ဘဝဆိုတာ ပေးထားချက်ထဲက
မေးထားချက်တွေကို
အဖြေရှာနိုင်မှ
နောက်တစ်ဆင့်တက်သွားမှာ။
လူဖြစ်ရတာ လွယ်မလိုလိုနဲ့မလွယ်ဘူး။ ကြိုက်ကြိုက်မကြိုက်ကြိုက် လူရယ်လို့ဖြစ်လာတဲ့အခါဘဝတစ်ခုရမယ်။ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားရှင်သန်ခြင်းဖြစ်စဉ်က ဘဝပဲ။ မွေးတာနဲ့ သေတာကို ကိုယ်ထိန်းချုပ်လို့ရချင်မှရမယ်။ရှင်သန်ခြင်းဖြစ်စဉ် တော်တော်များများကိုကိုယ်ထိန်းချုပ်လို့ရတယ်။ ရှင်သန်ခြင်းဖြစ်စဉ်အတွက်ဘဝမှာ ပေးထားချက်တွေရှိတယ်။နောက် မေးထားချက်တွေရှိတယ်။ မွေးဖွားလာတဲ့ ဇာတိ၊ဖြစ်တည်လာတဲ့လူမျိုး၊ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်၊တွေ့ဆုံလာခဲ့တဲ့ လူတွေ၊ဒီအခြေအနေတွေက ဘဝရဲ့ပေးထားချက်တွေပဲ။ဘဝရဲ့ပေးထားချက်တွေကိုပြင်ဖို့မလွယ်ဘူး။ နောက်ဘဝမှာ မေးထားချက်တွေရှိတယ်။မိဘ၊ မောင်နှမ၊ ဆွေမျိုး၊ မိမိကိုယ်တိုင်ရဲ့ကျန်းမာရေး၊ အလုပ်စီးပွါး၊ အချစ်ရေး၊ပေါင်းသင်းဆက်ဆံရေး။ ဒီရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအခက်အခဲနဲ့ ရုန်းကန်မှုတွေတစ်ခုမမဟုတ်တစ်ခု လူတိုင်းမှာရှိတတ်ကြတယ်။ အဖြစ်အပျက်တွေ။ ဒါတွေက ဘဝရဲ့မေးထားချက်တွေပဲ။ ဘဝဆိုတာ ပေးထားချက်ထဲကမေးထားချက်တွေကို အဖြေရှာနိုင်မှ နောက်တစ်ဆင့်တက်သွားမှာ။ လူတစ်ယောက်နဲ့တစ်ယောက်ပေးထားချက်တွေမတူဘူး။တစ်ယောက်နဲ့တစ်ယောက်မေးထားချက်တွေမတူဘူး။ ဒါကြောင့် တစ်ချို့သူတွေရဲ့အဖြေကို တိုက်ရိုက်ကူးချလို့မရဘူး။ အရာရာ ကိုယ့်ရဲ့ပေးထားချက်တွေကိုနက်နက်နဲနဲသေချာသိရှိနားလည်နိုင်ဖို့လိုတယ်။မေးထားချက်တွေကို ရှင်းရှင်းလင်းလင်းသိဖို့လိုတယ်။ ဒါတွေဖြေရှင်းဖို့ ကိုယ့်ရဲ့ အတွေးအခေါ်၊အကြံအစည်၊ အလုပ်အကိုင်တွေကို သေချာထိန်းကြောင်းဖို့ပြန်လိုပြန်တယ်။ Phyo Paing @ Dere
ဘဝဆိုတာ ပေးထားချက်ထဲက
မေးထားချက်တွေကို
အဖြေရှာနိုင်မှ
နောက်တစ်ဆင့်တက်သွားမှာ။ Read More »
