ငါသည် ငါမဟုတ်ဘူး။
ငါသည် ငါမဟုတ်ဘူး။ မိခင်ဝမ်းဗိုက်ထဲမှာရှိတဲ့ ကိုယ့်ပုံစံလေးကိုပြန်စဥ်းစားကြည့်ကြည့်ဘယ်လို ပုံစံလေးဖြစ်နေမလဲ။ နောက် ငါးနှစ်အရွယ်ကလေးငယ်အချိန်က ပုံလေးကို စဥ်းစားကြည့်ကြည့်။ နောက် ၁၈ နှစ်သားအရွယ်လေးကို စဥ်းစားကြည့်ကြည့်။ နောက် အခုရွယ်ကို ပြန်စဥ်းစားကြည့်ကြည့်။ တူမလိုလိုနဲ့ မတူတော့ဘူး။ ပုံပန်းသဏ္ဏန်၊ အတွေးအခေါ်၊ ကျွမ်းကျင်မှု၊တန်ဖိုးထား၊ ယုံကြည်မှု။ ဂရိအတွေးအခေါ်ပညာတစ်ခုမှာThe ship of Theseus ဆိုတာရှိတယ်။ဘုရင် Theseus ရဲ့ လှေကြီးကို ပြုပြင်ဖို့ ပစ္စည်းတွေ အစားထိုးမယ်။အစားထိုးလိုက်ရင် ဒီလှေကြီးက အရင် The ship of Theseus ပဲလား။ ဒါမှမဟုတ် လှေမှာပါတဲ့ပစ္စည်းတွေအကုန်လုံးကို ဟောင်းနွမ်းတဲ့အတွက် အသစ်နဲ့အကုန်အစားထိုးလိုက်ရင်ဒါက အရင်လှေကြီးပဲလား။ လှေအသစ်လား။ဒါက အတွေးအခေါ်စမ်းသပ်မှုတစ်ခုဖြစ်တယ်။ လူတွေမှာ အမြဲအသစ်ဖြစ်နေတယ်။အရေပြားဆဲလ်တွေဆိုရင်နှစ်ပတ်နဲ့ သုံးပတ်ကြားမှာ အသစ်ပြန်ဖြစ်နေတယ်။ ခန္ဓာကိုယ်ထဲကသွေးနီဥဆို ရက် ၁၂၀ နေရင် […]
