Life

Change your story,
change your life.

ဘဝတစ်ခုမှာဇာတ်ကောင်တစ်ခုရမယ်။ခန္ဓာတစ်ခု၊မိဘ၊ ဆွေမျိုး၊ လူမျိုး၊ နိုင်ငံနောက်ခံသမိုင်းကျောင်းတစ်ခုရမယ်။ ဒီဇာတ်ကောင်ကို ထိန်းချုပ်လို့ရတဲ့အသိဥာဏ်တစ်ခုရမယ်။ အတိတ်ကိုပြောင်းလို့မရပေမယ့်အနာဂတ်ကိုပြောင်းလဲလို့ရမယ်။ အနာဂတ်ကိုပြောင်းဖို့ပုံပြင်အသစ်လိုတယ်။အတိတ်ကပြောနေကျပုံပြင်တွေကစွန့်ခွာနိုင်ဖို့လိုတယ်။ ကိုယ့်ကိုကိုယ်ပြောနေတဲ့ပုံပြင်တွေပြောင်းလဲနိုင်တဲ့အခါဇာတ်ကောင်ရဲ့ရပ်တည်မှုကိုအဓိပ္ပာယ်ဖွင့်တဲ့ပုံစံပြောင်းသွားလိမ့်မယ်။ လူအများစုက အတိတ်၊ဟိုဟောင်းနေတဲ့ယဥ်ကျေးမှု၊ ထုံးတမ်းစဥ်လာ၊အမြင်ဟောင်းကြီးထဲကထွက်ဖို့ ရုန်းကန်နေကြရတယ်။ Change your story,change your life ဆိုတာလဲကြားဖူးလိမ့်မယ်။ ဦးနှောက်ထဲမှာ Reticular activating system (RAS)ဆိုတာရှိတယ်။အရေးကြီးတာ၊ အရေးမကြီးတာကိုဇကာစစ်ပေးတယ်။ကိုယ်ယုံကြည်တဲ့အတိုင်းအရေးကြီးတာကိုတွေ့စေတယ်။ ဘဝကြီးက ခက်ခဲတယ်ဆိုခက်ခဲတဲ့အရာတွေကိုပဲပြေတယ်။ဘဝမှာ အခွင့်အလမ်းတွေရှိတယ်။ငွေဆိုတာရှာရလွယ်တယ်ဆိုအရမ်းခက်ခဲတဲ့နေရာမှာတောင်အခွင့်အလမ်းတွေတွေ့နိုင်တယ်။ရှင်းပြတာ မော်တီဗေးရှင်းနယ်စပီကာများဆန်သွားသလား။အဲ့လိုပဲ။ ကိုယ့်ဘဝကို ဂိမ်းကစားနေသလိုစဥ်းစားကြည့်။ဇာတ်ကောင်ရဲ့ပုံစံပြောင်းချင်ရင်ကိုယ့်ကိုကိုယ်ပြောနေတဲ့ပုံပြင်ပြော။ Phyo Paing @ Derek

Change your story,
change your life.
Read More »

ကိုယ့်ဘဝကိုယ် စိတ်တိုင်းကျဖို့လိုတယ်။

ကိုယ့်ဘဝမှာဘာလုပ်ရမှန်းမသိရင်စာရွက်တစ်ရွက်ယူ။ ၁ ကနေ ၁၀ အထိအမှတ်ပေးကြည့်။၁ က အနည်းဆုံး၊ ၁၀ က အမှတ်ပြည့်၊၅ က အလည်အလတ်။ ကျန်းမာကြံ့ခိုင်ရေးနဲ့ပတ်သက်လို့ ၁-၁၀အလုပ်စီးပွါးနဲ့ပတ်သက်လို့ ၁-၁၀ငွေရေးကြေးရေးနဲ့ပတ်သက်လို့ ၁-၁၀အချစ်၊ အိမ်ထောင်၊ မိသားစုအရေးနဲ့ပတ်သက်လို့ ၁-၁၀အပေါင်းအသင်းနဲ့ပတ်သက်လို့ ၁-၁၀တိုးတက်ရေးနဲ့ပတ်သက်လို့ ၁-၁၀စိတ်ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ၁-၁၀ ဒီနယ်ပယ် ၇ ခုကို အမှတ်ပေးပြီးအမှတ်နည်းနေတာတွေကိုဖြည့်ကြည့်။ ဒါကို Wheel of life လို့လဲခေါ်တယ်။ တခါတလေ သူများနဲ့ပြိုင်စရာမလိုဘူး။ကိုယ့်ဘဝကိုယ် စိတ်တိုင်းကျဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ဘဝကိုယ် စိတ်တိုင်းကျဖို့လိုတယ်။ Read More »

