Life

အေးချမ်းချင်ရင်
လိပ်ပြာသန့်သန့်နဲ့ အသက်ရှင်ပါ။

အေးချမ်းချင်ရင်လိပ်ပြာသန့်သန့်နဲ့ အသက်ရှင်ပါ။ ကိုယ့်အရည်အချင်းနဲ့ မထိုက်တန်တဲ့ချမ်းသာမှုကို မသမာနဲ့နည်း၊သမာအာဇီဝမကျတဲ့နည်းနဲ့မရှာနဲ့။ ချမ်းသာလိမ့်မယ်။​ကြွယ်ဝမှာ မဟုတ်ဘူး။ ချမ်းသာတယ်ဆိုတာ ရှိတာ။ချက်ချင်းပြန်ကုန်သွားနိုင်တယ်။ကြွယ်ဝတယ်ဆိုတာ ပေါများကြွယ်ဝနေတာ။​ မသမာနည်းနဲ့ သမာအာဇီဝမကျတဲ့နည်းနဲ့ငွေရှိလိမ့်မယ်။​အတွင်းစိတ်အေးချမ်းမှာ မဟုတ်ဘူး။​ ဒါကြောင့် ဒါကိုလဲ​အားမကျမိနဲ့။လူ့သဘောအရ စိတ်ယိုင်တတ်တယ်။ တွေ့ဖူးတဲ့ သူတပါးမျက်ရည်ကြီးငယ်ကျအောင်လုပ်ပြီးငွေရှာတဲ့သူတွေ၊ဘဝတွေပျက်အောင်လုပ် ငွေရှာတဲ့သူတွေပူလောင်နေကြတာများတယ်။​ ဓာတ်ဆိုတာ ခံစားလို့ရတယ်။ ဒါကြောင့် ဗုဒ္ဓက သံသရာကလွတ်မြောက်ဖို့မဂ္ဂင်ရှစ်ပါးမှာသမာအာဇီဝ အသက်မွေးပါဖို့ဟောကြားခဲ့တယ်။​ အနာဂတ်ရဲ့ ကံကိုကြွေးယူပြီး ဒီဘဝမှာ သုံးတာကောင်းတဲ့အလုပ် မဟုတ်နိုင်ဘူး။ ကိုယ်လိုချင်တာကို ရဖို့ထိုက်တန်တဲ့သူဖြစ်အောင်နေ့စဉ်ပါရမီဖြည့်ဖို့လိုပါတယ်။​ Phyo Paing @ Derek

အေးချမ်းချင်ရင်
လိပ်ပြာသန့်သန့်နဲ့ အသက်ရှင်ပါ။
Read More »

