Motivation

အိမ်စောင့်တာ၊ Covid-19 တတိယလှိုင်းနဲ့၊လူတွေကြွေလွင့်ကြတဲ့အကြောင်းတွေနဲ့
စိတ်မထားတတ်ရင် မလွယ်တဲ့အခါသမယဖြစ်တယ်။

အပြစ်ပြောစရာတွေ၊စိတ်ညစ်မယ်ဆို ညစ်စရာများလှတဲ့ လူ့လောကမှာဘဝမှာ နေပျော်ချင်ရင် ကျေးဇူးတင်တတ်တဲ့စိတ်နဲ့အသက်ရှင်ဖို့ အရေးကြီးတယ်။ ဒီလိုအခြေအနေမျိုးမှာ လူသားအချင်းချင်း စာနာထောက်ထားကူညီပေးနေတဲ့ လူတွေရှိနေသေးတယ်။ကိုယ်ချစ်ရတဲ့သူတစ်ချို့ ကျန်းမာနေသေးတယ်။ အသက်ကို ဝဝရှူနိုင်နေသေးတယ်။ စားဝတ်နေရေးအတွက် ပူစရာမလိုဘူး။အနည်းဆုံး ဒီစာဖတ်နေသူကFacebook သုံးနိုင်နေသေးတယ်။ ဒါတွေက ကျေးဇူးတင်မယ်ဆိုကျေးဇူးတင်စရာတွေပဲ။ ကျေးဇူးတင်စိတ်ဟာ ကိုယ့်မှာမရှိတာတွေထက်ရှိတာတွေကို focus လုပ်စေတဲ့အတွက်Stress လဲ ပိုနည်းသွားမယ်။ Gratitude နဲ့ well-being လုပ်ထားတဲ့သုသေတနတွေက တွေ့ရှိချက်တွေမတူကြပေမယ့်ကျေးဇူးတင်စိတ်ထားခြင်းဖြင့်အများစုဟာ ကိုယ့်ကိုကိုယ်နဲ့ ပေါင်းသင်းဆက်ဆံရေးမှာ တိုးတက်လာတာကတော့တော်တော်များများ သုသေတနတွေမှာတွေ့ရတယ်။ Phyo Paing @ Derek

အိမ်စောင့်တာ၊ Covid-19 တတိယလှိုင်းနဲ့၊လူတွေကြွေလွင့်ကြတဲ့အကြောင်းတွေနဲ့
စိတ်မထားတတ်ရင် မလွယ်တဲ့အခါသမယဖြစ်တယ်။
Read More »

လေမုန်တိုင်းထဲကထွက်လာနိုင်တဲ့အခါ
လေမုန်တိုင်းထဲမဝင်ခင် “သင်” မဟုတ်တော့ဘူး။ဒါဟာ မုန်တိုင်းရဲ့အဓိပ္ပာယ်ပဲ။

And once the storm is over, you won’t remember how you made it through, how you managed to survive. You won’t even be sure, whether the storm is really over. But one thing is certain. When you come out of the storm, you won’t be the same person who walked in. That’s what this storm’s

လေမုန်တိုင်းထဲကထွက်လာနိုင်တဲ့အခါ
လေမုန်တိုင်းထဲမဝင်ခင် “သင်” မဟုတ်တော့ဘူး။ဒါဟာ မုန်တိုင်းရဲ့အဓိပ္ပာယ်ပဲ။
Read More »

အကောင်းဆုံးခေတ်ကို ပြန်တမ်းတ နှိုင်းယှဉ်ပြီး စိတ်ညစ်နေတာထက် လက်ရှိကိုအကောင်းဆုံး အသုံးချဖို့လိုမယ်။

