Life

တချို့ဆို ပျော်တယ်ဆိုတဲ့ ခံစားချက်
မခံစားရတာကြာပြီ။

မနက်ထတိုင်း ပထမဆုံးမေးတဲ့မေးခွန်းကအခုချိန် ငါအပျော်ရွင်ဆုံးအရာကဘာလဲ?နေ့တိုင်းလိုလို အဖြေက အသက်ဝဝရှူလို့ရတယ်။ဒါပျော်စရာပဲ။ ဒီအတွက် ဘယ်လိုခံစားရလဲဆိုတဲ့ ပျော်ရွင်မှုခံစားချက် မှတ်ဥာဏ်ကို နေ့စဥ်ပြန်တူးဆွတယ်။အချိန်တစ်ခုပေးပြီး ပြန်ခံစားကြည့်တယ်။ ဒါကို priming လို့ခေါ်တယ်။ ပျော်ရွင်မှုအတွက် ထားတဲ့ စံနှုန်းတွေကိုအနိမ့်ဆုံးကို လျော့ချထားပြီး၊ ကိုယ့်အစွမ်းအဆထွက်လာဖို့ စံနှုန်းကိုအမြင့်ဆုံးထိ တင်ထားလိုက်တယ်။ တချို့ဆို ပျော်တယ်ဆိုတဲ့ ခံစားချက် မခံစားရတာကြာပြီ။ မနက်ထတိုင်း ပြန်ပြန်မေးပြီး အချိန်တစ်ခုပေး ခံစားကြည့်ပါ။ ကိုယ့်ဘဝအတွက် “လက်ရှိ”ပျော်ရွင်စရာလေးတွေ၊ ကျေးဇူးတင်စရာလေးတွေ၊ ဂုဏ်ယူစရာလေးတွေ။ မဟုတ်ရင် မနက်ထလာ မအလမျက်နှာ မြင်နေတာနဲ့ ဒေါသပဲထွက်နေရမယ်။ နာရေးသတင်းတွေပဲတွေ့နေတာနဲ့ ဝမ်းနည်းကြေကွဲနေရလိမ့်မယ်။ Phyo Paing @ Derek

တချို့ဆို ပျော်တယ်ဆိုတဲ့ ခံစားချက်
မခံစားရတာကြာပြီ။
Read More »

မနက်ဖြန်ရဲ့ ပြဿနာကို ကြိုတင်ဖြေရှင်းထားမယ်ဆို လက်ရှိပြဿနာတွေ ဒီနေ့ထက်ပိုနည်းနေမှာ အမှန်ပဲ။

၂၀ ကျော်မှာ ၂၅ အထက်အလုပ်လုပ်တဲ့အခါလိုအပ်တဲ့ ကျွမ်းကျင်မှု ပြုစုပျိုးထောင်ထားတာမျိုး။ ၃၀ မတိုင်ခင် လူလတ်ပိုင်းမှာကြုံနိုင်တဲ့ငွေရေးကြေးရေး ကြိုတင်ဖြေရှင်းထားတာမျိုး။ အသက်ကြီး ဘဝနေဝင်ချိန်အတွက်ကြိုတင်ဖြေရှင်းထားတာမျိုး။ Phyo Paing @ Derek

မနက်ဖြန်ရဲ့ ပြဿနာကို ကြိုတင်ဖြေရှင်းထားမယ်ဆို လက်ရှိပြဿနာတွေ ဒီနေ့ထက်ပိုနည်းနေမှာ အမှန်ပဲ။ Read More »

