လူတွေရဲ့ စကားဝိုင်း
ဘဝအခြေအနေ မတူတဲ့လူတွေရဲ့ စကားဝိုင်းနားထောင်ကြည့်။ဆွေးနွေးတဲ့ အကြောင်းအရာတွေ မတူဘူး။ Phyo Paing @ Derek
ဘဝအခြေအနေ မတူတဲ့လူတွေရဲ့ စကားဝိုင်းနားထောင်ကြည့်။ဆွေးနွေးတဲ့ အကြောင်းအရာတွေ မတူဘူး။ Phyo Paing @ Derek
ဘဝကို ကိုယ်မပိုင်ခင် ဖြစ်ချင်တာဖြစ်ဖို့ မလုပ်ချင်တာကိုလဲ လုပ်။ ဘဝကိုကိုယ်ပိုင်လာတဲ့အခါလုပ်ချင်တာလုပ်။ ဖြစ်ချင်တာဖြစ်လိမ့်မယ်။ လုပ်ချင်တာကြီးပဲ လုပ်လာတာတော်တော်ကြီး ကြာပြီ။ Phyo Paing @ Derek
တိရိစ္ဆာန်တွေမှာ ကိုယ့်အတွေ့အကြုံကိုပညာရေးအနေနဲ့ လက်ဆင့်ကမ်းဖို့အခက်အခဲရှိကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း 1910 ကျော်မှာ အရာရှိ Cai Lun က စက္ကူတီထွင်ပြီးနောက်ပညာရပ်တွေကို လွယ်လွယ်ကူကူလက်ဆင့်ကမ်းသင်ပေးလို့ရသွားတယ်။ အခုလို အင်တာနက်နဲ့ ဒီဂျစ်တယ်ခေတ်မှာပိုကြမ်းသွားတာပေါ့။ ပညာသင်တယ်၊ စာအုပ်ဖတ်တယ်ဆိုတာ ကိုယ့်ရှေ့ကလူတွေရဲ့ အတွေ့အကြုံတွေတွေ့ရှိချက်တွေ၊ လေ့လာမှုတွေ၊သီအိုရီတွေ၊ စည်းမျဥ်းတွေ၊လုပ်ပုံကိုင်ပုံတွေကို လေ့လာတာ။ ဖြတ်လမ်းတွေရှိတာကို ဘာကြောင့် ဥာဏ်တုံးပြီး အရေးမပါတာတွေအတွက် အချိန်ကုန်ခံနေမလဲ။ Phyo Paing @ Derek
အင်္ဂလိပ်စကားပုံမှာ “An idle brain is the devil’s workshop” ဆိုတာရှိတယ်။ လူတွေက အလုပ်မလုပ်၊အလုပ်မပြီး၊ အားယားနေတဲ့အခါ ဘူကောင်ဖြစ်ဖို့ အလားအလာပိုများတယ်။ အဲ့အချိန်မှာ လူအများစုပွဲရှာနေတဲ့ကော်မန့်တွေက ကိုယ့်အတွက် “အိမ်” ဖြစ်နေတတ်တယ်။ မကျေနပ်ချက်တွေများ၊ မဖြစ်ချင်တာတွေ၊ မကျေနပ်ချက်တွေနဲ့မစင်မှာ ယင်နားသလိုဖြစ်နေတတ်တယ်။ တခါတလေ လူတိုင်းဟာသအနေနဲ့ပျော်ကြတာသဘာဝပါပဲ။ ဒါပေမယ့် တော်တော်လေးသတိထားရတယ်။ ကိုယ့်ကိုကိုယ် ပြန်သတိပေးတာ။ Phyo Paing @ Derek
အလုပ်မရှိတဲ့ လူ့အဖွဲ့အစည်းက
ပြဿနာတော်တော်များတယ်။ Read More »