ကျန်းမာရေးအရေးကြီးတယ်။

ဆရာတော်ဘုရားတစ်ပါးဟောကြားသလိုကျန်းမာနေရင် ပြဿနာပေါင်းတစ်သောင်းခြောက်ထောင်ရှိလိမ့်မယ်။​မကျန်းမာရင် ပြဿနာတစ်ခုပဲရှိမယ်။ကျန်းမာရေးအရေးကြီးတယ်။ Phyo Paing @ Derek

ကျန်းမာရေးအရေးကြီးတယ်။ Read More »

တစ်ရက်တာကို ဘယ်လိုဖြတ်သန်းလဲမေးရုံနဲ့
လူတစ်ယောက်ရဲ့ဘဝအကြောင်း
အများကြီးသိနိုင်တယ်။

တစ်ရက်တာကို ဘယ်လိုဖြတ်သန်းလဲမေးရုံနဲ့လူတစ်ယောက်ရဲ့ဘဝအကြောင်းအများကြီးသိနိုင်တယ်။ နေ့စဥ်မလုပ်မနေလုပ်ဆောင်ရမည့်Ritual လိုတယ်။ပိုကောင်းတဲ့ဘဝ၊ထုတ်ကုန်၊ လုပ်ငန်းတည်ဆောက်ချင်ရင်ritual လိုတယ်။ လုပ်ငန်းရှင်တစ်ယောက်နေ့စဥ်လုပ်နေတဲ့ အရာတွေကိုကြည့်သူ့လုပ်ငန်းအကြောင်းကို သိလိမ့်မယ်။လူတစ်ယောက်ရဲ့နေ့စဥ်လုပ်ဆောင်တဲ့အရာတွေကိုကြည့်သူ့ဘဝကိုခန့်မှန်းလို့ရလိမ့်မယ်။ Phyo Paing @ Derek

တစ်ရက်တာကို ဘယ်လိုဖြတ်သန်းလဲမေးရုံနဲ့
လူတစ်ယောက်ရဲ့ဘဝအကြောင်း
အများကြီးသိနိုင်တယ်။
Read More »

