Motivation

တိုးတက်မှု ဆယ်ဆ

တိုးတက်မှု ဆယ်ဆဆိုတာ ဒီအတိုင်းမဖြစ်ဘူး။ဖြစ်နေတဲ့ စျေးကွက်အပြောင်းအလဲမှာစျေးကွက်ပြဿနာနဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပြီးမှ ဖြစ်တာ။ဒါကြောင့် စျေးကွက်မှာဖြစ်နေတဲ့ပြဿနာရှာနိုင်တာကလဲပညာပဲ။ To achieve tenfold progress, one must respond to dramatic market changes. Therefore, in the market, the ability to identify and tackle issues is also a form of wisdom. Phyo Paing @ Derek

တိုးတက်မှု ဆယ်ဆ Read More »

ကိုယ်လုပ်နေတဲ့အလုပ်မှာ
ထိပ်ဆုံးဖြစ်အောင်လုပ်။

ဒီလိုလုပ်ဖို့ တစ်နှစ်၊ နှစ်နှစ်နဲ့မရဘူး။ဆယ်စုနှစ်တစ်ခုလောက်အချိန်ပေးရတယ်လို့မြင်တယ်။ဇွဲရှိဖို့လိုတယ်။ လေ့လာသင်ယူနေဖို့လိုတယ်။အလုပ်ကို ကြိုးကြိုးစားစား တန်ဖိုးထားတဲ့စိတ်နဲ့ လုပ်တတ်ဖို့လိုတယ်။ လိုအပ်ရင် ကိုယ့်အတွေး၊ အကြံ၊ အလုပ်ကိုပြင်ရဲတဲ့ သတ္တိလိုတယ်။ အမြဲဖန်တီးဆန်းသစ်နေဖို့လိုတယ်။ အဲ့လိုမြင်တာပဲ။ To excel in your job, aim for the top. Achieving such a level of success can’t be done in a year or two; it requires a decade or more of dedication. Persistence is key. Continuous learning and self-improvement are essential. Work

ကိုယ်လုပ်နေတဲ့အလုပ်မှာ
ထိပ်ဆုံးဖြစ်အောင်လုပ်။
Read More »

ကိုယ့်ကို ဘယ်လိုပုံစံတွေက
တွန်းအားပေးလဲသိရမယ်။

ဆုပေးတာကို ကြိုက်လို့၊ဒဏ်ပေးတာကို ကြောက်လို့နိုးကြားပြီးလုပ်တဲ့ မော်တီဗေးရှင်းရှိတယ်။စာကျက်လို့ရရင် မုန့်ကျွေးမယ်။ အရောင်းတားဂတ်ထိရင် ဘောနပ်ရမယ်။ နောက် ကိုယ်လုပ်တဲ့အလုပ်ကိုကြိုက်တဲ့အတွက်ချစ်တဲ့အတွက်၊ မျက်နိုးတဲ့အတွက်၊စိတ်ဝင်စားတဲ့အတွက်၊ ရူးသွပ်တဲ့အတွက်၊စိတ်ကျေနပ်မှုရစေတဲ့အတွက်နိုးကြားတက်ကြွစွာလုပ်ဆောင်တဲ့ မော်တီဗေးရှင်းရှိတယ်။ အဖွဲ့အစည်းတစ်ခုနဲ့ ဆက်စပ်ရတဲ့အတွက်ဂုဏ်ယူမှု၊ တက်ကြွမှုဖြစ်တဲ့မော်တီဗေးရှင်းရှိတယ်။ ရည်မှန်းချက်ပန်းတိုင်ချလိုက်ဖြစ်အောင်လုပ်လိုက် ဒီခံစားချက်ကို ကြိုက်တဲ့အတွက်ဖြစ်တဲ့မော်တီဗေးရှင်းရှိတယ်။ အာဏာပါဝါရချင်တာ၊ကိုယ့်ကို နှိမ်ခဲ့သူတွေကို ပညာပြန်ပြချင်တဲ့အတွက်ငါဘာကွဆိုတာ ပြချင်တဲ့အတွက်အလုပ်တွေကြိုးစား၊ ပိုက်ဆံတွေရှာဒီလိုမော်တီဗေးရှင်းရှိတယ်။ ကြောက်စိတ်ကြောင့်၊ အကျပ်ကိုင်ခံရလို့ မလုပ်ချင်ပဲလုပ်ရတဲ့ မော်တီဗေးရှင်းရှိတယ်။ မော်တီဗေးရှင်းဆိုတာ ရည်မှန်းချက်တစ်ခုရောက်ဖို့စတင်လုပ်ဆောင်ဖို့ဖြစ်ဖြစ် လုပ်ရပ်တစ်ခုကို ရေရှည်ထိန်းသိမ်းထားနိုင်ဖို့ဖြစ်ဖြစ်လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာလှုံဆောင်မှုတစ်ခုဖြစ်တယ်။ ကိုယ့်ကို ဘယ်လိုပုံစံတွေကတွန်းအားပေးလဲသိရမယ်။ “There are motivations that arise from liking to be rewarded and fearing to be punished. For instance, promising a treat if

