လုပ်ချင်တာလုပ်ရမှာလား၊
လုပ်သင့်တာလုပ်ရမှာလား?
လုပ်ချင်တာလုပ်ရဖို့လုပ်သင့်တာလုပ်ရမှာ။ Phyo Paing @ Derek
လုပ်ချင်တာလုပ်ရမှာလား၊
လုပ်သင့်တာလုပ်ရမှာလား? Read More »
လုပ်ချင်တာလုပ်ရဖို့လုပ်သင့်တာလုပ်ရမှာ။ Phyo Paing @ Derek
လုပ်ချင်တာလုပ်ရမှာလား၊
လုပ်သင့်တာလုပ်ရမှာလား? Read More »
အထင်က အမြင်သာဖြစ်ပြီးအမှန်တိတ္ထိလို့ မပြောနိုင်ဘူး။လူတချို့က အထင်အမြင်ကြောင့်ဘေးဥပဒ်ရောက်တတ်တယ်။ ဥပါဒါန်ကြောင့် ဥပဒ်ရောက်ဆိုတဲ့မြန်မာစကားပုံရှိပြီးစွဲလမ်းမှုအားကြီး အယူသီးလွန်းလျှင် ဘေးဒုက္ခ ကြုံရတတ်သည်။ ကိုယ့်အမြင်ပြောင်းဖို့ခေါင်းမမာဖို့လိုတယ်။ သတင်းအမှန်ပေါ်မူတည်ပြီးကိုယ့်အတွေးအခေါ်ကို ပြန်မြင့်တင်သွားတာကိုBaye’s rules လို့ခေါ်ပါတယ်။ ဒါဟာ mental model စိတ်ထားတစ်ခုဖြစ်ပါတယ်။ Phyo Paing @ Derek
လူတော်တော်များများဟာ ငယ်ဘဝက ကြုံခဲ့တဲ့ထရာမာ Trauma တွေကြောင့်အသက်ကြီးတဲ့အခါ ဒရာမာ Drama တွေ အနေနဲ့ပြန်ထွက်ပေါ်လာတယ်။ Phyo Paing @ Derek
Trauma တွေကြောင့်
အသက်ကြီးတဲ့အခါ
ဒရာမာ Drama တွေ အနေနဲ့
ပြန်ထွက်ပေါ်လာတယ်။ Read More »
အရေးမပါတဲ့ အတွေးတွေ၊အရေးမပါတဲ့ လူတွေ၊အရေးမပါတဲ့ စကားတွေ၊အရေးမပါတဲ့ အကြောင်းအရာတွေ၊အရေးမပါတဲ့ စိတ်ခံစားချက်တွေ၊အရေးမပါတဲ့ သူတွေရဲ့အရေးမပါတဲ့ လုပ်ရပ်တွေလျစ်လျူရှုနိုင်ဖို့လိုတယ်။ လျစ်လျူရှုခြင်းဆိုတာ အနုပညာပဲ။ ဘဝမှာ အရေးမပါတာတွေကိုအရာမပေးတာက အနုပညာပဲ။ ကိုယ်သာ အနုပညာရှင်တစ်ယောက်ဆိုလျစ်လျူရှုခြင်မှာ တဖက်ကမ်းခပ်တဲ့အနုပညာရှင်ပဲ။ Phyo Paing @ Derek
လျစ်လျူရှုခြင်းဆိုတာ အနုပညာပဲ Read More »
ရွာထဲမှာ အလုပ်တာတွေနဲ့ အလုပ်ရှုပ်နေပြီးရွာပြင်ထွက် လေကောင်းလေသန့်ရနေတဲ့အားတီ၊ အားမေတို့အတွက်။ “ဘောင်ပြင်လူ” လူ့ဘောင်ရဲ့ တလွဲသတ်မှတ်ချက်လို့ထင်တဲ့အရာတွေကို စိတ်ပေါက်ပေါက်နဲ့မလိုက်နာပဲ ပြောင်းပြန်တွေလုပ်နဲ့သူတွေရှိတယ်။ ဘောင်ခတ်တတ်တာ လူ့သဘာဝ။ ဘယ်လိုနေရမယ်။ဘယ်လိုသေရမယ်။ဘယ်လိုစဉ်းစားရမယ်။ဘယ်လိုမစဉ်းစားရဘူး။ငါတို့နဲ့မတူ ငါတို့ရန်သူ။ အချစ်ရေးဆိုတာဘယ်လိုဖြစ်ရမယ်။အိမ်ထောင်ရေးဆိုတာ ဘယ်လိုဖြစ်ရမယ်။အလုပ်ကို