Mindset

တချို့အတွေးအခေါ်တွေကသာမာန်လူအများစုအတွက် ဖြစ်ချင်မှဖြစ်မည့်အရာတွေ ရှိတယ်

အားလုံးလဲသိကြတယ်။နေ့တိုင်း ကိုယ်စဥ်းစားမိတဲ့အရာတွေကိုမှတ်စုတစ်ခုလိုရေးပြီး တင်ဖြစ်တယ်။ ဒီမှတ်စု note တွေကFacebook Status အနေနဲ့ဖြစ်သွားတယ်။ ဘာပဲပြောပြောကိုယ့်လို တွေးနေမည့်သူတွေလဲရှိနေနိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့နေ့တိုင်း Facebook မှာ တင်ဖြစ်တယ်။ တချို့အတွေးအခေါ်တွေကသာမာန်လူအများစုအတွက် ဖြစ်ချင်မှဖြစ်မည့်အရာတွေ ရှိတယ်။ တချို့ အတွေးအခေါ်တွေကအဆန်းတွေ ဖြစ်ချင်ဖြစ်မယ်၊တချို့အတွေးအခေါ်တွေကသမရိုးကျယုံကြည်မှုတွေကိုမေးခွန်းထုတ်တာဖြစ်ရင်ဖြစ်မယ်၊တချို့အတွေးအခေါ်တွေကယုံကြည်မှုတချို့ကို ပြောင်းပြန်လှန်တာဖြစ်ကောင်းဖြစ်မယ်။​ ဒါကြောင့် တချို့အကြောင်းအရာတွေကိုInsider တွေအတွက်ပဲ ရည်ရွယ်ပဲInsidernote App ကိုwebsite အနေနဲ့ သာမကiOS နဲ့ Android မှာပါ အသုံးပြုလို့ရအောင်စီစဥ်ထားပေးပါတယ်။ နေ့စဥ် စာတစ်အုပ်ဖတ်Video ရိုက်ထားပြီးအတွင်းလူတွေနဲ့ မျှဝေတဲ့Toe Tet Insidernote ကို inspired ယူပြီးကိုယ့်လို ရွာပြင်ရောက် အားတီ၊ အားမေတို့အတွက်Insidernote App ကို ဖန်တီးထားပါတယ်။ အခမဲ့ join လို့ရပါတယ်။​မျှဝေစရာရှိရင် creator request လုပ်ပြီးမျှဝေလို့ရပါတယ်။ ရည်ရွယ်ချက်ကတော့အတွေး၊ […]

တချို့အတွေးအခေါ်တွေကသာမာန်လူအများစုအတွက် ဖြစ်ချင်မှဖြစ်မည့်အရာတွေ ရှိတယ် Read More »

ဘဝမှာလဲ အဲ့လိုပါပဲ။

ကျွန်တော့် page ကို မှတ်စုရေးထားတဲ့နေရာလိုပဲစဥ်းစားတယ်။ တွေးမိတာတွေ ရေးထားတယ်။ တခြားသူတွေလဲ ကိုယ်နဲ့အတွေးတူတဲ့သူတွေရှိရင်ကြည့်လို့ရအောင် ကိုယ့်ဘဝ ဖြတ်သန်းမှုခရီးစဥ်ကိုအဓိကရေးတယ်။ လူတွေကြည့်လို့ရတဲ့ မှတ်စုလို့ပြောရင်ရမယ်။ အမှားတွေလဲပါနိုင်မယ်။ အယူအဆပြောင်းလဲသွားတာတွေလဲဖြစ်နိုင်တယ်။ကိုယ်နဲ့ ကိုက်ညီတာတွေ့နိုင်သလဲ၊ကွဲလွဲတာတွေလဲ တွေ့နိုင်တယ်။ ကိုက်ညီရင်ယူ၊ မကိုက်ညီရင် ကျော်သွားဘဝမှာလဲ အဲ့လိုပါပဲ။ ကိုယ်လဲ စင်းလုံးချောသူတော်ကောင်းကြီးမဟုတ်ဘူး။ နေ့တိုင်းတော့ ပိုကောင်းအောင် ကိုယ့်အချိန်နဲ့ စွမ်းအင် ကိုအကောင်းဆုံးအသုံးပြုပြီး ကိုယ့်အတွက်၊ ကိုယ်နဲ့နီးစပ်တဲ့ မိသားစုအတွက်၊ ကိုယ့်အတွင်းလူအပေါင်းအသင်းတွေအတွက်၊ ကိုယ့် client တွေအတွက်၊ ကိုယ်နဲ့သိသူတွေအတွက်၊ ကိုယ့်ကိုသိသူတွေအတွက်၊ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်အတွက်ကိုယ်ကျွမ်းကျင်ရာ၊ လိမ္မာရာကအနည်းနဲ့အများ နေ့တိုင်းကူညီပေးနိုင်အောင်လုပ်ဆောင်နေတာ နေ့တိုင်းဂုဏ်ယူစေတဲ့အချက်ပဲ။ I consider my Facebook page as a place to jot down notes, just like