ကိုယ့်ဘဝရဲ့ ရည်ရွယ်ချက်ကဘာလဲ။

ကိုယ်ဒီနေ့ဘာလုပ်ချင်သလဲ၊ကိုယ်ဒီနှစ်ထဲဘာလုပ်ချင်သလဲ၊နောက် သုံးနှစ်အတွင်းဘာဖြစ်ချင်သလဲ၊ကိုယ့်အနာဂတ်မှာ ဖြစ်ချင်သမျှဖြစ်နိုင်မယ်ဆိုအနာဂတ်အမြင်က ဘာဖြစ်မလဲ။ လောကီမှာ အသက်ရှင်နေရုံမဟုတ်ဘဲတည်ဆောက်ဖို့အတွက်ဆို “ရည်ရွယ်ချက်” တစ်ခုလိုတယ်။ ဒီရည်ရွယ်ချက်ကို ရည်မှန်းချက်အနေနဲ့ပြောင်း။ လိုချင်တာတွေလက်တွေ့ဖြစ်ဖို့ ၁။ အတွေးအခေါ်နဲ့ လက်ခံရရှိတဲ့ သတင်းအချက်အလက်ကိုပြောင်းရင်ပြောင်း၂။ အစွမ်းအစကိုပြောင်းရင်ပြောင်း၃။ အပေါင်းအသင်းကိုပြောင်းရင်ပြောင်း၄။ အခြေအနေနဲ့ ပတ်ဝန်းကျင်ကိုပြောင်းရင်ပြောင်း၅။ အလုပ်နဲ့ လုပ်ပုံကိုင်ပုံကိုပြောင်းရင်ပြောင်းဒီငါးချက်ကိုပြောင်းရမှာပဲ။ ဒီငါးချက်လုပ်လို့မှ မရတော့ရင်ကိုယ့်ရည်မှန်းချက်ကိုပြောင်း။ ရည်ရွယ်ချက်ကိုတော့ မပြောင်းနဲ့။ ရည်မှန်းချက်က Objective ရည်ရွယ်ချက်က Purpose ဥပမာ ကျွန်တော့်ရည်ရွယ်ချက်က“ပညာရေးနဲ့နည်းပညာအသုံးပြုဘဝတွေ တိုးတက်အောင်ကူညီပေးဖို့” ဒါကို ရည်မှန်းချက်အနေနဲ့ပြောင်းတော့“ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေမှာကိုယ်တိုင် ကျောင်းတွေဖွင့်မယ်။ဆရာ၊ ဆရာမတွေကို သင်တန်းပေးမယ်။” နိုင်ငံတွင်းအခြေအနေတွေကြောင့်ရည်ရွယ်ချက်ကိုမပြောင်းဘူး၊ရည်မှန်းချက်ကို နည်းနည်းပြောင်းလိုက်တယ်။ ပညာရေးနဲ့နည်းပညာအသုံးပြုတိုးတက်ပြောင်းလဲအောင်ကူညီဖို့အင်တာနက်ကနေပဲသွားမယ်။ မြန်မာတစ်နိုင်ငံလုံးကိုသွားတဲ့ဖြစ်စဥ်အတွက်ကိုယ်တစ်ယောက်တည်းမသွားတော့ဘူး။ဦးဆောင်နိုင်တဲ့သူတစ်ယောက်နဲ့တွဲသူ့ကိုကူညီပေးလိုက်မယ်။ ဘဝမှာ အပြောင်းအလဲတွေအတွက်အမြဲပြောင်းနေရမှာပဲ။ မပြောင်းလဲပဲဆက်ရှိနေမှာကျွန်တော်တို့ဘာကြောင့် ရပ်တည်နေလဲဆိုတဲ့ “လောကတာဝန်”ပဲ။ ဂေါတမဗုဒ္ဓကတော့ သတ္တဝါတွေကို ကယ်တင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပါရမီဖြည့်ခဲ့တာကို လက်တွေ့ဘဝမှာ စံထားပြီးလုပ်ဆောင်လို့ရတယ်။ ကိုယ့်ဘဝရဲ့

ကိုယ့်ဘဝရဲ့ ရည်ရွယ်ချက်ကဘာလဲ။ Read More »

