Motivation

မနက်တာက ကိုယ့်ရဲ့
training လုပ်တဲ့အချိန်ပဲ။

မဟုတ်ရင် တစ်နေ့တစ်နေ့အလုပ်ခွင်ထဲမှာ ပိတ်မိနေမယ်။မနက်က trainingပြီးရင် အလုပ် workညနေ အနားယူ rechargeဒါက repeat ပဲ။ မနက်အခါကို အနိုင်မယူနိုင်ရင်တစ်ရက်တာကို အနိုင်မယူနိုင်လောက်ဘူး။​ Phyo Paing @ Derek

မနက်တာက ကိုယ့်ရဲ့
training လုပ်တဲ့အချိန်ပဲ။
Read More »

ကိုယ်မတွေးပဲ မနေနိုင်တာကိုလုပ်

အလုပ်လုပ်တာကို အလုပ်လုပ်တယ်လို့ မခံစားရအောင်လုပ်တဲ့နည်းကကိုယ့်ဘဝကို ပြည့်စုံစေတဲ့အလုပ်လုပ်တာပဲ။ ဝါသနာပါတာကိုလုပ်ဆိုတာတော်တော်လေးအပေါ်ယံဆန်နိုင်တယ်။ ကိုယ်မတွေးပဲ မနေနိုင်တာကိုလုပ်ဆိုရင် ပိုပြီး မှန်ကန်နိုင်မယ်။ ကိုယ့်ဦးနှောက်ထဲ နေရာအယူဆုံးအကြောင်းအရာတွေကဘာလဲ။ မတွေးပဲ မနေနိုင်တဲ့အကြောင်းအရာတွေကဘာတွေဖြစ်မလဲ။ ဒီအရာနဲ့ဆိုင်တဲ့ အလုပ်ကိုရွေးချယ်လုပ်ဆောင်တာ ဘဝရဲ့ပျော်ရွင်မှုပဲ။ မတွေးပဲ မနေနိုင်တဲ့အလုပ်ကနေဝင်ငွေဖန်တီးဖို့အတွက်တော့နည်လမ်းရှာဖို့လိုတယ်။ အကောင်းဆုံးနည်းလမ်းကတော့ ဒီနေ့ခေတ် လူတိုင်းရထားတဲ့အခွင့်အရေးပဲ။ဒါကတော့ social media ပေါ့။ ကိုယ်မတွေးပဲ မနေနိုင်တဲ့အရာတွေကိုဖော်ပြခြင်းဟာ ကိုယ့်လိုလူတွေကိုဆွဲဆောင်ခြင်းဖြစ်ပြီးဒီကမှတစ်ဆင့် ဝင်ငွေပြောင်းတဲ့အဆင့်သွားလို့ရတယ်။ လူအများစုက ဝင်ငွေကို အရင်စဥ်းစားပြီးမှ ဘယ်အလုပ်လုပ်ရမလဲ စဥ်းစားတယ်။ အဲ့ထက်ကောင်းတဲ့ approach တစ်ခုကကိုယ်မတွေးပဲ မနေနိုင်တဲ့အပေါ်ကိုယ့်အသက်မွေးဝမ်းကြောင်းတည်ဆောက်တာပဲ။ Phyo Paing @ Derek

ကိုယ်မတွေးပဲ မနေနိုင်တာကိုလုပ် Read More »

ကိုယ်မတွေးပဲ မနေနိုင်တဲ့
အလုပ်ကိုလုပ်။

နယ်ပယ်တိုင်းမှာအောင်မြင်နေတဲ့သူတွေဘာအလုပ်လုပ်လဲ? ကိုယ်မတွေးပဲ မနေနိုင်တဲ့ အလုပ်ကိုလုပ်ကြတာများတယ်။ တွေးဖို့ သီးသန့်အချိန်ပေးနေစရာမလိုဘူး။သိစိတ်၊ မသိစိတ် နှစ်ခုလုံးအလုပ်လုပ်နေတယ်။ Phyo Paing @ Derek

ကိုယ်မတွေးပဲ မနေနိုင်တဲ့
အလုပ်ကိုလုပ်။
Read More »