လူတွေရဲ့ သဘောတရားအရတခြားသူတွေထက် သာနေမှပျော်တတ်တဲ့ ခံစားချက်superiority ရှိကြတယ်။ဒါက အော်စတိယျ စိတ်ပညာရှင်Individual Psychology ကိုဖန်တီးခဲ့တဲ့ဒေါက်တာ အဲလ်ဖက်အဒလာ Dr. Alfred Adler က ဆိုတယ်။ ကိုယ့်အဆောက်အဦးကို အမြင့်ဆုံးဖြစ်အောင်ဘေးကတိုက်တွေကို ဖြိုချဖို့ကြိုးစားတတ်တဲ့ သဘောတွေရှိတတ်ကြတယ်။ ဒီကောင်ကြည့်နေ။ဘယ်တော့ ပြုတ်ကျမလဲမသိဘူး။ ဒီကောင်အလကားပါကွာ။ ဘာများဖြစ်မှာမို့လို့လဲ။ သီအိုရီပဲသိတာတို့။ ဒီအဖျက်တွေ negativity တွေ၊ ဘူကောင်တွေရန်က အရင်ကျော်ရတယ်။ လီကာရှင်းပြောခဲ့သလိုလူတွေက သူတို့ထက်နည်းနည်းကျော်ရင်ကိုယ့်ကို မနာလိုဖြစ်ကြမယ်။အပုံကြီးသာသွားရင် အားကျကြလိမ့်မယ်တဲ့။ Phyo Paing @ Derek
မြန်မာစကားတချို့က
လူမှုဘဝဖြတ်သန်းမှုမှာ
တော်တော်ဒုက္ခပေးတယ်။ Read More »
ပိုက်ဆံထက်အရေးကြီးတဲ့အရာတွေအများကြီးရှိတယ်။အဲ့တာတွေလုပ်ဖို့ ပိုက်ဆံလိုတယ်။ Phyo Paing @ Derek
အကောင်းဆုံး ဆုံးဖြတ်ချက်တွေကရင်အရမ်းခုန်နေတဲ့အခါချထားမဟုတ်ဘူး။စိတ်အရမ်းညစ်နေတဲ့အခါ ချတာလဲမဟုတ်ဘူး။တည်ငြိမ်နေတဲ့အခါ ချတာ။ Phyo Paing @ Derek
သာမာန်ထက် ပြောင်မြောက်တဲ့ရလဒ်တွေရဖို့ ပထမဆုံးလုပ်ရမှာ“ကိုယ့်ကိုယ်ကို နားလည်အောင်ပဲ။” လူတိုင်းမှာ ငုတ်လျိုးပြီး မတူးဖော်ရသေးတဲ့စူပါ ပါဝါတွေ ရှိတယ်။တစ်ယောက်ရဲ့ တစ်ယောက်မတူကြဘူး။ ဒါကြောင့် လူတွေကို သွားပြိုင်စရာမလိုဘူး။ ဒီငုတ်လျိုးနေတဲ့ ပါဝါတွေကို ရှာဖွေပြီးကိုယ့်ရဲ့ အောင်မြင်ရေး ဖော်မြူလာကိုရှာပြီးအသုံံးပြုတာ အမြန်ဆုံးနည်းလမ်းပဲ။ Phyo Paing @ Derek
လူတိုင်းမှာ ငုတ်လျိုးပြီး မတူးဖော်ရသေးတဲ့စူပါ ပါဝါတွေ ရှိတယ်။ Read More »
ကိုယ့်စိတ်ထဲမှာ ဖြစ်စေချင်တဲ့ ပုံစံမျိုးအိုအသင်လောက “အကုန်” မဖြစ်လာတဲ့အတွက်စိတ်တိုင်းမကျတဲ့စိတ်ကို ဖျောက်ထားတတ်တဲ့ အကျင့်လိုတယ်။ ဖြစ်ပျက်နေတဲ့ထဲက “တစ်ခု” ကိုရွေးလိုက်။အဲဲ့ “တစ်ခု” ကို အကောင်းဆုံး အရင်လုပ်။ Phyo Paing @ Derek
ကိုယ့်ကိုကိုယ် ဂုဏ်ယူရတဲ့အမြဲပိုကောင်းအောင်လုပ်နေတဲ့ကုန်ပစ္စည်းတွေ ဖန်တီးပါ။ Phyo Paing @ Derek