My philosophy

စိတ်ထားတတ်ဖို့က ဖြေဆေးပဲ။

တချို့လူတွေကိုငယ်ငယ်တုန်းက အမေ၊ အဖေက ကိုယ့်ကို ကောင်းစေချင်တော့အမြဲ ဝေဖန်ခံရတတ်တယ်။ ကောင်းတဲ့အချက်၊ တော်တဲ့အချက်ကိုချီးကျူးလိုက်ရင် စမာန်တက်သွားမယ်ဆိုပြီးကောင်းတဲ့အချက်ကို အသိအမှတ်ပြုတာရှားတယ်။ အသက်ကြီးလာတဲ့အခါ တစ်ခုခုဆို ငါလုပ်လိုက်တာမှားသွားပြီကွာဆိုတဲ့ guilty အပြစ်တင်စိတ်နဲ့ ကြီးပြင်းလာတယ်။ ကိုယ့်ရဲ့ဖြစ်တည်မှုကို ဂုဏ်ယူတတ်တဲ့စိတ်နည်းသွားတယ်။ တစ်ခုခုလုပ်လိုက်ရင် ငါမှားသွားပြီလားမသိဘူး။ငါလုပ်တာပြောတာ မှားသွားပြီလားမသိဘူးဆိုတဲ့အတွေးက အထပ်ထပ် ဒုက္ခပေးတယ်။ ဘဝပျက်တယ်ဆိုတာ အဲ့မှာ စတင်တာပဲ။ ဒီအချက်ကိုပြောင်းလဲနိုင်တဲ့အခါအဲ့အချိန်မှာ၊ အဲ့အသိဥာဏ်နဲ့ အကောင်းဆုံးလုပ်လိုက်တာပဲဆိုတဲ့စိတ်ထားတတ်ဖို့က ဖြေဆေးပဲ။ Phyo Paing @ Derek

စိတ်ထားတတ်ဖို့က ဖြေဆေးပဲ။ Read More »

ဘဝဆိုတာ တိုက်ပွဲပဲ။

နေ့တိုင်း စိတ်အာရုံထွေပြားစေမည့်အရာတွေနဲ့တိုက်ပွဲဝင်နေရတယ်။လုပ်သင့်ပြီး မလုပ်ချင်တဲ့အရာတွေလုပ်ဖို့တဒင်္ဂစိတ်ဆန္ဒနဲ့ တိုက်ပွဲဝင်ရတယ်။ကိုယ်ထင်ထားသလိုမဖြစ်တဲ့အခါလဲစိတ်ကိုလျော့ စိတ်ထားတတ်ဖို့ကလဲလိုတယ်။ Phyo Paing @ Derek

ဘဝဆိုတာ တိုက်ပွဲပဲ။ Read More »

စိတ်ညစ်ရင်လဲ အကြာကြီးမညစ်နဲ့။

အနိုင်ရရင်လဲ အကြာကြီးအောင်ပွဲမခံနဲ့။ ဘဝက တိုတိုလေး။ ရှေ့ဆက်ရမှာတွေက ရှိသေးတယ်။ အောင်မြင်မှုဆိုတာ အိမ်ငှားသလိုပဲအိမ်ငှားခမပေးနိုင်ရင် ကျန်ခဲ့မှာ။ ကိုယ့်ဘဝကိုယ်အမြဲတက်လမ်းရှာနေတဲ့သူနဲ့ဘဝကိုရေစုန်မြောနေတဲ့သူ ကြာရင်ကွာသွားမှာပဲ။ Phyo Paing @ Derek

စိတ်ညစ်ရင်လဲ အကြာကြီးမညစ်နဲ့။ Read More »