လဲကျပြန်ထ ဒါဘဝပါ။

အရှုံးကို လက်မခံနိုင်တဲ့ လူနဲ့လူမှုအဖွဲ့အစည်းတစ်ခုကရှေ့ရောက်ဖို့ခက်တယ်။ ဘဝမှာ အမြဲအဆင့် ၁ ရနေမှာမဟုတ်ဘူး။ အရှုံး၊ ကြေကွဲမှု၊ ဒဏ်ရာ၊ဝေဒနာ ဒီအချက်တွေကသင်ခန်းစာယူပြီးဘဝကို တည်ဆောက်ရတာမျိုး။ မွေးကတည်းက စာတော်၊ရုပ်ချော၊အိမ်ကချမ်းသာ၊ဂုဏ်ထူးတွေထွက်၊အကောင်းဆုံးတက္ကသိုလ်တွေတက်၊ပထမဆုံးချစ်ခဲ့တဲ့ချစ်သူနဲ့ညား၊​လိုချင်တဲ့ကလေးတွေမွေး၊ကမ္ဘာပတ်၊အိမ်တွေဝယ်၊ ကားကောင်းကောင်းတွေရှိ၊မိဘဆီကအမွေရ၊လူတွေအသိအမှတ်ပြု အောင်မြင်။လိုတိုင်တရ။ ဒီလိုမြင်ရတာ ကိုရီးယားကားနဲ့social media ပေါ်မှာပဲရှိလိမ့်မယ်။​ ဘဝမှာ မကျန်းမာတဲ့အချိန်၊အလုပ်ခွင်မှာ စိတ်ညစ်ရတဲ့အချိန်၊လုပ်ငန်းတွေအဆင်မပြေတဲ့အချိန်၊အချစ်ရေးမှာ ကြေကွဲတဲ့အချိန်၊​လိုချင်တဲ့အတိုင်းမဖြစ်တဲ့အတွက်စိတ်ညစ်ရတဲ့အချိန်၊လူတွေကိုယ့်ကို ကဲ့ရဲ့တဲ့အချိန်၊အချုပ်အနှောင်တွေနဲ့နေရတဲ့အချိန်ဒါတွေက ဘဝရဲ့တစ်ကွေ့မဟုတ်တစ်ကွေ့မှာ ကြုံရမှာပဲ။ ဒါကို သူများကိုအပြစ်တင်ပြောနေတာနဲ့၊ကိုယ်တိုင်တိတ်တဆိတ်ကြေကွဲလိုက်၊အဖြေရှာလိုက်၊ ကျော်လွှားလိုက်ဒီနှစ်မျိုးပဲကွာကောင်းကွာလိမ့်မယ်။ လောကမှာ​ ရှင်သန်နေသမျှလောကဓံ ၈ ပါးနဲ့ကြုံနေအုံးမှာပဲ။ အရှုံးတိုင်းက အဆုံးမဟုတ်ဘူး။လမ်းဆုံးမဟုတ်သေးဘူး။အခက်အခဲတိုင်းရဲ့ တစ်ဖက်ခြမ်းမှာအခွင့်အလမ်းတွေရှိတယ်။ ဒါကြောင့် တရုတ်လို 危机အကြပ်အတည်းဆိုတဲ့စကားလုံးမှာပထမစကားလုံးက 危 ဝေးက အန္တရာယ်။ဒုတိယစကားလုံး 机 ကျီးက အခွင့်အလမ်း။အခက်အခဲတိုင်းရဲ့ တစ်ဖက်ခြမ်းမှာအခွင့်အလမ်းတွေရှိတယ်။ လဲကျပြန်ထ ဒါဘဝပါ။ Phyo Paing @ Derek

လဲကျပြန်ထ ဒါဘဝပါ။ Read More »

ကမ္ဘာပေါ်က အကောင်းဆုံး
တက္ကသိုလ်

ကမ္ဘာပေါ်က အကောင်းဆုံးတက္ကသိုလ်ကတော့ဘဝ လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့၂၄ နာရီ၊ ၇ ရက်အချိန်မရွေး၊ နေရာမရွေးသတိရှိပြီးလေ့လာရင်လေ့လာသလိုပညာတွေရတယ်။ Phyo Paing @ Derek

ကမ္ဘာပေါ်က အကောင်းဆုံး
တက္ကသိုလ်
Read More »

ဘဝမှာ မပြောင်းလဲတဲ့
အမှန်တရားတွေရှိတယ်။

ဘဝမှာ မပြောင်းလဲတဲ့အမှန်တရားတွေရှိတယ်။ အသက်ရှင်နေသမျှဒုက္ခဆင်းရဲတွေရှိနေမယ်။နည်းတာနဲ့ များတာပဲကွာမယ်။ ဒုက္ခကို အကြမ်းနှစ်မျိုးခွဲလို့ရတယ်။စိတ်ဆင်းရဲခြင်းနဲ့ကိုယ်ဆင်းရဲခြင်းဒုက္ခ။ ကိုယ်ဆင်းရဲခြင်းနည်းဖို့ကျန်းမာရေး၊ ကြံ့ခိုင်ရေးအရေးကြီးတယ်။​ စိတ်ဆင်းရဲခြင်းနည်းဖို့လောကဓံရှစ်ပါးကိုမတုန်မလှုပ်ဖြတ်သန်းနိုင်ဖို့လိုတယ်။ဒါကို ဥပက္ခာတရားလို့ခေါ်တယ်။ဥပက္ခာတရား equanimity ဆိုတာလျစ်လျူရှုတာမဟုတ်ဘူး။မတုန်မလှုပ်ဖြတ်သန်းတာ။ Phyo Paing @ Derek

ဘဝမှာ မပြောင်းလဲတဲ့
အမှန်တရားတွေရှိတယ်။
Read More »

