Mindset

စိတ်ကို ပြောင်းပါ။ဘဝ ပြောင်းပါတယ်။

အရာရာက စိတ်ကနေ စပါတယ်။ ဗုဒ္ဓက ဓမ္မပဒ ရဲ့ ပထမဆုံး စာကြောင်းမှာဒါကို ဟောကြားခဲ့ပါတယ်။ “မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ”စိတ်က ရှေ့ဆောင်တယ်။ စိတ်က အဓိက။စိတ်က ဦးဆောင်ပြီး ကျန်တာ အားလုံး လိုက်လာတယ်။အရာရာဟာ စိတ်နဲ့ပဲ ပြီးစေတယ်။ ပြောတဲ့ စကား — စိတ်ထဲက လာတယ်။လုပ်တဲ့ အလုပ် — စိတ်ထဲက လာတယ်။ဖြစ်တဲ့ ရလဒ် — စိတ်ထဲက လာတယ်။ ဒါဆို ဘဝကို ပြောင်းချင်ရင်ပြင်ပကို ပြောင်းစရာ မလိုပါဘူး။စိတ်ကို ပြောင်းရုံပါပဲ။ ဒါပေမယ့် လူအများစု ပြောင်းပြန် လုပ်ပါတယ်။ ငွေ ပိုရချင်တယ် — အလုပ် ပိုလုပ်တယ်။ဒါပေမယ့် “ငါ ချမ်းသာဖို့ မထိုက်တန်ဘူး” ဆိုတဲ့စိတ်ထဲက ယုံကြည်ချက်ကို […]

စိတ်ကို ပြောင်းပါ။ဘဝ ပြောင်းပါတယ်။ Read More »

ဒါ မြင်တတ်တဲ့ နေ့ကိုယ့် team ပြောင်းပါတယ်။ကိုယ့် relationship ပြောင်းပါတယ်။ကိုယ့်ဘဝ ပြောင်းပါတယ်။

ကိုယ့်ကိုကိုယ် Introvert အတွင်းစွဲ လို့ ပြောပြီးဘာမှ မလုပ်တဲ့သူတွေ ရှိတယ်။ကိုယ့်ကိုကိုယ် Extrovert အပြင်စွဲ လို့ ပြောပြီးလူတိုင်းကို အနိုင်ယူတဲ့သူတွေ ရှိတယ်။ MBTI ကို မှားသုံးနေကြတယ်။ MBTI ဆိုတာ ဆင်ခြေ မဟုတ်ပါဘူး။ကိုယ့်ကိုကိုယ် နားလည်ဖို့ ကိရိယာပါ။ “ငါက INFJ ဆိုတော့ လူနည်းနည်းပဲ ပေါင်းတာ”ဒါ MBTI ကို ဆင်ခြေ အဖြစ် သုံးနေတာပါ။ “ငါက INFJ ဆိုတော့ လူတွေနဲ့ ပေါင်းပြီးရင်ကိုယ့်ဘာသာ အားပြန်ဖြည့်ဖို့ အချိန် လိုတယ်”ဒါ MBTI ကို ကိရိယာ အဖြစ် သုံးတာပါ။ Isabel Briggs Myers နဲ့ Katharine Cook Briggs —မိသားစု ၂ ယောက်

ဒါ မြင်တတ်တဲ့ နေ့ကိုယ့် team ပြောင်းပါတယ်။ကိုယ့် relationship ပြောင်းပါတယ်။ကိုယ့်ဘဝ ပြောင်းပါတယ်။ Read More »

