Mindset

လူတွေက လောကကိုစိတ်တိုင်းမကျဘူးဆိုတာ
ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျလို့များတယ်။

ကိုယ့်ဘဝကိုယ်စိတ်တိုင်းမကျတဲ့သူကတခြားသူရဲ့ဘဝကိုလဲ စိတ်တိုင်းကျလေ့မရှိဘူး။ ကြုံဖူးလားတော့မသိဘူး။ကိုယ်က အရမ်းချစ်ကျွမ်းဝင်ပြီးကြည်နူးနေတဲ့အချိန် လောကကြီးက သာမန်ထက်ကြည်လင်နေတာမျိုး။ ရှူရတဲ့လေတောင် အရသာရှိနေတာမျိုး။အသက်ရှင်ပြီးအသက်ဝင်နေတာ။ သူများကို စိတ်တိုင်းမကျတာလဲမစဥ်းစားမိဘူး။ ပိုက်ဆံမွဲနေတဲ့အချိန်ဆို တခြားသူတွေ အလုပ်ဖြစ်နေတယ်ဆိုတာ ဟန်ဆောင်နေသလိုမျိုး၊ ကြွားနေသလိုမျိုး၊ မကောင်းမှုပြုပြီးငွေဝင်နေသမလိုမျိုးခံစားရလိမ့်မယ်။ လူတွေက လောကကိုစိတ်တိုင်းမကျဘူးဆိုတာကိုယ့်ကိုကိုယ် စိတ်တိုင်းမကျလို့များတယ်။ အပြင်မှာမြင်နေရတဲ့ ကမ္ဘာလောကကိုအဓိပ္ပာယ်ဖွင့်ဆိုမှုကအတွင်းပိုင်းကလာတယ်။ Phyo Paing @ Derek

လူတွေက လောကကိုစိတ်တိုင်းမကျဘူးဆိုတာ
ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျလို့များတယ်။
Read More »

တစ်ခုခုပြောင်းချင်ရင်
ခေါင်းထဲကအတွေးအခေါ်ကို
အရင်ပြောင်း

ခေါင်းထဲထည့်ထားတဲ့အတွေးအခေါ်မတူတော့ဘဝအမြင်မတူကြဘူး။အမြင်မတူရင်ဘဝအမြင့်တွေလဲမတူကြဘူး။ ဒါကြောင့် တစ်ခုခုပြောင်းချင်ရင်ခေါင်းထဲကအတွေးအခေါ်ကိုအရင်ပြောင်းဖို့ ကြိုးစားကြရတယ်။ အခြေအနေအပေါ်မြင်တဲ့အမြင်မတူရင်တွေးတဲ့အတွေးမတူဘူး။တွေးတဲ့အတွေးမတူရင်ခံစားချက်မတူဘူး။ခံစားချက်မတူရင်လုပ်ရပ်တွေ မတူတော့ဘူး။လုပ်ရပ်မတူရင်ရလဒ်တွေ မတူတော့ဘူး။ Phyo Paing @ Derek

တစ်ခုခုပြောင်းချင်ရင်
ခေါင်းထဲကအတွေးအခေါ်ကို
အရင်ပြောင်း
Read More »