အလုပ်ဆိုတာ လုပ်ချင်တိုင်း
လုပ်လို့ မရဘူး

အချိန်ဆိုတာရှိတယ်။ အဲ့ဒီအချိန်ကောင်းမှာ ကြိုးစားအားထုတ်မှု တစ်လ၊ နှစ်လကတစ်နှစ်၊ နှစ်နှစ်နဲ့ ညီနိုင်တယ်။ ဒါကို “အချိန်ကောင်း” ကြုံဖူးသူတိုင်းသိကြတယ်။ ဒီ “Timing အချိန်ကောင်း” ဟာ လူတိုင်းရဲ့ ဘဝကို အပြောင်းအလဲဖြစ်စေတဲ့ အချိန်ပဲ။အဲ့ဒီအချိန်မှာ ယောင်နေလို့မရဘူး။အလုပ်ကို ဖိလုပ်ရတဲ့ အချိန်ဖြစ်တယ်။ တခြားအချိန်တွေက ကိစ္စမရှိပေမယ့်အချိန်ကောင်းမှာ တခြားကိစ္စတွေနဲ့အာရုံထွေပြားခြင်းဟာ အခွင့်အလမ်းကို အလဟဿဖြုန်းလိုက်သလိုပဲ။ ဘာနဲ့ တူသလဲဆို တစ်နှစ်လုံးစာကြိုးစားခဲ့ပြီး စာမေးပွဲနီးတဲ့အခါစိတ်လေတာမျိုးနဲ့ တူနိုင်တယ်။ ဒါဆို အချိန်ကောင်းပဲ စောင့်ပြီးအလုပ် လုပ်ဖို့ မရဘူးလား။ မရသလောက်လို့ ဆိုရမယ်။ဘာကြောင့်လဲဆိုတော့ စီးပွားရေးမှာ အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်း“anticipation” ဟာ သေမတတ်အရေးကြီးတယ်။ လုပ်ငန်းနယ်ပယ်တစ်ခုမှာ ဆယ်စုနှစ်တစ်ခု လုပ်လာသူတွေဟာ ဒီလုပ်ငန်းရဲ့အပြောင်းအလဲကို အခုမှ ဝင်လာတဲ့ လုပ်သက်နုသူတွေထက်အများကြီးပိုခန့်မှန်းနိုင်တတ်ကြတယ်။ ဒါကြောင့် game တစ်ခုထဲမှာ ရေရှည်နေထားဖို့ အရေးကြီးတယ်။

အလုပ်ဆိုတာ လုပ်ချင်တိုင်း
လုပ်လို့ မရဘူး
Read More »

ဘဝမှာ တွေဝေနေဖို့
အချိန်မရှိဘူး

လုပ်ချင်တဲ့အရာတစ်ခုကို အသက်အရွယ်တစ်ခုမှာမလုပ်လိုက်ရတဲ့အတွက်အချိန်တစ်ခုရောက်မှနောင်တရတတ်ကြတယ်။ နောင်တဆိုတာ ငါအဲ့တုန်းကဒါကို မလုပ်ခဲ့ရင်ကောင်းမှာပဲ၊ဒါမှမဟုတ် အဲ့တုန်းက ဒါကို လုပ်ခဲ့ရမှာဆိုတာပြန်စဥ်းစားပြီးတနှုံ့နှုံဖြစ်တဲ့ ခံစားချက်ဖြစ်တယ်။ ငယ်တုန်းမှာ သွားချင်တဲ့နေရာသွား၊ကိုယ့်စိတ်ထဲမှာ တစ်ခုခုလုပ်ချင်ရင်ကိုယ့်အတွက်လဲ ရေရှည်ဒုက္ခမရောက်ဘူး၊သူတပါးလဲ မထိခိုက်သွားဘူးဆိုရင်လုပ်သာလုပ်ချလိုက်။ သူငါ့ကို ဘယ်လိုထင်နေမလဲသိပ်စဥ်းစားမနေနဲ့။ မဟုတ်လဲ ဘဝက တိုတိုလေးပဲ။ မြန်မာပြည်မှာ အသက် ၇၀ ကျော်လောက်နေရမှာ သက်တမ်းက ရက်ပေါင်း ၂၅၀၀၀ ကျော်ကျော်လေးနေရတာ။ အသက်သုံးဆယ်ဆိုရင်ကို ရက်ပေါင်း၁၀၉၅၀ လောက်နေပြီးပြီ။ ဒါကြောင့် ဘဝမှာ တွေဝေနေဖို့အချိန်မရှိဘူး။ လုပ်ချင်ရင် ထလုပ်လိုက်။ ပြောချင်တဲ့စကားကို ပြောချင်တဲ့သူကိုပြောလိုက်။ အလုပ်ဖြစ်ရင် Good.. အလုပ်မဖြစ်ရင် move on.. လူအများစုက ကိုယ်မလုပ်လိုက်တာကိုနောင်တပိုရတတ်တယ်တဲ့။ In the end, we only regret the chance we didn’t take

ဘဝမှာ တွေဝေနေဖို့
အချိန်မရှိဘူး
Read More »

