My philosophy

Mental Model

လူတွေက စဥ်းစားတဲ့ mental model မတူကြဘူး။ သာမာန် အခြေခံဝန်ထမ်းတစ်ယောက်စဥြးစားတာ၊ မန်နေဂျာတစ်ယောက်စဥ်းစားတာ၊ လုပ်ငန်းရှင်တစ်ယောက်စဥ်းစားတာ မတူသလို၊တော်တဲ့ ဝန်ထမ်း၊ တော်တဲ့ မန်နေဂျာ၊ တော်တဲ့ လုပ်ငန်းရှင်စဥ်းစားတာနဲ့ သာမာန်ဝန်ထမ်း၊ သာမာန် မန်နေဂျာ၊ သာမာန် လုပ်ငန်းရှင်စဥ်းစားတာမတူဘူး။ အလားတူပဲအလုပ်မဖြစ်တဲ့ ဝန်ထမ်း၊ အလုပ်မဖြစ်တဲ့ မန်နေဂျာ၊ အလုပ်မဖြစ်တဲ့လုပ်ငန်းရှင် စဥ်းစားတာလဲမတူကြပြန်ဘူး။ ကိုယ်စဥ်းစားတာ မှန်မမှန်ဘယ်လိုသိနိုင်မလဲ။ လုပ်ငန်းရှင်ဆို ကိုယ့် financial statementsကြည့်လိုက်ရင် ရှင်းနေတာပဲ။ မန်နေဂျာဆိုလဲ လုပ်ငန်းကသတ်မှတ်ထားတဲ့ရည်မှန်းချက်ပန်းတိုင်ရောက်မရောက်ကြည့်လိုက်။သာမာန်အောက်ခြေဝန်ထမ်းဆိုလဲ ကိုယ်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်က လွန်ခဲ့တဲ့ ခြောက်လနဲ့ အခုနဲ့ အတူတူပဲလားပြန်လိုက်လိုက်ရင် ရှင်နေမယ်။ Phyo Paing @ Derek

Mental Model Read More Âť

လုပ်ငန်းတွင်း ဘူဓာတ်ဖြန့်သူကို ထောက်လှမ်းပါ။

လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ မမှီဝဲနဲ့ ကင်းအောင်နေဆိုတဲ့အတိုင်းပဲ။ Jim Rohn ဂျင်ရွန်း က မင်းနဲ့ပေါင်းတဲ့ သူငါးယောက်ကိုပြမင်းက အဲ့ငါးယောက်ရဲ့ average မျှခြေပဲတဲ့။ ဒါက တော်တော်လေးမှန်တဲ့စကားဖြစ်တယ်။ အတွေးအခေါ်က ကူးစပ်တတ်တယ်။ ဒါကို လုပ်ငန်းတွင်းမှာဆို informal learning လို့ခေါ်တယ်။ ဘူဓာတ်ဖြန့်တဲ့ လူတစ်ယောက်ကြောင့်လုပ်ငန်းတစ်ခုလုံး ကမောက်ကမဖြစ်သွားနိုင်တယ်။ ဒါကြောင့် လုပ်ငန်းတစ်ခုအနေနဲ့၁။ ဘူဓာတ်ဖြန့်သူကို သိဖို့လိုတယ်။၂။ တော်တဲ့ team တွေနဲ့ ခွဲဖို့လိုတယ်။ ၃။ ပြင်ပေးဖို့လိုတယ်။၄။ ပြင်မရရင် ထုတ်ဖို့လိုတယ်။ လုပ်ငန်းတွင်း ဘူဓာတ်ဖြန့်သူကို ထောက်လှမ်းပါ။ Phyo Paing @ Derek

လုပ်ငန်းတွင်း ဘူဓာတ်ဖြန့်သူကို ထောက်လှမ်းပါ။ Read More »

လူတွေက ဆဲရင်းနဲ့
ဆင်းရဲသွားကြတယ်လို့
တဖက်သတ်ယူဆမိတယ်။

အားနေပြဿာနာကိုအဖြေမရှာပဲဟိုလူ့ထိုင်ဆဲ၊ ဒီလူ့ထိုင်ဆဲတာဟာတာဝန်ယူစိတ်နည်းတဲ့ အဓိပ္ပာယ်သက်ရောက်သလိုလိုဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ လောကမှာ ကိုယ်ဖြေရှင်းနိုင်တဲ့ပြဿနာ၊ ကိုယ်လုပ်နိုင်ခြေဘောင်ထဲမှာမရှိတဲ့ ပြဿနာတွေရှိတယ်။ လောကမှာ အရေးကြီးတာ ကိုယ်ထိန်းချုပ်နိုင်တာ၊ မထိန်းချုပ်နိုင်တာကိုရွေးထိန်းချုပ်နိုင်တာကို လုပ်။ မဟုတ်လို့ အားတိုင်း ဟိုလူ့ဆဲ၊ ဒီလူ့ဆဲဆို ဆဲရင်းဆဲရင်းနဲ့ ဆင်းရဲဆင်းရဲသွားတာမျိုးများဖြစ်နေနိုင်မလား။ စဥ်းစားကြည့်မိတာ ပြောပါတယ်။ 😀 Phyo Paing @ Derek