အနာဂတ်မှာ ဖြစ်မည့်သင်က
ဒီနေ့သင်ထက် အရေးပိုကြီးတာပဲ။

ကျောင်းတက်တုန်းက သုံးစရာလိုတော့ဂိုက်သင်၊ တရုတ်ကပစ္စည်းသွင်း၊မန္တလေးက ကြက်ဥတိုက်ကနေဖားကန့်မုန့်တိုက်ပို့ဒီလိုလုပ်ရင်းကျောင်းတက်ခဲ့တာပဲ။ ကျောင်းပြီးတော့လဲ လိုင်းပြောင်းတော့အခက်အခဲကြုံရတာပဲ။ပညာရပ်အသစ်ကို လေ့လာရတာရယ်စကားပြောရမှာ ရှက်တတ်တဲ့ အကျင့်ကိုပြင်ပြီးစီးပွါးရေးသင်ကြားရေးဆရာနဲ့ အကြံပေးဖြစ်လာဖို့ရယ်။ ကြားထဲစမ်းသပ်မှုတွေ leverage အကြီးကြီးလုပ်ဘဝပျက်မတတ် ညညအိပ်မရပဲတိုင်ပတ်တာကို ဖြေရှင်းခဲ့တာတွေဟာဘဝကို အကြီးအကျယ် အပြောင်းအလဲဖြစ်စေခဲ့တယ်။ Industry တိုးတက်တော့ Competition တွေများတဲ့အချိန်မတူအောင် စဉ်းစားပြီးရှေ့ဆက်တယ်။ ဓာတ်ပုံတွေပြန်ကြည့်ရင် ဘယ်လိုလျှောက်ခဲ့တယ်ဆိုတာတွေ့လိမ့်မယ်။ Covid-19 ဖြစ်တယ်။ Digital အသုံးပြုပြီး ရှေ့ဆက်ခဲ့တယ်။Business အသွားအလာပြောင်းသွားတယ်။Business growth က အရင်ထက်သုံးဆလောက်ပိုဖြစ်လာတယ်။ Coup ဖြစ်တယ်။Internet လိုင်းပိတ်လိုက်တယ်။Business ထဲက ငွေထုတ်မရဘူး။ဗုံးတွေပေါက်တယ်။ Facebook ကို ban သလိုDollar စျေးတွေတက်လာတယ်။ ပြဿနာနဲ့လူဘယ်သူပိုကြီးနိုင်မှာလဲ။စိန်ခေါ်မှုတိုင်းက နောက်တစ်ဆင့်ပို့ပေးတာပဲ။ အနာဂတ်မှာ ဖြစ်မည့်သင်ကဒီနေ့သင်ထက် အရေးပိုကြီးတာပဲ။ Phyo Paing @ Derek

အနာဂတ်မှာ ဖြစ်မည့်သင်က
ဒီနေ့သင်ထက် အရေးပိုကြီးတာပဲ။
Read More »

ဘယ်လိုပဲဖြစ်ဖြစ် ဘဝမှာ ရွေးချယ်စရာ
option တစ်ခုထက်ပိုရှိဖို့ လိုသလို၊
အဆိုးထဲမှာ ရှင်သန်နိုင်ဖို့လုပ်ရမယ်။
ဒူပေဒဏ်ပေခံပြီး အနာဂတ်အတွက်
ရှေ့ဆက်ရအုံးမယ်။

2019 တုန်းက 2020 ဆို ပိုကောင်းလာတော့မှာဆိုပြီး စောင့်ခဲ့ကြတယ်။ 2020 ရောက်တော့ Covid-19 ရောက်လာတယ်။ Covid-19 ပြီးရင်တော့ အလုပ်တွေပြန်ကောင်းလာမှာပါလေ စဥ်းစားပြီးစောင့်နေခဲ့တာတွေရှိနိုင်တယ်။ 2021 ရောက်တော့ Coup လာတယ်။ Feb ပြီးရင် ၃ ပတ်ထက်မကြာဘူးဆို စောင့်ခဲ့ကြတယ်။ နောက် သင်္ကြန်စာတွေမှာ သင်္ကြန်မကျော်ဘူးဆိုပြီး စောင့်ခဲကြပြန်တယ်။ ၂၀၂၂ မှာလဲ ၂၀၂၁ ထက်ပိုဆိုးနိုင်တယ်။ ပြန်တွင်းစစ်ကြီးပဲဖြစ်ခဲ့ဖြစ်ခဲ့၊ Failed state ပဲဖြစ်ဖြစ်၊ Military dictatorship ဖြစ်ဖြစ်၊ ဒါမှမဟုတ် PR ပုံစံနဲ့ဖြစ်ဖြစ်အမျိုးမျိုးဖြစ်နိုင်တယ်။ ကိုယ်ထင်ထားသလောက် မဆိုးနိုင်သလိုကိုယ်ထင်ထားတာထက်လဲပိုဆိုးနိုင်တယ်။ Phyo Paing @ Derek

ဘယ်လိုပဲဖြစ်ဖြစ် ဘဝမှာ ရွေးချယ်စရာ
option တစ်ခုထက်ပိုရှိဖို့ လိုသလို၊
အဆိုးထဲမှာ ရှင်သန်နိုင်ဖို့လုပ်ရမယ်။
ဒူပေဒဏ်ပေခံပြီး အနာဂတ်အတွက်
ရှေ့ဆက်ရအုံးမယ်။
Read More »