တစ်ခါပဲသေတာ နေ့တိုင်းအသက်ရှင်ရတာ။အသက်ရှင်ရတာ အဓိပ္ပာယ်ရှိဖို့လုပ်ရတာပိုခက်တာ မှန်တယ်။ အရှေ့ generation တွေက လျှစ်စစ်မီးမရှိ၊ရေအဆင်သင့်သုံးမရ၊ တီဗွီမရှိ၊ ဆက်သွယ်စရာဖုန်းမရှိ၊ အင်တာနက်မရှိတဲ့အပြင်ပလိပ်ရောဂါ၊ တီဘီရောဂါ၊ ကိုလိုနီပြုကျင့်ခံရတာ၊ဒီထက် ဖက်ဆစ်ခေတ် အစရှိတာတွေကိုတောင်ပြန်လည်တွန်းလှန် အသက်ရှင်နိုင်ခဲ့ကြတယ်။ ဒီနေ့ခေတ်မှာ ဒီလောက်ပြဿနာတွေကိုသွေးပျက်စရာလို့ သတ်မှတ်ပြီးစိတ်ညစ်အားငယ်နေရင် ဘိုးဘေတွေကငါတို့ခေတ်က ပိုဆိုးခဲ့တယ်လို့ ပြောလိမ့်မယ်။ အကောင်းဆုံးခေတ်ကို ပြန်တမ်းတ နှိုင်းယှဉ်ပြီးစိတ်ညစ်နေတာထက် လက်ရှိကိုအကောင်းဆုံးအသုံးချဖို့လိုမယ်။ Phyo Paing @ Derek

အကောင်းဆုံးခေတ်ကို ပြန်တမ်းတ နှိုင်းယှဉ်ပြီး စိတ်ညစ်နေတာထက် လက်ရှိကိုအကောင်းဆုံး အသုံးချဖို့လိုမယ်။ Read More »

လူတိုင်းအတွက် အကောင်းဆုံး
strategy ဆိုတာမရှိဘူး။

တချို့က cost saving သိပ်တော်တယ်။ Carlos Ghosn တို့လိုမျိုး။တချို့က လူတွေကိုဆွဲဆောင်ဖို့ brand တည်ဆောက်ပြီးလူတွေညအိပ်တန်းစီအောင်လုပ်နိုင်တဲ့ James Jebbia တို့၊ Steve Jobs တို့လိုမျိုး။တချို့က လူ့ဂွစာ၊ အဆန်းတွေပဲလုပ်ချင်တဲ့Lady Gaga နဲ့ Kanye West တို့လိုမျိုး။ တချို့ တော်လှန်ရေးခေါင်းဆောင်တွေက dialectical materialism ကိုလက်ကိုင်ထားတဲ့Nelson Rolihlahla Mandela တို့လို၊တချို့က လူသာသေးပြီး စိတ်မာမာဇွဲကောင်းကောင်းနဲ့ အိုင်ဒီရော်လော်ဂျီတွေဘေးချိပ်ကြောက်ဖြူဖြူမဲမဲ ကြွက်ဖမ်းဖို့ပဲဆိုတဲ့ Deng Xiaoping လို။ ကိုယ့်အထာနဲ့ ကိုယ်ဆိုပါတော့။ Phyo Paing @ Derek

လူတိုင်းအတွက် အကောင်းဆုံး
strategy ဆိုတာမရှိဘူး။
Read More »

ဘယ်အချိန်မှာ ဘယ်လိုပြန်ဖြစ်မယ်ဆိုတာထက် ဘာကြောင့် ငါတို့ တိုက်ပွဲဝင်နေလဲ ဆိုတာသိဖို့လိုတယ်။

ဒီလိုအချိန်မျိုးမှာ လူတိုင်း စိတ်တိုင်းမကျတာမျိုးဖြစ်တတ်ကြတယ်။ မျှော်လင့်ချက်တွေထားပြီး ဖြစ်မလာတိုင်း အားမလိုအားမရဖြစ်တတ်ကြတယ်။ မနက်ထလာတိုင်း သတင်းလေးများကောင်းမလား လိုက်ရှာကြည့်တတ်ကြတယ်။ အနာဂတ်တွေကို စဥ်းစားပြီး စိတ်ပူတတ်ကြတယ်။ ကျွန်တော်ငယ်ငယ်က နာဇီ concentration camp ထဲမှာ နှိပ်စက်ခံခဲ့ရတဲ့ စိတ်ပညာရှင် Viktor Franklr ရဲ့ Man’s search for meaning ဆိုတဲ့စာအုပ်လေးဖတ်ဖူးတယ်။ ဒီစာအုပ်ထဲမှာ အကျဥ်းသားတွေကို နှိပ်စက်ပြီးစောစောသေစေတဲ့အကြောင်းက “မျှော်လင့်ချက်” ဖြစ်တယ်လို့ဆိုတယ်။ ဥပမာ ဒီ X’mas မှာတော့ ငါတို့လွတ်တော့မယ်လို့ကြားတယ်။ မလွတ်ဘူး။ ဒီ Jan မှာတော့ ငါတို့ လွတ်တော့မယ်လို့ကြားတယ်။ မလွတ်ဘူး။ ဒီမှာ မျှော်လင့်ချက်တွေပျက်ပြီး သွေးပျက်စိတ်ဓာတ်ကျပြီး ဒီအကျဥ်းသားတွေက စောစောသေကြတယ်။ အသက်ရှင်ကျန်တဲ့ လူတွေကို လေ့လာကြည့်တော့ သူတို့မှာ မျှော်လင့်ချက်ဆိုတာထက် “ဘဝအဓိပ္ပာယ်”