ဒါ သိတဲ့သူလူတွေကြောင့် စိတ်ညစ်ရတာ နည်းပါတယ်။ဒါ သိတဲ့သူလူတွေကို ဖတ်တတ်ပါတယ်။

လူတွေ ကိုယ့်လိုပဲ တွေးတယ်လို့ ထင်လား။ဒါ အကြီးမားဆုံး အထင်လွဲပါ။ ကိုယ် ဒီလို ခံစားတယ် ဆိုတော့သူလည်း ဒီလို ခံစားမယ်လို့ ထင်တယ်။ကိုယ့်အတွက် အရေးကြီးတာ ဆိုတော့သူ့အတွက်လည်း အရေးကြီးမယ်လို့ ထင်တယ်။ မဟုတ်ပါဘူး။ စိတ်ပညာမှာ ဒါကိုFalse Consensus Effect (မှားယွင်းတဲ့ သဘောတူညီမှု) လို့ ခေါ်ပါတယ်။ကိုယ် ယုံကြည်တာကို လူအများစုလည်း ယုံကြည်တယ်လို့အလိုအလျောက် ထင်မိတာပါ။ ဒါကြောင့် boss က “ဒါ ရှင်းနေတာပဲ” ပြောတယ်။တကယ်က ဝန်ထမ်း ဘယ်သူမှ မရှင်းဘူး။Boss အတွက် ရှင်းတာနဲ့လူတိုင်းအတွက် ရှင်းတာ မတူပါဘူး။ နောက်တစ်ခု လူတွေ မသိသေးတာ ရှိပါတယ်။ လူတွေ ဆုံးဖြတ်ချက် ချပြီးမှအကြောင်းပြချက် ရှာတာပါ။ “ကျွန်တော် စဉ်းစားပြီးမှ ဆုံးဖြတ်တာ” ပြောတယ်။တကယ်က

ဒါ သိတဲ့သူလူတွေကြောင့် စိတ်ညစ်ရတာ နည်းပါတယ်။ဒါ သိတဲ့သူလူတွေကို ဖတ်တတ်ပါတယ်။ Read More »

စေတနာ ကောင်းတယ်။ဒါပေမယ့် နယ်နိမိတ်မဲ့ စေတနာကကိုယ့်ကိုကိုယ် ဖျက်ဆီးပါတယ်။

စေတနာ ဝေဒနာ ဖြစ်ဖူးလား။ ကူညီချင်လို့ ကူညီတယ်။ပေးချင်လို့ ပေးတယ်။ကောင်းစေချင်လို့ ပြောတယ်။ ပြီးတော့ ကိုယ်ပဲ နာသွားတယ်။ သူငယ်ချင်းကို ငွေချေးတယ်။ စေတနာနဲ့။ပြန်တောင်းရတော့ ကိုယ်က လူဆိုးဖြစ်သွားတယ်။ Team အတွက် ညမအိပ်ဘဲ လုပ်ပေးတယ်။ကျေးဇူးတင်တဲ့သူ တစ်ယောက်မှ မရှိဘူး။ ဝန်ထမ်းကို ယုံကြည်မှုအပြည့်ပေးအလုပ်အကုန် အပ်လိုက်တယ်။သူ မပြောမဆို ထွက်သွားတော့ဒုက္ခတွေရောက်တယ်။ ပြီးတော့ ကိုယ့်ကိုကိုယ် မေးမိတယ်။“စေတနာ ထားတာ မှားသွားတာလား” မမှားပါဘူး။စေတနာ ထားပုံ မှားသွားတာပါ။ စေတနာ ဝေဒနာ ဖြစ်ရတဲ့ အကြောင်းရင်း ၃ ခု ရှိပါတယ်။ ပထမ — နယ်နိမိတ် မရှိဘူး။ ပေးတယ်။ဒါပေမယ့် ဘယ်လောက်ထိ ပေးမလဲသတ်မှတ်မထားဘူး။ကူညီတယ်။ဒါပေမယ့် ဘယ်အထိ ကူညီမလဲ မပြောထားဘူး။ နယ်နိမိတ် မရှိတဲ့ စေတနာကကိုယ့်ကိုကိုယ် ဒုက္ခပေးတာပါ။ဝေဒနာတွေပဲ

