Mindset

Input > Output

တခါတလေ ကိုယ်လိုချင်နဲ့ output ရလဒ်တွေကိုအာရုံစိုက်သလိုနေ့စဉ် input တွေကို အာရုံစိုက်ဖို့လဲအရေးကြီးတယ်။ ပေါင် ၃၀ ချချင်တယ်ဆိုတာ Output. နေ့စဉ် လေ့ကျင့်ခန်းလုပ်၊အစားအသောက်ကောင်းကောင်းရွေးချယ် စားတယ်ဆိုတာ Input. Phyo Paing @ Derek

Input > Output Read More »

အတိတ်က ကိုယ့်ကိုကိုယ် ပြန်မေ့ဖို့လိုတယ်။

လူတွေဒီနေ့ရောက်နေတဲ့နေရာကကိုယ့်ဘဝရဲ့ ရွေးချယ်မှုတွေရဲ့ရလဒ်ပဲ။ဒါကြောင့် ဘယ်သူမှ အပြစ်တင်နေလို့မရဘူး။ ပြီးခဲ့တာပြီးပြီ။ အတိတ်ကို အနာဂတ်အတွက်ဆုံးဖြတ်ခွင့်မပေးနဲ့။ လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲချင်ရင်အတိတ်က ကိုယ့်ကိုကိုယ် ပြန်မေ့ဖို့လိုတယ်။ Phyo Paing @ Derek

အတိတ်က ကိုယ့်ကိုကိုယ် ပြန်မေ့ဖို့လိုတယ်။ Read More »

ငယ်ငယ်လေးကတည်းက
အတွေးအခေါ်တွေ အဆိပ်ခပ်ခံခဲ့ရတတ်တယ်။

တချိို့မိဘတွေက ဘဝဖြတ်သန်းမှုအလျောက်သူတို့ကိုယ်သူတို့အဆိပ်မိလို့မိမှန်းမသိပဲအဆိပ်ကို သကြားထင်ပြီးသားသမီးတွေကို သူတို့ရဲ့အတွေးအခေါ်၊ ယုံကြည်မှု၊တန်ဖိုးထားမှုတွေနဲ့ဘဝပိုကောင်းဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ဘောင်ခတ်လွမ်းမိုးဖို့ ကြိုးစားတတ်ကြတယ်။ အသက်အရွယ်တစ်ခုရောက်လာတော့စာတွေဖတ်၊ ပြန်လည်သုံးသပ်ပြီးကိုယ့်ရဲ့ယုံကြည်မှုနဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနေထိုင်တဲ့နေရာနဲ့လူမျိုးရဲ့ယုံကြည်မှုတွေကို ပြန်လည်ဆန်းစစ်ဖြစ်တယ်။ နောက်ဖြေဆေးရှာကြည့်တယ်။ တချို့လူတွေက အတွေးအခေါ်အဆိပ်ခပ်ခံခဲ့ရတယ်။အဆိပ်သင့်နေတုန်းပဲ။ဒီအဆိပ်ဒဏ်အတွက်အတွေးအခေါ် ဖြေဆေးလိုတယ်။ Phyo Paing @ Derek

ငယ်ငယ်လေးကတည်းက
အတွေးအခေါ်တွေ အဆိပ်ခပ်ခံခဲ့ရတတ်တယ်။
Read More »

