My philosophy

ကိုယ့်ကိုကိုယ် ဘယ်လိုမြင်တယ်။ ကိုယ်ဘယ်သူ၊ ဘာလုပ်၊
ကိုယ့်ကို ဘယ်လိုဆက်ဆံရမယ်
ဒါက စံနှုန်းပဲ။

ဘဝမှာ ကိုယ်သတ်မှတ်ထားတဲ့စံနှုန်းတွေကို အများကြီးနိမ့်ချပြီးကိုယ်ချစ်တဲ့လူတစ်ယောက်အတွက်စတေးခဲ့ရတဲ့ အချိန်တွေ လူတိုင်းမှာ ရှိတတ်ကြတယ်။ နောက်ပြီး အချိန်တစ်ခုရောက်တဲ့အခါမထူးဇာတ်ခင်းတာ ပြဿနာဖြေရှင်းတာမဟုတ်ဘူးဆိုတာ သိလာတဲ့အချိန်တစ်ခုရှိတယ်။ ဘဝမှာ တန်ဖိုးအရှိဆုံးက အချိန်တွေပဲ။ ကိုယ်သတ်မှတ်ထားတဲ့ စံနှုန်းတွေကို ရိုက်ချိုးလိုက်ဖို့ ဘယ်တော့မှ မစဥ်းစားနဲ့။ လူတစ်ယောက်ရဲ့ တန်ဖိုးက သူ့ကိုယ်သူ သတ်မှတ်ထားတဲ့ စံနှုန်းပဲ။ ကိုယ့်ကိုကိုယ် ဘယ်လိုမြင်တယ်။ ကိုယ်ဘယ်သူ၊ ဘာလုပ်၊ ကိုယ့်ကို ဘယ်လိုဆက်ဆံရမယ်ဒါက စံနှုန်းပဲ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ဘယ်လိုမြင်တယ်။ ကိုယ်ဘယ်သူ၊ ဘာလုပ်၊
ကိုယ့်ကို ဘယ်လိုဆက်ဆံရမယ်
ဒါက စံနှုန်းပဲ။
Read More Âť

ကိုယ်ဖြစ်ချင်တာတွေဖြစ်ဖို့

မလုပ်ချင်တာတွေလုပ်ရတဲ့အခိုက်အတန့်တွေရှိမယ်။ ပြီးရင်ကိုယ့်ကိုကိုယ်ကျေးဇူးပြန်တင်နေလိမ့်မယ်။ Phyo Paing @ Derek

ကိုယ်ဖြစ်ချင်တာတွေဖြစ်ဖို့ Read More »

high-performance ဖြစ်ဖို့

ချမ်းသာ၊ အောင်မြင်တာတွေ သာလူတွေပြောနေကြတာ။တကယ်တမ်းအများစုဖြစ်ချင်ကြတာအချိန်တိုင်းမှာ feel good နေလို့ထိုင်လို့ကောင်းချင်တာ။ ဒီလိုဖြစ်ဖို့ အလုပ်အပြင်၊ဖျော်ဖြည်ရေးတွေ၊ ခရီးသွားအလည်အပတ်၊လူတွေရဲ့အသိအမှတ်ပြု ဆုတံဆိပ်တွေ၊စျေးကြီးတဲ့အစားအစာနဲ့ ဇိမ်ခံပစ္စည်းတွေနောက်လိုက်ကြတယ်။ တချို့က ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်physiology ကို ပြုပြင်ဖို့ ကြိုးစားကြတယ်။အမြင်သာဆုံးကတော့ ကော်ဖီပေါ့။ကော်ဖီမှာ ကဖိန်းဓာတ်ပါတယ်။​ကဖိန်းဓာတ်က ခန္ဓာကိုယ်မှာပါတဲ့adenosine (အဒီနိုဇင်း) ကိုသွားပိတ်တယ်။​ဒီ adenosine ဆိုတဲ့ neurotransmitter ကခန္ဓာကိုယ်ကို ကြွက်သားတွေကိုလျော့ချပြီးအိပ်ချင်မှုကို ဖြစ်ပေါ်စေတယ်။ဒါကို ပိတ်လိုက်တော့ နိုးကြားမှုဖြစ်လာတယ်။ဒါပေမယ့် တခြားပြင်ပနိုးဆွတဲ့ဆေးဝါးတွေလိုပဲ ကြာလေ ဆေးမတိုးတော့လေဖြစ်လာတတ်တယ်။ သေချာသုံးတတ်ရင်တော့ bio hacking အပျော့စားအနေနဲ့ အသုံးပြုလို့ရတယ်။​ကဖီးဓာတ်က ခန္ဓာကိုယ်မှာ ၄ နာရီလောက်ခံတယ်။သူက ညနေအသုံးပြုမည့် စွမ်းအင်ကိုကြိုသုံးထားတာနဲ့ တူတယ်။​ဒါကြောင့် မနက်စောစောမှာ ကော်ဖီမသောက်ပဲနေ့လည်လောက်မှာ စွမ်းအင်ကျချိန်လောက်သောက်လို့ရသလိုခဏအိပ်စက်ခြင်းနဲ့ စနစ်ပေါင်းပြီးnappuccino (coffee + nap) လုပ်လို့ရတယ်။နေ့လည် စွမ်းအင်အနည်းဆုံးအချိန်ကော်ဖီသောက်ပြီး ၂၅ မိနစ်လောက်alarm

high-performance ဖြစ်ဖို့ Read More »