လူတွေက ဆဲရင်းနဲ့
ဆင်းရဲသွားကြတယ်လို့
တဖက်သတ်ယူဆမိတယ်။
Read More Âť

ကိုယ့်ကိုကိုယ် မှန်ထဲကြည့်ရင်

ပစ္စုပ္ပန် ကိုယ့်ကိုကိုယ်မြင်လိမ့်မယ်။မျက်စိမှိတ်လိုက် အနာဂတ်ကိုယ့်ကို မြင်နေဖို့လိုတယ်။ ဒါမှ ပိုကောင်းတဲ့ အနာဂတ်တည်ဆောက်ဖို့အကူအညီပြုမှာ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် မှန်ထဲကြည့်ရင် Read More »

အတိတ်က ကိုယ့်ကိုကိုယ် ပြန်မေ့ဖို့လိုတယ်။

လူတွေဒီနေ့ရောက်နေတဲ့နေရာကကိုယ့်ဘဝရဲ့ ရွေးချယ်မှုတွေရဲ့ရလဒ်ပဲ။ဒါကြောင့် ဘယ်သူမှ အပြစ်တင်နေလို့မရဘူး။ ပြီးခဲ့တာပြီးပြီ။ အတိတ်ကို အနာဂတ်အတွက်ဆုံးဖြတ်ခွင့်မပေးနဲ့။ လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲချင်ရင်အတိတ်က ကိုယ့်ကိုကိုယ် ပြန်မေ့ဖို့လိုတယ်။ Phyo Paing @ Derek

အတိတ်က ကိုယ့်ကိုကိုယ် ပြန်မေ့ဖို့လိုတယ်။ Read More »

Self-discipline

ကိုယ့်အတွေး၊ အာရုံ၊ အပြုအမူအကျင့်ကိုယ်တိုင်လွှမ်းမိုးနိုင်ဖို့ self-discipline လိုတယ်။ကိုယ့်ကိုကိုယ် ကတိမတည်ရင်ကိုယ့်ကိုကိုယ်လဲ မလေးစားသလိုတခြားသူလဲ လေးစားမှာ မဟုတ်ဘူး။ Phyo Paing @ Derek

Self-discipline Read More Âť

တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှု

လူတစ်ယောက်က တစ်ခုကိုတစ်ဖက်ကမ်းခပ်ကျွမ်းကျင်ရင်အာရုံကို တစ်ခုတည်းအပြည့်စိုက်ဖို့လိုကောင်းလိုနိုင်တယ်။ တစ်ကြိမ််မှာ တစ်ခုကိုထဲထဲဝင်ဝင်အာရုံစိုက်နိုင်မှတစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှုဆိုတာဖြစ်မှာ။ဗျာများနေလို့မရဘူး။ Phyo Paing @ Derek

တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှု Read More »

ဒါနဲ့ ဒီနေ့ train ပြီးပြီလား။

တခါတလေ ကိုယ့်အိမ်မက်ဖြစ်ချင်စောများရင်ကိုယ့်မှာရှိထားတဲ့အရာတွေကိုကျေးဇူးတင်စိတ်မရှိတာမျိုးဖြစ်တတ်ကြတယ်။ ကိုယ့်မှာရှိထားတာကိုလဲကျေးဇူးတင်တတ်ဖို့လိုတဲ့အချိန်တွေရှိသလိုကိုယ့်ရဲ့ အိမ်မက်တွေရောက်ဖို့ဆာလောင်မှုတွေကလဲလိုပြန်တယ်။ ဆန့်ကျင်ဖက်ဖြစ်နေသလိုဖြစ်နိုင်ပေမယ့်ပေါင်းစပ်လို့ရတယ်။ ကိုယ့်ဖြစ်ချင်တဲ့အရာတွေတဖြည်းဖြည်းကိုယ့်ဘဝထဲရောက်လာဖို့နေ့စဥ် train နေဖို့အရေးကြီးတယ်။ ဒါနဲ့ ဒီနေ့ train ပြီးပြီလား။ Phyo Paing @ Derek

ဒါနဲ့ ဒီနေ့ train ပြီးပြီလား။ Read More »

