Mindset

အတွေးအခေါ် ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။

အတွေးအခေါ်ဘေးချော်ရင်အရေးပေါ်ပြင်ဖို့လိုတယ်။ လူတစ်ယောက်ဘဝ၊ကံကြမ္မာကို လွမ်းမိုးနိုင်တဲ့ကြီးမားတဲ့အရာက ဘာဖြစ်မလဲ။ အရင်ဘဝလဲဖြစ်နိုင်သလို၊ အတိတ်က လုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်တွေလဲဖြစ်နိုင်တယ်။ ဒါတွေက ထိန်းချုပ်လို့မရတော့ဘူး။ ဒီတော့ ဒီနေ့လူတစ်ယောက်ရဲ့ဘဝကိုလွမ်းမိုးနေတဲ့ အကြီးမားဆုံးအရာက“အတွေးအခေါ်” ပဲ။ ဒီအတွေးအခေါ်က ဘယ်ကဖြစ်လာသလဲ? မိဘ၊ လူမျိုး၊ အသိုင်းအဝိုင်းရဲ့အတွေးအခေါ်၊ကိုယ်နေထိုင်ရာအရပ်ရဲ့အတွေးအခေါ်၊ကိုယ့်အသိပညာအတတ်ပညာပေါ်မူတည်ပြီးဖြစ်လာတဲ့ အတွေးအခေါ်၊ အပေါင်းအသင်းတွေကြောင့် ကူးစက်လာတဲ့အတွေးအခေါ်၊ ဖတ်မှတ်သင်ယူမှုက ဖြစ်လာတဲ့အတွေးအခေါ်။ ချမ်းသာတဲ့ မိသားစုတွေကချမ်းသာရေးအတွက် အထောက်အကူပြုတဲ့အတွေးအခေါ်တွေရှိတယ်။ကျန်းမာရေးလိုက်စားတဲ့မိသားစုကကျန်းမာရေးအတွက် အထောက်အကူပြုတဲ့အတွေးအခေါ်တွေရှိတယ်။ ပညာတတ်တဲ့မိသားစုက ပညာတတ်ဖို့အတွက် အထောက်အကူပြုတဲ့အတွေးအခေါ်တွေရှိတယ်။ အမြဲတိုင်ပတ်နေတဲ့မိသားစုအတွက်အမြဲတိုင်ပတ်စေဖို့ အထောက်အကူပြုတဲ့အတွေးအခေါ်ရှိတယ်။ ဘဝကို အမြဲစိတ်မတိုင်းမကျဖြစ်နေတဲ့သူတစ်ယောက်အတွက်အမြဲစိတ်တိုင်းမကျဖြစ်စေတဲ့ အတွေးအခေါ်ရှိတယ်။ အတွေးအခေါ် ဘေးချော်ရင်အရေးပေါ်ပြင်ဖို့လိုတယ်။ Phyo Paing @ Derek

အတွေးအခေါ် ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။
Read More »

