လမ်းလျှောက်ရင်း လမ်းပျောက်တတ်ကြတယ်။
ဘဝမှာ လမ်းမပျောက်ဖို့ အလုပ်အကိုင်သေချာရွေးချယ်ဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လုပ်တဲ့အလုပ်က ကျွန်တော်တို့ ဘယ်သူဖြစ်တယ်ဆိုတဲ့Identity ပေါ် သက်ရောက်မှုကြီးမားတဲ့အတွက်ဖြစ်တယ်။ ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်ရွေးချယ်တဲ့အခါတချို့က ကံကောင်းပြီး ကိုယ်လုပ်တဲ့အလုပ်နဲ့တခါတည်း တသားကျသွားတဲ့သူတွေရှိတယ်။တချို့က ကိုယ်လုပ်တဲ့အလုပ်နဲ့ တစ်သားတည်းမကျဘူး။ ဘဝဆိုတာ တိုတိုလေး။ နေရတဲ့ခဏတာမှာ ကိုယ်နဲ့ကိုက်ညီတဲ့သဟဇာတဖြစ်တဲ့အလုပ်လုပ်နိုင်ရင်အလုပ်လုပ်ရင်းပိုပျော်နေမယ်။ ပိုတော်နေမယ်။ဝင်ငွေ ပိုတိုးပွားနေမယ်။တခြားသူတွေကို ပိုမျှဝေပိုပေးနိုင်မယ်။ ဒီလိုလုပ်ဖို့ အဆင့် သုံးဆင့်ကိုရိုးရိုးရှင်းရှင်းဖန်တီးထားတာရှိပါတယ်။ ၁။ ရှာ Search လူတွေရဲ့ ဘဝဖြတ်သန်းမှု၊ကြီးပြင်းလာမှု၊ စိတ်ဝင်စားမှု၊ဦးနှောက်အလုပ်လုပ်တဲ့ အားသာချက်မတူကြပါဘူး။တချို့က ဖန်တီးတာကိုကြိုက်တယ်။တချို့က ဆက်သွယ်တာကို ကြိုက်တယ်။တချို့က ပူးပေါင်းအလုပ်လုပ်ရတာကြိုက်တယ်။တချို့က အသေးစိတ်စစ်ဆေးရတာကြိုက်တယ်။ ဒီလို ကိုယ်ချစ်တဲ့အလုပ်တွေ့ဖို့ မတူညီတဲ့ အလုပ် အနည်းဆုံးများများလုပ် စမ်းကြည့်ပါ။ ဒီလိုလုပ်ဆောင်ဖို့ အကောင်းဆုံးနည်းတစ်ခုကအလုပ်ခွင်မှာ ပျော်နေတဲ့ လူ ၁၂ ယောက်လောက်နဲ့လိုက် အင်တာဗျူးကြည့်ပါ။ “အလုပ်ခွင်မှာ ပျော်နေတဲ့ ဆိုတဲ့ အချက်” အရေးကြီးပါတယ်။ သူတို့ […]