ဘယ်အချိန်မှာ ဘယ်လိုပြန်ဖြစ်မယ်ဆိုတာထက် ဘာကြောင့် ငါတို့ တိုက်ပွဲဝင်နေလဲ ဆိုတာသိဖို့လိုတယ်။ Read More »

စိတ်ဓာတ်မကျပါနဲ့။

ကိုယ်ထက်ချမ်းသာတဲ့သူ၊ ကိုယ့်ထက် intel ပိုမြင့်တဲ့သူ၊ကိုယ့်ထက်ပို လူချစ်လူခင်ပေါများတဲ့သူ၊ အမြဲရှိနေမှာပါပဲ။တစ်တောင်ထက် တစ်တောင်ပိုမြင့်တယ်။ ဘဝဆိုတာ game တစ်ခုဆိုရင် ခန္ဓာကိုယ်နဲ့ ဘဝပေးအခြေအနေတစ်ခုရှိမယ်။ ဒီပေးထားချက်ပေါ်မူတည်ပြီး အကောင်းဆုံးလုပ်ရမှာကိုယ့်တာဝန်ပဲလေ။ ကျွန်တော် ကတော့ သူများတွေနဲ့ မနှိုင်းယှဥ်ဘူး။ ကိုယ့်ဘဝမှာ ဘယ်လောက်ဝေးဝေးပြေးနိုင်မလဲဘယ်လောက်မြင့်မြင့် ပျံသန်းနိုင်မလဲဒါကို အဓိက စဉ်းစားတယ်။ ဘယ်တော့မှ နောင်တ အကြီးအကျယ်ရပြီး စိတ်ညစ်မနေဘူး။ သင်ခန်းစာယူပြီး လုပ်စရာရှိတာ ဆက်လုပ်တယ်။ ကိုယ့်ကိုကိုယ် ဘယ်တော့မှ အပြစ်မတင်ဘူး။ သူ့အရွယ်နဲ့ သူ့ဥာဏ် သူ့ အခြေအနေမှာ အကောင်းဆုံးထင်တဲ့အရာလုပ်ခဲ့တာပဲလေ။ ကျွန်တော့်ကတော့ ကိုယ့်ကိုကိုယ် ဖြစ်တည်မှုအတွက်ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ဂုဏ်ယူတယ်။ ပေးခဲ့တဲ့ သင်ခန်းစာတိုင်းကို အကောင်းဆုံးကျော်ဖြတ်ခဲ့တယ်။မနူးမနပ်ကလေးဘဝမှာ တပါးသူအပေါ် မျှော်လင့်ချက်တွေအပြည့်ထားပြီးမနက်ဖြန်ဆိုတာ ရှေ့မဆက်ချင်လောက်အောင်ဖြစ်ဖူးတယ်။ ဒါပေမယ့် သင်ခန်းစာယူပြီး ရှေ့ဆက်ခဲ့ဖူးတယ်။ ကျွန်တော့်ဘဝခံယူချက်ကတော့ lean startup

စိတ်ဓာတ်မကျပါနဲ့။ Read More »