ဘဝမှာလဲ အဲ့လိုပါပဲ။ Read More »

ကိုယ့်အထင်အမြင်ကို
အမှန်လို့ တရသေ မယူဆမိဖို့လိုတတ်တယ်။

ကမ္ဘာကို မြင်တဲ့အမြင်၊ ပိုက်ဆံကို မြင်တဲ့ အမြင်၊ပညာရေးကို မြင်တဲ့အမြင်၊လူတွေကို မြင်တဲ့အမြင်ဒီ မိဘတွေရဲ့ World view တွေကသားသမီး အများစုကို လွမ်းမိုးမှုရှိတယ်။ ဆင်းရဲဖေဖေ၊ ချမ်းသာဖေဖေစာအုပ်မှာပဲ ကြည့်ကြည့်။ ချမ်းသာတဲ့သူ ငွေကြေးကိုမြင်တဲ့ပုံနဲ့ဆင်းရဲတဲ့သူ မြင်တဲ့ပုံမတူဘူး။ စာအုပ်က ပုံပြင်ပဲ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်တကယ့်လောကမှာလဲ အဲ့လိုပဲ။ ဒီအမြင်ပြောင်းနိုင်ဖို့ကိုယ့်အထင်အမြင်ကို အမှန်လို့ တရသေ မယူဆမိဖို့လိုတတ်တယ်။ The perspectives from which parents view the world, money, education, and people often deeply influence the majority of their children. Take a look at Rich Dad Poor Dad

ကိုယ့်အထင်အမြင်ကို
အမှန်လို့ တရသေ မယူဆမိဖို့လိုတတ်တယ်။
Read More Âť

စိတ်ဘယ်နားမှာရှိလဲ။

စိတ်ဘယ်နားမှာရှိလဲ။ ခန္ဓာကိုယ်မှာ ဦးနှောက် (brain) က ဟတ်ဝဲ (hardware)၊စိတ် (Mind) က ဆော့ဝဲ (software) လို့စဥ်းစားကြည့်။ ဦးနှောက်မှာ ဦးနှောက်ဆဲလ် (neuron) တွေရှိပြီးတစ်ယောက်နဲ့ တစ်ယောက်စကားပြောဆက်သွယ်နေကြတယ်။ ဒီလိုဆက်သွယ်တဲ့မက်ဆေ့တွေကိုneurotransmitter လို့ခေါ်တယ်။ ပျော်တဲ့အခါ ပို့တဲ့ မက်ဆေ့နဲ့၊ရင်ခုန်တဲ့အခါ၊ ကြောက်တဲ့အခါ၊တက်ကြွတဲ့အခါ၊ နွေးထွေးတဲ့အခါပို့တဲ့ မက်ဆေ့တွေမတူညီကြဘူး။ ဒီမက်ဆေ့တွေပေါ်မူတည်ပြီးခံစားချက်တွေဖြစ်ပေါ်လာတယ်။ နောက်တစ်ခုကတော့စိတ် (Mind) ဆိုတဲ့ အရာကြီးကတရစပ် မရပ်မနားအလုပ်လုပ်နေတယ်။သိစိတ် (conscious mind) နဲ့ မသိစိတ် (unconscious mind) ကနိုးနေတဲ့အချိန်သာမကအိပ်စက်နေတဲ့အချိန်မှာလဲ အလုပ်လုပ်နေကြတယ်။ စိတ်ဆိုတဲ့အရာကို လာခြယ်လည်တဲ့အရောင်ဆိုးတဲ့ စေတသိက် (mental factors) တွေမှာအထင်အမြင်၊ ခံစားချက်၊ ဖြစ်ချင်တဲ့စိတ်ဆန္ဒတွေဒါတွေပါဝင်တယ်။ ဒီလို စိတ်အလုပ်လုပ်တာကိုmental activity လို့ခေါ်ပြီးစဥ်းစားတာ၊ တွေးခေါ်၊ သင်ယူတာတွေပါဝင်တယ်။ ဒီလိုဖြစ်နေပျက်နေတာကို သေချာသိရှိဖို့