လူတိုင်းအတွက် အချစ်လိုတတ်တယ်။

Relationship တစ်ခုကစိတ်ဒဏ်ရာတွေကုသတဲ့နေရာတစ်ခုဖြစ်နိုင်တယ်။ နေ့စဉ်ဘဝရဲ့ရုန်ကန်မှုတွေမှာလူတိုင်းအတွက် တစ်ချိန်မဟုတ်တစ်ချိန်ဒဏ်ရာတွေရှိတတ်ကြတယ်။ လောကမှာ လူတွေနဲ့ဝင်ဆန့်ဖို့သရုပ်ဆောင်ရတဲ့အချိန်တွေရှိတယ်။ တခါတလေ အရာရာကိုသရုပ်မဆောင်ပဲအရှိကို အရှိအတိုင်းချပြလို့ရတဲ့ relationship တွေရှိလာတဲ့အခါဒဏ်ရာတွေတောင် အမာရွက်မကျန်ပျောက်ကုန်တတ်တယ်။ ငါ့ရဲ့ဖြစ်တည်မှုအရှိကို အရှိအတိုင်းလက်ခံနိုင်ပါလားဆိုတဲ့အတွေးကလူတစ်ယောက်ကိုခွန်အားတွေအကြီးကြီးပေးတယ်။ နေ့စဉ်ဘဝရဲ့တိုက်ပွဲအပြင်အိမ်တွင်းတိုက်ပွဲတွေပါဆင်နွဲနေရတဲ့သူတွေရှိတတ်တယ်။ အပြင်မှာသရုပ်ဆောင်ရတဲ့အပြင်၊အိမ်မှာပါ အမြဲသရုပ်ဆောင်၊အမှန်အတိုင်းမဖော်ပြနိုင်၊ဖော်ပြတဲ့အခါတိုင်း ပြဿနာတက်၊ကြာလာတော့မွန်းကြပ်လာတတ်တယ်။ကိုယ့်ကိုကိုယ် သနားလာတတ်တယ်။စဉ်းစားရင်းမျက်ရည်ကျလာတတ်တယ်။ ဘဝမှာ လူနဲ့ပတ်သက်တဲ့ရွေးချယ်မှုတွေကအတိုင်းထက်အလွန်အရေးကြီးတယ်။ တချို့ရွေးချယ်မှုတွေကတချို့နေရာတွေမှာနှစ်ခါပြုလုပ်ဖို့ လက်မခံနိုင်ဘူး။ အမှန်တော့ ဘဝတစ်ခုတည်ဆောက်တဲ့အခါrelationship ကလဲcofounder လိုပဲ။ရှေ့သွားနောက်လိုက်ညီရင်ဘဝက စိုပြေနေမယ်။ လူတိုင်းမှာ အရှိကိုအရှိအတိုင်းချပြုလို့ရတဲ့နေရာတစ်ခုလိုတယ်။ တချို့အတွက် မိဘတွေကိုချပြလို့ရတယ်။တချို့က ချစ်သူရည်းစားလင်မယား။တချို့က ကိုယ်နဲ့အယုံကြည်ရဆုံးလူတွေ။တချို့ကျတော့ ဘုရားကျောင်းမှာဘုရားသခင်ကိုချပြလို့ရတယ်။ ကိုယ့်ရဲ့ဖြစ်တည်မှုအတိုင်းလက်ခံချစ်ပေးနိုင်တာအချစ်လို့ထင်တာပဲ။လူတိုင်းအတွက် အချစ်လိုတတ်တယ်။ Phyo Paing @ Derek

လူတိုင်းအတွက် အချစ်လိုတတ်တယ်။ Read More »