ကိုယ့်ကို ဘယ်လိုပုံစံတွေက
တွန်းအားပေးလဲသိရမယ်။
Read More »

ဘဝမှာ ဟန်ဆောင်ရတာပင်ပန်းတယ်။

တခြားသူရဲ့အထင်အမြင်မှာကောင်းဖို့ကိုယ့်ဘဝနေထိုင်မှုကိုပြင်ပေးစရာမလိုပါဘူး။ ဘဝမှာ ဟန်ဆောင်ရတာပင်ပန်းတယ်။အပြင်မှ အမြင်လှဖို့ပေးဆပ်ခဲ့ရတဲ့ ဘဝတွေနည်းမှ မနည်းတာ။ ဘဝဆိုတာ ကိုရီးယားကားလိုပဲ။ကိုယ်ကသာ မင်းသား၊ မင်းသမီးကိုအားကျနေတာ။သူက သူ့ကိုယ်သူ သတ်သေချင်နေတာမျိုးလဲဖြစ်ကောင်းဖြစ်နေနိုင်တယ်။ Phyo Paing @ Derek

ဘဝမှာ ဟန်ဆောင်ရတာပင်ပန်းတယ်။ Read More »

ကိုယ့်ကိုယ်ကို ကတိပေးကြည့်။

၁။ ကြံခိုင်လွန်းတဲ့အတွက် ကိုယ့်ရဲ့ စိတ်ငြိမ်းချမ်းမှုကို ဘယ်သူမှ အနှောင့်အယှက်ပြုလို့မရဘူး။ ၂။ ကိုယ်နဲ့တွေ့တဲ့သူတိုင်းကို ကျန်းမာခြင်း၊ ပျော်ရွင်ခြင်းနဲ့ ချမ်းသာကြွယ်ဝခြင်းအကြောင်းတွေ ပြောမယ်လို့။ ၃။ အကောင်းဆုံးတွေကိုပဲ တွေး၊ ကြံ၊ လုပ်ပြီးမျှော်လင့်ဖို့။ ၄။ ကိုယ့်ကိုယ်ကို အကောင်းဆုံးပဲကြိုးစားနေပြီးတခြားသူတွေကို မဝေဖန်ဖို့။ ၅။ အတိတ်ကလုပ်ခဲ့တဲ့ ဒဏ်ရာတွေကိုမေ့ပြစ်ပြီးအနာဂတ်ကို အကောင်းဆုံးတည်ဆောက်မယ်လို့။ ၆။ ဘာပဲဖြစ်ဖြစ် အမြဲပြုံးထားမယ်လို့။ ၇။ နေသာတဲ့ဖက်ကိုပဲ ကြည့်ပြီး၊အရာရာ အကောင်းဆုံးလုပ်မယ်လို့။ The Secret Prayer: The three steps formula forattracting miracles က။ Phyo Paing @ Derek

ကိုယ့်ကိုယ်ကို ကတိပေးကြည့်။ Read More »

မဖြစ်နိုင်ဘူးလို့
အများယူဆတဲ့အရာတွေ
ဖြစ်အောင်လုပ်နိုင်ဖို့

ဖြစ်နိုင်တာတွေကို ဖြစ်အောင်လုပ်ဖို့ ဇွဲလုံ့လ အဓိကလိုတယ်။ မဖြစ်နိုင်ဘူးလို့အများယူဆတဲ့အရာတွေဖြစ်အောင်လုပ်နိုင်ဖို့သတင်းအချက်အလက်နဲ့ဥာဏ်ပညာ အဓိကလိုတယ်။ Phyo Paing @ Derek

မဖြစ်နိုင်ဘူးလို့
အများယူဆတဲ့အရာတွေ
ဖြစ်အောင်လုပ်နိုင်ဖို့
Read More »

အပြစ်တင်တတ်တဲ့စိတ်ကို ဖျောက်ပါ

ကိုယ်လိုချင်တာရအောင်မယူနိုင်တာကိုယ်နဲ့ပဲဆိုင်တယ်။ကိုယ်အသုံးမကျတာ ကိုယ်နဲ့ပဲ ဆိုင်တယ်။ ကိုယ့်ဘဝ ကိုယ်တာဝန်အပြည့်ယူပါ။ဟိုလူ့အပြစ်တင်၊ ဒီလူ့အပြစ်တင်အပြစ်တင်တတ်တဲ့စိတ်ကို ဖျောက်ပါ။ လူအများစုက ဆဲရင်းဆဲရင်းဆင်းရဲ ဆင်းရဲသွားတတ်ကြတယ်တဲ့။ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ။ Phyo Paing @ Derek