စိတ်ဘယ်နားမှာရှိလဲ။ Read More »

အတွေးအခေါ် အဆိပ်အတောက်တွေကို
ပြန်လည်ချေဖျက်တဲ့စနစ်လိုတယ်။

စကားလုံးအဆိပ်တွေ၊ အတွေးအခေါ် အဆိပ်အတောက်တွေကိုပြန်လည်ချေဖျက်တဲ့စနစ်လိုတယ်။ မဟုတ်ရင် စကားလုံးအဆိပ်အတောက်တွေကလူတွေကို ဘေးဥပဒ်ဖြစ်စေတယ်။အထူးသဖြင့် အမျိုးမတော်လို့မရတဲ့သူတွေရဲ့ အတွေးအခေါ်တွေ။ We need a system to neutralize the poison of harmful words and toxic thoughts. Otherwise, these verbal toxins can become a danger to people. Especially from relatives with whom we don’t wish to associate, but cannot avoid. Phyo Paing @ Derek#drphyopaing

အတွေးအခေါ် အဆိပ်အတောက်တွေကို
ပြန်လည်ချေဖျက်တဲ့စနစ်လိုတယ်။
Read More Âť

စဥ်းစားမယ်ဆိုရင် ဒီလိုစဥ်းစားလို့ရတယ်။

တစ်ရွာမပြောင်းသူကောင်းမဖြစ်။သေချင်တဲ့ ကျားတောပြောင်း။ တစ်ရွာမပြောင်း သူကောင်းမဖြစ်မှာအခြေခံယူဆချက်က သူကောင်းမဖြစ်သေး၊ မတိုးတက်သေး၊ အဲ့လိုလူမျိုးက ပြောင်းရမှာမကြောက်သင့်ကြောင်းအကြံပေးတဲ့ အဆိုအမိန့်တစ်ခုဖြစ်နိုင်တယ်။ ကျားဆိုတာ အင်အားကြီးတဲ့သူပေါ့။ နေရာတစ်ခု၊ နယ်ပယ်တစ်ခုမှာ ဆရာကြီးဖြစ်ပြီးသားဒါကို ကိုယ့်နေရာကိုယ်၊ ကိုယ့်နယ်မြေကိုကိုယ်မသိပဲနေရာပြောင်းရင် သေသွားနိုင်တယ်။ကိုယ့်ရဲ့အဓိကနေရာ၊ ကျက်စားရာနေရာကိုလုံးဝပြစ်ပယ်ပြီး နောက်တစ်နေရာကိုသွားတာမလုပ်ဖို့ အကြံပေးတာဖြစ်တယ်။ မော်ဒယ်တင်းကင်း (Model Thinking) အသုံးပြုစဥ်းစားမယ်ဆိုရင် ဒီလိုစဥ်းစားလို့ရတယ်။ “တစ်ရွာမပြောင်းသူကောင်းမဖြစ်။” – “A person who doesn’t change villages won’t be successful.”“သေချင်တဲ့ ကျားတောပြောင်း။” – “A tiger that wants to die changes its forest.”In the context of model thinking, as discussed in

စဥ်းစားမယ်ဆိုရင် ဒီလိုစဥ်းစားလို့ရတယ်။ Read More »

စိတ်ခံစားမှု

အရင်နှစ်ကထက် ဒီနှစ်ရည်မှန်းချက်ကြီးကြီးထားတဲ့အခါစိတ်ခံစားမှု အပြောင်းလဲတစ်ခုကဖြစ်တတ်တဲ့ အလေ့အထတစ်ခုပဲ။ အစပိုင်းမှာ ရင်ခုန်မယ်။ ကွာဟချက်ကို စဥ်းစားရင်စိုးရိမ်ပူပန်မှုလိုမျိုး ခံစားရတတ်တယ်။ ဒီအချိန်မှာ အကောင်းဆုံးနည်းတစ်ခုကကိုယ့်ဘဝရဲ့ အအောင်မြင်ခဲ့ဆုံးအချိန်တစ်ခုမှာခံစားခဲ့ရဖူးတဲ့ အကောင်းဆုံးစိတ်ခံစားမှုဒီခံစားချက်ကို ပြန်ပြီးစဥ်းစားတူးဆွနိုင်ဖို့ပဲ။ စိတ်ခံစားမှုဆိုတာ လိုချင်တာရဖို့လျှို့ဝှက်ချက်ပါလို့ 1944 မှာNeville က feeling is the secret ဆိုပြီးဆိုခဲ့တယ်။ Phyo Paing @ Derek