ဘယ်လိုလုပ်ရမယ်။စီးပွါးရေးဆိုတာဘယ်လိုပုံစံမျိုးပဲလည်ပတ်မှရတယ်။ဘာသာရေး ကိုးကွယ်ယုံကြည်မှုဆိုတာဘယ်လိုဖြစ်ရမယ်။ ခေတ်တွေက ပြောင်းနေတယ်။နည်းပညာတွေ တိုးတက်နေတယ်။နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုဘဝနေထိုင်ရေးတွေကပြောင်းလဲနေတယ်။ အဘိုးခေတ်က အယူအဆတွေကအဖေခေတ်မှာ မှန်ချင်မှမှန်တော့မယ်။အဖေခေတ်က အယူအဆကကိုယ့်ခေတ်မှာ မှန်ချင်မှ မှန်တော့မယ်။ ဒါကြောင့် တချို့ဘောင်တွေ သတ်မှတ်ချက်တွေကလိုက်နာ စရာမလိုတော့ဘူး။ ကိုယ့်ဘဝ ကိုယ်နဲ့ပဲဆိုင်တယ်။ဘယ်လို စားမယ်။ဘယ်လိုအိပ်မယ်။ဘယ်လိုအလုပ်လုပ်မယ်။ဘယ်လို စီးပွါးရှာမယ်။အချစ်ရေးကို ဘယ်လိုတည်ဆောက်မယ်။ကလေးကိုဘယ်လို ပြုစုပျိုးထောင်မယ်။တရားဘာဝနာ ဘယ်လိုပွါးများမယ်။ဒါတွေက ကိုယ်နဲ့ပဲဆိုင်တယ်။ ကိုယ့်ဘောင်နဲ့ လူတွေကို လိုက်ခတ်တာဒါတခြားသူရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်တာပဲ။ ဥပဒေဆိုတာ မလိုက်နာလို့မရဘူး။ဘောင်က မလိုက်နာလို့ရတယ်။ ကိုယ့်ဘဝကိုယ်ကို စိတ်ကြိုက်ဒီဇိုင်းလုပ်နိုင်ဖို့ကိုယ်နေထိုင်ချင်တဲ့ဘဝကိုအထောက်အပံ့ပြုနိုင်တဲ့ငွေကြေးလွတ်မြောက်မှုလိုတယ်။ လူတွေက လူတွေကိုငွေဆိုတဲ့အရာနဲ့ ထိန်းချုပ်တတ်ကြတယ်။ ဘောင်ပြင်ထွက်ရမှာ
ဘောင်ခတ်တတ်တာ လူ့သဘာဝ Read More »
ကိုယ်လုပ်တဲ့အလုပ်မှာတဖက်ကမ်းခပ်ကျွမ်းကျင်ဖို့မော်တီဗေးရှင်းမလိုဘူး။စွဲလမ်းမှုပဲလိုတယ်။ Phyo Paing @ Derek
ခေါင်းဆောင်က စနစ်နဲ့ကစားကွက်ကို ချမှတ်တယ်။ မန်နေဂျာက စနစ်နဲ့ကစားကွက်ကို အကောင်အထည်ဖော်တယ်။ ဒါက ကျွန်တော်နားလည်တဲ့ခေါင်းဆောင်နဲ့ မန်နေဂျာကွာခြားချက်။ Phyo Paing @ Derek
ခေါင်းဆောင် နဲ့ မန်နေဂျာ Read More »
လူသားဖြစ်တဲ့ အတွေ့အကြုံကိုအပြည့်အဝ ယူနိုင်ဖို့လိုတယ်လို့ထင်တယ်။ ခန္ဓာကိုယ်အထိအတွေ့ အာရုံငါးပါးကြောင့်သာယာမှု။ လိုချင်တာရလိုက်တဲ့အတွက်ပျော်ရွင်မှု။ မထင်မှတ်ထားပဲ အံ့အားသင့်စေတဲ့အရာကြောင့်ဖြစ်တဲ့ပီတိ။ အာရုံကို အာဏာကုန်တစ်ခုတည်းမှာပဲ စိုက်ထားနိုင်တဲ့သမာဓိ။ စိတ်ကို မပျံ့လွင့်ပဲ ခန္ဓာကိုယ်ရဲ့လုပ်ရှားမှုတိုင်း အဖြစ်အပျက်တိုင်းကိုသိနေတဲ့ သတိပဋ္ဌာန်။ စာချင်တာစား၊ သွားချင်တာသွားပြီးအာရုံငါးပါးကိုလှုံ့ဆော်ပြီး တဒင်္ဂကောင်းမွန်မှုဟာသာယာမှုအတွေ့အကြုံ။ လိုချင်တာတွေရအောင်လုပ်တာပျော်ရွင်မှု။ရထားတာတွေ ပြန်လိုချင်အောင်တင်းတိမ်အောင်လုပ်တာစိတ်ပြီးပြည့်စုံချင်မှု။ ကိုယ်ကြိုးစား အားထုတ်မှု၊ လုပ်ရပ်ကြောင့်မထင်မှတ်ထားတဲ့ ရလဒ်၊ အကြောင်းဖြစ်တဲ့အခါခံစားရတဲ့ ပီတိ။ အလုပ်ကို စျာန်ဝင်ပြီးလုပ်နိုင်တာ၊တစ်ခုတည်းအာရုံစိုက် လုပ်ဆောင်တဲ့အခါသမာဓိ။ အမြဲ အိမ်ဆိုတဲ့ ခန္ဓာကိုယ်ကြီးကတခြားနေရာတွေကို အလည်သွားနေတဲ့စိတ်ကို အိမ်ကိုပြန်ခေါ်ပြီးသတိနဲ့ အဖြစ်အပျက်တွေကိုရှုနိုင်တာသတိပဋ္ဌာန်။ ကိုယ့်အနေနဲ့ လူဖြစ်တုန်းလူသားအတွေ့အကြုံကိုအပြည့်ခံစားသွားဖို့ လိုတယ်လို့ထင်တယ်။ Phyo Paing @ Derek
ဘဝဆိုတာ အတွေ့အကြုံတစ်ခုပဲ။ Read More »
နေ့တိုင်းအလုပ်လုပ်နေတာမဟုတ်ဘူး။နေ့တိုင်း တချို့လူတွေ အလုပ်လို့ခေါ်တဲ့ဂိမ်းကစားနေတာ။အလုပ်ကို ဂိမ်းတစ်ခုလို စွဲစွဲလမ်းလမ်းလုပ်တဲ့အခါဘဝက ပိုအထာကျလာလိမ့်မယ်။ Phyo Paing @ Derek
ဘဝက ပိုအထာကျလာလိမ့်မယ်။ Read More »
ဗုဒ္ဓအကြောင်းစဥ်းစားတဲ့ခါ တချက်တချက်သံဝေဂရတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေက လူ့ဘောင်မှာ အရေးမပါတာတွေကို အရာပေးနေကြတယ်။ မယုံကိုယ် အခုသေသွားကြည့်ဝမ်းနည်းကြောင်းတွေလာတင်ပြီးတစ်ပတ်နေ ကိုယ့်ကိုမေ့သွားပြီ။ ဒီတော့ ဘာကြောင့် တခြားသူတွေရဲ့ အထင်အမြင်ကြောင့်စိတ်ညစ်ခံနေမလဲ စဥ်းစားမိတယ်။ နောက်တစ်ခုက ရုပ်ဝတ္ထုပစ္စည်းတွေနဲ့အောင်မြင်မှုဆိုတဲ့ အရာတွေနောက်လိုက်တယ်။ရလေလို လေ အိုတစ္ဆေဖြစ်သွားမယ်။ ဒါကြောင့် အောင်မြင်မှုထက်ကိုယ့်သမိုင်းပေးတာဝန်နောက်လိုက်တာပိုကောင်းတယ်လို့စဥ်းစားမိတယ်။ နောက်ဗုဒ္ဓက အမြင်ရုပ်ဝတ္ထုတွေထက်စိတ်ကိုအဓိက ရှုမြင်နိုင်ဖို့ သင်ပေးသွားတယ်။ အမြင်ရုပ်ဝတ္ထုတွေဆိုတာ လူတွေရဲ့ စိတ်၊ စိတ်ကူးတွေကြောင့်ပေါ်လာတဲ့ အရာတွေ။ ဒါတွေက မာယာတွေပဲ။ နံရံပေါ်ပေါ်တဲ့ ပုံရိပ်တွေပဲ။ ဒါရဲ့နောက်ကွယ်က မီးမောင်းထိုးပေးတာကတော့ စိတ်ပဲ။ ဒါကြောင့်လဲ မြန်မာ့ဆိုရိုးမှာစိတ်သာရှင်စော ဘုရားဟောဆိုတာ ပြောခဲ့ကြတယ်လို့ထင်တယ်။ Phyo Paing @ Derek
စိတ်သာရှင်စော ဘုရားဟော Read More »