စေတနာ ကောင်းတယ်။ဒါပေမယ့် နယ်နိမိတ်မဲ့ စေတနာကကိုယ့်ကိုကိုယ် ဖျက်ဆီးပါတယ်။ Read More »

ကိုယ့်ကိုကိုယ် နားလည်မှကိုယ့်ကိုကိုယ် စိတ်ဆင်းရဲမှုကနည်းအောင်လုပ်နိုင်မယ်။

ကိုယ့်ကို နားလည်တဲ့သူ ရှာနေတာ ရပ်ပါ ချစ်သူ ဆီ ရှာတယ်သူငယ်ချင်း ဆီ ရှာတယ်Social media ပေါ် ရှာတယ် “ဘယ်သူမှ ငါ့ကို နားမလည်ဘူး” ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ကော ကိုယ် ဘာလို့ စိတ်ဆိုးနေတာလဲ — သိလားကိုယ် ဘာ ကြောက်နေတာလဲ — သိလားကိုယ့် ခံစားချက်ရဲ့ အောက်မှာ ဘာ ရှိလဲ — သိလား ဒေါသ ဆိုတာ ပထမထပ်အောက်မှာ ကြောက်တာ ရှိတယ်ဒါမှမဟုတ် နာကျင်တာ ရှိတယ်ဒါမှမဟုတ် ချစ်ခံချင်တာ ရှိနိုင်တယ် ဒါကို မရှာဘူး“သူများကြောင့်” ဆိုပြီး ပစ်ချတယ် တူညီတဲ့ ပြဿနာ ထပ်ခါထပ်ခါ ဖြစ်နေတယ်ချစ်သူ ပြောင်းလည်း ပြဿနာ မပြောင်းဘူးသူငယ်ချင်း ပြောင်းလည်း ခံစားချက် မပြောင်းဘူး

ကိုယ့်ကိုကိုယ် နားလည်မှကိုယ့်ကိုကိုယ် စိတ်ဆင်းရဲမှုကနည်းအောင်လုပ်နိုင်မယ်။ Read More »

လူတွေကို အတားအဆီးလုပ်ထားတာ
အတွေးအခေါ်နဲ့
ကိုယ့်အပေါ်ကိုယ်ထားတဲ့အမြင်ပဲ။

10x – 100x ဖြစ်ချင်ရင်လက်ရှိရှိနေတဲ့အတွေးအခေါ်အမြင်ကို နောက်တစ်ဆင့်မြင့်ဖို့လိုနိုင်တယ်။ လူတွေကို အတားအဆီးလုပ်ထားတာအတွေးအခေါ်နဲ့ ကိုယ့်အပေါ်ကိုယ်ထားတဲ့အမြင်ပဲ။ လူတစ်ယောက်ဘယ်လောက်တော်တော်ကိုယ့်ကိုကိုယ် မျှော်လင့်ထားတဲ့မျှော်မှန်းချက်နည်းနေရင် ဘဝမှာရမှာ နည်းနိုင်မှာပဲ။ တခြားသူတွေဆီက မျှော်လင့်တာထက်ကိုယ့်ကိုကိုယ် မျှော်လင့်ပြီးအနာဂတ်ကိုတစ်ဆင့်ချင်းတည်ဆောက်တာကတော့အကောင်းဆုံးပဲ။ Phyo Paing @ Derek

လူတွေကို အတားအဆီးလုပ်ထားတာ
အတွေးအခေါ်နဲ့
ကိုယ့်အပေါ်ကိုယ်ထားတဲ့အမြင်ပဲ။
Read More »

လူတွေရဲ့ဘဝကို အဓိကကွာသွားစေတာအမြင်။

အမြင်မတူရင် အမြင့်မတူဘူး။တခါတလေ ဒီအမြင်ကတော်တော်လေးပြင်ဖို့ခက်တယ်။ပြတိုင်းလဲ မြင်ချင်မှမြင်တာ။မြင်နိုင်တဲ့ဥာဏ်ရှိဖို့အချိန်ပေးရတာလဲဖြစ်နိုင်တယ်။ Phyo Paing @ Derek