သတိနဲ့နေတတ်မယ်ဆို

သတိနဲ့နေတတ်မယ်ဆိုအတွေ့အကြုံများလာလေအမြင်တွေပြောင်းလာတတ်လေ။ လူတွေနဲ့ ပတ်သက်တဲ့အမြင်၊ငွေကြေးနဲ့ ပတ်သက်တဲ့အမြင်၊​စီးပွါးနဲ့ ပတ်သက်တဲ့အမြင်။ အခြေအနေပေါ်မူတည်ပြီးအမြင်တွေပြောင်းတတ်လာတာဟာကောင်းတဲ့အချက်တစ်ချက်ဖြစ်တယ်။ အခြေအနေပေါ်မူတည်ပြီးကိုယ့်အရင် အမြင်အတိုင်းဆွဲကိုင်ထားတာကလူတွေကို ဒုက္ခအကြီးအကျယ်ပေးတတ်တယ်။ ဥပမာ လီကွမ်းယူဆိုသူအသက်ရှင်နေသမျှ စလုံးမှာကာဆီနိုဖွင့်လို့မရစေရဘူးလို့ကြွေးကြော်တယ်။နောက်ပိုင်း သူ့ဝန်ကြီးတွေရဲ့အကြံဥာဏ်နဲ့နှစ်ပေါင်းများစွာသုံးသပ်ချက်ပေါ်မူတည်ပြီးကာဆီနိုဖွင့်ခွင့်ပြုတယ်။နိုင်ငံခြားသားတွေ ဝင်ခွင့်အတွက်အခမဲ့။သူ့နိုင်ငံသားတွေ မစွဲလန်းအောင်ဝင်ခွင့်သတ်မှတ်တယ်။ အခြေအနေပေါ်မူတည်ပြီးအမြင်ကိုပြောင်းသွားတယ်။ ဘဝဆိုတာ မွေးကတည်းကအကုန်သိနေတာမှမဟုတ်တာ။သတ်မှတ်အချိန်မှာရှိနေတဲ့အသိဥာဏ်နဲ့အကောင်းဆုံးထင်တာဆုံးဖြတ်ချက်ချခဲ့တာပဲမဟုတ်လား။ တချို့သူတွေက လိုအပ်ရင်ကိုယ့်အထင်အမြင်ကို ပြောင်းပြီးပိုကောင်းတဲ့ရလဒ်အတွက်တည်ဆောက်တယ်။တချို့က အမြင်ကိုမပြောင်းနိုင်ဘူး။ လုပ်နေကျပုံစံဆက်လုပ်နေပြီးမတူတဲ့ရလဒ်ကို မျှော်လင့်နေတာရူးသွပ်မှုပဲလို့ အိုင်စတိုင်ကဆိုခဲ့တယ်။ လိုအပ်ရင် အမြင်တွေပြောင်းနိုင်ဖို့လိုတယ်။အခြေအနေပေါ်မူတည်ပြီးအမြင်တွေကို update လုပ်နိုင်တာBaye’s Rule လို့လဲခေါ်တယ်။​ Phyo Paing @ Derek

သတိနဲ့နေတတ်မယ်ဆို Read More »

ကလေးဘဝရဲ့ဖြတ်သန်းမှုက
လူတွေရဲ့ဘဝမှာ အရေးကြီးတဲ့
အစိတ်အပိုင်းထဲပါဝင်တယ်။

လူတွေကြားထဲဘယ်လိုပြုမူနေထိုင်ပြောဆိုရမယ်ဆိုတဲ့လူမှုဆက်ဆံရေးက ငယ်ကတည်းကသေချာမသင်ပေးခဲ့ရင်အသက်ကြီးတဲ့အခါလူတွေကြားထဲ လူတောမတိုးဖြစ်တတ်တယ်။ တချို့သူတွေကလူတွေကြားထဲ လူတောတိုးဖို့စိုးရိမ်စိတ်နဲ့ရှင်သန်တတ်တာမျိုးတွေ့ဖူးကြလိမ့်မယ်။ လူတွေနဲ့ အံဝင်ဂွင်ကျဖြစ်ဖို့တော်တော်ကြိုးစားလဲအဆင်မပြေနိုင်တာမျိုးရုန်းကန်မှုတွေကို တွေ့ရနိုင်တယ်။ ကလေးဘဝရဲ့ဖြတ်သန်းမှုကလူတွေရဲ့ဘဝမှာ အရေးကြီးတဲ့အစိတ်အပိုင်းထဲပါဝင်တယ်။ ဘာသာစကားသေချာသင်ပေးခဲ့တာ၊ပေါင်းသင်းဆက်ဆံရေးသေချာသင်ပေးတာ၊လူမှုအဖွဲ့အစည်းအပေါ်မှန်ကန်တဲ့အမြင်ရှိဖို့သင်ပေးနိုင်တာ၊ဒါတွေက အရေးကြီးတဲ့အရာတွေပဲ။ တကယ်က ငယ်ငယ်ကသေချာပြုစုပျိုးထောင်မှုမရှိခဲ့ရင်ကိုယ့်ကိုကိုယ် အသိစိတ် self-awareness ရှိရင်လဲပြန်လည်ပြုပြင်ဖို့ အားထုတ်လို့ရတယ်။ အရေးကြီးတာ ပြင်ချင်ဖို့လိုတယ်။ Phyo Paing @ Derek