စိတ်ရှည်ဖို့ အရေးကြီးပေမယ့်
စောင့်ဆိုင်းရတာကိုတော့ မုန်းတယ်။

စိတ်ရှည်တယ်ဆိုတာ ကြိုးစားအားထုတ်မှုရှိပြီး ရလဒ်ကောင်းထွက် အောင်မြင်ဖို့ လုပ်ဆောင်တာဖြစ်တယ်။ စောင့်တယ်ဆိုတာ ကြိုးစားအားထုတ်မှု မလုပ်ရပဲအချိန်ကြည့် မျှော်နေရတာဖြစ်တယ်။ ဘဝမှာအောင်မြင်ဖို့ Timingအချိန်ကောင်း အရေးကြီးတယ်။အောင်မြင်တဲ့သူတွေက မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့ လုပ်ဆောင်မှုလုပ်ပြီး ထူးခြားတဲ့ ရလဒ်ရရှိသွားတာမျိုးကိုခေါ်တယ်။ ဘဝမှာ ဘယ်အကြောင်းကြောင့်ဖြစ်ဖြစ်စောင့်နေရတာမျိုးမဖြစ်ချင်ဘူး။ စောင့်နေရရင်တောင် အနာဂတ်အချိန်တွေကိုခြွေတာပေးနိုင်တဲ့ အားထုတ်မှုတစ်ခုတော့လုပ်နေရမှာပဲ။ Phyo Paing @ Derek

စိတ်ရှည်ဖို့ အရေးကြီးပေမယ့်
စောင့်ဆိုင်းရတာကိုတော့ မုန်းတယ်။
Read More »

ရှန်သန်ခြင်းရဲ့ အဓိပ္ပာယ်က ဒုက္ခကို မတုန်မလှုပ် ဖြတ်ကျော်ခြင်းပဲ။

ဒီနေ့လို အချိန်မျိုးမှာ ဒေါသကို သောကမရောက်အောင်စိတ်ဖြေရသလို ကိုယ့်အတွက် The One Thing ကိုပြန်စဥ်းစားမိတယ်။ ငါနေ့တိုင်း မဖြစ်မနေ လုပ်နေသင့်တာဘာလဲ?ပြန်ပြန်မေးတယ်။ အနာဂတ်ကို တွေးပူနေပြီးဘေးထိုင်ပြီး ငိုင်နေလို့လဲမရဘူး။ ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်က ဒုက္ခကို မတုန်မလှုပ်ဖြတ်ကျော်ခြင်းပဲ။ လူတိုင်းရှင်သန်ဖြစ်တည်မှု အတွက် The One Thing ကတော့ရှိနေမှာပဲ။ တချို့လူတွေအတွက်က The One Thing ကိုအကောင်အထည်ဖော်နည်း ပြောင်းကောင်းပြောင်းသွားနိုင်တယ်။ နေ့တိုင်းအတွက် The One Thing ကလုပ်နေရမှာပဲ။ တချို့တွေ ဒီသုံးလအတွင်းမှာ အလုပ်မလုပ်တော့အလုပ်လုပ်တဲ့ process တွေမေ့သွားကြတယ်။ 2021 အလွန်ကိုပဲစဥ်းစားထားလိုက်တယ်။ နိုင်ငံရဲ့ ကံကြမ္မာဘယ်လောက်ဆိုးနိုင်အုံးမလဲ?သူကပဲဆိုးနိုင်မလား ကိုယ်ကပဲခံနှိုင်ရည်ရှိမလား? Phyo Paing @ Derek

ရှန်သန်ခြင်းရဲ့ အဓိပ္ပာယ်က ဒုက္ခကို မတုန်မလှုပ် ဖြတ်ကျော်ခြင်းပဲ။ Read More »

ဘ၀ဆိုတာ တိုက်ပွဲ

တကယ်တမ်း ဘ၀ဆိုတာတိုက်ပွဲ ဆိုတဲ့စကားက မှန်တယ်။ လူတိုင်းက လူတွေမသိတဲ့ တိုက်ပွဲတွေ နေ့စဉ်၀င်နေကြရတယ်။ ဘ၀မှာ နေပျော်ချင်ရင်တော့ တိုက်ပွဲတွေကြားမှာနေတတ်ဖို့ အမှားကို သင်ခန်းစာယူ အနာဂတ်ကို ပြင်ဆင်တတ်ဖို့နဲ့ စိတ်ထားတတ်ဖို့လိုတာပဲ။

ဘ၀ဆိုတာ တိုက်ပွဲ Read More »

