My philosophy

အချစ်ဆိုတာ ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေခြင်းပဲ။

Love is the journey of self-discovery. လူတွေက မတူညီတဲ့သူတွေနဲ့တွေ့တိုင်းမတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေထွက်လာတယ်။ ဒီနေ့ခေတ်က အဘိုး၊ အဖေခေတ်မဟုတ်တော့လူတိုင်းက နှစ်ခါ၊ သုံးခါ ချစ်ကျွမ်းဝင်ဖူးကြတယ်။ မတူညီတဲ့ သူတွေနဲ့ တွေ့တိုင်းမှာကိုယ့်ရဲ့ ကောင်းတဲ့အချက်၊ ဆိုးတဲ့အချက်နဲ့ကိုယ်မထင်ထားတဲ့ အစွမ်းအစတွေထွက်ပေါ်လာတတ်တယ်။ မတူညီတဲ့သူတွေက မတူညီတဲ့ ဓာတ်vibes တွေပေးတယ်။ လူတွေက စဥ်းစားပုံလဲ မတူကြသလိုတချို့က အပေါ်ယံခတ်ကျယ်ကျယ် စဥ်းစားတယ်။တချို့က တစ်ခုကို ထဲထဲဝင်ဝင် စဥ်းစားတယ်။တချို့က ဆက်စပ်စဥ်းစားတယ်။ တချို့က လွတ်လပ်မှုပေးသလိုတချို့က လှုံခြုံမှုပေးတယ်။တချို့က ဝေဖန်အကြံအမြဲပြုသလိုတချို့က ကိုယ်ဘာလုပ်လုပ်မှန်တယ် ရပ်တည်ပေးတယ်။ လူတွေက အချစ်နဲ့တွေ့တိုင်းမှာ ကောင်းတဲ့ကိုယ်ရည်ကိုယ်သွေးဆိုးတဲ့ ကိုယ်ရည်ကိုယ်သွေးတွေထွက်လာတတ်တယ်။ ဒါကြောင့် Logotherapy ကိုထွင်တဲ့Dr. Viktor Frankl က Love is the only way […]

အချစ်ဆိုတာ ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေခြင်းပဲ။ Read More »

အိမ်မက်တွေကို အာရုံစိုက်ဖို့
အရေးကြီးတယ်

နှလုံးသားထဲက voice ကအပြင်ဆူညံသံ noise တွေထက်ပိုကျယ်မှရမယ်။စိတ်ရှည်ရမယ်။နေ့တိုင်းဘဝအတွက်ကျန်းမာရေး၊ အလုပ်အကိုင်၊ငွေရေးကြေးရေး၊ ပေါင်းသင်းဆက်ဆံရေးတိုးတက်နေရမယ်။လွယ်ကူတဲ့ အလုပ်တွေပဲလုပ်နေရင်ဘဝက ခက်ခဲလိမ့်မယ်။ခက်ခဲတဲ့အလုပ်တွေကို လုပ်ဆောင်အောင်မြင်ရင်ဘဝက လွယ်ကူသွားလိမ့်မယ်။ Phyo Paing @ Derek

အိမ်မက်တွေကို အာရုံစိုက်ဖို့
အရေးကြီးတယ်
Read More »

ထိန်းချုပ်မှု

ကိုယ့်ထိန်းချုပ်မှုအောက်မရှိတဲ့အရာတွေကိုကံတရားကို တာဝန်ပေးထားတယ်။ကိုယ်ထိန်းချုပ်နိုင်တာတွေကိုပဲအာရုံစိုက်မယ်လို့ သံဓိဌာန်ချထားတယ်။ Phyo Paing @ Derek

ထိန်းချုပ်မှု Read More »

အနာဂတ်အတွက် ကြိုပြင်

၁။ စမ်းသပ်မှုလုပ်ရမှာမကြောက်နဲ့။၂။ နေ့စဥ် ကိုယ့်ကိုကိုယ် train၃။ နေ့စဥ် ကိုယ့်ကိုကိုယ် ပြန်လေ့လာ။၄။ အနာဂတ်အတွက် ကြိုပြင် Phyo Paing @ Derek

အနာဂတ်အတွက် ကြိုပြင် Read More »