တိုးတက်မှုတွေရပ်နေလို့ စိတ်မညစ်ပါနဲ့။

လူဘဝမှာ ကိုယ်လုပ်နေတဲ့အလုပ်ကို စေတနာအပြည့်၊ ဝါသနာအပြည့်နဲ့လုပ်ပြီး၊ အနာဂတ်မှာ ဘာတွေဖြစ်နိုင်လဲဆိုတာမှန်းဆပြီး ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင်အချိန်ကောင်းဆိုတာ ရောက်လာမှာပါ။ ဒီ point ကို tipping point လို့ခေါ်တယ်။ Phyo Paing @ Derek

တိုးတက်မှုတွေရပ်နေလို့ စိတ်မညစ်ပါနဲ့။ Read More »

Motivation ရှိနေချင်ရင်
အလုပ်လုပ်ပါ။

ကျွန်တော်ငယ်ငယ်က စာဖတ်ဖို့motivational video တွေကြည့်ပြီးAudio program တွေနားထောင်တဲ့အချိန်တစ်ခုရှိခဲ့တယ်။ဒီ Motivational video တွေကစွဲစေတယ်။ကျောင်းအတွက် စာဖတ်တော့မယ်ဆိုတိုင်းဒီ motivational စာအုပ်တွေနဲ့အားယူနေခဲ့ရတယ်။နောက်ပိုင်းနားလည်သွားတယ်။Motivation ရှိနေဖို့ Momentum အရှိန်လိုတယ်။အရှိန်ရှိဖို့ အလုပ်လုပ်နေဖို့လိုတယ်။Motivation ရှိနေချင်ရင်အလုပ်လုပ်ပါ။ Phyo Paing @ Derek

Motivation ရှိနေချင်ရင်
အလုပ်လုပ်ပါ။
Read More »

Peak State and Passion = Motivation

Motivation အမြဲရှိနေချင်ရင် Peak State နဲ့ ကိုယ်ဝါသနာပါတဲ့ Passion ကို လုပ်နေဖို့လိုတယ်။ Peak State ကို ကျွန်တော်က ABCDEF နဲ့ အတိုချုပ်ထားတယ်။Active, Brave, Confident, DaringEnergized and Focused ဖြစ်နေတဲ့ စိတ်ခံစားမှုအခြေအနေကို ခေါ်တာပါ။ တစ်ရက်တစ်ရက် ABCDEF နဲ့ ကိုယ်ဝါသနာပါတဲ့ Passion ကို လုပ်နေရင် Motivation ဆိုတာ ပြေးရှာနေစရာမလိုပါဘူး။ Phyo Paing @ Derek

Peak State and Passion = Motivation Read More »

တခြားသူတွေရဲ့ ရလဒ်နဲ့ သင့်ရလဒ်
သွားနှိုင်းယှဉ်ပြီး စိတ်မညစ်ပါနဲ့။

မိဘနှစ်ပါး စုံစုံလင်လင်မရှိပဲရုန်းကန်လှုပ်ရှားကြိုးစားပြီးကိုယ်ပိုင်လုပ်ငန်းတစ်ခု အောင်အောင်မြင််မြင်လုပ်နိုင်တာ အောင်မြင်မှုလို့ ခေါ်နိုင်ပေမယ့်၊ အခွင့်ထူးခံ ချမ်းသာတဲ့မိသားစုကပေါက်ဖွား rich kid ဖြစ်ပြီး millionaire ဖြစ်တယ်ဆိုတာ သူ့အတွက်ရှုံးနိမ့်မှုဖြစ်ကောင်းဖြစ်နေနိုင်တယ်။ တခြားသူတွေရဲ့ ရလဒ်နဲ့ သင့်ရလဒ်သွားနှိုင်းယှဉ်ပြီး စိတ်မညစ်ပါနဲ့။ ၂၀၁၃ လောက်က share ထားတာလေးပြန်တွေ့စာအုပ်ထဲက concept လေးသဘောကျလို့They Made It!: How Chinese, French, German, Indian, Iranian, Israeli and Other Foreign Born Entrepreneurs Contributed to High Tech Phyo Paing @ Derek

တခြားသူတွေရဲ့ ရလဒ်နဲ့ သင့်ရလဒ်
သွားနှိုင်းယှဉ်ပြီး စိတ်မညစ်ပါနဲ့။
Read More »