အပြစ်တင်တတ်တဲ့စိတ်ကို ဖျောက်ပါ Read More »

ကိုယ့်ကိုယ်ကို အမြဲဆုံးမဖြစ်တာတွေရှိတယ်။

၁။ ဆယ်နှစ်အတွင်း အဆ ၁၀၀ တိုးတက်နိုင်တယ်။ ၂။ ဆယ်နှစ်အတွက် ကြိုတင်ပြင်ဆင်ထားတဲ့အခါအခွင့်အလမ်းနဲ့ ပြင်ဆင်မှုနဲ့ တွေ့တဲ့အခါလူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲနေတယ်။ ၃။ ကိုယ့်အလုပ်ကိုယ်သေချာလုပ်။ ၄။ ဟိုယောင်ယောင် ဒီယောင်ယောင်၊ကယောင်မလုပ်နဲ့။ ၅။ ပိုက်ဆံတစ်ခုတည်းမရှိနဲ့ပါဝါလဲရှာ။ ဒီနေ့ခေတ်က Social Proof ကပါဝါတစ်ခုပဲ။ ၆။ ရေတိုမကြည့်နဲ့။ ၇။ ဥာဏ်လေးလဲအသုံးပြုမယ်၊ကံဆိုတဲ့ အလုပ်လေးလဲလုပ်မယ်၊ဝိရိယဆိုတဲ့စိတ်လေးထားပြီးစိတ်ရှည်ရှည်လုပ်ရင် မဖြစ်နိုင်တာမရှိဘူး။ Phyo Paing @ Derek

ကိုယ့်ကိုယ်ကို အမြဲဆုံးမဖြစ်တာတွေရှိတယ်။ Read More »

Grit ဆိုတာ စိတ်ဓာတ်ကြံ့ခိုင်ခြင်း

တချို့တွေက တကယ်ဆိုရင်အချစ်ပဲလိုတယ်တဲ့။အမှန်တော့ တကယ်ဆိုရင်Grit (ဂရစ်) ပဲလိုတယ်။Grit ဆိုတာ စိတ်ဓာတ်ကြံ့ခိုင်ခြင်း။ ဘဝမှာ ရှောင်ပြေးလို့မရတာပြဿနာတွေ။အပြင်ပန်းကြည့်ရင်လုပ်သွားတာ လွယ်လိုက်တာပေါ့။ တကယ်တမ်းသြခ ျလောက်တဲ့ရလဒ်တွေ ရဖို့ဆိုတာပြဿနာတွေကို ဒူပေဒါပေခံဖြေရှင်းနိုင်တဲ့ သတ္တိနဲ့ ဇွဲလိုတယ်။စိတ်ဓာတ်ကြံ့ခိုင်ဖို့လိုတယ်။ Phyo Paing @ Derek

Grit ဆိုတာ စိတ်ဓာတ်ကြံ့ခိုင်ခြင်း Read More »

ကိုယ့်ကို ကြောက်စေတဲ့အရာတွေကို လုပ်ပါ။

“Do things that scare you”ကိုယ့်ကို ကြောက်စေတဲ့အရာတွေကို လုပ်ပါ။ ဒီဆောင်ပုဒ်အတိုင်းပဲနေခဲ့တယ်။ စျေးရောင်းရမှာရှက်တယ်။ လူတွေရှေ့စကားပြောရမှာကြောက်တယ်။ စာဖတ်ပြီးခေါင်းခြောက််ရမှာကြောက်တယ်။ကိုယ့်အိုင်ဒီယာတစ်ခုကို လူတွေသိအောင်ဖော်ပြရမှာကြောက်တယ်။ လူတွေကိုယ်ကို ဘယ်လိုထင်နေမလဲကြောက်တယ်။ ကိုယ့်ကိုကြောက်တဲ့အရာတွေကို လုပ်တဲ့အခါ ကိုယ့်ရဲ့အစွမ်းအစပိုထွက်လာတယ်။ ဒါကြောင့် နှစ်တိုင်း ကိုယ့်ကိုကြောက်စေတဲ့အရာတွေကို ချရေးထားပြီး တစ်ခုပြီးတစ်ခုလုပ်တယ်။ ကျွန်တော်တို့ကို နောက်တစ်ဆင့်ရောက်စေမယ့်အရာတွေက ကျွန်တော်တို့ ကြောက်တဲ့အရာတွေပဲ။ Phyo Paing @ Derek

ကိုယ့်ကို ကြောက်စေတဲ့အရာတွေကို လုပ်ပါ။ Read More »