အဆိုးဆုံးတွေက အကောင်းဆုံးဖြစ်နေနိုင်တယ်။

ဘဝမှာ အဆိုးဆုံးတချို့နဲ့ကြုံဖူးကြလိမ့်မယ်။ Break Up, Divorce ကွဲတာကစလို့၊ Crisis အကျဥ်းအကြပ်ထဲရောက်တာ၊ ရွေးချယ်စရာမရှိတော့တာ။ တချို့အရာတွေက ကိုယ်ရွေးချယ်လို့မရဘူး။သူသတ်မှတ်ထားတဲ့ အခြေအနေတွေရှိတယ်။ကိုယ်ရွေးချယ်လို့ရတာက ဒါကို ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့အပိုင်းပဲ။ ငယ်ငယ်ရှိက်စပီးယားရဲ့စာကြောင်းလေးကိုသဘောကျတယ်။ “Nothing is good nor bad but thinking makes it so.”ကောင်းတယ်၊ ဆိုးတယ်ဆိုတာမရှိဘူး။ ကိုယ်တွေးတဲ့ပုံစံက အကောင်း၊ အဆိုးကိုအဓိပ္ပာယ်ဖွင့်တာပဲရှိတယ်။ လူတိုင်းဘဝမှာ ပေးထားချက်တွေရှိတယ်။ မွေးတဲ့နေရာ၊ ပေါက်ဖွားလာတဲ့မိသားစု၊ ဖြစ်တည်လာတဲ့ လူမျိုး၊ လက်ခံရရှိထားတဲ့နိုင်ငံသား၊ငယ်ဘဝဖြတ်သန်းမှုဒါတွေက ဘဝရဲ့ပေးထားချက်တွေပဲ။ လူတစ်ယောက်ချင်းစီရဲ့ ဒီပေးထားချက်တွေက မတူညီဘူး။ ဒါကို တခြားသူနဲ့နှိုင်းယှဥ်ပြီးစိတ်ညစ်နေရင်တော့ ဘဝမှာ စိတ်ညစ်လို့ပြီးမှာ မဟုတ်ဘူး။ အရေးကြီးတာ ကိုယ့်ဘဝရဲ့ပေးထားချက်ကို နားလည်ဖို့။ နောက် ကိုယ်ဘာကြောင့်မွေးဖွားလာလဲဆိုတဲ့သမိုင်းပေးတာဝန်ကို နားလည်ဖို့။ ကျွန်တော်ကတော့ အဓိပ္ပာယ်ရှိရှိမရှိရှိဘဝကို အဓိပ္ပာယ်တစ်ခုပေးလိုက်တယ်။ ဒါကို

အဆိုးဆုံးတွေက အကောင်းဆုံးဖြစ်နေနိုင်တယ်။ Read More »

အသက်ရှင်နေသမျှ
ကိုယ့်ကိုကိုယ်ဆီက
ထွက်ပြေးသွားလို့မရဘူး။

ထားပြီးအဝေးကို ထွက်ပြေးသွားလို့မရတဲ့သူက“ကိုယ်” ပဲ။ အသက်ရှင်နေသမျှ ဒီခန္ဓာကိုယ်ကြီးကိုပိုင်ဆိုင်ချင်ချင်၊ မပိုင်ဆိုင်ချင်ချင်ပိုင်ဆိုင်နေရမယ်။ ဒီိခန္ဓာကိုယ်ကြီးနဲ့အတူ စဉ်းစားတဲ့ပုံစံကဖြတ်သန်းလာတဲ့ ဘဝ၊ ယုံကြည်မှု၊ တန်ဖိုးထားမှု၊သင်ယူလေ့လာခဲ့မှု၊ ဘိုးဘေးတွေရဲ့ ဒီအန်အေဒီကတစ်ဆင့်လက်ဆင့်ကမ်းလာတယ်။ ဒီခန္ဓာနဲ့ စိတ်ကို အသက်ရှင်နေသမျှပိုင်ဆိုင်နေရမှာဖြစ်တဲ့အတွက် ပြုစုပျိုးထောင်နေဖို့လိုတယ်။ ကိုယ့်ရဲ့အရေပြားအောက်မှာကိုယ့်ဘဝနေပျော်နေဖို့လိုတယ်။ ဒီလိုနေပျော်ဖို့ ကိုယ့်ရဲ့ hardware ဟတ်ဝဲဖြစ်တဲ့ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်အောင်၊ Software ဆော့ဝဲနဲ့တူတဲ့စိတ်ကို ဖြတ်လတ်နိုးကြားထက်မြက်ပြီးဗိုင်းရပ်ကပ်တာနည်းအောင်လေ့ကျင့်ပျိုးထောင်ဖို့လိုလာတယ်။ အသက်ရှင်နေသမျှကိုယ့်ကိုကိုယ်ဆီက ထွက်ပြေးသွားလို့မရဘူး။ ဒီတော့အကောင်းဆုံးနည်းကကိုယ့်ကိုကိုယ် ရန်မဖြစ်နဲ့။ အကောင်းဆုံးပြုစုပျိုးထောင်။ကိုယ့်အတွေး၊ အကြံအစီ၊ အလုပ်သုံးခုတစ်သားတည်းကျဖို့အလိုင်းမန့် alignment ချိန်နိုင်ဖို့လိုတယ်။ Phyo Paing @ Derek

အသက်ရှင်နေသမျှ
ကိုယ့်ကိုကိုယ်ဆီက
ထွက်ပြေးသွားလို့မရဘူး။
Read More »

