Lifestyle

သမ္မာအာဇီဝ အလုပ်နဲ့ လိပ်ပြာလုံလုံ အသက်မွေးတာ ဂုဏ်ယူစရာတစ်ခုပဲ။

ဒီနိုင်ငံမှာ မွေးလာတဲ့အတွက်ကြောင့်အမြတ်တွေထုတ်မကောင်းတာ လုပ်ပြီးလဲငွေမရှာဖူးဘူး။ ကိုယ်လုပ်တဲ့လုပ်ငန်းက လူတွေကိုလဲနေ့စဥ် အကျိုးပြုနေတယ်။ကိုယ့်လိပ်ပြာကိုယ်လုံပြီး ရှင်သန်နေဖို့က ဘဝရဲ့အနှစ်သာရပဲ။ ဗုဒ္ဓအဆုံးအမအရဆို သမ္မာ အာဇီဝ၊ မှန်ကန်သော အသက်မွေးခြင်းပဲ။ မကောင်းတာလုပ်ပြီးမှာ အာပတ်ဖြေ ဘုရားမှာပြန်လှူတာထက်ကိုယ့်ရဲ့ရှင်သန်မှုပုံစံက ပိုအရေးကြီးတာပဲ။ Phyo Paing @ Derek

သမ္မာအာဇီဝ အလုပ်နဲ့ လိပ်ပြာလုံလုံ အသက်မွေးတာ ဂုဏ်ယူစရာတစ်ခုပဲ။ Read More »

အနားယူတာကလဲ
အလုပ်လုပ်တာတစ်မျိုးပဲ။

အနားယူဖို့က အရေးကြီးတယ်။အလုပ်ပိုးစိုးပက်စက်လုပ်ပြီးတဲ့အခါအနားယူ recharge လုပ်ဖို့လိုတယ်။အနားယူတာကလဲ အလုပ်လုပ်တာတစ်မျိုးပဲ။ Phyo Paing @ Derek

အနားယူတာကလဲ
အလုပ်လုပ်တာတစ်မျိုးပဲ။
Read More »

ဘဝမှာ အရေးကြီးဆုံးက
“ပျော်ရွင်မှု”ပဲ။

ဒါပေမယ့် လူအများစုကိုမေးကြည့်နောက်ဆုံး ဘယ်အချိန်က ပျော်ရွင်ခဲ့ရလဲဆို တော်တော် ပြန်စဉ်းစားရတာတွေ့ရတတ်လေ့ရှိတယ်။ ပစ္စုပ္ပန် ပျော်ရွင်မှုနဲ့ အနာဂတ် ပျော်ရွင်မှုနှစ်မျိုးရှိတယ်။ကိုယ်ချစ်တဲ့၊ ဝါသနာပါတဲ့ အလုပ်ကို လုပ်နေရတာ ဒါပစ္စုပ္ပန်ပျော်ရွင်မှု။ အနာဂတ်မှာ ကျန်းမာဖို့ လေ့ကျင့်ခန်းလုပ်ရတာ၊ တချို့ ကိုယ်မလုပ်ချင်တဲ့အလုပ်တွေလုပ်နေရတာ ဒါ အနာဂတ်ပျော်ရွင်မှုအတွက်။ ဘဝမှာ ပျော်ရွင်မှုက ပထမ ဦးစားပေးပဲ။ အခြေနေတွေအားလုံးအဆင်ပြေမှ ပျော်ရွင်ရမယ်ဆို ပျော်ဖို့ အခွင့်အရေးတောင်ရှိချင်မှ ရှိမယ်။ ဒါကြောင့် ကိုယ်အခု လက်ရှိလုပ်နေတဲ့အလုပ်တွေက ပစ္စုပ္ပန်ပျော်ရွင်မှုအတွက် ကူညီပေးမလား၊ဒါမှ မဟုတ် အနာဂတ်အတွက်ပျော်ရွင်မှုအတွက် ကူညီပေးမလားတစ်ခုခုကိုတော့ ကူညီပေးမှရမယ်။ Phyo Paing @ Derek

ဘဝမှာ အရေးကြီးဆုံးက
“ပျော်ရွင်မှု”ပဲ။
Read More »

ဖြစ်ချင်တာ ဖြစ်ဖို့
လုပ်ချင်တာပဲ လုပ်လို့မရဘူး။

စိတ်ပါမှ စာကျက်မယ်ဆိုဆယ်တန်းတောင် အောင်ခဲ့မှာ မဟုတ်ဘူး။လောကမှာ ဆေးခါးသောက်ရတဲ့အချိန်တွေ ရှိတယ်။ ကိုယ်ဖြစ်ချင်တဲ့ နောက်တစ်ဆင့်ရောက်ဖို့စိတ်မပါပေမယ့်၊ စိတ်ဖိစီးမှု များပေမယ့်၊ လုပ်ချင်ကိုင်ချင်စိတ်မရှိပေမယ့် လုပ်ရတဲ့ အချိန်တွေ လူတိုင်းမှာရှိတယ်။ ဒီအရာတွေက လူတွေရဲ့ဘဝကို ကွာခြားသွားစေတယ်။ Phyo Paing @ Derek

