Marriage

အိမ်ထောင်ရေးဖောက်ပြန်မှုကင်းတဲ့
ဘဝတစ်ခု ဘယ်လိုတည်ဆောက်မလဲတဲ့

ဒီနေ့ အိမ်ထောင်ရေးစာအုပ်ဖတ်တော့စာအုပ်ရေ နှစ်သန်းကျော်ရောင်းရပြီးဖြစ်တဲ့Willard F. Harley ရဲ့His needs, Her needs ကိုသွားတွေ့တယ်။ အိမ်ထောင်ဇာတ်ကားလဲနာမည်ကြီးနေတော့အားတီ၊ အားမေတို့အတွက်နည်းနည်းပြန်မျှဝေကြည့်မယ်နော်။ အိမ်ထောင်ရေးဖောက်ပြန်မှုကင်းတဲ့ဘဝတစ်ခု ဘယ်လိုတည်ဆောက်မလဲတဲ့။ သူ counselling လုပ်ခဲ့တဲ့အတွေ့အကြုံတွေကနေ အိမ်ထောင်ရေးတစ်ခုသာယာဖို့ယောကျာ်းတစ်ယောက်ဆိုရင် ၁။ Affection အမျိုးသမီးကို ချစ်မြတ်နိုးကြောင်းပြသမှုတွေလိုတယ်တဲ့။ပန်းပေးတာ၊ လက်ဆောင်ပေးတာ၊စကားလုံးတွေနဲ့ ချီးမွမ်းတာ၊ဖက်တာ၊ နမ်းတာ နေ့စဥ်တွေ့တိုင်းချစ်ကြောင်းပြသဖို့လိုတယ်တဲ့။ ၂။ Conversation အချိန်တစ်ခုပေးပြီးသူ့အကြောင်း၊ ကလေးတွေအကြောင်းနားထောင်ပေးဖို့လိုတယ်။အကဲဖြတ်အကြံပေးချင်စိတ်ကိုဖျောက်။သူ့ခံစားချက်တွေကို သေချာနားထောင်ပေးတဲ့။ ၃။ Honesty and Opennessစိတ်ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြဖို့လိုတယ်တဲ့။ဘယ်နေ့မှာဘာလုပ်စရာရှိတယ်။ဘယ်သွားစရာရှိတယ်။ကိုယ့်ရဲ့ ကောင်းတဲ့ခံစားချက်၊​ဆိုးတဲ့ခံစားချက်၊ အတိတ်ကအကြောင်း၊အနာဂတ်ရည်မှန်းချက်တွေကိုလဲပြောပြထားဖို့လိုတယ်။ဒါမှ တခုခုဆို အံ့အားသင့်မှုမဖြစ်စေမှာတဲ့။ ၄။ Financial support ငွေကြေးထောက်ပံ့မှု။တကယ်လို့ အမျိုးသားအနေနဲ့အိမ်ထောင်မှုဆိုင်ရာငွေကြေးအားလုံးကိုတစ်ယောက်တည်း ထောက်ပံ့မှုမလုပ်နိုင်ရင်မရှိမဖြစ်လိုအပ်တာတွေအကုန်လုံးအတွက်ထောက်ပံ့မှုပေးပြီး ကိုယ့်ရဲ့ကျွမ်းကျင်မှုကိုတိုးတက်အောင်လုပ်ပြီး ငွေရှာနိုင်စွမ်းကိုမြင့်တင်သင့်တယ်။တကယ်လို့ ကိုယ်ရဲ့ ဝင်ငွေနဲ့မလောက်လို့အမျိုးသမီးက သူအလုပ်လုပ်ချင်တယ်ဆိုသူစိတ်ဝင်စားတဲ့ အလုပ်လုပ်ဖို့ခွင့်ပြုဖို့လိုတယ်။ဒါပေမယ့် အမျိုးသမီးဝင်ငွေနဲ့မိသားစုအသုံးစရိတ်မလုပ်ပါနဲ့တဲ့။ ၅။ Family […]

အိမ်ထောင်ရေးဖောက်ပြန်မှုကင်းတဲ့
ဘဝတစ်ခု ဘယ်လိုတည်ဆောက်မလဲတဲ့
Read More »

လူတွေက အချစ်နဲ့တွေ့ရင်
ပြန်လည်ရှင်သန်လာတယ်

လူတွေက အချစ်နဲ့တွေ့ရင် ပြန်လည်ရှင်သန်လာတယ်။အထူးသဖြင့် အစပိုင်းမှာပေါ့။ လူတော်တော်များများကို ဘူစေတဲ့အရာကလဲ ဒီအချက်ပဲ။ အချစ်ရေး၊ အိမ်ထောင်ရေးပဲ။ လူနှစ်ယောက်က အနေနီးရင်ချစ်တယ်။ (Near distance)ပုံစံတူရင်ချစ်သွားတတ်တယ်။ (Similarity)ရင်းနှီးမှုများရင် ချစ်တယ်။ (Familiarity) ဒါကို Big 3 လို့ခေါ်တယ်။ ဒါနဲ့ ခပ်ဆင်ဆင် CIA Agent တွေက သူလျှိုလုပ်တဲ့အခါတဖက်လူနဲ့နီးစပ်အောင်လုပ်တဲ့ formula ရှိတယ်။ကျွန်တော်ကတော့ PDFI လို့အတိုကောက်မှတ်ထားတယ်။ Friendship =Proximity + Frequency +Duration + Intensity နောက် စိတ်ဝင်စားမှုကို တက်စေတဲ့ချက်လေးချက်ရှိတယ်။ 1. အလုပ်အကိုင်သို့ စွမ်းဆောင်ရည် Competency2. ရုပ်ရည် Look (Physical attraction)3. သူနဲ့တွဲတဲ့အတွက် ရှုံးနိုင်ခြေ Gain or Lost4. နောက်ဆုံးတစ်ခုက Lust

လူတွေက အချစ်နဲ့တွေ့ရင်
ပြန်လည်ရှင်သန်လာတယ်
Read More »