Motivation

စိတ်ဓာတ်ကျဖူးသလား?

လူတိုင်းဘဝမှာ တစ်ခါတမဟုတ် တစ်ခါတစိတ်ဓာတ်ကျဖူးကြလိမ့်မယ်။စိတ်ပျက်တာ၊ စိတ်တိုင်းမကျတာ၊ အားငယ်တာ၊ စိတ်ဓာတ်ကျတာ အမျိုးမျိုးဖြစ်နိုင်တယ်။ ဒီတော့ခွဲခြားရမှာ ကိုယ်က ဘယ်လိုစိတ်ခံစားမှုအခြေနေလဲဆိုတာကို သတိရှိဖို့ဖြစ်ပါတယ်။ ဘာလို့လူအများစု စိတ်ဓာတ်ကျကြသလဲ? ကျွန်တော့်အထင်ပြောရရင် ၁။ အများစုက မပေးနိုင်လောက်တဲ့ အကြွေးတင်လို့။ (သင့်မှာ အကြွေးမရှိရင် ကျေးဇူးတင်လိုက်ပါ။)၂။ ပတ်ဝန်းကျင်က ကိုယ့်ရဲ့ကျွမ်းကျင်မှုကို အသိအမှတ်မပြုတဲ့အခါ လောကကြီးကို အရွဲ့တိုက်လာတဲ့အခါ ဖြစ်တတ်ပါတယ်။၃။ နောက်တရစရာကို အမြဲပြန်ပြန်တွေးပြီး ကိုယ့်ကိုကိုယ်ခွင့်မလွတ်နိုင်ဖြစ်လို့။ (P.S – Depression နဲ့ ပတ်သက်လို့ လုပ်ထားတဲ့ သုသေတနတွေအများကြီးရှိပေမည့် ဒါကတော့ပတ်ဝန်းကျင်မှာ အများဆုံးဖြစ်လေ့ရှိတာတွေပါ။) ဒါကို ကုစားဖို့အတွက် ကျေးဇူးတင်တတ်တဲ့စိတ်နဲ့ အသက်ရှင်ဖို့ဖြစ်ပါတယ်။ ၁။ အသက်ရှင်နေတဲ့အတွက် ကျေးဇူးတင်ပါ။ ၂။ အနာရောဂါကြီးကြီးမားမားမရှိတာ ကျေးဇူးတင်စရာပါ။ (တချို့နာတာရှည်ရောဂါနဲ့ နာမကျန်းဖြစ်နေတာတောင်စိတ်ဓာတ်မကျတတ်ကြဘူး။)၃။ အသက်ကိုဝဝလင်လင်ရှူနေနိုင်တာ ကျေးဇူးတင်ပါ။ ( ဆေးရုံမှာ […]

စိတ်ဓာတ်ကျဖူးသလား? Read More »

အဝေးပြေးဖို့ Motivation လိုတယ်။

ဘ၀ကို အေးအေးဆေးဆေးဖြတ်သန်းချင်တဲ့ ရည်ရွယ်ချက်ကြောင့် Motivation ရမှာမဟုတ်ဘူး။ သင်ရှောင်ဖယ်ချင်တဲ့ အရာတစ်ခုလိုတယ်။ သင့်ဘ၀မှာ မဖြစ်ချင်တဲ့အရာတွေက ဘာတွေလဲ? ဆင်းရဲခြင်းလား၊ လူတွေအထင်သေးတာလား၊ ပညာမတတ်တာလား၊ အမျိုးတွေနှိမ်တာလား ဒီအရာတွေက အဝေးပြေးဖို့ Motivation လိုတယ်။ Phyo Paing @ Derek

အဝေးပြေးဖို့ Motivation လိုတယ်။ Read More »

Got my point?

သင်ပျင်းတာမဟုတ်ပါဘူး။ သင့်ကိုဆွဲဆောင်နိုင်တဲ့ အလုပ်မရှိတာပါ။ တစ်နာရီတစ်သိန်း အနည်းဆုံးရရင် သင်ပျင်းချင်မှ ပျင်းပါလိမ့်မယ်။ Phyo Paing @ Derek

Got my point? Read More »

အမြဲတမ်း တစ်တောင်ထက်

တစ်တောင်ပိုမြင့်တဲ့အတွက်အတ္တတွေ Focus လုပ်ရာကGoal တွေကို Focus လုပ်တဲ့အခါကြီးကျယ်တဲ့ အပြောင်းအလဲဖြစ်လာမှာပါ။ပြိုင်ဖက်ထက် အနိုင်ယူရခက်သူကမိမိကိုယ်တိုင်ဖြစ်ပါတယ်။Phyo Paing @ Derek

အမြဲတမ်း တစ်တောင်ထက် Read More »