စိတ်ထားတတ်ဖို့ လိုတယ်။

ဘဝရဲ့ အဆိုးဆုံးနေ့တွေတွေ့ရင်ပျော်လိုက်။ အဆိုးဆုံး၊ အဆိုးဆုံးကနေအကောင်းဆုံးတွေရောက်လာတတ်တယ်။ ဆေးရုံသွားတိုင်း အနိဋ္ဌာရုံတွေမကြိုက်တဲ့ကိုယ် စိတ်ဆင်းရဲရတယ်။ ဒါကြီးကို ခြောက်နှစ်လောက်ဖြတ်သန်းလာပြီးနောက်ဘဝမှာ သာမာန်ဒုက္ခရောက်တော့ ဒုက္ခလို့ မမြင်တော့ဘူး။ သေဖို့စောင့်နေတဲ့သူတွေ၊ အသက်ငင် အောက်စီဂျင်လိုတဲ့သူတွေ၊ ကင်ဆာကြောင့် စိတ်ဆင်းရဲနေရသူတွေစိတ်မကောင်းစရာတွေအများကြီး။ ဒုက္ခတော်တော်ရောက်ရင်ကိုယ့်နှာခေါင်းကိုယ်ပိတ် အသက်အောင့်ထား။ အသက်အရမ်းရှူချင်လာလိမ့်မယ်။ကိုယ့်ဒုက္ခက အဲ့ဒီအသက်ရှူချင်ပြီးရှူမရတာလောက် ခက်ခဲလားစဥ်းစားကြည့်။ လူတိုင်းဘဝမှာ ဒုက္ခပဲ။ တချို့က စာဝတ်နေရေး။ တချို့က လုံခြုံရေး။တချို့က နေရေးထိုင်ရေး။တချို့က မိသားစုရေး၊ တချို့က ငါဘာကောင်လဲပြချင်တဲ့ဒုက္ခ။တချို့က ပြိုင်ဖက်တွေကိုယ့်ထက်သာသွားတဲ့အတွက်ဖြစ်တဲ့ စိတ်ဒုက္ခ။ လိုချင်တာရလို့ ထပ်ရချင်ဆန္ဒတွေအသောမသတ်လဲ ဒုက္ခ။လိုချင်တာမရလဲ ဒုက္ခ။ ဒါတွေက ရှောင်လို့ရမှာမဟုတ်ဘူး။ အိုမယ်၊ နာမယ်၊ သေမယ်။ စိတ်ထားတတ်ဖို့ လိုတယ်။ စိတ်မထားတတ်ရင်လဲကျွန်တော်တို့အားလုံး အခုဆို ရူးသွားလောက်ပြီ။ ပြောမရဘူး။ အခု ရူးနေတာလဲ ဖြစ်နိုင်တယ်။ 😀 Phyo Paing

စိတ်ထားတတ်ဖို့ လိုတယ်။ Read More »

ပြင်းပြတဲ့စိတ် လိုတယ်။

ကားတစ်စီးဝယ်လိုက်ပြီးနောက်အဲ့လိုပုံစံတူကားတွေ တွေ့သလိုပဲအောင်မြင်မှုတစ်ခုရသွားရင်သူ့လိုပုံစံတွေ အများကြီး ပြန်တွေ့နိုင်တယ်။အရေးကြီးတာ ပထမတစ်ခုကိုပိုင်ဆိုင်ခံစားဖို့ပြင်းပြတဲ့စိတ် လိုတယ်။ Phyo Paing @ Derek

ပြင်းပြတဲ့စိတ် လိုတယ်။ Read More »