ဖြစ်ချင်တာ ဖြစ်ဖို့
လုပ်ချင်တာပဲ လုပ်လို့မရဘူး။
Read More »

အရာရာဟာ နောက်တစ်ဆင့်သွားဖို့
“စမ်းသပ်လေ့လာမှု” တွေပဲ။

ကျွန်တော်စဥ်းစားတဲ့ပုံစံက ဒီနေ့လုပ်နေတဲ့အလုပ်တိုင်းက မနက်ဖြန်လုပ်မည့်အလုပ်တွေအတွက် ပြင်ဆင်ပေးရမယ်။အချိန်ခြွေတာပေးရမယ်။ နေ့တိုင်း စာရေးတယ်။အထင်အမြင်တိုင်းကို ဘယ်လိုလူတွေက ဘယ်လိုတုန့်ပြန်လဲစမ်းသပ်လေ့လာတယ်။ မြန်မာစကားပြော community ရဲ့ တွေးခေါ်ပုံ၊ ယုံကြည်ပုံ၊ တုန့်ပြန်ပုံတွေလေ့လာတယ်။ဒီအချက်အလက်တွေက အနာဂတ် ကိုယ်လုပ်ချင်တဲ့အရာအပေါ်အများကြီး အထောက်အကူပြုလာမယ်လို့လုံးဝ ယုံကြည်ထားတယ်။ နောက်စာသင်တယ်။ဟောပြောတယ်။လူတွေရဲ့ response လုပ်ပုံဖြစ်သွားတဲ့ အပြောင်းအလဲလေ့လာတယ်။ဒါတွေအတွက် insight တွေအကုန်မှတ်ထားတယ်။နောက်ပြီး ဒါတွေကလဲ ကိုယ့်အတွက်ကိုယ့် စကေးကို နောက်တစ်ဆင့်ရောက်စေမယ့်အလုပ်တွေပဲ လို့ ခံယူထားတယ်။ စာဖတ်တယ်။ တွေးတယ်။ လုပ်ကြည့်တယ်။ နေ့တိုင်း ပြဿနာအသစ်တွေဖြေရှင်းတယ်။ဒါအရာတွေက နောက်လာမည့်ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ သုံးဆယ်အထက်မှာကိုယ်လုပ်ချင်တဲ့ အရာတွေကို အထောက်အကူလုံးဝ ပြုလိမ့်မယ်လို့ယုံကြည်ထားတယ်။ ကျွန်တော်တို့ ရွေးချယ်ထားတဲ့ category မှာ ကျွန်တော်တို့အကျွမ်းကျင်ဆုံး၊ အသိဆုံးဖြစ်ရမယ်။ ဒီနေ့လုပ်တဲ့အလုပ်က ခုစီးနေတဲ့ ကား၊ နေနေတဲ့အိမ်၊ ခုချိန် အသိမှတ်ပြုခံရဖို့ထက်အများကြီးပိုတယ်။ ဘယ်ထိသွားနိုင်လဲဆိုတာ သိဖို့အတွက်ဒီနေ့အတွက်ပဲ

အရာရာဟာ နောက်တစ်ဆင့်သွားဖို့
“စမ်းသပ်လေ့လာမှု” တွေပဲ။
Read More »

၅ မိနစ်နဲ့ စတင်ပါ။

တရားထိုင်ဖို့ခက်နေရင်ငါးမိနစ် alarm ပေးပြီးစကြည့်။ကိုယ့်လုပ်ငန်းအကြောင်းစဥ်းစားဖို့ ခက်နေရင်ငါးမိနစ် alarm ပေးပြီးစစဥ်းစားကြည့်။စာဖတ်ဖို့ခက်နေရင်လဲ ဒီအတိုင်းပဲ။ တစ်နာရီ၊ နှစ်နာရီလောက်လုပ်မယ်ဆိုတာထက်စတဲ့အခါ ငါးမိနစ်နဲ့ စကြည့်။ ပြီးမှ တိုးချင်ရင် ဖြေးဖြေးတိုးသွား။ Expectation Management မျှော်မှန်းချက်တွေကို စီမံခန့်ခွဲမှုကထင်ထားတာထက် ပိုခက်တယ်။ဥပမာကိုယ်က တစ်နာရီထိုင်မယ်လို့စဥ်းစားပြီး ၄၅ မိနစ်ပဲထိုင်မိရင်ကိုယ့်ကိုကိုယ် အားရရမည့်အစားloser ဆိုတဲ့ စိတ်ခံစားရတတ်တယ်။ ဒီတော့ ၅ မိနစ်ပဲထားခြင်းဟာ သူ့ထက်ပိုတဲ့အရာတိုင်းဟာ အောင်မြင်မှုဆိုတာ ခံစားရလိမ့်မယ်။ ToeTet Insider’s Note လုပ်တုန်းကလဲအလားတူပဲ။ နှစ်ပတ်လောက်ပဲ လုပ်မယ်လို့စဥ်းစားခဲ့တာ။ဒီနေ့ဆို 188 ရက်နေ့မြောက်နေ့ဖြစ်လာပြီ။ မျှော်မှန်းချက်တွေကို အနည်းဆုံးထားထားပါ။ ဒါက ပိုစိတ်ချမ်းသာရတယ်။ ငါးမိနစ်နဲ့စပါ။ လောင်ဇူးပြောသလို မိုင်ထောင်ချီတဲ့ ခရီးကို ခြေတစ်လှမ်းနဲ့ စခဲ့ကြတယ်။ Phyo Paing @ Derek

