Mindset

မွေးကတည်းက သန်မာတာရှားတယ်။
ကိုယ့်ကို မသေစေတဲ့အရာက
သန်မာစေတဲ့အရာတွေဆိုတာ မှန်တယ်။

နှစ်ပေါင်းများစွာ စိတ်ညစ်ခဲ့ဖူးတယ်။စိတ်ဓာတ်ကျခဲ့ဖူးတယ်။ ကိုယ့်ကိုကိုယ် အပစ်တင်ခဲ့ဖူးတယ်။ ပြဿနာတစ်ခုခုကြုံလာတိုင်းဘယ်သူ့ပြေးအားကိုးရမှန်းမသိအကြိမ်ပေါင်းမနည်းဖြစ်ခဲ့ဖူးတယ်။ လုပ်နေတဲ့အလုပ်ကို ရပ်ပစ်ဖို့အကြိမ်တစ်ရာမက စဉ်းစားခဲ့ဖူးတယ်။ ငါလုပ်နေတာ ဟုတ်မှဟုတ်ရဲ့လား၊မှန်မှမှန်ရဲ့လား တွေဝေဒွိဟတွေအကြီးကြီးဖြစ်ခဲ့ဖူးတယ်။ ဝန်ထမ်းတွေ ကိုယ့်စကားနားမထောင်လို့စိတ်ညစ်တဲ့ရက်တွေ အများကြီးရှိခဲ့ဖူးတယ်။ ဆိုင်က အခိုးခံရတဲ့ CCTV ကိုပြန်ကြည့်ပြီး တော်တော်ဒေါသထွက်ခဲ့ဖူးတယ်။ အသည်းတွေ အကြီးအကျယ်ကွဲဖူးတယ်။အရက်ကို ရေလိုသောက်ဖူးတယ်။ လောင်းကစားကို ရေရေလည်လည်စွဲဖူးတယ်။ဘဝမှာ လမ်းတွေ အကြိမ်ကြိမ်ပျောက်ဖူးတယ်။ သေမလို ဆေးရုံနှစ်ခါတက်ဖူးသလိုဆေးမှားသောက်လို့ မျက်စိခြောက်လလောက်ကုခဲ့ဖူးတယ်။နားသိပ်မကြားရလို့ မန္တလေးက ဆရာဝန်ဦးကန်ညွန့်နဲ့ နှစ်နှစ်ကျော်ပြခဲ့ဖူးတယ်။ ငြိမ်းချမ်းခြင်းကိုလိုက်ရှာပြီးစမ်းချောင်းက Church ကျောင်း library မှာခြောက်လ လောက်နေဖူးတယ်။ ငွေအတိုးချေးပေးပြီး အလိမ်ခံရဖူးတယ်။စပ်တူလုပ်ပြီး ခွါပြဲဖူးတယ်။Social media ကို မသုံးတော့ဘူးဆိုပြီးအကြိမ်ကြိမ်စဉ်းစားခဲ့ဖူးတယ်။ မဖတ်တတ်တဲ့ စကားလုံးတွေများတော့dictionary နဲ့တစ်လုံးချင်းလိုက်ရှာစိတ်တွေ အကြိမ်ကြိမ်ညစ်ဖူးတယ်။ အတွေးအခေါ်မတူပဲ အမြဲစိတ်ညစ်ရလို့အသက်ကြီးရင် အမေနဲ့အတူမနေဖူးလို့ပြောပြီး အိမ်နဲ့ သုံးလလောက်အဆက်အသွယ် မလုပ်နေခဲ့ဖူးတယ်။ အဒေါ်တွေအိမ်ကပ်နေဖူးတယ်။အစ်ကို […]

မွေးကတည်းက သန်မာတာရှားတယ်။
ကိုယ့်ကို မသေစေတဲ့အရာက
သန်မာစေတဲ့အရာတွေဆိုတာ မှန်တယ်။
Read More »

Mind + Matter

ပါးစပ်ထဲ အမှိုက်တွေထည့်လိုက်ရင်အမှိုက်ခန္ဓာကိုယ်ကြီးဖြစ်သွားသလိုခေါင်းထဲ အမှိုက်တွေထည့်လိုက်ရင်အမှိုက်တွေနဲ့ပြည့်တဲ့ ဘဝပဲဖြစ်လာမှာ။ စိတ်သွားတိုင်း ကိုယ်ပါနိုင်ဖို့စိတ်ဓာတ်ရေးရာလဲ နေ့စဉ်training ဆင်းရသလိုကိုယ်ခန္ဓာအတွက်လဲ နေ့စဉ်training ဆင်းဖို့လိုတယ်။ Mind + Body အတွက် ဘာတွေ input လုပ်လဲ သေချာဂရုစိုက်ဖို့လိုတယ်။ Mind + Matter Phyo Paing @ Derek

Mind + Matter Read More »

ယူထားတာထက်
ပိုပေးရမှာ မကြောက်ပါနဲ့။

အလုပ်လုပ်တဲ့အခါ ကိုယ့်အတွက်“ချက်ချင်း” အကျိုးမရှိရင် အလုပ်ကို သေချာလုပ်သလား၊မလုပ်ဘူးလားကို ကြည့်ပြီး လူတစ်ယောက် အနာဂတ်ကိုခန့်မှန်းလို့ရနိုင်တယ်။ တချို့အလုပ်တွေက ချက်ချင်းကြီးအကျိုးရှိချင်မှ ရှိမယ်။လူအများစုက ကိုယ်ကပိုပေးလိုက်ရမှာကြောက်တတ်ကြတယ်။ အလုပ်လုပ်ရင်လဲ ရထားတာထက်ပိုလုပ်ရမှာ ကြောက်တတ်ကြတယ်။Client အလုပ်အပ်ရင်လဲကိုယ်ဖက်က ပိုပေးလိုက်ရမှာကြောက်တတ်ကြတယ်။ ဒီ mindset က လူတွေကို အောင်မြင်မှုအတွက် အတားအဆီဖြစ်စေတယ်။ ကျွန်တော်ကတော့ သူများဆီယူထားတာထက်ပိုမပေးလိုက်ရမှာ စိုးရိမ်တယ်။ ဒိအချက်ကပဲ အလုပ်လုပ်တုန်းကမိတ်ဆွေတွေ၊ ဆိုင်ဖွင့်တုန်းက ဝယ်ခဲ့တဲ့မိတ်ဆွေတွေကိုယ်ဘာလုပ်လုပ် ယုံကြည်အားပေးနေတုန်း။ ယူထားတာထက်ပိုပေးရမှာ မကြောက်ပါနဲ့။ Phyo Paing @ Derek

ယူထားတာထက်
ပိုပေးရမှာ မကြောက်ပါနဲ့။
Read More »