဲ့သူတွေအကြောင်းဒီအချက်ကိုတွေ့ရတယ်။ အဲ့နေ့ကစတင်ပြီး MYOB ဆိုတာကိုကျင့်သုံးခဲ့တယ်။Mind Your Own Businessကိုယ့်အလုပ်ကိုယ်အာရုံစိုက်။ အဲ့နေ့ကစတင်ပြီး ဘဝမှာငွေကြေးပိုင်းအရင်ကထက်အများကြီး အဆင်ပြေလာတယ်။ အဲ့နှစ်မှာပဲ ကိုယ့်ငွေနဲ့ကိုယ်ကားဝယ်တယ်။နောက်တစ်နှစ်ကျတော့ဆိုင်ဖွင့်တယ်။နောက်ထပ်တစ်နှစ်June 2015 မှာ YEC ကို စတင်ခဲ့တယ်။ လူတွေဆီက အများကြီးလေ့လာလို့ရတယ်။လူတိုင်းက ကိုယ့်ဆရာပဲ။ရှောင်စရာနဲ့ အတုယူစရာသင်ပေးလိုက်တဲ့ ဆရာကြီးပဲ။ လောကအမြင်အရေးကြီးတယ်။ Phyo Paing @ Derek

လောကအမြင်အရေးကြီးတယ်။ Read More »

အာရုံမနောက်ချင်ရင်

အာရုံမနောက်ချင်ရင် ၁။ သူများနဲ့မနှိုင်းယှဥ်နဲ့၂။ တစ်ကြိမ်မှာ ရည်မှန်းချက် တစ်ခုပဲထား၃။​ ဒီရည်မှန်းချက်ကိုပဲ အာရုံစိုက်၄။ ကိုယ့်ရည်မှန်းချက်ကို ရောက်စေမည့်အလုပ်နေ့တိုင်းလုပ်၅။ ဒီအလုပ်ကို ပိုကောင်း၊ ပိုမြန်၊ ပိုထိရောက်အောင်လုပ်နိုင်ဖို့လေ့လာ၆။ အစားအသောက်ကို ဂရုစိုက်၇။ လေ့ကျင့်ခန်းပုံမှန်လုပ်၈။ ကိုယ့်ဘဝအတွက် အရေးကြီးတဲ့သူတွေနဲ့ပုံမှန်ဆက်သွယ်၉။ ကိုယ့်ကိုကိုယ် အမြဲပြန်လည်သုံးသပ် Phyo Paing @ Derek

အာရုံမနောက်ချင်ရင် Read More »

နားမလည်ရင် မှားမယ်။

နားမလည်ရင် မှားမယ်။ ယောကျာ်းတွေအကြောင်းနားမလည်ရင်ယောကျာ်းတွေကြောင့် ဒုက္ခရောက်မယ်။မိန်းမတွေအကြောင်းနားမလည်ရင်မိန်းမတွေကြောင့် ဒုက္ခရောက်မယ်။​လူတွေအကြောင်းနားမလည်ရင်လူတွေကြောင့် ဒုက္ခရောက်မယ်။​ဝန်ထမ်းတွေအကြောင်းနားမလည်ရင်ဝန်ထမ်းတွေကြောင့်ဒုက္ခရောက်မယ်။ဘော့အကြောင်းနားမလည်ရင်ဘော့ကြောင့် ဒုက္ခရောက်မယ်။​ စီးပွားရေးလုပ်နေပြီးစီးပွားရေးအကြောင်းနားမလည်စီးပွားရေးကြောင့် ဒုက္ခရောက်မယ်။ငွေကြေးအကြောင်းနားမလည်ငွေကြေးကြောင့် ဒုက္ခရောက်မယ်။ နားလည်မှုဆိုတာကိုယ့်အထင်အမြင်နဲ့တကယ့်အဖြစ်အပျက်နဲ့အနီးစပ်ဆုံးတူနေတာ။ နားမလည်တဲ့အခါကိုယ့်အထင်အမြင်နဲ့တကယ်ဖြစ်နေတာနဲ့ကြားမှာကွာဟနေတတ်တာမျိုးဖြစ်နိုင်တယ်။ နားမလည်တဲ့အခါပေးပြီး ပြန်ရချင်တာကိုပြန်မရတာမျိုး။ နားမလည်တဲ့အခါကိုယ့်အထင်အမြင်နဲ့လောကရဲ့အဖြစ်အပျက်ကကိုက်ညီမှုမရှိနေတာမျိုး။ ဗုဒ္ဓက သံသရာ ဝဋ်ဆင်း ရဲကိုသေချာနားလည်ဖို့သစ္စာလေးပါးနဲ့ မဂ္ဂင်ရှစ်ပါးကိုဟောကြားခဲ့ပေမယ့်သိတော့ သိတယ်ဒါကို နားလည်ဖို့အတွက်ကျင့်ကြံဖို့ ဝိပဿနာinsight meditation/ Vipassanaတကယ်ကျင့်မှ နားလည်နိုင်တာမျိုး။တချို့အရာတွေက စာတွေ့သိပြီးငါတွေ့နဲ့ကြုံမှ တကယ်နားလည်နိုင်တာမျိုး။ လောကမှာ လောကဓံရှစ်ပါးကိုသေချာနားလည်လာရင်ဘဝကို ရုန်းရင်းဆန်ခတ်ဖြစ်ပြီးမနေတော့ဘူး။ဘဝမှာ သုခနဲ့ကြုံကြုံ၊ဒုက္ခနဲ့ကြုံကြုံစိတ်ကိုတည်ငြိမ်အောင်ထားတတ်တဲ့ဥပက္ခာတရားရှိလာမယ်။အရာရာဟာ ခဏပါဆိုတာနားလည်လာမယ်။ မနားလည်လို့ မမှားအောင်ဗုဒ္ဓက မှန်ကန်တဲ့အမြင်ရှိဖို့သမ္မာဒိဋ္ဌိ (၅) မျိုးကိုဟောကြားခဲ့တယ်။​ ကမ္မဿကတာသမ္မာဒိဋ္ဌိ လူတိုင်းဟာ ကိုယ်ပြုလိုက်တဲ့ကောင်းမှု၊ မကောင်းမှုကံ တွေရဲ့ အကျိုးကိုကိုယ်တိုင် ခံစားရတာကိုသိမြင်တဲ့ ဉာဏ်ပါ။ဒါဟာ အခြေခံ အကျဆုံးအမြင်မှန်ဖြစ်ပါတယ်။ ဈာနသမ္မာဒိဋ္ဌိတရားထိုင်တာကြောင့် ရရှိတဲ့ဈာန် နဲ့ ယှဉ်တဲ့ ဉာဏ်ပါ။ဈာန်ဝင်စားနေချိန်မှာစိတ်ရဲ့ အခြေအနေတွေကိုတိုက်ရိုက်သိမြင်လာတဲ့ဉာဏ်အမြင် ဖြစ်ပါတယ်။လူတိုင်းဟာ