အားတိုင်း အပျော်တွေပဲ ခံစားနေရင် ပျော်ရွှင်မှုဆေးမတိုးတာမျိုးဖြစ်တတ်တယ်

ဆေးမသုံးပဲ နေ့စဉ်နေလို့ထိုင်လို့ကောင်းချင်ရင်ကိုယ့်ကို နေမသိထိုင်မသာဖြစ်စေတဲ့အရာတွေနဲ့ train ပါ။ ဥပမာ သတ်မှတ်အချိန်အတွင်းပဲအစားအစာ စားတာမျိုး။မောပန်စေတဲ့ လေ့ကျင့်ခန်းလုပ်တာမျိုး။စိတ်မပါတဲ့ သင်ခန်းစာတစ်ခုကို၁၅ မိနစ်လောက်ပေးလေ့လာတာမျိုး။မဖြစ်မနေ တရားဆယ့်ငါးမိနစ်လောက်ပေးထိုင်ကြည့်တာမျိုး။ အားတိုင်း အပျော်တွေပဲ ခံစားနေရင် ပျော်ရွှင်မှုဆေးမတိုးတာမျိုးဖြစ်တတ်တယ်လို့မြင်တယ်။ Phyo Paing @ Derek

အားတိုင်း အပျော်တွေပဲ ခံစားနေရင် ပျော်ရွှင်မှုဆေးမတိုးတာမျိုးဖြစ်တတ်တယ် Read More »

ရလဒ်တွေအတွက် မလောနဲ့။

လုပ်ရပ်တွေကိုတော့ လောလောလုပ်။ ကိုယ်တိုက်ရိုက်ထိန်းချုပ်နိုင်တာ လုပ်ရပ်။တိုက်ရိုက်ထိန်းချုပ်လို့မရတာ ရလဒ်။ Phyo Paing @ Derek

ရလဒ်တွေအတွက် မလောနဲ့။ Read More »

ဘူကောင်တွေကိုထားခဲ့ပြီးကတည်းက အခုတော့ ဘဝကြီးက ပိုပိုမိုက်လာတယ်။

ဘဝမှာ အချစ်သီချင်းတွေ အဓိပ္ပာယ်မရှိတဲ့အချိန်ရှိခဲ့ဖူးတယ်။ငါအသက်ကြီးသွားပြီလို့ ခံစားခဲ့ရဖူးတယ်။လူတွေကိုပြင်လို့မရတော့တဲ့အတွက်ဘဝကို ရေစုန်မြော စားချင်ရာစားပြီးဖက်တီးကြီးဖြစ်ခဲ့ဖူးတယ်။ပိုင်ဆိုင်တာတွေအကုန်စွန့်လွတ်ဘဝကို အသစ်ပြန်စဖူးတယ်။အရာရာထားခဲ့ပြီး နိုင်ငံခြားကို အပြီးဒိုးဖို့လဲအကြိမ်ကြိမ်စဉ်းစားခဲ့ဖူးတယ်။ ဘဝမှာ ကိုယ့်ကိုအရမ်းချစ်တဲ့သူတွေ့ဖူးသလိုကိုယ်အချစ်ဆုံးသူလဲကြုံဖူးတယ်။ကိုယ့်ကိုချစ်သလိုလိုနဲ့အမြတ်ထုတ်ဖို့ပဲသိတဲ့သူနဲ့လဲကြုံဖူးတယ်။ တဖြည်းဖြည်းနားလည်လာတာအဆင်ပြေရင် ရှေ့ဆက်။အဆင်မပြေရင် ၇ ကြိမ်အတ္တတွေဘေးဖယ်ပြီးပြင်ကြည့်။မရရင် ထားခဲ့လိုက်တော့။ ဘူကောင်တွေကိုထားခဲ့ပြီးကတည်းကအခုတော့ ဘဝကြီးက ပိုပိုမိုက်လာတယ်။ Phyo Paing @ Derek

ဘူကောင်တွေကိုထားခဲ့ပြီးကတည်းက အခုတော့ ဘဝကြီးက ပိုပိုမိုက်လာတယ်။ Read More »