ကိုယ့်ကိုကိုယ် human programmer လို့
စဥ်းစားကြည့်

ကလေးပျက်ကျသွားတဲ့ လူတစ်ယောက်ကmiscarriage ဖြစ်တာကို ယူကြုံးမရဖြစ်တဲ့psycho ဝင်ပြီး ဆေးခန်းတွေပြဆေးတွေ သောက်နေရတတ်တယ်။ဒါက သူ့အတွေးကြောင့်ဖြစ်တတ်တယ်။ငါ့မမွေးသေးတဲ့သားလေး၊ သမီးလေးအမေ့ကြောင့်ဆို ယူကြုံးမရဖြစ်ရင်ဖြစ်မယ်။ဒါမှမဟုတ် ကိုယ့်ယောကျာ်းကိုအားနာစိတ်ကြောင့်ဝမ်းနည်းတာဖြစ်ရင်ဖြစ်မယ်။ တကယ်လို့ အဲ့ဒီကလေးလေးကသာကိုယ်လက်အင်္ဂါမစုံပဲ ဒုက္ခိတအနေနဲ့မမွေးခဲ့တာဥာဏ်ရည်မမီဖြစ်တဲ့ကလေးလေးအနေနဲ့မမွေးခဲ့တာ သူ့အတွက် ပိုကောင်းပါတယ်လေလို့reframe စဥ်းစားပုံပြောင်းလိုက်တာနဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ပြောင်းသွားနိုင်တယ်။​ ဒီလို အဓိပ္ပာယ်ဖွင့်ဆိုချက်ပြောင်းတာကိုLogotherapy ဆိုပြီး Dr. Viktor Frankr ကတည်ထွင်ခဲ့တယ်။ ကိုယ့်ကိုကိုယ် human programmer လို့စဥ်းစားကြည့်။ လူတွေသာ ကွန်ပြူတာတွေဖြစ်မယ်ဆိုသူတို့အတွေးတွေက code ကုတ်တွေအဖြစ်အဆက်မပြတ် run နေတယ်။ တချို့အချိန်တွေမှာ အမှားတွေဖြစ်error တက်တဲ့အခါ ရှေ့မဆက်နိုင်ပဲတိုင်ပတ် looping လည်နေတတ်တယ်။ အဲ့အချိန်မှာ အတွေးအခေါ်တစ်ခုကဒီ looping အတွေးတိုင်ပတ်နေတာကိုဖြေရှင်းပေးလိုက်နိုင်တဲ့အခါအလင်းပွင့်သွားတာမျိုးဖြစ်တတ်တယ်။ ဘဝမှာ တိုင်ပတ်မှုအပေါင်း သရဖူမဆောင်းဖို့ကိုယ့်ရဲ့အတွေး code တွေကိုကိုယ်တိုင် fix လုပ်နိုင်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် human programmer လို့
စဥ်းစားကြည့်
Read More »

လူတွေဘဝ ပိုပျော်၊ ပိုတော်၊
ပိုသိ၊ ပိုလွယ်ကူ၊ ပိုချိတ်ဆက်နိုင်ဖို့လိုတယ်

ကိုယ်ဖန်တီးလိုက်တဲ့အရာတွေကြောင့်လူတွေဘဝ ပိုပျော်၊ ပိုတော်၊ပိုသိ၊ ပိုလွယ်ကူ၊ ပိုချိတ်ဆက်နိုင်ဖို့လိုတယ်လို့ခံယူထားတယ်။ Creators create ဆိုသလို၊ကိုယ့်ကိုကိုယ် ဖန်တီးသူတစ်ယောက်လို့သတ်မှတ်တဲ့အတွက် နေ့တိုင်းဖန်တီးမှုအသစ်တစ်ခု အနည်းဆုံးလုပ်တယ်။ ဖန်တီးမှုလုပ်တိုင်းမှာလူတွေ ကိုယ့်ကြောင့် အဆိပ်အတောက်မဖြစ်စေရဘူးလို့ အမြဲစဥ်းစားတယ်။ ကိုယ်ဖန်တီးလိုက်တဲ့ ကုန်ပစ္စည်းဝန်ဆောင်မှုတွေကြောင့်လူတွေ “မဒူ”၊ “မဘူ” စေရဘူးဆိုတဲ့အဆောင်ပုဒ်ထားထားတယ်။ ဥပမာ ကိုယ်က မူးယစ်စေတဲ့အရာရောင်းတယ်။လူတွေပိုဒူသွားမယ်။ဥာဏ်တွေထုံထိုင်းဒူသွားမယ်ဆို မလုပ်ဘူး။လူတွေရဲ့ သိမ်ငယ်တဲ့အငုံ့စိတ်inferiority complex ကိုအသုံးချပြီးnegative အဆိပ်အတောက်ဖြစ်စေတဲ့အကြောင်းအရာတွေပဲတင်ရင်လူတွေ ပိုဘူသွားမယ်။ဒီနှစ်ခုမဖြစ်အောင် ရှောင်ရမယ်လို့ကျွန်တော်တို့ Team YEC ခံယူထားတယ်။ ကျွန်တော်တို့ ဖန်တီးတဲ့ ကုန်ပစ္စည်း၊ဝန်ဆောင်မှုတိုင်း “မဒူ”၊ “မဘူ”စေဖို့ခံယူချက်ထားတယ်။ နောက်ကိုယ့်ဖန်တီးမှုတိုင်းက လူတွေကို“ပိုပျော်၊​ ပိုတော်၊ ပိုသိ၊ ပိုလွယ်ကူ၊ပိုချိပ်ဆက်” ဘယ်အရာကိုလုပ်ပေးလဲအမြဲပြန်သုံးသပ်ကြည့်မိတယ်။ Phyo Paing @ Derek