နားမလည်ရင် မှားမယ်။ Read More »

ဘဝမှာ ဖြစ်နိုင်စွမ်းတွေကိုကြည့်တဲ့အခါ

ဘဝရဲ့သုံးပုံစံတစ်ပုံကမိဘရဲ့နောက်ခံနဲ့ အထောက်အပံ့ကြောင့်။သုံးပုံတစ်ပုံကကံတရားရဲ့ပုံသွင်းမှုကြောင့်။သုံးပုံတစ်ပုံကကိုယ်ရဲ့ရွေးချယ်လုပ်ဆောင်မှုကြောင့်။ ဘဝမှာ ဖြစ်နိုင်စွမ်းတွေကိုကြည့်တဲ့အခါဒီအတွေးအခေါ်တစ်ခုနဲ့ တခါတလေကြည့်ကြည့်မိတယ်။ ပထမနှစ်ခုရွေးချယ်လို့မရဘူး။တတိယတစ်ခုက ကိုယ်နဲ့တိုက်ရိုက်ဆိုင်တယ်။ Phyo Paing @ Derek

ဘဝမှာ ဖြစ်နိုင်စွမ်းတွေကိုကြည့်တဲ့အခါ Read More »

တရားရတယ်ဆိုတာကတော့
နားလည်မှုတဆင့်မြင့်သွားတာပဲ။

တရားရတယ်ဆိုတာအမှန်တရားကို တဆင့်မြင့်နားလည်သွားတဲ့အခါ သုံးကြတယ်။ လူတွေနဲ့ပတ်သက်လို့ တရားရတယ်။လောကသဘာဝအရ တရားရတယ်။ တရားဆိုတာအမှန်တရား၊တရားမျှတမှု၊သဘောတရား၊တရားရေးရာ၊တရားဓမ္မဒီလိုမျိုးအသုံးပြုကြတယ်။ တရားရတယ်ဆိုတာကတော့နားလည်မှုတဆင့်မြင့်သွားတာပဲ။ သိတာနဲ့ နားလည်သဘောပေါက်နှလုံးသွင်းနိုင်တာတူမလိုနဲ့ မတူပါဘူး။ လောကဓံရှစ်ပါးနဲ့ဥပက္ခာတရားကိုလူတိုင်းနီးပါးသိကြတယ်။လူတိုင်းနီးပါးနှလုံးမသွင်းနိုင်ကြဘူး။ လူတွေက၁။ ငွေ၂။ စိတ်ခံစားချက်၃။ ဂုဏ်၄။ တရားဒီလေးခုနောက်လိုက်တတ်ကြတယ်။ နောက်ဆုံးမှာ တရားနဲ့ဆုံးတတ်ကြတယ်။ Phyo Paing @ Derek

တရားရတယ်ဆိုတာကတော့
နားလည်မှုတဆင့်မြင့်သွားတာပဲ။
Read More »