ပုံကို ပြင်ဖို့
ပုံပြင်လိုတယ်။

ချမ်းသာတဲ့သူတွေ ပိုချမ်းသာတယ်။ တော်တဲ့သူတွေပိုတော်တယ်။ပျော်တဲ့သူတွေပိုပျော်တယ်ဆိုတာခေါင်းထဲမှာလည်ပတ်နေတဲ့ အတွေးစနစ်ကောင်းလို့။ ခေါင်းထဲထည့်ထားတဲ့ ပရိုဂရမ်တွေအရေးကြီးတယ်။အချိန်နဲ့အမျှ အတွေးတွေက ခေါင်းထဲဒရစက်ဝင်နေတယ်။ တစ်ရက်လူတစ်ယောက်ကအတွေးပေါင်း၁၂၀၀၀ ကနေ ၆၀၀၀၀ လောက်ထိတွေးကြတယ်တဲ့။ဒီအတွေးတွေကို လည်ပတ်စေတဲ့စနစ်ကိုသေချာ မတည်ဆောက်ထားရင်ဘဝက တိုင်ပတ်မှုအပေါင်းသရဖူဆောင်းသွားလိမ့်မယ်။ ဒီအတွေးတွေကိုပြောင်းဖို့ကိုယ့်ကိုကိုယ် ပြောနေတဲ့ပုံပြင်တွေကိုပြောင်းဖို့လိုတယ်။ ပုံကို ပြင်ဖို့ပုံပြင်လိုတယ်။ Phyo Paing @ Derek

ပုံကို ပြင်ဖို့
ပုံပြင်လိုတယ်။
Read More Âť

အတွေးအခေါ် ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။

လူဖြစ်ရတာ လွယ်တော့မလွယ်ဘူး။ကိုယ့်ခေါင်းထဲမှာ ပုံရိပ်တွေတစ်ခုပြီးတစ်ခုပေါ်နေတယ်။နားထဲတစ်ခုပြီးတစ်ခုကြားနေတယ်။ ကိုယ့်ကိုကိုယ် စကားပြောနေတတ်တယ်။ ဒီပုံတွေ၊ အသံတွေက ကောင်းရင်ကိုယ့်ဘဝကလဲ ကောင်းသွားတယ်။ ဒီပုံတွေ၊ အသံတွေက ဘေးဖြစ်စေခဲ့မယ်ဆိုရင်ကိုယ့်ဘဝလဲ တိုင်ပတ်သွားမယ်။ခေါင်းထဲထည့်တဲ့ အတွေးအခေါ်တွေတော်တော် အရေးကြီးတယ်။ အတွေးအခေါ် ဘေးချော်ရင်အရေးပေါ်ပြင်ဖို့လိုတယ်။ Phyo Paing @ Derek

အတွေးအခေါ် ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။
Read More Âť

ကိုယ့်ကိုကိုယ် လူကောင်းလို့
ဘယ်တုန်းကမှ မထင်ဘူး။

ကိုယ်နဲ့သိတဲ့လူတွေကတော့ကိုယ့်ကြောင့် အကျိုးမယုတ်စေရဘူးဆိုတဲ့ ယုံကြည်မှုကတော့ ငယ်ငယ်ကတည်းက ရှိတယ်။ ကိုယ်ဖန်တီးထားတဲ့အရာတွေကကိုယ်သေသွားလဲ ဆက်ရှိနေရမယ်။ ပီမိုးနင်းတို့၊ ဆရာကြီးရွှေဥဒေါင်းတို့၊ Jim Rohn တို့တွေကြည့်ကြည့်ဘယ်လောက်မိုက်လဲ။ သေသွားလဲ သူတို့အတွေးအခေါ်တွေရှင်ကျန်နေတယ်။ ကိုယ်တိုင်ကလဲ စက်ရုပ်တစ်ခုပဲ။ ကိုယ့်ကိုကိုယ် program လုပ်နေရတယ်။ ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်၊ အမူအကျင့်တွေက ခေါင်းထဲထည့်တဲ့ အတွေးတွေကဖြစ်လာတာဖြစ်တဲ့အတွက် အတွေးတွေက ရေရေလည်လည် အရေးကြီးတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် လူကောင်းလို့
ဘယ်တုန်းကမှ မထင်ဘူး။
Read More Âť

လူတွေကို စာနာတတ်ဖို့ အရေးကြီးတယ်။

လူတွေအကြောင်းပိုသိလာလေလေလူတွေကို ပိုစာနာတတ်လာလေလေ။ လူတိုင်းက ငယ်ဘဝနာကြင်မှုတွေနဲ့ကြီးပျင်းလာကြတာ။ဒါကို သတိမထားမိတော့ အသက်ကြီးလာတော့လဲ တိုင်ပတ်ကြတယ်။ ဒါကြောင့် NLP မှာ timeline therapy ဆိုတာရှိတယ်။ငယ်ဘဝ သို့ ပထမမှတ်ဥာဏ် SEE လို့ခေါ်တဲ့ Significant emotional event ကို သွားပြင်တာ။ လူတွေကို စာနာတတ်ဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

လူတွေကို စာနာတတ်ဖို့ အရေးကြီးတယ်။ Read More »