Follow the money Vs Follow your passion

အခြေခံ လူတန်းစားအများစုအတွက်စားဝတ်နေရေး ရုန်းကန်ကြရတဲ့အတွက်အများစုဟာ Follow the money လုပ်ရတယ်။ချမ်းသာတဲ့နိုင်ငံနဲ့ လူချမ်းသာတွေအတွက်Follow your passion ဆိုတာ သဘာဝကျတယ်။ကိုယ်က ဘာကို Followလုပ်ရမယ်ဆိုတာအခြေနေပေါ်မူတည်တယ်။Phyo Paing @ Derek

Follow the money Vs Follow your passion Read More »

ရည်မှန်းချက်တွေ မဖြစ်လာတဲ့အခါ

ဖြစ်ချင်တာ ဆန္ဒ၊ ဖြစ်လာတာ ဘဝ လို့ပြောကြတယ်။ ဆန္ဒနဲ့ ဘဝထပ်တူကျဖို့ ကံကိုပဲယုံလို့မရတဲ့အခါကြိုးစားအားထုတ်မှုဆိုတာ လိုလာတယ်။ တခါတခါ (အကြိမ်အများစု) ကြိုးစားတိုင်းဖြစ်မလာတဲ့အခါ အားပျက် လက်လျှော့လိုက်ကြတယ်။ ကြိုးစားတိုင်း ဖြစ်မလာခဲ့ရင် အကောင်းဆုံးနည်းလမ်းက ဒီအဖြစ်အပျက်ကနေ ဘာသင်ယူလို့ရသလဲလို့ ပြန်မေးပြီး သင်ခန်းစာ ယူဖို့အရေးကြီးပါတယ်။ ရည်မှန်းချက်တွေ ဖြစ်မလာဘူးဆိုတဲ့နေရာမှာ တာတိုနဲ့ တာရှည်နှစ်ခုရှိဖို့လိုပါတယ်။ ဥပမာ ဆယ်နှစ်ဆယ်ရည်မှန်းချက်ဒီထဲမှာမှ တစ်နှစ်ချင်းရည်မှန်းချက်ပြန်ရှိမယ်။ ရည်မှန်းချက်မရောက်တာ မဟာဗျူဟာမှားတာ၊လိုအပ်တဲ့ စိတ်ဓာတ်တက်ကြွမှုမရှိတာ၊ အစရှိတဲ့ လိုအပ်ချက်တွေဖြစ်နိုင်ပါတယ်။ ရေရှည်ကို ဦးတည်သွားပါ။ ရေတိုကနေ သင်ခန်းစာယူပါ။ ကမ္ဘာပေါ်မှာ အောင်မြင်နေတဲ့လူတိုင်းဟာ တစ်ကြိမ်ကြိုးစားယုံနဲ့ ဖြစ်လာကြတာ မဟုတ်ပါဘူး။အက်ဒီစင်၊ စတိဂျော့၊ ဂျက်မာ၊ အီလွန်မတ်အကုန်လုံးဟာ ကျရှုံးဖူးကြပါတယ်။ ရေရှည်ကို ဦးတည်သွားပါ။ ရေတိုကနေ သင်ခန်းစာယူပါ။ Phyo Paing @ Derek

ရည်မှန်းချက်တွေ မဖြစ်လာတဲ့အခါ Read More »

Tony Robbins ရဲ့ အောင်မြင်ဖို့အတွက် top 10 rules

Tony Robbins ကတော့ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး success coachတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ သူဟာ ကမ္ဘာအနှံ့ ဟောပြောပွဲတွေ ဆွေးနွေးပွဲတွေ လုပ်နေတဲ့ motivational speaker တစ်ယောက်လဲဖြစ်ပါတယ်။ စီးပွားရေးလောကရဲ့ အကြီးကျယ်ဆုံးနဲ့ အချမ်းသာဆုံး စီပွားရေးလုပ်ငန်းတွေကို အကြံပေးအဖြစ်လဲ လုပ်ဆောင်ပါတယ်။ အံ့သြစရာကောင်းတာကတော့ Robbins ဟာ ချမ်းသာကြွယ်ဝတဲ့ အသိုင်းအဝိုင်းက လာခဲ့တာမဟုတ်ပါဘူး။ သူငယ်ငယ်ကတည်းက သူ့အဖေဟာ သူတို့မိသားစုကို စွန့်ခွာသွားခဲ့ပါတယ်။ Robbins ဟာ အသက် 17 နှစ်မှာ အိမ်က ထွက်ခဲ့ပြီး ကောလိပ်ကိုတောင် မတတ်နိုင်ခဲ့ပါဘူး။ ဒီလိုဘဝကနေ အခုဆိုရင် သူဟာ သူ့ရဲ့ motivational speech တွေ success worrkshop တွေ bestselling book တွေနဲ့

Tony Robbins ရဲ့ အောင်မြင်ဖို့အတွက် top 10 rules Read More »

ဖြစ်ချင်တာတွေ စိတ်ကူးတာနဲ့ ဖြစ်လာမှာလား?