လောကကြီးက ကိုယ်ယူတာထက်
ပိုပေး။
ကျေးဇူးတင်စိတ်နဲ့နေ။

ဘဝရဲ့အသက် ၃၀ လောက်ထိကအကောင်းဆုံးသူ့အလိုလိုဖြစ်လာတာဆိုတာမရှိသလောက်ပဲ။ ၃၀ နောက်ပိုင်းမှာ တစ်နှစ်တစ်ခါကိုsurprise တိုက်တာမျိုးဖြစ်လာတယ်။မထင်မှတ်ထားတဲ့ ကြိုတင်မစီမံထားတဲ့လောကကြီးကပေးတဲ့လက်ဆောင်တွေတစ်ခုမဟုတ်တစ်ခု ရောက်လာတတ်တယ်။ ကိုယ်ဖက်က ယူဖို့ပဲမစဉ်းစားပဲပြန်ပေးဖို့ကို အသားပေးလုပ်ဆောင်ကြည့်တဲ့အခါတော်တော်လေးအပြောင်းအလဲဖြစ်လာတယ်။ စိတ်ထားကောင်းကောင်းထား။ မှန်မှန်ထား။လောကကြီးက ကိုယ်ယူတာထက်ပိုပေး။ ကျေးဇူးတင်စိတ်နဲ့နေ။ ကိုယ့်ကိုလုပ်တာ မကြိုက်တာကိုတပါးသူကိုမလုပ်နဲ့။ ကိုယ့်မှာပိုနေပြီး မပန်းမကြီးတာတွေကိုလိုအပ်နေသူတွေကို မျှဝေပေး။ အတိုကောက်ကတော့ “ကယ”ပေါ့။ က – ကျေးဇူးတင်စိတ်နဲ့နေယ – ယူတာထက်ပိုပေး။ ကိုယ့်ကိုမွေးဖွားခဲ့တဲ့မိဘကိုယ်က ယူတာထက်ပိုပေး။ ကိုယ်မွေးဖွားခဲ့တဲ့နေရာအတွက်ယူတာထက် ပိုပေး။ နေ့စဉ်နေထိုင်ရတာလိပ်ပြာလဲလုံတယ်။ Phyo Paing @ Derek

လောကကြီးက ကိုယ်ယူတာထက်
ပိုပေး။
ကျေးဇူးတင်စိတ်နဲ့နေ။
Read More »

ကိုယ်အဓိပ္ပာယ်ဖော်တဲ့ပုံက
ကိုယ်လိုချင်တဲ့ရလဒ်ကိုရအောင်
ကူညီပေးနိုင်ဖို့လဲလိုတယ်။

လူတိုင်းက ကိုယ့်အတွေးအခေါ်နဲ့အဖြစ်အပျက်တွေကိုအဓိပ္ပာယ်ဖော်ကြတယ်။ တူညီတဲ့အဖြစ်အပျက်တစ်ခုကိုပဲမတူညီတဲ့အတွေးအခေါ်တွေနဲ့အဓိပ္ပာယ်ဖော်လို့ရတယ်။ အဓိပ္ပာယ်ဖော်ပုံမတူရင်ခံစားချက်တွေမတူတော့ဘူး၊လုပ်ရပ်တွေ မတူတော့ဘူး၊လုပ်ရပ်ကြောင့်ဖြစ်မည့် ရလဒ်မတူတော့ဘူး။ ကိုယ်အဓိပ္ပာယ်ဖော်တဲ့ပုံကကိုယ်လိုချင်တဲ့ရလဒ်ကိုရအောင်ကူညီပေးနိုင်ဖို့လဲလိုတယ်။ Phyo Paing @ Derek

ကိုယ်အဓိပ္ပာယ်ဖော်တဲ့ပုံက
ကိုယ်လိုချင်တဲ့ရလဒ်ကိုရအောင်
ကူညီပေးနိုင်ဖို့လဲလိုတယ်။
Read More »