Buyer with Power အများစုက
ကိုယ့်အလုပ်ကို ပိုစိတ်ဝင်စားကြတယ်

မားကတ်တင်းသမားဆိုတော့လူတွေကို ခွဲခြမ်းစိတ်ဖြာရတယ်။အဆင့်အတန်းမခွဲနဲ့ဆိုတာမားကတ်တင်းမှာ လုပ်လို့မရဘူး။ရောင်းတဲ့ကုန်ပစ္စည်းပေါ်မူတည်ပြီးဝယ်နိုင်တဲ့လူတန်းစားကွာတဲ့အတွက်စိတ်မကောင်းပေမယ့်ဒီ ခွဲခြားမှု segmentation ကြီးကိုလုပ်ရတယ်။ ဒါကနေ တွေ့ရှိချက်အကြီးကြီးတစ်ခုသွားတွေ့တယ်။ဘဝမှာ စျေးထဲမှာ ဆိုင်ရှေ့ဖြတ်သွားတဲ့သူတွေကို ”ဘာရှာမလဲမေးပြီး”မြင်းခေါင်းစွပ်ကျယ်၊ သော့ပုဆိုးရောင်းခဲ့ဖူးသလို၊ဖုန်းကဒ်၊ ငွေဖြည့်ကဒ်၊ ဖုန်း software ရောင်းဖူးတယ်။ဆေးကုဖူးတယ်။အလုပ်ခွင်ဝင်တဲ့သူတွေ၊လုပ်ငန်းအငယ်၊ အလတ်၊ အကြီး၊ အကြီးကြီးမျိုးစုံကိုရောင်းလာရင်းနားလည်လာတာမားကတ်တင်းမှာပါတဲ့AOI ဆိုတာ ရေလည်အရေးပါတာ။ A ဆိုတာ စိတ်နေသဘောထား attitudeO ဆိုတာ အထင်အမြင် opinionI ဆိုတာ စိတ်ဝင်စားမှု interest Buyer with Power အများစုကကိုယ့်အလုပ်ကို ပိုစိတ်ဝင်စားကြတယ်။Mind Your Own Business (MYOB) ကိုလက်ကိုင်ထားကြတယ်။ကိုယ်နဲ့ဆိုင်တဲ့အရာတွေမှာ အာရုံကျက်စားတာများတယ်။နောက်တစ်ခုက Speed of Implementation (SOI)သိပြီးတဲ့အရာကို အသုံးချမှုပိုင်းမှာမြန်တယ်။တစ်ခုခုဆို ပြဿနာပေါ်မှာခံစားပြီးစိတ်ညစ်နေတာထက် သင်ခန်းစာယူတယ်။What can I learn from this?ဒီ lesson

Buyer with Power အများစုက
ကိုယ့်အလုပ်ကို ပိုစိတ်ဝင်စားကြတယ်
Read More »