ကလေးဘဝရဲ့ဖြတ်သန်းမှုက
လူတွေရဲ့ဘဝမှာ အရေးကြီးတဲ့
အစိတ်အပိုင်းထဲပါဝင်တယ်။
Read More »

ကိုယ့်ကိုကိုယ် အလွန်အကျွံအပြစ်မတင်ပါနဲ့။

ကိုယ့်ကိုကိုယ်အလွန်အကျွံအပြစ်မတင်ပါနဲ့။ ကျွန်တော်တို့ ယဥ်ကျေးမှုမှာလူတချို့က ကိုယ့်ကိုကိုယ်လိုတာထက် အပြစ်တင်တာနဲ့ကြီးပြင်းလာတတ်ကြတယ်။​ အသက်ကြီးတဲ့ထိ ဒီစိတ်ခံစားမှုကြီးကမပျောက်သွားတာမျိုးဖြစ်တတ်တယ်။ အထူးသဖြင့် မိသားစုမှာideal အကောင်းဆုံးအခြေအနေနဲ့သွေဖယ်သွားတိုင်း၊လုပ်သင့်တာကို မလုပ်ခဲ့လိုက်ရတိုင်း၊မလုပ်သင့်တာကို လုပ်ခဲ့မိလိုက်တိုင်းနောင်တရ၊ အပြစ်တင်တတ်တဲ့မိသားစုက ကြီးလာတဲ့အခါguilt ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်ကအော်တို ဘဝမှာရှိနေတာမျိုးဖြစ်တတ်တယ်။​ ကိုယ့်ကိုကိုယ် ဂုဏ်မယူတဲ့အပြုအမူကိုလုပ်မိတဲ့အခါတိုင်း၊ကိုယ်မပြောသင့်တဲ့စကားကိုပြောမိတဲ့အခါဖြစ်တတ်တယ်။ တခါတလေ ကြီးကြီးကျယ်ကျယ်မဟုတ်သေးသေးမွှားမွှားလေးတောင်မှကိုယ့်ကိုကိုယ် အပြစ်တင်တတ်တဲ့စိတ်ကဗိုင်းရစ်လိုစွဲကပ်နေတာမျိုးလဲဖြစ်တတ်တယ်။​ ဟင်းဝယ်တယ် လိုတာထက်များသွားတယ်။ကိုယ့်ကိုကိုယ် အပြစ်တင်မိတာမျိုး။ကိုယ်ဝယ်လိုက်တဲ့အရာကပုံမှန်ထက်စျေးများနေတယ်ကိုယ့်ကိုကိုယ် အပြစ်တင်မိတာမျိုး။ ပိုဆိုးစေတာက နင်ဒီဘဝဒီလိုဒုက္ခကြုံတယ်ဆိုတာအရင်ဘဝက ဘာတွေလုပ်ထားမှန်းမှမသိတာဒီလို ဘဝအဓိပ္ပာယ်ဖွင့်ဆိုမှုတွေကလဲguilt ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်ကိုတိုးပွားစေတယ်။​ ငါတလွဲလုပ်လိုက်မိတယ်။ပြင်တော့ပြင်ရမယ်။ဒါက guilt.ငါကတော့ အမြဲတလွဲလုပ်တဲ့ကောင်းပဲဒါက self-blame. လူတွေသတ်မှတ်ထားတဲ့စံနှုန်းထဲဝင်ဆန့်ဖို့အမြဲကိုယ့်ကိုကိုယ် မှားတယ်ထင်ပြီးguilt ဖြစ်တာဖြစ်ဖြစ်၊self-blame လုပ်တာဖြစ်ဖြစ်ဒါတွေက အလွန်အကျွံလုပ်ရင်မကောင်းဘူး။ ဒါကြောင့် ကိုယ့်ကိုကိုယ်ပြန်ပြောပါ။​“ငါ့ logic နဲ့ ငါအဲ့အချိန်ကအသိဥာဏ်နဲ့၊ ခံစားချက်နဲ့၊အခြေအနေနဲ့ အကောင်းဆုံးလုပ်ခဲ့တာပဲ။” ကိုယ့်ကိုကိုယ် အလွန်အကျွံအပြစ်မတင်ပါနဲ့။ဘဝကို နေပျော်ချင်ရင်“အရာရာပိုကောင်းဖို့ဖြစ်လာတာပါလို့နှလုံးသွင်းကြည့်ပါ။” Phyo Paing @ Derek