လူတွေရဲ့ဘဝကို အဓိကကွာသွားစေတာအမြင်။ Read More »

လူတွေကို အဓိက ကန့်သတ်ထားတဲ့အရာက
အတွေးအခေါ်ပဲ။

တစ်ခုခုဆို ဒါမဖြစ်နိုင်ဘူး၊မလုပ်နိုင်ဘူး၊ ငွေဆိုတာရှာရခက်တယ်၊ ဒါမျိုးက အတိတ်ဘဝကံမပါရင်မရဘူး။ဘဝပေးအခြေအနေမတူဘူး။ ကြီးကြီးကျယ်ကျယ်လျှောက်စဥ်းစားရအောင်ကိုယ့်ကိုကိုယ်ဘာများထင်နေလဲ။ စိတ်ကြီးဝင်နေတယ်။ ဒီလိုမျိုး အတွေးအခေါ်ပတ်ဝန်းကျင်မှာကြီးတယ်။ လူတွေကို အကြီးဆုံးချုပ်နှောင်ထားတဲ့လှောင်အိမ်ကြီးက အတွေးအခေါ်လှောင်အိမ်ကြီးပဲ။ အထက်ကတွေးတဲ့ ရှားပါးတယ်။စိုးရိမ်စိတ်၊ ကြောက်စိတ်ကို scarcity mindset လို့ခေါ်တယ်။ ဒီအတွေးအခေါ်မှာ မှန်တဲ့အရာတွေရှိနိုင်ပေမယ့်လူတစ်ယောက်ရဲ့ဘဝအထက်တက်နိုင်ခြေတော်တော်များများကို ရိုက်ချိုးထားတတ်တယ်။ Strategic upside တိုးတက်ပြောင်းလဲနိုင်ဖို့များများစားစားမရှိဘူး။ ဘဝရဲ့ပထမဆုံးရုန်းထွက်လာရတဲ့လှောင်အိမ်ကအဲ့ဒီ မွဲစိတ် scarcity mindset လှောင်အိမ်ပဲ။ ငါလိုချင်တာ ဖြစ်အောင်လုပ်လို့ရတယ်။ ကိုယ်လိုချင်တဲ့ အချစ်မျိုးရနိုင်တယ်။ကိုယ်လိုချင်တဲ့ အလုပ်မျိုးနဲ့အသက်မွေးလို့ရနိုင်တယ်။ ကိုယ်နေချင်တဲ့နေရာမှာ နေလို့ရနိုင်တယ်။သွားချင်တဲ့နေရာတိုင်း သွားလို့ရနိုင်တယ်။သင်ချင်တဲ့အရာတိုင်းကို သင်ယူလို့ရနိုင်တယ်။ ပိုင်ဆိုင်ချင်တဲ့အရာတိုင်း စိတ်ရှည်ရှည်နဲ့သေချာကြံဆ လုပ်ဆောင်နိုင်ရင်ရနိုင်တယ်။ ဒါကိုလုံးဝယုံကြည်ထားတယ်။ ဒီလိုစဥ်းစားတာကိုတော့ abundance mindset လို့ခေါ်တယ်။ မှန်တယ်၊ မှားတယ်ဆိုတာတော့မရှိပါဘူး။ ခံစစ်နဲ့ဘဝ ဂိုးသွင်းမခံရအောင်နေချင်ရင်scarcity mindset မွဲစိတ်နဲ့အသက်ရှင်။ တိုက်စစ်နဲ့ဘဝကို တည်ဆောက်ချင်ရင်abundance mindset

လူတွေကို အဓိက ကန့်သတ်ထားတဲ့အရာက
အတွေးအခေါ်ပဲ။
Read More »