အရှိကိုအရှိအတိုင်းလက်မခံနိုင်တာ
အကောင်းအမြဲ မြင်တဲ့သူတွေ ဖြစ်နိုင်တယ်။

ဒီနေ့ရမည့်ကောင်းကျိုးထက်အနာဂတ်မှာရမည့်ကောင်းကျိုးပိုအရေးကြီးတယ်လို့ပဲခံယူတယ်။ဒီစိတ်နဲ့ပဲ အလုပ်လုပ်နေတာ။ ငယ်ငယ်တုန်းက မုန့်ကောင်းကောင်းစားစရာရှိရင်နောက်ဆုံးမှစားတယ်။ အနာဂတ်မှာက ဘာဖြစ်မယ်မှန်းသေချာမသိဘူး။ဒါကြောင့် အမြဲ အိုစာမင်းစာ အမြဲစဥ်းစားထားတယ်။ အသုံးစရိတ်လုပ်ရင်တောင် သုံးဆင့်လုပ်တယ်။ ပထမ သုံးတဲ့ budget ကုန်သွားရင်၊ဒုတိယထားတဲ့ budget အဆင့်၊ ဒါကုန်သွားမှ တတိယအဆင့်။ စီမံကိန်းချထားတာ မှန်သမျှကပထမအဆင့်နဲ့ ပြီးသွားအောင်အမြဲလုပ်သလို အဆိုးဆုံးအခြေအနေအတွက် အမြဲတမ်းခေါင်းထဲ စဥ်းစားထားတတ်တယ်။ ကိုယ့်ကို မသိတဲ့သူအများစုကအကောင်းမြင်တယ်လို့ ထင်ကောင်းထင်တယ်။ တကယ်တော့ ကိုယ်က အဆိုးအကုန်စဥ်းစားထားတဲ့အတွက်ဖြစ်နေတဲ့အခြေအနေကကိုယ်ထင်ထားတာထက် ပိုကောင်းနေတာမျိုး။ ဒီတော့ စိတ်ထားတတ်သွားတယ်။ တစ်ခုခုဖြစ်တိုင်းမှာ အဆိုးဆုံးကို စဥ်းစားထားတဲ့အခါဘဝအကျိုးပေးက ကိုယ်စဥ်းစားထားတဲ့ အဆိုးဆုံးလောက်မဆိုးတဲ့အတွက်ဘဝကို လက်ခံလို့ရတယ်။ တကယ်တမ်း သွေးပျက်ပြီးအရှိကိုအရှိအတိုင်းလက်မခံနိုင်တာ အကောင်းအမြဲ မြင်တဲ့သူတွေ ဖြစ်နိုင်တယ်။ Phyo Paing @ Derek

အရှိကိုအရှိအတိုင်းလက်မခံနိုင်တာ
အကောင်းအမြဲ မြင်တဲ့သူတွေ ဖြစ်နိုင်တယ်။
Read More »

တချို့အတွေးအခေါ်တွေကသာမာန်လူအများစုအတွက် ဖြစ်ချင်မှဖြစ်မည့်အရာတွေ ရှိတယ်

အားလုံးလဲသိကြတယ်။နေ့တိုင်း ကိုယ်စဥ်းစားမိတဲ့အရာတွေကိုမှတ်စုတစ်ခုလိုရေးပြီး တင်ဖြစ်တယ်။ ဒီမှတ်စု note တွေကFacebook Status အနေနဲ့ဖြစ်သွားတယ်။ ဘာပဲပြောပြောကိုယ့်လို တွေးနေမည့်သူတွေလဲရှိနေနိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့နေ့တိုင်း Facebook မှာ တင်ဖြစ်တယ်။ တချို့အတွေးအခေါ်တွေကသာမာန်လူအများစုအတွက် ဖြစ်ချင်မှဖြစ်မည့်အရာတွေ ရှိတယ်။ တချို့ အတွေးအခေါ်တွေကအဆန်းတွေ ဖြစ်ချင်ဖြစ်မယ်၊တချို့အတွေးအခေါ်တွေကသမရိုးကျယုံကြည်မှုတွေကိုမေးခွန်းထုတ်တာဖြစ်ရင်ဖြစ်မယ်၊တချို့အတွေးအခေါ်တွေကယုံကြည်မှုတချို့ကို ပြောင်းပြန်လှန်တာဖြစ်ကောင်းဖြစ်မယ်။​ ဒါကြောင့် တချို့အကြောင်းအရာတွေကိုInsider တွေအတွက်ပဲ ရည်ရွယ်ပဲInsidernote App ကိုwebsite အနေနဲ့ သာမကiOS နဲ့ Android မှာပါ အသုံးပြုလို့ရအောင်စီစဥ်ထားပေးပါတယ်။ နေ့စဥ် စာတစ်အုပ်ဖတ်Video ရိုက်ထားပြီးအတွင်းလူတွေနဲ့ မျှဝေတဲ့Toe Tet Insidernote ကို inspired ယူပြီးကိုယ့်လို ရွာပြင်ရောက် အားတီ၊ အားမေတို့အတွက်Insidernote App ကို ဖန်တီးထားပါတယ်။ အခမဲ့ join လို့ရပါတယ်။​မျှဝေစရာရှိရင် creator request လုပ်ပြီးမျှဝေလို့ရပါတယ်။ ရည်ရွယ်ချက်ကတော့အတွေး၊