တစ်ကမ္ဘာတည်းနေမယ့်
လူတွေရဲ့နေထိုင်နေတဲ့
အလွှာတွေ မတူကြဘူး။

တစ်ကမ္ဘာတည်းနေမယ့်လူတွေရဲ့နေထိုင်နေတဲ့အလွှာတွေ မတူကြဘူး။ တချို့က အလွှာနိမ့်မှာနေတယ်။အမြဲ ဒေါသတွေများသောကတွေပွားနေတယ်။ဘဝကို ပေတေနေပြီး၊တခြားသူတွေကို သဝန်တိုမှုတွေနဲ့အမြဲအဆိုးမြင်၊အပြစ်တင် ဘူနေတတ်တယ်။ တချို့က အလယ်လွှာမှာနေတယ်။မျှော်လင့်ချက်တွေရှိတယ်။အမြင်ကျယ်ကျယ်ထားတယ်။စူးစမ်းလေ့လာလိုရှိတယ်။ရည်မှန်းချက်ပန်းတိုင်ကြီးတွေရှိသလိုစိတ်ပူပန်မှုလေးတွေလဲရှိတယ်။ကိုယ့်ဘဝရဲ့ ဒဏ်ရာတွေကိုကုစားရင်းလေ့လာလိုက် ရှေ့ဆက်လိုက်။ တချို့က အလွှာမြင့်မှာနေတယ်။​အေးချမ်းမှု၊ ရက်ရောမှု၊မေတ္တာနဲ့ ကျေးဇူးတင်တရားတွေနဲ့ရှင်သန်တယ်။စျာန်ဝင်တဲ့ဖန်တီးမှုတွေနဲ့ဘဝကိုဖြတ်သန်းတယ်။ Phyo Paing @ Derek

တစ်ကမ္ဘာတည်းနေမယ့်
လူတွေရဲ့နေထိုင်နေတဲ့
အလွှာတွေ မတူကြဘူး။
Read More »

အတွေးအခေါ်မတူရင် (Philosophy)

ခေါင်းထဲထည့်ထားတဲ့ အတွေးအခေါ်မတူရင် (Philosophy) အထင်အမြင်မတူဘူး။ (Perception) အထင်အမြင်မတူရင်အယူအဆမတူဘူး။ (Concept) အယူအဆမတူရင်လောကအမြင်မတူဘူး။ (View) လောကအမြင်မတူရင်လုပ်ရပ်တွေလဲမတူဘူး။ (Action) လုပ်ရပ်မတူရင်ရလဒ်တွေလဲမတူဘူး။ (Result) Phyo Paing @ Derek

အတွေးအခေါ်မတူရင် (Philosophy) Read More »

အတွေး၊ အကြံအစီ၊ အလုပ်
အထူးအရေးကြီးတယ်။

လူတိုင်းကကိုယ်နဲ့ တန်ရာတန်ရာပဲရတတ်ကြတယ်။ကိုယ်နဲ့ကောင်းတာနဲ့ထိုက်တန်ဖို့ကာယကံ၊ ဝဇီကံ၊ မနောကံအတွေး၊ အကြံအစီ၊ အလုပ်အထူးအရေးကြီးတယ်။ Phyo Paing @ Derek

အတွေး၊ အကြံအစီ၊ အလုပ်
အထူးအရေးကြီးတယ်။
Read More »

ဥာဏ်နည်းလေ
အဖြေရှာဖို့ထက်
အပြစ်တင်တတ်လေပဲ။

မွဲတယ်ဆိုတာအတိတ်ဘဝ ကံနည်းတာ ပါရင်လဲပါမယ်။အဓိက မွဲစေတာကဥာဏ်နည်းတာ။ ဥာဏ်နည်းရင် ပြလဲမမြင်ဘူး။ဥာဏ်နည်းအောင်စာမဖတ်ခိုင်းနဲ့။ပညာမတတ်တာကို ဘွဲ့ပေး။ဘွဲ့ရပညာမတတ်ကဘွဲ့မရတာထက် ပိုဆိုးတယ်။ အလကားဘွဲ့ပေးလိုက်တာကိုပညာတတ်တယ်လို့ ထင်သွားတာ။ ပညာမတတ်ရင်မတွေးတတ်ဘူး။မတွေးရင် မမြင်ဘူး။ဒါကြောင့် အတွေးအမြင်လို့ခေါ်တာ။ မတွေးမမြင်တော့ဦးနှောက်နဲ့မဆုံးဖြတ်တတ်ဘူး။မျက်စိနဲ့မြင်တာကိုခံစားပြီးခံစားချက်နဲ့ပဲ ဆုံးဖြတ်တတ်မယ်။ ခံစားချက်နဲ့ဆုံးဖြတ်တော့အဖြေမရှာတတ်ဘူး။ခံစားချက်များလေ ဥာဏ်နည်းလေ။ ဒါကြောင့် ဥာဏ်နည်းလေအဖြေရှာဖို့ထက်အပြစ်တင်တတ်လေပဲ။ ကိုယ့်ကိုကိုယ်ဆုံးမရင်းရေးမိတာ။ Phyo Paing @ Derek

ဥာဏ်နည်းလေ
အဖြေရှာဖို့ထက်
အပြစ်တင်တတ်လေပဲ။
Read More »