လူတွေနဲ့အဆင်ပြေဖို့က
ကျရာဇာတ် သရုပ်ဆောင်ပီပြင်ဖို့လိုပြန်တယ်။

လူတွေကြားထဲဝင်ဆန့်ချင်ရင်သရုပ်ဆောင်။ သရုပ်ဆောင်တာနဲ့ဟန်ဆောင်တာမတူဘူး။ သရုပ်ဆောင်တာက actဟန်ဆောင်တာက pretend သရုပ်ဆောင်တယ်ဆိုတာကိုယ့်ကိုပေးထားတဲ့နေရာတစ်ခုအတွက်သူနဲ့ကိုက်ညီတဲ့အပြုအမူကိုလုပ်ဆောင်ရတာ။ကိုယ်က အိမ်မှာဘယ်လောက်စိတ်ညစ်ခဲ့ညစ်ခဲ့ရုံးရောက်အလုပ်ခွင်ဝင်ရင်အရောင်းသမားဖြစ်တဲ့အတွက်အပြုံးလေးနဲ့သရုပ်ဆောင်ရတာမျိုး။ ဟန်ဆောင်တယ်ဆိုတာမဟုတ်မမှန်တာကိုလိမ်လည်လှည့်ပြားလုပ်ဆောင်တာ။ လောကမှာ လူလုပ်နေသမျှတာဝန်နဲ့ ဝတ္တရားတွေရှိတယ်။လုပ်ငန်းရှင်ဆိုလဲ လုပ်ငန်းရှင်အလျောက်၊မန်နေဂျာဆိုလဲ မန်နေဂျာအလျောက်။​မိဘ၊ သားသမီး လူတိုင်းသရုပ်ဆောင်ရတယ်။ ဗမာစကားလုံးတချို့ကဗန်းစကားတွေကြောင့်အဓိပ္ပာယ်တွေလွဲကုန်တဲ့အခါအနှုတ်သဘောဆောင်တဲ့ဖက်ရောက်သွားကြတယ်။ ဥပမာ နင်သရုပ်ဆောင်ကောင်းတယ်နော်အကယ်ဒမီရသင့်တယ်။ လူတွေနဲ့အဆင်ပြေဖို့ကကိုယ်ကျရာဇာတ်ကို အကောင်းဆုံးသရုပ်ဆောင်ဖို့လိုတယ်။ စိတ်မပါလဲ ပြုံးပြရတာမျိုး။မလုပ်ချင်လဲ လုပ်ရတာမျိုး။လောကွက်မချော်ချင်လဲလောကွက်ချော်ရတာမျိုး၊Congratulations/ Birthday/ စိတ်မကောင်းပါဘူးတခါတလေ စိတ်ထဲကမပါလဲရေးရတာမျိုး။မရယ်ရတဲ့ ဟာသကိုရယ်တာမျိုးတွေဥပမာပေါ့။ လူတွေနဲ့အဆင်ပြေဖို့ကကျရာဇာတ် သရုပ်ဆောင်ပီပြင်ဖို့လိုပြန်တယ်။ Phyo Paing @ Derek

လူတွေနဲ့အဆင်ပြေဖို့က
ကျရာဇာတ် သရုပ်ဆောင်ပီပြင်ဖို့လိုပြန်တယ်။
Read More »

ကိုယ့်ဘေးနားကလူတွေကို
ပျော်အောင်ထားဖို့အတွက်ဆို
ကိုယ့်ရဲ့စူပါပါဝါကိုသိဖို့လိုတယ်။

ဘဝမှာ အရေးကြီးဆုံးကကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင်ထားနိုင်ဖို့။ ကိုယ့်ဘေးနားမှာ ရှိတဲ့သူတွေကိုစိတ်ချမ်းသားအောင်ထားနိုင်ဖို့။ ရေတိုအတွက်၊ ရေရှည်အတွက်အပါပေါ့။ ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင်ထားဖို့ကိုယ့်ရဲ့ တန်ဖိုးထားမှု values တွေကိုသိဖို့လိုတယ်။ကျွန်တော့်အတွက်ဆို တိုးတက်မှု၊ လွတ်လပ်မှု၊ ရင်ခုန်မှုပေါ့။ ကိုယ့်ဘေးနားကလူတွေကိုပျော်အောင်ထားဖို့အတွက်ဆို ကိုယ့်ရဲ့စူပါပါဝါကိုသိဖို့လိုတယ်။ ဒီစူပါပါဝါကို အသုံးချလူတွေရဲ့ပြဿနာကိုဖြေရှင်းပေးပြီးသူတို့လိုချင်တာတွေရအောင်ကူညီပေးနိုင်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ဘေးနားကလူတွေကို
ပျော်အောင်ထားဖို့အတွက်ဆို
ကိုယ့်ရဲ့စူပါပါဝါကိုသိဖို့လိုတယ်။
Read More »