စိတ်ခံစားမှု Read More »

အမိန့်က စကားသံနဲ့ မလာဘူး။

နတ်ဆိုးက အမိန့်တွေ မကြာခဏပေးတယ်။ကိုယ့်အတွက်အကျိုးဆက် so sad စေမည့်အရာတချို့က သဒင်္ဂစိတ်သာယာမှုနဲ့ လှဲလှယ်အောင်တောင့်တမှု တဏှာနဲ့ သွေးဆောင်ခြယ်လှယ်ဖို့ကြိုးစားတယ်။ ပျင်းရိစေဖို့ အမိန့်အသေးလေးမှစလို့ဘဝပျက်စေလောက်တဲ့ အမိန့်အကြီးထိရှိတယ်။ အမိန့်ကို နာခံတဲ့အခါ သဒင်္ဂသာယာမှုဖြစ်ပြီးနောက်ဆက်တွဲ ပြဿနာတွေရှိတတ်တယ်။ အမိန့်က စကားသံနဲ့ မလာဘူး။ ခံစားချက် နဲ့လာတယ်။“ချင်တယ်”ဆိုတဲ့ command အမိန့်နဲ့လာတယ်။ တချို့နှလုံးသားထဲကလာတဲ့ ခံစားချက်တွေကကိုယ်တိုင်အသိက လာတာမဟုတ်ဘူး။ နတ်ဆိုးက လူတွေရဲ့ခံစားချက်စနစ်ကိုညှို့ယူ hack လုပ်ထားတာ။ ဒါတွေကို ကာကွယ်ဖို့ anti-virus အသိ၊ သတိနဲ့ထောက်လှမ်းဖို့ရယ်နောက်ပြန်လည်တွန်းလှန်ဖို့ စနစ်ရယ်လိုတယ်။ Phyo Paing @ Derek

အမိန့်က စကားသံနဲ့ မလာဘူး။ Read More »

အတွေးအခေါ်ပညာတဲ့။

ကိုယ်နေတဲ့နေရာက inspiration ပေးဖို့လိုတယ်။နေရာကောင်းရင် အကြံဥာဏ်ကောင်းတယ်။ နေရာတစ်ခုက ကိုယ်၊ စိတ်၊ နှလုံး၊ ခံစားချက် အားလုံးနဲ့အံဝင်ဂွင်ကျဖြစ်တဲ့အခါ စွမ်းဆောင်ရည်အကောင်းဆုံးထွက်လာမယ်။ ရေမြေကလဲ အရေးကြီးတယ်လို့ထင်တယ်။ ဒါကြောင့် တရုတ်မှာ ဖုန်းဆွေ (Feng Shui) ဆိုတာရှိတယ်။သက်သေပြလို့ရတဲ့အရာတွေအတွက် သိပ္ပံပညာ၊သက်သေပြလို့မရတဲ့အရာတွေအတွက် အတွေးအခေါ်ပညာတဲ့။ Phyo Paing @ Derek

အတွေးအခေါ်ပညာတဲ့။ Read More »

Intellectual stimulations တွေလိုတယ်။

အစားအသောက်ကောင်းစားတဲ့အခါ အရသာရှိသလို၊မရောက်ဖူးတဲ့နေရာသစ်ကိုရောက်တဲ့အခါ လန်းဆန်းသွားသလို၊မမြင်ဖူးတဲ့ကမ္ဘာကြီးကိုမြင်သွားတဲ့အတွေးအခေါ်အသစ်၊ဗဟုသုတ အသစ်တွေတွေ့သွားတဲ့အခါပျော်ရွင်မှုဆိုတာရှိတယ်။ဥာဏ်ကို နိုးဆွမှ နိုးထတာ။ဘဝမှာ ရှင်သန်တာအရသာရှိဖို့Intellectual stimulations တွေလိုတယ်။ Phyo Paing @ Derek

Intellectual stimulations တွေလိုတယ်။ Read More »