၅ မိနစ်နဲ့ စတင်ပါ။ Read More »

ကျေးဇူးတင်စရာတွေကို
ပိုတန်ဖိုးထားရမယ်ဆိုတာ
သိလာစေတဲ့အတွက်
ဘဝဟာပို ++ ဖြစ်လာတယ်။

ဘဝထဲ တချို့လူတွေဝင်လာတယ်။ကိုယ့်ဘဝအရင်ထက်အစစ အရာရာပိုကောင်းမွန်လာတယ်။ကျေးဇူးတင်စရာတွေပေးတယ်။ဘဝဟာ + ဖြစ်လာတယ်။ ဘဝထဲ တချို့လူတွေဝင်လာတယ်။စိတ်ဆင်းရဲစရာတွေ၊ ဝေဖန်မှုတွေ၊အပျက်သဘောဆောင်အတွေးတွေ၊ပေးဖို့ထက် ယူဖို့အတွေးတွေယူလာတယ်။သင်ခန်းစာတွေပေးသွားတယ်။Double + ပေးလိုက်တယ်။ ကျေးဇူးတင်စရာတွေကိုပိုတန်ဖိုးထားရမယ်ဆိုတာသိလာစေတဲ့အတွက်ဘဝဟာပို ++ ဖြစ်လာတယ်။ Phyo Paing @ Derek

ကျေးဇူးတင်စရာတွေကို
ပိုတန်ဖိုးထားရမယ်ဆိုတာ
သိလာစေတဲ့အတွက်
ဘဝဟာပို ++ ဖြစ်လာတယ်။
Read More »

အပျော့စား performance နဲ့
Comfort zone ထဲက ထွက်လို့မရဘူး။

ဇီဝကမ္မဖြစ်စဉ်ကို hacking လုပ်ဖို့ကကျွန်တော့် dream list ထဲမှာပါတယ်။ဒီလိုကာလမှာ hormone အပြောင်းအလဲကိုလိုချင်သလို ကစားပြီး စိတ်အခြေအနေကိုတည်ဆောက်လို့ရတယ်။ Testosterone level ကိုမြင့်တော့လူက aggressive ဖြစ်လာမယ်။Neuro-transmitter တွေပိုထွက်စေပြီးစွမ်းဆောင်ရည်ပိုမြင့်စေတယ်။Oxytocin, Endorphins နဲ့ SerotoninsGood hormone တွေထွက်ဖို့နည်းစနစ်တွေလိုတယ်။ အပျော့စား performance နဲ့Comfort zone ထဲက ထွက်လို့မရဘူး။ Phyo Paing @ Derek

အပျော့စား performance နဲ့
Comfort zone ထဲက ထွက်လို့မရဘူး။
Read More »

ကိုယ့်ရဲ့ biological clock ကို
productivity အတွက်
အကောင်းဆုံးအသုံးချတတ်ရင် ရွှေပဲ။

မနက်လေးနာရီထနေကျဆိုနိုးစက်မလိုပဲထတာ။အရင်နှစ် April တုန်းကဆိုအင်တာနက်တွေဖြတ်အိမ်ထဲကမထွက်တဲ့အတွက်နေ့နဲ့ညတွေမှားနေနိုင်တာဒါက ခန္ဓာကိုယ်ရဲ့ဖြစ်စဥ်circadian rhythm ဆိုတဲ့အချက်ကြောင့်ဖြစ်တယ်။ တကယ်လို့ ကိုယ်ကဖျားလို့တစ်ခုခုကြောင့် အဲ့စနစ်ပျက်သွားရင်အချိန်လေးပေးပြီးပြန်တည်ဆောက်လို့ရတယ်။ ကိုယ့်ရဲ့ biological clock ကိုproductivity အတွက်အကောင်းဆုံးအသုံးချတတ်ရင် ရွှေပဲ။ တချို့သုတေသနလုပ်ပြီးထားခေတ်ပညာတွေကို အသုံးမချတာနေ့စဥ်ရှုံးနေတာနဲ့ အတူတူပဲ။ Phyo Paing @ Derek

ကိုယ့်ရဲ့ biological clock ကို
productivity အတွက်
အကောင်းဆုံးအသုံးချတတ်ရင် ရွှေပဲ။
Read More »