ထီမထိုးထားရင်တော့ မပေါက်နိုင်ဘူး

ကိုယ်မရောက်ဖူးတဲ့နေရာရောက်ဖို့၊ကိုယ်မတွေ့ကြုံဖူးတဲ့ အတွေ့အကြုံရဖို့ကြိုးစားအားထုတ်မှုလိုတယ်။ စဥ်းစားကြည့်ကြည့် ဘာသာစကားသုံးလေးမျိုးလောက်ကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ပြီးလူပေါင်းထောင်ချီရှေ့မှာ ကြွေအောင်ပြောနိုင်တာမျိုး။ ခန္ဓာကိုယ်က Sရမ်းမိုက်ပြီးအသက် ၇၀၊ ၈၀ လောက်ထိကျန်းမာကြံ့ခိုင်နေတာမျိုး။ ကိုယ့်အသက်မွေးဝမ်းကြောင်းပြုတဲ့အလုပ်နဲ့ပတ်သက်လို့ ဘာမေးလိုက်မေးလိုက် အကုန်သိနေတာမျိုး။ အပြောပဲ မဟုတ် တကယ်လက်တွေ့ဖြစ်အောင်လုပ်တာမျိုး။ ကိုယ်သွားချင်တဲ့နေရာကို သွားချင်တဲ့သူနဲ့ သွားချင်တဲ့အချိန် သွားနိုင်တာမျိုး။ ကိုယ်ခေါင်းထဲမှာပေါ်တဲ့ idea ကိုစာသုံးလေးကြောင်းရောက်ရေးလိုက်တာနဲ့ဝင်ငွေတွေ သောက်သောက်လဲရလာတာမျိုး။ ဒါမျိုးတွေဖြစ်လာဖို့က အလိုလို ဖြစ်မလားဘူး။ ကိုယ်တိုင် ကြိုးစားအားထုတ်ရတယ်။ အလိုလိုပေါက်တာ မြက်ပင်တွေပဲများတယ်လေ။ ပန်းကောင်းပန်ချင်ရင် သေချာစိုက်ရတယ်မဟုတ်လား။ Phyo Paing @ Derek

ထီမထိုးထားရင်တော့ မပေါက်နိုင်ဘူး Read More »

ဒါတွေဟာ “တိုင်ပတ်” အပြုအမူလို့ခေါ်တယ်။

မူးတဲ့အခါ နှိပ်နေကျဖုန်းကိုပြန်နှိပ်မိတာတို့၊အဆင်မပြေမှန်းသိတဲ့relationship ကို ပြန်ရောက်သွားတာတို့၊ကိုယ့်ကို တန်ဖိုးမထားတဲ့သူမှရွေးကောင်းတတ်တာတို့ဒါတွေဟာ “တိုင်ပတ်” အပြုအမူလို့ခေါ်တယ်။Self-sabotage behavior ဆိုပါတော့။ဒါက လူအများစုမှာ ရှိတတ်ကြတယ်။ ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အပြုအမူနဲ့ပြောင်းပြန်လုပ်မိတဲ့အခါ“အရှက်ရတယ်” ဆိုတဲ့ခံစားချက်မျိုးဖြစ်တတ်တယ်။​ဒီ အတွေးကလဲ အမြဲ looping ပတ်နေနိုင်တယ်။အထူးသဖြင့် ကိုယ့်ကိုကိုယ်လက်မခံနိုင်ရင်ဖြစ်တယ်။ တကယ်လို့သာ ငါ့ကိုယ်ငါအရှိအရှိအတိုင်းလက်ခံတယ်။“သီလ၊ သမာဓိ၊ ပညာ”၁၀၀% အကုန်ပြည့်စုံသူတော်ကောင်းကြီးဖြစ်နေမှနေလို့ထိုင်လို့ကောင်းမယ်ဆိုတဲ့အတွေးကြီးကို ဖျောက်လိုက်။​ ငါကတော့ အကုန်လုံးစင်းလုံးချောကောင်းကြီးတော့မဟုတ်ဘူး။ဒါကို သိတယ်။ လက်ခံတယ်။အရေးကြီးတာ ဖြည်းဖြည်းချင်းပြုပြင်ပြောင်းလဲ တိုးတက်လာဖို့ပဲ။ဒီကိုယ့်ကိုကိုယ် လက်ခံနိုင်ဖို့လိုတယ်။ပြီးရင် authentic ဖြစ်ဖို့လိုတယ်။အရှိကို အရှိအတိုင်းလက်ခံဖော်ပြနိုင်တဲ့အခါဟန်ဆောင်လိမ်ညာမှုနည်းပြီးဘဝက နေလို့ထိုင်လို့ ပိုပေါ့ပါးတယ်။ Phyo Paing @ Derek

ဒါတွေဟာ “တိုင်ပတ်” အပြုအမူလို့ခေါ်တယ်။ Read More »