ဘဝမှာ တစ်ခုခုအပေါ် ယုံကြည်နေဖို့လိုတယ်။

အမှန်တရားအပေါ်ဖြစ်ကောင်းဖြစ်မယ်။အနာဂတ်ကို ဖြစ်ကောင်းဖြစ်မယ်။ Ideology တစ်ခုအပေါ်ဖြစ်ကောင်းဖြစ်မယ်။ Digital Business အပေါ်ဖြစ်ကောင်းဖြစ်မယ်။ စီးပွါးရေးသမားနဲ့ စွန့်ဦးတီထွင်ကွာခြားချက်ကIdea တစ်ခုအပေါ် ယုံကြည်မှုဖြစ်နိုင်တယ်။ စီးပွါးရေးသမားအများစုက ideology free တယ်။အခြေအနေကြည့် မြတ်ရင်လုပ်မယ်။ စွန့်ဦးတီထွင်က ခေါင်းမာတတ်တယ်။သူများမလုပ်သေးတာ သို့ idea တစ်ခုအပေါ်သက်ဝင်ယုံကြည် အကောင်အထည်ဖော်တယ်။ ဘဝမှာ တစ်ခုခုအပေါ် ယုံကြည်နေဖို့လိုတယ်။အထူးသဖြင့် အနာဂတ်အပေါ် ယုံကြည်ဖို့လိုတယ်။ Phyo Paing @ Derek

ဘဝမှာ တစ်ခုခုအပေါ် ယုံကြည်နေဖို့လိုတယ်။ Read More »

ပိုက်ဆံအရသာနဲ့ အာဏာအရသာမတူဘူး။

အာဏာ Power က ဘိန်းလိုပဲစွဲလန်းစေတဲ့အတွက်အရသာတွေ့သွားရင် လူကိုပျက်စီးစေတတ်တဲ့အတွက်လီကွမ်းယူလက်ထက်က သူဝန်ကြီးချုပ်ဖြစ်ပေမယ့်သူ့ကလေးတွေပျက်စီးမှာစိုးလို့ ဝန်ကြီးချုပ်အိမ်ယာမှာမထားပဲသူ့မိန်းမနဲ့ကလေးတွေကို အရင်အိမ်မှာပဲထားတယ်လို့ ဖတ်ဖူးတယ်။ Social Influencer တွေကိုလေ့လာကြည့်ရင်တောင်လွန်းမိုးနိုင်တဲ့ influencing power များလာတာနဲ့အမျှစကားပြောပုံတောင် ပြောင်းလာတာ အားလုံးအသိပဲ မဟုတ်လား။ စိတ်ပညာအရ မရှိသေးတဲ့အရာကိုသာ စွန့်လွတ်ဖို့လွယ်ပေမယ့်ရှိပြီးသားအရာကို စွန့်လွတ်ဖို့ခက်တယ်လို့ဆိုတယ်။ ဒီ Power ရယူလိုမှုကြောင့် ပြဿနာမျိုးစုံနောက်ကလိုက်လာတယ်။ ဒီ Power အရသာတွေ့သွားသူက ဒါမြဲဖို့ဘာလုပ်ရလုပ်ရ ဝန်မလေးတော့ဘူး။ Phyo Paing @ Derek

ပိုက်ဆံအရသာနဲ့ အာဏာအရသာမတူဘူး။ Read More »

ဘ၀နေနည်း

ဝိတ်ချဖို့ ဆုံးဖြတ်ချက်ချတယ်။Gym သွားဖို့ စာရင်းပေးထားတယ်။မသွားဖြစ်ဘူး။ ဘာသာစကားသင်ယူဖို့ ဆုံးဖြတ်ချက်ချတယ်။သင်တန်းကြေးတွေသွင်းထားတယ်။မတက်ဖြစ်ဘူး။ ပညာတတ်ကြီးဖတ်ဖို့ လေ့လာမယ်။ နေ့စဥ်စာဖတ်မယ်ပြောတယ်။မဖတ်ဖြစ်ဘူး။ ဘဝမှာ ဖြစ်ချင်တာတွေဖြစ်လာဖို့အရေးအကြီးဆုံးအချက်ကတော့ “ဘဝနေနည်း” လို့မြင်တယ်။ ဖြစ်ချင်ပြီး ဖြစ်မလာတာဟာ ကိုယ့်ရဲ့ Action က Achievement ကိုရောက်ဖို့ လမ်းကြောင်း way of lifeမှားနေလို့ ဖြစ်နိုင်တယ်။ လူတွေက ဘဝမှာ တစ်ကြိမ်ပဲသေတယ်။အကြိမ်ကြိမ် နေ့တိုင်းနေရမှာဖြစ်တဲ့အတွက်“ဘဝနေနည်း” ကို သေချာ ဖန်တီးဖို့လိုလာတယ်။ Phyo Paing @ Derek

ဘ၀နေနည်း Read More »