ရထားတာလိုချင်ဖို့
စိတ်ထားတတ်ဖို့လိုတယ်။

လိုချင်တာရအောင်ယူဖို့ဆာလောင်မှုပြင်းပြဖို့လိုတယ်။ရထားတာလိုချင်ဖို့ စိတ်ထားတတ်ဖို့လိုတယ်။ Phyo Paing @ Derek

ရထားတာလိုချင်ဖို့
စိတ်ထားတတ်ဖို့လိုတယ်။
Read More »

အလွယ်တကူ အရသာမခံပါနဲ့။

အလွယ်တကူ အရသာမခံပါနဲ့။ ဦးနှောက်မှာ ဆုပေးတဲ့ရသာခံအာရုံတွေရှိတယ်။တနည်းအားဖြင့်ဦးနှောက်ဆဲလ်အချင်းချင်းစကားပြောဆက်သွယ်သလိုဖြစ်တဲ့neurotransmitter တွေပေါ့။ လုပ်ရပ်တွေနဲ့ဆက်စပ်ပြီးဒီ ဦးနှောက်ဆက်သွယ်ရေးမက်ဆန်ဂျာတွေထွက်တယ်။​ ရည်မှန်းချက်ပန်းတိုင်အပေါ်အာရုံစူးစိုက်တဲ့အခါ၊​နားလည်မှုတစ်ခုကြောင့်သဘောပေါက်တဲ့အခါဒိုပါမင်း Dopamine ထွက်တယ်။​လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ၊အန်ဒေါ်ဖင် Endorphins ထွက်တယ်။ပေါင်းသင်းဆက်ဆံရေးလုပ်တဲ့အခါသဘောကျကျေနပ်တဲ့အခါဆီလိုတိုနင် Serotonin ထွက်တယ်။​ချစ်ကျွမ်းဝင်တဲ့အခါ၊ ချစ်ခြင်းမေတ္တာအတွက်အောက်ဆီဒိုစင် Oxytocin ထွက်တယ်။​ တရားစထိုင်တဲ့အခါ အာရုံစူးစိုက်မှုဖြစ်ပြီးဒိုပါမင်းအဓိက dopamine-driven ကနေပီတိကိုဖြစ်စေတဲ့serotonin, GABA, melatonin, and anandamideထွက်ပေါ်စေပြီး အေးချမ်းစေတယ်။ ဒီ neurotransmitter တွေကကောင်းမွန်တဲ့လုပ်ရပ်တွေအတွက်ဆုပေးတဲ့ ဖြစ်စဥ်တွေဖြစ်တယ်။ ဒါတွေကို မကောင်းတဲ့လုပ်ရပ်နဲ့သွားချိပ်ဆက်မိတဲ့အခါဘဝရဲ့ ပြဿနာတွေဖြစ်နိုင်တယ်။ ဥပမာ လူမှုကွန်ယက်ကိုစွဲလမ်းတာcheap dopamine နဲ့လဲလိုက်မိတာမျိုး။ဆေးဝါးသုံးစွဲပြီးကိုယ့်ဦးနှောက်ရဲ့ reward mechanismဆုချတဲ့စနစ်ကို ဖျက်စီးလိုက်တာမျိုး။ တချို့ ပြင်ပလှုံ့ဆော်မှုတွေကအားပျော့တယ်။​တချို့က နောက်ဆက်တွဲခံစားရတယ်။​ ဥပမာ ကော်ဖီဆိုရင်ညနေစွမ်းအင်ကို ကြိုသုံးပြီးလေးနာရီ ခွန်အားကိုမြန်မြန်ယူထားတယ်။တချို့ဆေးဝါးတွေကနောက်တစ်နေ့မှာ ပြန်ပေးဆပ်ရတယ်။တချို့က အနာဂတ်မှာ ပြန်ပေးဆပ်ရတယ်။ တချို့ cheap dopamineTik Tok တို့၊

အလွယ်တကူ အရသာမခံပါနဲ့။ Read More »