ဖြစ်ချင်တာတွေဖြစ်လာဖို့ မျက်စိမှိတ်ပုံဖော်စိတ်ကူး ခံစားကြည့်ယုံနဲ့ရောက်လာမယ်လို့ The Secret စာအုပ်မှာပြောတယ်။ တကယ်တမ်း ကိုယ်လိုချင်တာရဖို့ဆိုရင် ငါးဆင့်လိုတယ်။ 1. Law of intention ကိုယ်ဘာဖြစ်ချက်တာလည်း သေချာသိရမယ်။ သေချာချရေးထားဖို့လိုတယ်။ 2. Modelingကိုယ်ဘယ်သူ့ကို အတုယူလို့ရမလဲ စဉ်းစားရမယ်။ Steve Jobs တောင်မှ Beetle ကိုစံနမူနာယူဖြစ်တဲ့အကြောင်းပြောတယ်။ 3. Strategic Planning ကိုယ့်ဘဝအတွက်လည်း ရေရှည်ရောက်ချင်တဲ့ ပန်းတိုင်ရောက်အောင် စနစ်တကျ Plan ချဖို့လိုတယ်။ 4. Motivation Motivation မရှိရင်လည်း အလုပ်တွေလုပ်ဖြစ်ဖို့မလွယ်တဲ့အတွက် Motivation အမြဲဖြစ်နေဖို့ System တစ်ခုလိုတယ်။ comment မှာ 6E အပေါ်အခြေခံထားတဲ့ One Page Personal Productivity Plan ကို Download လုပ်နိုင်ပါတယ်။

ဖြစ်ချင်တာတွေ စိတ်ကူးတာနဲ့ ဖြစ်လာမှာလား? Read More »

Motivation အတွက် ၄ချက်

Motivation ရနေအောင် နေဖို့အချက် ၄ ချက် ၁. Simplify Your Life (ဘဝကိုရိုးရှင်းအောင် လုပ်ပါ။) အလုပ်တွေအရမ်းများပြီး ဖြစ်ချင်တာများနေရင် ခေါင်းစားစရာများတယ်။ ဒါကြောင့် ဖြစ်ချင်တာ တစ်ခုလောက်ကို focus လုပ်ပြီး ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းပါ။ ဥပမာ အရင်က လုပ်ငန်းတွေအများကြီးလုပ်ချင်တယ်။ လုပ်ငန်းသေးလေးတွေ အများကြီးလည်းလုပ်တယ်။ ခုလည်းလုပ်ထားတယ်။ အာရုံစိုက်စရာတွေ အရမ်းများလာတယ်။ ဘဝကို ပိုမိုရိုးရှင်းစွာဖြတ်သန်းနိုင်ဖို့ ကိုယ်အဓိကလုပ်မည့်အလုပ်ကို ချရေးတယ်။ Training။ ကျန်တာတွေအားလုံး တခြားသူတွေကိုလွဲထားပေးတယ်။ ဘဝက ပိုရိုးရှင်းလာတယ်။ ပို focus လုပ်လာနိုင်တယ်။ Growth ဖြစ်မည့်အလားအလာကို ပိုရှင်းလင်းလာတယ်။ ၂. Build a track record ကိုယ့်ရဲ့ဆွတ်ခူးမှုတွေအတွက် မှတ်တမ်းတစ်ခုတည်ဆောက်ပါ။ ပညာရေး Academic စီးပွားရေး Business ကိုယ်ရေးကိုယ်တာ

Motivation အတွက် ၄ချက် Read More »

You are right!

ကိုယ့်ကိုကိုယ်အမြဲမှန်တယ် ထင်တဲ့သူ၊အခြေအနေအရ အကောင်းဆုံးလုပ်ခဲ့တာလို့ထင်တဲ့သူ ၊မိမိကိုယ်ကို ခွင့်လွတ်တတ်သူ၊ မိမိကိုယ်ကို အကောင်းမြင်တတ်သူတွေက စိတ်ဓာတ်သိပ်ကျလေ့မရဘူး။ တခါတခါတော့ လူမုန်းခံရတတ်တာပေါ့။ တချို့လူငယ်တွေက အမြဲ ကိုယ်လုပ်လိုက်မိတဲ့အရာတွေကို အမှားလို့ထင်ပြီးစိတ်ညစ်နေတတ်ကြတယ်။ ဘာပဲလုပ်လုပ် You are right ပါ၊ အခြေနေပေါ်မှာ အကောင်းဆုံးထင်တာလုပ်ခဲ့တာဘဲလေ။ You are right!စိတ်မညစ်ပါနဲ့။ Phyo Paing @ Derek

You are right! Read More »