လူတွေဘဝ ပိုပျော်၊ ပိုတော်၊
ပိုသိ၊ ပိုလွယ်ကူ၊ ပိုချိတ်ဆက်နိုင်ဖို့လိုတယ်
Read More »

ဒီနေ့ဒါဖြစ်အောင်လုပ်မယ်ဆိုတာကို
ဖြစ်အောင်လုပ်တာ။

ကိုယ့်ကိုကိုယ် သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်းနေရတဲ့ခံစားချက်က အရမ်းကောင်းတယ်။မလုပ်ဘူးဆိုတဲ့အရာကို လုံးဝမလုပ်တာ။ဒီနေ့ဒါဖြစ်အောင်လုပ်မယ်ဆိုတာကိုဖြစ်အောင်လုပ်တာ။ ကိုယ့်ကိုကိုယ် ကောင်းအောင်မလုပ်နိုင်ပဲ သူများတွေကိုထိုင်ဟားဖို့ အဆင့်မရှိသေးဘူးလို့ခံယူထားတာပဲ။ မှန်မမှန်တော့ သေချာမသိဘူး။ Phyo Paing @ Derek

ဒီနေ့ဒါဖြစ်အောင်လုပ်မယ်ဆိုတာကို
ဖြစ်အောင်လုပ်တာ။
Read More »

ဘယ်လိုသေမလဲဆိုတာ

ဒီနေ့လုပ်တဲ့အလုပ်ပေါ်မူတည်ပြီးနောက်သုံးလေးငါးနှစ်မှာရောက်နေတဲ့နေရာ အများကြီးကွာသွားလိမ့်မယ်။ ဘယ်လိုသေမလဲဆိုတာ ထိန်းချုပ်လို့မရဘူး။ဘယ်လိုနေမလဲဆိုတာကတော့ထိန်းချုပ်လို့ရတယ်။ Phyo Paing @ Derek

ဘယ်လိုသေမလဲဆိုတာ Read More »

MIT ဆိုတာ

အတိတ်နဲ့ အနာဂတ်ဆိုတာအယူအဆတစ်ခုပဲ။အမှန်တော့ ပစ္စုပ္ပန်တစ်ခုပဲတကယ်ရှိနေတာ။ ပစ္စုပ္ပန်ကို သုံးပိုင်းခွဲလိုက်တယ်။ မနက်မှာ ကိုယ့်ကိုကိုယ် သိုင်းကျင့်တယ်။တနည်းအားဖြင့် train တယ်။စာဖတ်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ပြန်လည်သုံးသပ်ဖို့ ရေးမှတ် journaling လုပ်တာ၊​စိတ်နဲ့ ခန္ဓာကို ပြန်ပြီးချိပ်ဆက်ဖို့ တရားထိုင်meditation လုပ်တာ။​ ဆယ်နာရီဆိုတာနဲ့ work အလုပ်လုပ်တာ။တစ်နည်း ပိုက်ဆံဝင်တဲ့ အလုပ်လုပ်တာ။​ ခြောက်နာရီနောက်ပိုင်းကျတော့ပြန်လည်အားဖြည့် recharge လုပ်တာ။ဝိုင်သောက်တာ၊ သူငယ်ချင်းတွေနဲ့တွေ့တာ၊ရုပ်ရှင်ကြည့်တာ၊ မနက်ဖြန်ဆက်ရမည့်အရာအတွက်အားဖြည့်တာ။ ဒါကို TWR နည်းစနစ်လို့ နာမည်ပေးထားတယ်။တစ်ရက်ကုန်ရင်တော့ သတ်မှတ်ထားတဲ့MIT သုံးခုပြီးရမယ်။​ MIT ဆိုတာ တစ်ရက်တာအတွက်Most Important Task အရေးအကြီးဆုံးအလုပ်။ ကိုယ့်တစ်ရက်တာကို ဘယ်လိုဖြတ်သန်းလဲဆိုတာအင်မတန်အရေးကြီးတယ်။ ဘဝဆိုတာ ပိုက်ဆံရှာတာတစ်ခုတည်းထက်ပိုတယ်လို့ယူဆထားတယ်။​ဘဝဆိုတာ ကိုယ့်ရဲ့ အကောင်းဆုံး versionတည်ဆောက်ဖို့ပဲ။ Phyo Paing @ Derek