အရေးမပါတာတွေကို
အရာမပေးတော့ဘူး။

ဘဝမှာအသက်အရွယ်တစ်ခုရောက်လာတဲ့အခါဘာအရေးကြီးလဲ၊ဘာမအရေးမကြီးဘူးလဲသိလာကြပြီ။ ဘဝမှာ ဘာက အဓိကကျလဲ၊ဘယ်အရာကအဓိကမကျဘူးလဲသိလာပြီ။ ကျန်းမာရေးအရေးကြီးတယ်။ကိုယ့်ကိုကိုယ် နားလည်ဖို့အရေးကြီးတယ်။ကိုယ့်ရဲ့အားသာချက်အပေါ်အခြေခံပြီးလုပ်ငန်းတည်ဆောက်ဖို့အရေးကြီးတယ်။အရေးမပါတာတွေကို လျစ်လျူရှုနိုင်ဖို့အရေးကြီးတယ်။ကိုယ်လိုချင်တဲ့ ဘဝနေထိုင်မှုပုံစံတည်ဆောက်ဖို့ အရေးကြီးတယ်။ ဒီနေ့ဖတ်ဖြစ်တဲ့စာအုပ်က Essentialism တဲ့။အဓိက ကျတာတွေကို အဓိကလုပ်ဖို့အပိုင်းလေးပိုင်း ပိုင်းထားတယ်။​Essence, Explore, Eliminate, Execute တဲ့။ လူတိုင်းရွေးချယ်မှုပြုလုပ်ရတယ်။​ရွေးချယ်ပိုင်ခွင့်ရှိတယ်။လူတိုင်းမှာ “no” လို့ပြောနိုင်တဲ့အခွင့်အရေးရှိတယ်။အခုအလုပ်ကို မကြိုက်ဘူးလား။“no” လို့ပြောလို့ရတယ်။ဒီအချက်ကို ကျွန်တော်တို့မေ့နေတတ်တယ်။ ကျွန်တော့်ဘဝမှာလဲ ဒီအချက်ကိုသိတော့တချို့အရာတွေကို “no” လို့ပြောခဲ့တယ်။ကိုယ်ဘွဲ့ရတဲ့ဘွဲ့နဲ့ အသက်မွေးတယ်မမွေးမယ်ဆိုတာ ကိုယ့်ရဲ့ရွေးချယ်မှုပဲ။ကိုယ်အသုံးပြုမည့် စီးပွားစီမံခန့်ခွဲမှုပုံစံကကိုယ့်ရဲ့ ရွေးချယ်မှုပဲ။ကိုယ့်လုပ်ငန်းလည်ပတ်ဖို့ စီးပွားရေးပုံစံကကိုယ့်ရဲ့ ရွေးချယ်မှုပဲ။ဒီ ရွေးချယ်မှုပြုလုပ်နိုင်စွမ်းရှိတယ်ဆိုတာသိလိုက်တဲ့ အချိန်ကစလို့ဘဝက ပိုမိုက်လာတယ်။ နောက်တစ်ချက်က အရေးမပါတာတွေကိုအရာမပေးဖို့။ကိုယ်လိုချင်တဲ့ရလဒ်ရဖို့ ဘာတွေလိုမလဲ။ဘာတွေ လုံးဝမလိုဘူးလဲ။ဘာတွေ သိပ်မလိုဘူးလဲ။မလိုတာတွေဖြုတ်။ဒီအတွေးအခေါ်နဲ့ပဲသွားတယ်။အဓိကမကျတာတွေကို ဖြုတ်ထားလိုက်တယ်။​ နောက်ဘဝမှာ No တွေအများကြီးပြောရတယ်။ဒီ trade-off တွေလုပ်ရတယ်။လူရယ်လို့ဖြစ်လာရင် ပြဿနာရှိမှာပဲ။ကိုယ်က ဘယ်ပြဿနာကိုဖြေရှင်းဖို့ရွေးချယ်မလဲက အဓိကကျတယ်။ဆရာဝန်လုပ်ရင် လူနာရဲ့ရောဂါပြဿနာကိုဖြေရှင်းပေးရမယ်။စီးပွားရေးအကြံပေးလုပ်ရင်လုပ်ငန်းတိုးတက်ရေးအတွက် စိန်ခေါ်မှုကိုဖြေရှင်းပေးရမယ်။​Which problem

အရေးမပါတာတွေကို
အရာမပေးတော့ဘူး။
Read More »

လူတွေ Homo Sapien ကနေ
Homo Deus တွေဖြစ်လာနိုင်တယ်

တချိန်ကျရင် အားလာဒင်မီးခွက်တော့ရပါရဲ့လိုရာဆုတောင်းဆိုတော့ဘီလူးကို သူနားလည်တဲ့စကားနဲ့ဆုမတောင်းတတ်တော့ တိုင်ပတ်တဲ့နေအုံးမယ်။AI ခေတ်မှာ essay ရေးတာ၊ခိုင်းစေတာတွေကို သာမာန်လူတိုင်းလုပ်လာနိုင်တဲ့အခါဘာသာစကား မတတ်တဲ့အတွက်ကြောင့်အများကြီး ပြတ်ကျန်သွားနိုင်တယ်။ ကိုယ်တွေငယ်တုန်းက International Schoolမတက်လဲ ဘားမှမဖြစ်သလိုအကုန်လုံးက ရှင်မဟာရဋ္ဌသာရရှင်မဟာသီလဝံသတို့ ကဗျာစပ်ပြီးခေတ်ပြိုင်တွေနဲ့ ရေသယ်ပြဇာတ်နဲ့ကြီးလာကြတာကြီးပဲ။ခွာခြားချက်က အရမ်းမများဘူး။ နောက်ပိုင်းကျရင် လူတွေမှာအလွှာစုံဖြစ်သွားနိုင်တယ်။ဒါတောင် genetic editing တို့မှာကျင့်ဝတ်အရ တားမြစ်ထားလို့။မဟုတ်ရင် ချမ်းသာသူတွေမွေးတဲ့ကလေးက HIV မကူးတတ်တာတို့၊ပိုချော၊ ဥာဏ်ကောင်းတဲ့ကလေးမွေးတာတို့Yuval Noah Harari ပြောသလိုလူတွေ Homo Sapien ကနေHomo Deus တွေဖြစ်လာနိုင်တယ်။ အခုက AI အဆင့်ပဲရှိသေးတယ်။အနာဂတ်အတွက် “အ” သုံးလုံးကျေဖို့အင်တာနက်၊ အင်္ဂလိပ်နဲ့ အားတီ သို့ အားမေတွေကိုသေချာလေ့လာထားဖို့လိုတယ်။ 😂 Phyo Paing @ Derek

