အချိန်မဖြုန်းနဲ့။
အချိန်မဖြုန်းနဲ့။ ကိုယ့်ကိုကိုယ်အမြဲသတိပေးဖြစ်တဲ့စကား။တစ်နေ့လူတွေ အကုန်သေမှာပဲ။အသက် ၈၂ နှစ်လောက်နေရရင်ကိုရက်ပေါင်း ၃၀၀၀၀ လာနေရတဲ့ဘဝမှာလူဖြစ်ရတဲ့ အနှစ်သာရ အကောင်းဆုံးအတွေ့အကြုံရသွားဖို့လိုတယ်လို့ထင်တယ်။ ဘဝမှာ ကိုယ်လိုချင်တဲ့အတွေ့အကြုံအရေးကြီးတယ်။ ကိုယ်သွားချင်တဲ့နေရာ၊ကိုယ်ဖန်တီးချင်တဲ့အရာ၊ကိုယ်တွေ့ချင်တဲ့သူ၊ကိုယ်လုပ်ချင်တဲ့အရာဒါတွေကို အကောင်အထည်ဖော်ဖို့စိတ်ရှည်ဖို့လိုသလို၊အချိိန်မဖြုန်ဖို့လိုတယ်။ အရာရာကို စိတ်ရှည်ဖို့ထိုင်စောင့်တဲ့အစား၊လုပ်ရင်းစောင့်ဖို့လိုတယ်။ အဆင်မပြေတာတွေကိုဖယ်၊အဆင်ပြေအလုပ်ဖြစ်တာကိုသယ်။ အသက်ရှင်ပြီး အသက်ဝင်တဲ့ဘဝဖြစ်ဖို့ဒီနေ့ပြဿနာတွေပဲဖြေရှင်းနေလို့မရဘူး။လာမည့်အနာဂတ်ပြဿနာတွေကိုကြိုတင်တွက်ချက်အဖြေရှာထားဖို့လိုတယ်။ Phyo Paing @ Derek
