ကုန်ပစ္စည်းပဲထိုးရောင်းပြီး
အတွေးအခေါ်မရှိတဲ့ အမှတ်တံဆိပ်
အတွေးအခေါ်ရှိတဲ့သူတွေကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး။
Marketing မှာ Next Level ရောက်သွားရင်ဘယ်လိုလေးရောင်းလိုက်ပါတို့၊ဘယ်လိုလေးရေးတို့မပြောတော့ဘူး။ ကိုယ့်ရဲ့ religion ကိုယ်ဖန်တီးလာတယ်။ဒါကြောင့် Apple ကို Marketing လုပ်ပေးခဲ့တဲ့အခု Canva ကို Marketing လုပ်ပေးနေတဲ့Guy Kawasaki က သူ့ကိုယ်သူMarketer လို့မသုံးဘူး။Chief Evangelist လို့သုံးတယ်။တနည်းအားဖြင့် ကိုယ့် religion ထဲကိုပြောင်းလာဖို့လုပ်တဲ့သူ Evangelist တဲ့။ ကမ္ဘာ့ထိပ်တန်း Marketerအကုန်ကြည့်လိုက်ရင်သူတို့ promote လုပ်တဲ့ philosophy ရှိတယ်။ Elon Musk ဆိုလဲ Evangelist ပဲ။Steve Jobs လဲ Evangelist ပဲ။Xiaomi ရဲ့ Lei Jun လဲ Evangelist ပဲ။ ကုန်ပစ္စည်းပဲထိုးရောင်းပြီးအတွေးအခေါ်မရှိတဲ့ အမှတ်တံဆိပ်အတွေးအခေါ်မရှိတဲ့သူတွေပဲ ရင်ခုန်မှာပေါ့။ ဒါကြောင့် Marketing လုပ်တဲ့အခါကိုယ့်လုပ်ငန်းရဲ့ ယုံကြည်ချက်အတွေးအခေါ်အရေးကြီးတယ်။ […]