လူတွေက ကိုယ့်ပြဿနာ
ကိုယ်ဖြေရှင်းဖို့ ကြိုးစားကြတယ်

လူတွေက ကိုယ့်ပြဿနာကိုယ်ဖြေရှင်းဖို့ ကြိုးစားကြတယ်။စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ကြောင့်သမီးရည်းစား၊ လင်မယားထားကြတယ်။ခန္ဓာကိုယ်လိုအပ်ချက်၊စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်၊လူမှုရေးလိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ကြိုးစားကြတယ်။ လိုချင်တာ မရရင် ဒုက္ခပဲ။လိုအပ်တာ မရရင်လဲဒုက္ခပဲ။ဒါကြောင့် ဗုဒ္ဓက ဘဝဆိုတာ ဒုက္ခလို့ဆိုမိန့်ပြီး သစ္စာလေးပါးကိုဟောကြားတယ်။ဘဝဆိုတာ ဒုက်ခ၊ဒုက္ခဆိုတာ တပ်မက်မှုတဏှာကလာတယ်။ဒုက္ခတွေ ချုပ်ငြိမ်းရာရှိတယ်။ဒါကို နိဗ္ဗာန်လို့ခေါ်တယ်။ဒါကိုသွားဖို့ လမ်းရှိတယ်။ဒါကို မဂ္ဂင်ရှစ်ပါးလို့ခေါ်တယ်။ ဗုဒ္ဓရဲ့ ဘဝရဲ့ ပြဿနာတွေကိုဖြေရှင်းနည်းက တစ်မျိုးဖြစ်တယ်။လူတွေယုံကြည်ထားတဲ့ ဒုက္ခတွေကိုဒသင်္ဂသွားဖြေရှင်းတဲ့နည်းမဟုတ်ဘူး။ ကျွန်တော်တို့က ဗိုက်ဆာရင်စားတယ်။လိုချင်ရင် ဝယ်နိုင်အောင်ကြိုးစားတယ်။ရချင်ရင် ရအောင်နည်းလမ်းရှာပြီးကိုယ့် “ချင်တယ်” ဆိုတဲ့ စိတ်ထဲကပြဿနာကိုဖြေရှင်းတယ်။ ဗုဒ္ဓအနေနဲ့ကျတော့ လူတွေရဲ့ခဏတာ ပြဿနာတွေဖြေရှင်းဖို့ထက်ဒီပြဿာကြီးက ဘယ်ကစလဲဆိုတဲ့ဇစ်မြစ်ကို ရှာတယ်။ဒါဇစ်မြစ်ကို တစ်ခါတည်းဖယ်နိုင်အောင်လုပ်တယ်။ ကျွန်တော်တို့ဘဝမှာ အမြင်မမှန်တဲ့အတွက်အမှန်မမြင်တဲ့ အချိန်တွေအများကြီးပဲ။ဒါကြောင့် ဒုက္ခကအမြင်မမှန်တာကို ဒိဋ္ဌိ လို့ခေါ်တယ်။အယူမှား။အယူမှားဆိုတာ ဘာလဲဆိုရင်ကိုယ်ဖြေရှင်းချင်တဲ့ပြဿနာကိုပိုဝေးသွားစေတဲ့ အယူအဆ။ ဒါကတော့ တရုတ်ကြီးနားလည်တဲ့ဗုဒ်ဓဘာသာ။ Phyo Paing @ Derek

လူတွေက ကိုယ့်ပြဿနာ
ကိုယ်ဖြေရှင်းဖို့ ကြိုးစားကြတယ်
Read More »

လူသားတွေက သူတို့ပြဿနာကို
အကောင်းဆုံးဖြေရှင်းနိုင်ဖို့ကြိုးစားကြတယ်။

သွားရေးလာရေးပြဿနာကိုဖြေရှင်းဖို့တိရစ္ဆာန်တွေကို သုံးခဲ့ကြတယ်။နောက်ပိုင်း ကားတွေနဲ့ အစားထိုးတယ်။ လူတွေက အဆင့်မြင့်လာကြတယ်။ထပ်ခါထပ်ခါလုပ်ဆောင်ရတဲ့အလုပ်တွေကိုစနစ်ချပြီး အလိုအလျောက်စနစ်automation ကိုစက်တွေနဲ့လုပ်လာတယ်။ နောက်သူတို့ အစားထိုးဖို့ပြန်ကြိုးစားတယ်။အဲ့ဒီ အစားထိုးဖို့ကြိုးစားတဲ့သူက “လူ” ပဲ။ လူကဘာတွေလုပ်လဲ။လူတွေက ပြဿနာဖြေရှင်းတာတခြားသတ္တဝါတွေထက်တော်တယ်။ သွားရေးလာရေး သယ်ယူပို့ဆောင်ရေးအတွက်တိရစ္ဆာန်တွေကို အစားထိုးတယ်။ နောက် ယာဉ်ရထား၊ ကားတွေနဲ့ အစားထိုးတယ်။ဒီ ယာဉ်ရထား၊ ကားတွေကို မောင်းနှင်ဖို့အသိဥာဏ် ပညာလိုတယ်။ လူတွေက စွမ်းဆောင်ရည်ပိုင်းမှာစက်တွေလောက် မတိကျဘူး။စွမ်းဆောင်ရည်ပိုင်းမှာ စက်တွေလောက် မရပ်မနားမလည်ပတ်နိုင်ဘူး။ဒါကြောင့် ဒီလူတွေကို အစားထိုးဖို့မှတ်ဥာဏ်တု AI ကို ထွင်ကြတယ်။ ဒီတော့ လူတွေရဲ့ ပြဿနာတွေကိုမှတ်ဥာဏ်တု AI က ဖြေရှင်းတဲ့အခါကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ပါရင်ပါ၊ပေါင်းရင်ပေါင်း၊မဟုတ်ရင်ပြောင်းခံရမယ်။ ပါတယ်ဆိုတာ မှတ်ဥာဏ်တုတည်ဆောက်ရေးဖြစ်စဉ်ကနှစ်အတော်ကြာနိုင်တယ်။ဒီ အေအိုင်ကို တည်ဆောက်ဖို့Knowledge engineer တွေလိုမယ်။ နောက်သူနဲ့ပေါင်းစပ်တဲ့ဘဝ။Yuval Noah Harari ပြောသလိုHomo Deus