ကိုယ့်ကိုကိုယ် အလွန်အကျွံအပြစ်မတင်ပါနဲ့။ Read More »

ကိုယ်အသက်ရှင်နေတဲ့
အဓိပ္ပာယ်က ဘာလဲ။

လူတွေကြားထဲအထီးကျန်နေတာမျိုး၊အချိန်ရှိပြီး ဘာလုပ်ရမှန်းမသိတာမျိုး၊ဘဝမှာ ရည်ရွယ်ချက်မရှိဘာကြောင့်ရှင်သန်နေလဲ အဖြေမရှိတာမျိုး၊သေမထူး၊ နေမထူး နေ့စဥ်ဘဝက ဒီလိုပါပဲနဲ့ဖြတ်သန်းနေရတာမျိုး။ကိုယ့်ဘဝကိုယ်စဥ်းစားပြီးဝမ်းနည်းမှုတွေနဲ့ ခံစားချက်တွေကိုထုတ်ပြောဖို့ လူမရှိတဲ့ခံစားချက်မျိုး။ ဒါမျိုး ကိုယ်နဲ့ ကိုယ်ကော်နက်ရှင်မမိတာမျိုး လူတော်တော်များများဘဝမှာတစ်ခါမဟုတ် တစ်ခါကြုံဖူးကြလိမ့်မယ်။ အသက်ရှင်ပြီး အသက်မဝင်နေတာမျိုးပေါ့။ ဒီပြဿနာကိုဖြေရှင်းဖို့ spirituality ဆိုတာဖြစ်လာတယ်။ဘဝကို အဓိပ္ပာယ်တစ်ခုပေးဖို့ပေါ့။ ဒီအဓိပ္ပာယ်ပေးတဲ့အခါ ယုတ္တိကျတဲ့ logic လိုတယ်။ဒီတော့ philosophy နောက်ကလိုက်လာတယ်။ spirituality ဆိုတာ အလေ့အကျင့်။philosophy ကတော့ အတွေးအခေါ်။ အချစ်ဆိုတာ spirituality experience တစ်ခုပဲ။အလုပ်ဆိုတာလဲ စိတ်ထားတတ်ရင်spiritual experience တစ်ခုဖြစ်နိုင်တယ်။ဘာသာတရား religion ကနေလဲ spirituality experience ရကြတယ်။ Religion ဘာသာတရားအများစုမှာဒီ spirituality နဲ့ philosophy ပေါင်းထားတယ်။ ဥပမာ ဗုဒ္ဓဘာသာဆိုပါတော့။ ဘဝဆိုတာဒုက္ခ။ဒုက္ခဆိုတာလိုချင်တပ်မက်မှုတဏှာကလာတယ်။ချုပ်ငြိမ်းတဲ့နေရာရှိတယ်။နိဗ္ဗာန်လို့ခေါ်တယ်။ ဒါကို မဂ္ဂင်ရှစ်ပါးနဲ့သွားတယ်။မှန်ကန်တဲ့အမြင်၊ အတွေးရည်ရွယ်ချက်၊

ကိုယ်အသက်ရှင်နေတဲ့
အဓိပ္ပာယ်က ဘာလဲ။
Read More »