တစ်ရက်တာအတွက် အလုပ်က
တော်တော် အရေးကြီးတဲ့အပိုင်းထဲပါတယ်။

အိပ်ချိန် – ၈ နာရီအလုပ်ချိန် – ၈ နာရီရေမိုးချိုး၊ မျက်နှာသစ်၊အိမ်သာတက်၊ အပေါ့သွား – ၁ နာရီခွဲခြေလမ်း ၇ ထောင်လျှောက် + နား – ၁ နာရီခွဲအလုပ်သွား၊ အလုပ်ပြန် – ၁ နာရီဖုန်းသုံး၊ အင်တာနက်ကြည့် – ၁ နာရီကျန်တဲ့အချိန် – ၃ နာရီ ဥပမာတစ်ခုကြည့်ကြည့်တာ။ တစ်ရက်တာအတွက် အလုပ်ကတော်တော် အရေးကြီးတဲ့အပိုင်းထဲပါတယ်။ Phyo Paing @ Derek

တစ်ရက်တာအတွက် အလုပ်က
တော်တော် အရေးကြီးတဲ့အပိုင်းထဲပါတယ်။
Read More »

လူတိုင်းက အသက် ၃၀ ကျော်ရင်
ပေါက်နေတဲ့သင်္ဘောတစ်စီးလိုပဲ။

လူတိုင်းက အသက် ၃၀ ကျော်ရင်ပေါက်နေတဲ့သင်္ဘောတစ်စီးလိုပဲ။နေ့စဉ် ရေဝင်နေတယ်။တစ်နေ့တော့ မြုပ်မှာပဲ။ပေါက်တာနည်းအောင် အစားအသောက်၊ လေ့ကျင့်ခန်း၊အမူအကျင့် ဂရုစိုက်ရမှာပဲ။အပြောလွယ်၊ လုပ်ရမလွယ်ဘူး။ Phyo Paing @ Derek

လူတိုင်းက အသက် ၃၀ ကျော်ရင်
ပေါက်နေတဲ့သင်္ဘောတစ်စီးလိုပဲ။
Read More »

မိုးရွာတုန်းရေခံဖို့
အရေးကြီးတယ်။

လူတွေဘာကြောင့် ကျဆုံးလဲနောက်ကျကျန်ခဲ့လဲဆိုဒီလေးခုကြောင့်တဲ့။ 看不见,မမြင်ဘူး看不起,အထင်မကြီးဘူး看不懂,ကြည့်ပြီးနားမလည်ဘူး来不及အလျှင်မမှီတော့ဘူး။ ဒါက အင်တာနက်ခေတ်မှာဂျက်မာပြောခဲ့တဲ့စကားလေး။ အခု အေအိုင်ခေတ်လာနေပြီ။မျက်စိဖွင့်၊ နားစွင့်၊ နေ့စဉ်လေ့လာ၊အခွင့်အလမ်းတွေ့တာနဲ့ချက်ချင်းလုပ်။ လူတွေကိုယ့်ကိုချစ်တာမုန်းတာ၇ ရက်ပဲ။ကိုယ့်ဘဝ၊ ကိုယ့်မိသားစု၊ကိုယ့်ဝန်ထမ်း၊ ကိုယ့်ပါတနာအတွက်ငွေက အရေးကြီးတယ်။နောက် ကိုယ့်သမိုင်းပေးတာဝန်အရေးကြီးတယ်။ မိုးရွာတုန်းရေခံဖို့အရေးကြီးတယ်။ Phyo Paing @ Derek

မိုးရွာတုန်းရေခံဖို့
အရေးကြီးတယ်။
Read More »

ဘယ်မှာရင်းနှီးမြှုပ်နှံရမလဲ။

ဘယ်မှာရင်းနှီးမြုပ်နှံရမလဲ။ ၁။ ကိုယ့်ကိုကိုယ်၂။ ကိုယ့်အသက်မွေးဝမ်းကြောင်းအလုပ်၃။ ကိုယ့်ရဲ့လုပ်ငန်း၄။ ပြီးမှ ကိုယ်နားလည်ပြီးကိုယ့်လုပ်ငန်းအတွက်၊အနာဂတ်အတွက်အထောက်အကူပြုမည့်လုပ်ငန်း Phyo Paing @ Derek

ဘယ်မှာရင်းနှီးမြှုပ်နှံရမလဲ။ Read More »