လူသားတွေက သူတို့ပြဿနာကို
အကောင်းဆုံးဖြေရှင်းနိုင်ဖို့ကြိုးစားကြတယ်။
Read More »

Law of Attraction & Law of Action

ဒီကားလေးဝယ်ချင်တယ်ဆိုတဲ့စိတ်ကတကယ်ဝယ်နိုင်တဲ့အခါ၊ ဒီလို အလုပ်လုပ်ချင်တယ်ဆိုတဲ့ စိတ်ကဒီအလုပ်လုပ်နိုင်သွားတဲ့အခါ၊ဒါတွေကို manifestations လို့ ခေါ်ကြတယ်။Law of attraction စိတ်ကူးလိုက်တဲ့အရာ ဖြစ်လာမယ်လို့ တချို့က ဆိုကြတယ်။ ကျွန်တော်ကတော့ လိုချင်တာဖြစ်ဖို့ ဥပဒေသ နှစ်ခုလိုတယ်လို့ထင်တယ်။၁။ Law of attraction မြင်ကြည့်၊ ခံစားကြည့်၊ ယုံကြည်ကြည့်အပြင်၂။ Law of action တကယ်လုပ်ကြည့် Phyo Paing @ Derek

Law of Attraction & Law of Action Read More »

တစ်ခုခုဆိုသိပ်ကြောက်မနေနဲ့

အရာရာရှုံးသွားလဲ အရင်းပဲဖြစ်နိုင်တယ်လို့စဉ်းစားလို့ရနိုင်တယ်။အတွေ့အကြုံကတော့ အမြတ်ပေါ့။ဒါကြောင့် တစ်ခုခုဆို သိပ်ကြောက်မနေနဲ့။ Phyo Paing @ Derek

တစ်ခုခုဆိုသိပ်ကြောက်မနေနဲ့ Read More »

ကိုယ့်လုပ်ငန်း ကိုယ့်ဘဝက
ကိုယ့်ဥာဏ်ရှိသလောက်တိုးတက်တာပဲ။

ကိုယ့်မှာ ရည်မှန်းချက်ပန်းတိုင်တစ်ခု၊အိမ်မက််တစ်ခုရှိလာတဲ့အခါ၊ဒီရည်မှန်းချက်ပန်းတိုင်၊ ဒီအိမ်မက်နဲ့ လက်တွေ့ဘဝကြားမှာကွာဟမှု တစ်ခုရှိလာပြီ။ ဒီကွာဟမှုကို ပိတ်ဖို့ ဘယ်လိုလမ်းကြောင်းတွေနဲ့သွားမလဲ၊ဘာအတားအဆီးတွေရှိလဲဆိုတဲ့ပြဿနာဖြေရှင်းမှုတွေကိုလုပ်ဆောင်ရပြီ။ ဒီလိုပြဿနာတွေတစ်ခုချင်းဖြေရှင်းပြီးရည်မှန်းချက်ပန်းတိုင်ရောင်အောင်သွားဖို့ ၁။ စိတ်နေသဘောထား၊ ယုံကြည်မှု၊ အခြေခံအယူအဆ၂။ ပြဿနာကို ချဥ်းကပ်ဖြေရှင်းပုံ၃။ မြန်ဆန်မှုနဲ့ စိတ်ရှည်မှု ၄။ သင်ခန်းစာယူမှု ဒီလေးခုလိုတယ်။ သင်္ချာတောင် unseen ဆိုကြောက်အောင်သင်ခဲ့ရတဲ့ ကျောင်းတွေနဲ့ ပြီးခဲ့တဲ့သူတွေဆိုတော့မမြင်ဖူးတဲ့ ဘဝပြဿနာကို အဖြေမရှာနိုင်တာအားငယ်စရာတော့ မဟုတ်ဘူး။ ဒါတွေက မျက်စိကိုဖွင့်၊ နားကိုစွင့်၊ အမြင်ကျယ်ကျယ်ထားလေ့လာရင် လေ့လာလို့ရတယ်။ ကိုယ့်လုပ်ငန်းရှေ့မရောက်တာ ပြဿနာဖြေရှင်းနိုင်စွမ်းမရှိတဲ့ problem-solving အားနည်းတဲ့ မန်နေဂျာနဲ့ ဝန်ထမ်းတွေကြောင့်ဆိုရင်မမှားဘူးလို့ယူဆတယ်။ Phyo Paing @ Derek

ကိုယ့်လုပ်ငန်း ကိုယ့်ဘဝက
ကိုယ့်ဥာဏ်ရှိသလောက်တိုးတက်တာပဲ။
Read More »