သမရိုးကျအတွေးအခေါ်နဲ့
အလုပ်မဖြစ်တဲ့ ရှေးရိုးစွဲသင်ကြားမှု

လောကမှာ ဒေါသအထွက်ဆုံးအချက်ကအဓိပ္ပာယ်မရှိ အလုပ်မဖြစ်တဲ့အတွေးအခေါ်တွေကို လက်ဆင့်ကမ်းတာပဲ။ စာကိုနှေးနှေးဖတ်မှ မှတ်မိမယ်။ဖြေးဖြေးနှေးနှေးဖတ်။မြန်မြန်မဖတ်နဲ့။ဒါမှ မှတ်မိမှာ။ မြန်မာလိုတွေး အင်္ဂလိပ်လိုရေး။​ ဒီပညာရပ်နဲ့ဘွဲ့ရထားတာဒါနဲ့ အသက်မွေးဝမ်းကြောင်းမပြုရင်နှမြောစရာကြီး။အလကားဖြစ်သွားမယ်။​ တော်သေးလို့ စာများများဖတ်၊ခရီးများများသွား၊လူများများနဲ့တွေ့မိလို့။ငါတို့ ပတ်ဝန်းကျင်ကသတ်မှတ်ထားတဲ့အယူအဆတွေက စောက်တလွဲဆိုတာသိတာ။ စာနှေးနှေးဖတ်တိုင်းနားလည်တဲ့နှုန်း၊ မှတ်မိတဲ့နှုန်းနဲ့ မဆိုင်ပါဘူး။ကိုယ့်ဦးနှောက်က စာကို process ဖတ်နိုင်စွမ်းနှေးနေတာပါ။စာကိုတစ်လုံး၊ တစ်လုံးက တစ်ကြောင်း၊တစ်ကြောင်းက တစ်ပိုက်၊တစ်ပိုက်က တစ်မျက်နှာဦးနှောက်ရဲ့ သတင်းအချက်ရယူနိုင်စွမ်းမတူပါဘူး။ဒါကိုလေ့ကျင့်ရပါတယ်။ ဒီလိုလေ့ကျင့်ဖို့ subvocalization လို့ခေါ်တဲ့စာလုံးတိုင်းကို စိတ်ထဲက အသံလိုက်ထွက်တာကိုရှောင်ဖို့ လေ့ကျင့်ရပါတယ်။ဘာကြောင့်လဲဆိုတော့ ငယ်ငယ်က“ညအခါ လသာသာ၊ ကစားမလား နားမလား”ဒီလိုစာကြောင်းတွေကို လိုက်ဆိုပြီးစိတ်ထဲက အသံထွက်ဖတ်တာအကျင့်ဖြစ်လာလို့ပါ။ နောက်တစ်ခုကမြန်မာလိုတွေး၊ အင်္ဂလိပ်လိုရေး။တရုတ်လိုပြောချင်ရင် တရုတ်လိုတွေးရပါတယ်။​မြန်မာလိုပြောချင်ရင် မြန်မာလိုတွေးရပါတယ်။အင်္ဂလိပ်ပြောချင်ရင် အင်္ဂလိပ်လိုတွေးရတယ်။ တွေးတဲ့ ဘာသာစကားမတူရင်တောင်ကိုယ်ရည်ကိုယ်သွေးမတူပါဘူး။Cognitive scientist သိပ္ပံပညာရှင်ဖြစ်တဲ့Lera Boroditsky ရဲ့ သုတေသနအရမတူညီတဲ့ဘာသာစကားကအတွေးကိုလွမ်းမိုးတယ်။အတွေးက ကိုယ်ရည်ကိုယ်သွေးကိုလွမ်းမိုးတယ်။ ဒါကို international school မှာEnglish

သမရိုးကျအတွေးအခေါ်နဲ့
အလုပ်မဖြစ်တဲ့ ရှေးရိုးစွဲသင်ကြားမှု
Read More Âť

ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ
ကြားထဲမှာ လုပ်

ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကြားထဲမှာ လုပ်။တချို့တွေက ဖြစ်နိုင်တာကိုလုပ်တဲ့။ဖြစ်နိုင်တဲ့အရာတွေကကိုယ့်ကို ရင်မခုန်စေဘူး။မဖြစ်နိုင်တဲ့အရာတွေကျတော့ကိုယ်နဲ့ဝေးနေသလို ခံစားရတယ်။ဒီတော့ ဖြစ်နိုင်တာနဲ့မဖြစ်နိုင်တာကြားထဲကိုလုပ်တာကောင်းတဲ့ မဟာဗျူဟာတစ်ခုဖြစ်နိုင်တယ်။ Phyo Paing @ Derek

ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ
ကြားထဲမှာ လုပ်
Read More Âť