တချို့အတွေးအခေါ်တွေကသာမာန်လူအများစုအတွက် ဖြစ်ချင်မှဖြစ်မည့်အရာတွေ ရှိတယ် Read More »

ဘဝမှာလဲ အဲ့လိုပါပဲ။

ကျွန်တော့် page ကို မှတ်စုရေးထားတဲ့နေရာလိုပဲစဥ်းစားတယ်။ တွေးမိတာတွေ ရေးထားတယ်။ တခြားသူတွေလဲ ကိုယ်နဲ့အတွေးတူတဲ့သူတွေရှိရင်ကြည့်လို့ရအောင် ကိုယ့်ဘဝ ဖြတ်သန်းမှုခရီးစဥ်ကိုအဓိကရေးတယ်။ လူတွေကြည့်လို့ရတဲ့ မှတ်စုလို့ပြောရင်ရမယ်။ အမှားတွေလဲပါနိုင်မယ်။ အယူအဆပြောင်းလဲသွားတာတွေလဲဖြစ်နိုင်တယ်။ကိုယ်နဲ့ ကိုက်ညီတာတွေ့နိုင်သလဲ၊ကွဲလွဲတာတွေလဲ တွေ့နိုင်တယ်။ ကိုက်ညီရင်ယူ၊ မကိုက်ညီရင် ကျော်သွားဘဝမှာလဲ အဲ့လိုပါပဲ။ ကိုယ်လဲ စင်းလုံးချောသူတော်ကောင်းကြီးမဟုတ်ဘူး။ နေ့တိုင်းတော့ ပိုကောင်းအောင် ကိုယ့်အချိန်နဲ့ စွမ်းအင် ကိုအကောင်းဆုံးအသုံးပြုပြီး ကိုယ့်အတွက်၊ ကိုယ်နဲ့နီးစပ်တဲ့ မိသားစုအတွက်၊ ကိုယ့်အတွင်းလူအပေါင်းအသင်းတွေအတွက်၊ ကိုယ့် client တွေအတွက်၊ ကိုယ်နဲ့သိသူတွေအတွက်၊ ကိုယ့်ကိုသိသူတွေအတွက်၊ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်အတွက်ကိုယ်ကျွမ်းကျင်ရာ၊ လိမ္မာရာကအနည်းနဲ့အများ နေ့တိုင်းကူညီပေးနိုင်အောင်လုပ်ဆောင်နေတာ နေ့တိုင်းဂုဏ်ယူစေတဲ့အချက်ပဲ။ I consider my Facebook page as a place to jot down notes, just like

ဘဝမှာလဲ အဲ့လိုပါပဲ။ Read More »

ကိုယ့်အထင်အမြင်ကို
အမှန်လို့ တရသေ မယူဆမိဖို့လိုတတ်တယ်။

ကမ္ဘာကို မြင်တဲ့အမြင်၊ ပိုက်ဆံကို မြင်တဲ့ အမြင်၊ပညာရေးကို မြင်တဲ့အမြင်၊လူတွေကို မြင်တဲ့အမြင်ဒီ မိဘတွေရဲ့ World view တွေကသားသမီး အများစုကို လွမ်းမိုးမှုရှိတယ်။ ဆင်းရဲဖေဖေ၊ ချမ်းသာဖေဖေစာအုပ်မှာပဲ ကြည့်ကြည့်။ ချမ်းသာတဲ့သူ ငွေကြေးကိုမြင်တဲ့ပုံနဲ့ဆင်းရဲတဲ့သူ မြင်တဲ့ပုံမတူဘူး။ စာအုပ်က ပုံပြင်ပဲ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်တကယ့်လောကမှာလဲ အဲ့လိုပဲ။ ဒီအမြင်ပြောင်းနိုင်ဖို့ကိုယ့်အထင်အမြင်ကို အမှန်လို့ တရသေ မယူဆမိဖို့လိုတတ်တယ်။ The perspectives from which parents view the world, money, education, and people often deeply influence the majority of their children. Take a look at Rich Dad Poor Dad

