လူတိုင်းအတွက် အချစ်လိုတတ်တယ်။
Relationship တစ်ခုကစိတ်ဒဏ်ရာတွေကုသတဲ့နေရာတစ်ခုဖြစ်နိုင်တယ်။ နေ့စဉ်ဘဝရဲ့ရုန်ကန်မှုတွေမှာလူတိုင်းအတွက် တစ်ချိန်မဟုတ်တစ်ချိန်ဒဏ်ရာတွေရှိတတ်ကြတယ်။ လောကမှာ လူတွေနဲ့ဝင်ဆန့်ဖို့သရုပ်ဆောင်ရတဲ့အချိန်တွေရှိတယ်။ တခါတလေ အရာရာကိုသရုပ်မဆောင်ပဲအရှိကို အရှိအတိုင်းချပြလို့ရတဲ့ relationship တွေရှိလာတဲ့အခါဒဏ်ရာတွေတောင် အမာရွက်မကျန်ပျောက်ကုန်တတ်တယ်။ ငါ့ရဲ့ဖြစ်တည်မှုအရှိကို အရှိအတိုင်းလက်ခံနိုင်ပါလားဆိုတဲ့အတွေးကလူတစ်ယောက်ကိုခွန်အားတွေအကြီးကြီးပေးတယ်။ နေ့စဉ်ဘဝရဲ့တိုက်ပွဲအပြင်အိမ်တွင်းတိုက်ပွဲတွေပါဆင်နွဲနေရတဲ့သူတွေရှိတတ်တယ်။ အပြင်မှာသရုပ်ဆောင်ရတဲ့အပြင်၊အိမ်မှာပါ အမြဲသရုပ်ဆောင်၊အမှန်အတိုင်းမဖော်ပြနိုင်၊ဖော်ပြတဲ့အခါတိုင်း ပြဿနာတက်၊ကြာလာတော့မွန်းကြပ်လာတတ်တယ်။ကိုယ့်ကိုကိုယ် သနားလာတတ်တယ်။စဉ်းစားရင်းမျက်ရည်ကျလာတတ်တယ်။ ဘဝမှာ လူနဲ့ပတ်သက်တဲ့ရွေးချယ်မှုတွေကအတိုင်းထက်အလွန်အရေးကြီးတယ်။ တချို့ရွေးချယ်မှုတွေကတချို့နေရာတွေမှာနှစ်ခါပြုလုပ်ဖို့ လက်မခံနိုင်ဘူး။ အမှန်တော့ ဘဝတစ်ခုတည်ဆောက်တဲ့အခါrelationship ကလဲcofounder လိုပဲ။ရှေ့သွားနောက်လိုက်ညီရင်ဘဝက စိုပြေနေမယ်။ လူတိုင်းမှာ အရှိကိုအရှိအတိုင်းချပြုလို့ရတဲ့နေရာတစ်ခုလိုတယ်။ တချို့အတွက် မိဘတွေကိုချပြလို့ရတယ်။တချို့က ချစ်သူရည်းစားလင်မယား။တချို့က ကိုယ်နဲ့အယုံကြည်ရဆုံးလူတွေ။တချို့ကျတော့ ဘုရားကျောင်းမှာဘုရားသခင်ကိုချပြလို့ရတယ်။ ကိုယ့်ရဲ့ဖြစ်တည်မှုအတိုင်းလက်ခံချစ်ပေးနိုင်တာအချစ်လို့ထင်တာပဲ။လူတိုင်းအတွက် အချစ်လိုတတ်တယ်။ Phyo Paing @ Derek
လူတိုင်းအတွက် အချစ်လိုတတ်တယ်။ Read More »