ဆာလောင်မှုက အကြောက်တရားထက်
ကြီးနေဖို့လိုတယ်

ဘယ်ကစလဲဆိုတာ အရေးမကြီးဘူး။နောက်ငါးနှစ်၊ ဆယ်နှစ်၊ အနှစ်နှစ်ဆယ် နေရင်ဘယ်ကို ရောက်နေမလဲ အရေးကြီးတာပဲ။ ဒါကြောင့် ဆာလောင်မှုကို လျော့လိုက်လို့မရဘူး။ဆာလောင်မှုက အကြောက်တရားထက်ပိုကြီးမှ သတ္တိဆိုတာ ထွက်လာတဲ့သဘောရှိတယ်။ ဆာလောင်မှုဟာ ရဲရဲတောက်မီးခဲလို ဖြစ်နေဖို့လိုတယ်။ ကောက်ရိုးမီးနဲ့ ဘာကြီးကြီးကျယ်ကျယ်အလုပ်မှ လုပ်လို့ရနိုင်မှာ မဟုတ်ဘူး။ ဒူပေဒါပေခံဖို့လိုတယ်။စိတ်ရှည်ဖို့ လိုတယ်။ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်တွေကိုပိုးစိုးပက်စက်လုပ်ဖို့လိုတယ်။ဆာလောင်မှုက အကြောက်တရားထက်ကြီးနေဖို့လိုတယ်။ Phyo Paing @ Derek

ဆာလောင်မှုက အကြောက်တရားထက်
ကြီးနေဖို့လိုတယ်
Read More »

ဘဝဆိုတာ လှိုင်းပေါ်ရောက်လိုက်
လှိုင်းအောက်ရောက်လိုက်

တချို့အချိန်တွေကျရင်အလုပ်လုပ်နေပြီး ရှေ့သိပ်ရောက်သလိုမဖြစ်plateau phase မှာဖြစ်နေတတ်တယ်။ တချို့အချိန်တွေကျတော့လဲ သေတော့မလိုလောကကြီးကနေ ထွက်ပြေးချင်သလိုရှောင်ပြေးချင်တဲ့ အချိန်တွေလဲကြုံနိုင်တယ်။ ဘဝဆိုတာ အမြဲဒုက္ခရောက်မနေသလိုအမြဲလို သုခဖြစ်မနေဘူး။တစ်လှည့်စီပဲ။ အရေးကြီးတာ လှိုင်းအောက်ရောက်နေချိန်သွေးမပျက်ဖို့ပဲ။ တခါတလေ ဘဝအပြောင်းအလဲဆိုတာတစ်ရက်တည်းမှာလဲ ဖြစ်နိုင်တယ်။ အဲ့ဒီအခွင့်အရေးလာတဲ့အခါ ကိုယ့်ဖက်က ready ဖြစ်နေဖို့ပဲ။ ဒါကြောင့် စိတ်ညစ်စရာတွေကြုံလို့သွေးပျက်မသွားနဲ့။ ကိုယ့်ကိုကိုယ် training ဆင်းနေတယ်လို့စဥ်းစားကြည့်ကြည့်။ ကွန်ဖြူးရှုပ်ပြောသလို Our greatest glory is not in never falling, but in rising every time we fall. — Confucius Phyo Paing @ Derek

ဘဝဆိုတာ လှိုင်းပေါ်ရောက်လိုက်
လှိုင်းအောက်ရောက်လိုက်
Read More »

Realistic > Idealistic

အိမ်က စားစရာမရှိတာကိုကိုယ်ဝါသနာပါတာပဲလုပ်မယ်။Follow your passion ဆိုရင်ဒါက လက်တွေ့မကျတာပဲ။ ကိုယ့်ကိုကိုယ်တောင် မပြင်နိုင်ပဲသူများကို ပြင်ဖို့ကြိုးစားတာဟာလက်တွေ့ မကျတာပဲ။ ဆရာကြီး လုပ်ရတာက လွယ်တယ်။ဟိုဟာလေးလုပ်လိုက်။ဒီဟာလေးလုပ်လိုက်။ပြောတော့တာ စာရွက်ပေါ်ဟုတ်နေတာ။တကယ်လုပ်ဖို့တာ ခက်တာ။ အခြေခံပြည့်စုံလို့ အခြေခိုင်တဲ့အခါစိတ်ကူးယဉ်ဆန်တာ သဘာဝကျတယ်။ ပန်းချီမဆွဲတတ်သေးပဲပန်းချီကားရေးဆွဲတဲ့ trend ကိုပြောင်းမယ်ဆိုတာကတော့ ပန်းထိမ်မတတ်ခင် ရွှေခိုးသင်သလိုပဲ။ ကိုယ့်ကိုကိုယ်လဲ သတိအမြဲပေးတယ်။စာအုပ်တွေထဲက လက်တွေ့ကျင့်သုံးလို့ရတာပဲယူ။ လက်တွေ့ > စိတ်ကူးယဉ်ဆန်Realistic > Idealistic Phyo Paing @ Derek

Realistic > Idealistic Read More »