ကိုယ့်အထင်အမြင်ကို
အမှန်လို့ တရသေ မယူဆမိဖို့လိုတတ်တယ်။
Read More »

စိတ်ဘယ်နားမှာရှိလဲ။

စိတ်ဘယ်နားမှာရှိလဲ။ ခန္ဓာကိုယ်မှာ ဦးနှောက် (brain) က ဟတ်ဝဲ (hardware)၊စိတ် (Mind) က ဆော့ဝဲ (software) လို့စဥ်းစားကြည့်။ ဦးနှောက်မှာ ဦးနှောက်ဆဲလ် (neuron) တွေရှိပြီးတစ်ယောက်နဲ့ တစ်ယောက်စကားပြောဆက်သွယ်နေကြတယ်။ ဒီလိုဆက်သွယ်တဲ့မက်ဆေ့တွေကိုneurotransmitter လို့ခေါ်တယ်။ ပျော်တဲ့အခါ ပို့တဲ့ မက်ဆေ့နဲ့၊ရင်ခုန်တဲ့အခါ၊ ကြောက်တဲ့အခါ၊တက်ကြွတဲ့အခါ၊ နွေးထွေးတဲ့အခါပို့တဲ့ မက်ဆေ့တွေမတူညီကြဘူး။ ဒီမက်ဆေ့တွေပေါ်မူတည်ပြီးခံစားချက်တွေဖြစ်ပေါ်လာတယ်။ နောက်တစ်ခုကတော့စိတ် (Mind) ဆိုတဲ့ အရာကြီးကတရစပ် မရပ်မနားအလုပ်လုပ်နေတယ်။သိစိတ် (conscious mind) နဲ့ မသိစိတ် (unconscious mind) ကနိုးနေတဲ့အချိန်သာမကအိပ်စက်နေတဲ့အချိန်မှာလဲ အလုပ်လုပ်နေကြတယ်။ စိတ်ဆိုတဲ့အရာကို လာခြယ်လည်တဲ့အရောင်ဆိုးတဲ့ စေတသိက် (mental factors) တွေမှာအထင်အမြင်၊ ခံစားချက်၊ ဖြစ်ချင်တဲ့စိတ်ဆန္ဒတွေဒါတွေပါဝင်တယ်။ ဒီလို စိတ်အလုပ်လုပ်တာကိုmental activity လို့ခေါ်ပြီးစဥ်းစားတာ၊ တွေးခေါ်၊ သင်ယူတာတွေပါဝင်တယ်။ ဒီလိုဖြစ်နေပျက်နေတာကို သေချာသိရှိဖို့

စိတ်ဘယ်နားမှာရှိလဲ။ Read More »

အတွေးအခေါ် အဆိပ်အတောက်တွေကို
ပြန်လည်ချေဖျက်တဲ့စနစ်လိုတယ်။

စကားလုံးအဆိပ်တွေ၊ အတွေးအခေါ် အဆိပ်အတောက်တွေကိုပြန်လည်ချေဖျက်တဲ့စနစ်လိုတယ်။ မဟုတ်ရင် စကားလုံးအဆိပ်အတောက်တွေကလူတွေကို ဘေးဥပဒ်ဖြစ်စေတယ်။အထူးသဖြင့် အမျိုးမတော်လို့မရတဲ့သူတွေရဲ့ အတွေးအခေါ်တွေ။ We need a system to neutralize the poison of harmful words and toxic thoughts. Otherwise, these verbal toxins can become a danger to people. Especially from relatives with whom we don’t wish to associate, but cannot avoid. Phyo Paing @ Derek#drphyopaing

အတွေးအခေါ် အဆိပ်အတောက်တွေကို
ပြန်လည်ချေဖျက်တဲ့စနစ်လိုတယ်။
Read More »