MIT ဆိုတာ Read More »

ပြဿနာတွေအားလုံးရဲ့အစက

“အခြေခံအယူအဆ လွဲမှား” ရာကလာတယ်။ဒါကြောင့် ဗုဒ္ဓက အယူမှားရင်ဒိဋ္ဌိ လို့ဆိုတယ်။အမြင်မမှန်ရင် အမှန်မမြင်နိုင်ဘူး။ လောကကြီးကို တရားတယ်လို့ထင်တာအခြေခံအယူအဆအမှားတစ်ခုဖြစ်နိုင်တယ်။ ယုံကြည်တဲ့အရာကို ခေါင်းမာမာနဲ့လုပ်ရင် နောက်ဆုံးမှာ အောင်မြင်မှုရမယ်လို့ယူဆတာဒါကလဲ အခြေခံယူဆချက်အမှားတစ်ခုပဲဖြစ်နိုင်တယ်။ လမ်းမှားကို သွားနေပြီး ယုံကြည်မှုနောက်လိုက်ရင် လမ်းဆုံးရောက်မယ်ဆိုတာ မဟုတ်မှန်း အားလုံးအသိပဲ။ ကိုယ့်ရဲ့ ယုံကြည်မှုက မှန်မမှန်ပြန်လည်ဆန်းစစ်ဖို့အကောင်းဆုံးနည်းက သွားနေတဲ့လမ်းကအလုပ်ဖြစ်မဖြစ်ပဲ။ Phyo Paing @ Derek

ပြဿနာတွေအားလုံးရဲ့အစက Read More »

Trust, but verify

ဘဝမှာ အကောင်းမမြင်တတ်တာကြာပြီ။ငယ်ငယ်ကတော့ အကောင်းမြင်၊ကိုယ့်ကိုကိုယ် ယုံကြည်။ချသာချ။ယုံကြည်ရင် ဘာမဆိုဖြစ်တယ်။ အသက်ကြီးလာတော့ အခြေနေတစ်ခုကိုဓမ္မဓိဋ္ဌာန် ကျကျကြည့်တတ်ရမယ်ဆိုတာနားလည်လာတယ်။ကိုယ့်ကိုကိုယ် အယုံကြည်မလွယ်အောင်ငါယုံကြည်တာ တကယ်မှန်လားဆိုတဲ့မေးခွန်းအမြဲပြန်မေးကြည့်တယ်။Trust, but verify ဆိုသလိုပေါ့။ ဘဝမှာ အစွဲတွေရှိတတ်တယ်။​အစွဲတွေ ချွတ်ဖို့ အမှန်မြင်ဖို့လိုတယ်။အမှန်မြင်မှ အမှန်မြင်မယ်။အမှန်မြင်ဖို့ ကိုယ်လောကကြီးကိုကြည့်တဲ့မျက်လုံးရှေ့က မှန်ဖြစ်တဲ့ယုံကြည်မှု၊ တန်ဖိုးထားမှု၊ စဥ်းစားမှုပုံစံ၊ခေါင်းထဲထည့်ထားတဲ့အရာတွေဟုတ်မဟုတ် ပြန်လည်ဆန်းစစ်ရတယ်။ Phyo Paing @ Derek

Trust, but verify Read More »