လူတွေ Homo Sapien ကနေ
Homo Deus တွေဖြစ်လာနိုင်တယ်
Read More »

အကန့်

တခြားသူ ဘူတာတွေ ကိုယ့်မကူးဖို့ဘဝမှာ အကန့်လေးတွေလိုတယ်။ဘော်ဒါ ကဏ္ဍမှာလဲ အကန့်လေးတွေရှိတယ်။အသိ၊ မိတ်ဆွေ၊ သူငယ်ချင်းမတူတဲ့ အကန့်လေးတွေရှိတယ်။ သာမာန်ဝန်ထမ်း၊ အရေးကြီးဝန်ထမ်း၊ လူယုံ အကန့်လေးတွေပြန်ရှိတယ်။ ဝယ်သူ၊ ဖောက်သည်၊ အရေးကြီးဖောက်သည်၊ပထမဦးစားပေးဖောက်သည်အကန့်တွေ မတူပြန်ဘူး။ သမီးရည်းစား၊ လင်မယား၊ မိသားစုအကန့်တွေရှိတယ်။ ကိုယ်လဲ တောင်ပေါ်မြို့လေးမှာကြီးလာတာပဲ။လူတွေ ခေတ်မှီလာလေ ပြောသင့်၊ မပြောသင့်တဲ့ အကန့်လေးတွေအထာလေးတွေ သိလာလေပဲ။ မြန်မာပေါကားကြည့်တာနဲ့ ကိုရီယားကြည့်တာ ကွာသလိုပဲ။အံ့အားသင့်ရင် အာကြီးအာကျယ်နဲ့ဟင် ဟုတ်လား၊ ဟား၊ အဲ အတင်းပြောဝင်ပါတဲ့မြန်မာပေါကားနဲ့ ကိုရီးယားလို အမူအရာလေးနဲ့ပြတာနဲ့အထာလေးတွေ ကွာတယ်။ ဘဝမှာ အသက်ကြီးလာလေပိုသိလာလေက ဘဝမှာအကြည်ဓာတ်အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့အကန့်တွေ ခြားထားဖို့လိုတယ်။ဒါမှ တစ်ခုခုဆို ဘဝတစ်ခုလုံးလာကူးစက် တိုင်မပတ်မှာ။ အကန့်မတူရင် ကိုယ်သိစေချင်တဲ့ သတင်းအတိမ်အနက် မတူဘူး။ လူတိုင်းက ကိုယ့်အထာနဲ့ကိုယ်။ကိုယ့်အကန့်နဲ့ ကိုယ်ပဲ။တစ်ယောက်နဲ့ တစ်ယောက်ဘယ်အကန့်လဲဆိုတာ သိဖို့လိုတယ်။

အကန့် Read More »

ဘူကောင်တွေကိုရှောင်

ကိုယ်ကတော့ ပြတ်တယ်။ ဘဝမှာ သုံးလေးငါးခါ အခွင့်အရေးပေးတယ်။လိုက်မလာရင်ထားခဲ့မှာပဲ။ ဦးဆောင်နိုင်ရင် ဦးဆောင်မဦးဆောင်နိုင်ရင် ပြောတဲ့အတိုင်းလိုက်ခဲ့။ ဘာ Relationship ပဲဖြစ်ဖြစ်အဆင်မပြေကြတာFixed mindset ရှိတဲ့သူတွေကြောင့်။ ဘဝမှာ လွတ်ချသင့်တဲ့အရာတွေလွတ်ချသင့်ရင် လွတ်ချရမှာပဲ။ ရှေ့ဆက်ရမည့် အနာဂတ်တွေအများကြီးကျန်သေးတယ်။ စောက်ပိုတွေပြောပြီး ဆင်ခြေတွေနဲ့ဒရာမာတွေခင်းနေရင် မပြီးတော့ဘူး။ ဘူကောင်တွေကိုရှောင်ဆိုတာ အဲ့ကဖြစ်လာတာ။ Phyo Paing @ Derek

ဘူကောင်တွေကိုရှောင် Read More »