My philosophy

တက်ကျမ်း = Self-help

သေချာလေ့လာဖူးရင် တက်ကျမ်းလို့ခေါ်တဲ့self-help တွေရဲ့ သမိုင်းကြောင်းသိလိမ့်မယ်။ဒီ genre အမျိုးအစားပေါ်လာတာကလူတွေရဲ့ စိတ်ခံစားမှုတွေ၊ အချိန်တွေ၊ဘဝတွေ၊ ပေါင်းသင်းဆက်ဆံရေးတွေ၊ငွေကြေးစီမံခန့်ခွဲမှုတွေ၊ စဥ်းစားတွေးခေါ်မှုစနစ်တွေတိုးတက်လာဖို့ဖြစ်တယ်။ တက်ကျမ်းလို့ ပြောလိုက်ရင်comfort zone ထဲကထွက်လို့အော်တဲ့motivational speaker ငနဲလောက်မြင်တာ။​ အမှန်တော့ self-help တက်ကျမ်းရဲ့မူရင်းအဓိပ္ပာယ်က ကိုယ့်ပြဿနာကိုယ်ရှင်း။ကိုယ့်ပြဿနာကိုယ် သူတပါးအကူအညီမယူပဲဖြေရှင်းဖို့ ဖြစ်တယ်။ဆေးလိပ်စွဲတာ၊ အဆီပိတ်တာ၊အရက်စွဲတာ၊ အချိန်ဆွဲတာ၊ပျင်းရိပြီး ရည်မှန်းချက်ပျောက်နေတာဒါတွေကို ကိုယ်ထူကိုယ်ထဖြေရှင်းဖို့ဒီ genre အမျိုးအစားက ထွက်လာတာ။ ကျွန်တော်တို့ နိုင်ငံမှာတော့ပညာရပ်တစ်ခုခုဆို ထဲထဲဝင်ဝင်လေ့လာအသုံးချရမည့်အစား ပြစ်တင်ဝေဖန်ဟားတိုက်တတ်တဲ့ အကျင့်ကငယ်ကတည်းက အရိုးစွဲခဲ့တဲ့ကိုယ့်ကိုကိုယ် မသိတဲ့ သိမ်ငယ်စိတ်ကစတယ်။ သူများကြိုးစားပြီး ကိုယ်မကြိုးစားနိုင်ရင်၊သူများတွေ အောင်မြင်ပြီးကိုယ်အောင်မြင်အောင် မလုပ်နိုင်ရင်ဖြေတွေးလေး တွေးပြီး အပြီးတင်တတ်ကြတယ်။ဒီအမူအကျင့်က ဘဝကို ပျက်စီးစေနိုင်တယ်။​ အလကားပါကွာတို့။​ဟာသပါကွာတို့။အပိုတွေပါကွာ။​မြန်မာပြည်နဲ့ မကိုက်တာကိုပါကွာတို့။ တကယ်တမ်း self-help movement ကိုစတင်ခဲ့ပြီး New Thought Movement ခေတ်ကစဥ်းစားနည်းဖြင့်ချမ်းသာခြင်းThink […]

တက်ကျမ်း = Self-help Read More »

အကြည်ဓာတ်ပြန်ဖြည့် နေ့စဉ်ဖြတ်သန်းဖို့က
ကိုယ့်တာဝန်ပဲ။

စိတ်ခံစားမှုများရင် မဟာဗျူဟာကောင်းတွေထွက်လာဖို့ မလွယ်ဘူး။အရာရာကို အတတ်နိုင်ဆုံးစိတ်ခံစားမှု၊ ဘက်လိုက်မှုကင်းကင်းနဲ့မြင်နိုင်အောင်ကြည့်တယ်။ကိုယ့်ကိုကိုယ် ဒုက္ခရောက်စေမည့်အလုပ် ဘယ်တော့မှ မလုပ်ဘူး။ကိုယ့်အတွက် အကျိုးမရှိစေမည့်အတွေးအခေါ် ယုံကြည်မှုဘယ်တော့မှ ခေါင်းထဲမထည့်ဘူး။ဘဝကို ဘယ်လိုဖြစ်ဖြစ်နေ့စဉ် အကြည်ဓာတ်အပြည့်နဲ့ဖြတ်သန်းမယ်။ ကိုယ်ချစ်တဲ့သူတွေ သေသွားနိုင်တယ်၊ကွဲသွားနိုင်တယ်။ခြေထောက်ကျိုး၊ မျက်စိကန်းနိုင်တယ်။ဒါကိုယ်ထိန်းချုပ်လို့မရဘူး။ထိန်းချုပ်လို့ရတာ ကိုယ်ဘာတွေးလဲ၊ဘာကို အာရုံစိုက်လဲ၊ကိုယ်ဘယ်လိုခံစားရသလဲ၊ကိုယ်ဘာလုပ်မလဲပဲ။ဘာပဲဖြစ်ဖြစ်ဘဝကို ဒေါင်ကျကျ ပြားကျကျအကြည်ဓာတ်ပြန်ဖြည့် နေ့စဉ်ဖြတ်သန်းဖို့ကကိုယ့်တာဝန်ပဲ။ Phyo Paing @ Derek

အကြည်ဓာတ်ပြန်ဖြည့် နေ့စဉ်ဖြတ်သန်းဖို့က
ကိုယ့်တာဝန်ပဲ။
Read More »

ဒါတွေကို တမင်တကာ
ကျောင်းမှာ မသင်ပေးလိုက်ဘူး။

ပိုက်ဆံတွေ ကျိကျိတက်ချမ်းသာပြီးစိတ်ညစ်နေတဲ့ သူတွေမှ အများကြီး။ တချို့က BMW ပေါ်မှာ ငိုတာကစက်ဘီးပေါ်မှာ ရယ်နေတာထက်ပိုကောင်းတယ်လို့ ပြောကြတယ်။ဒါက တရုတ်ပြည်မက အတွေးအခေါ်။ တရုတ်ပြည်မက ဝိညာဉ်ပျောက်နေတဲ့နိုင်ငံ တစ်ခုပဲလေ။ ဘဝမှာ လူတွေရဲ့အထင်အမြင်မှာအသက်ရှင်နေသမျှ ကိုယ့်ရဲ့အစွမ်းအစ အစစ်အမှန်ကိုဖော်ထုတ်နိုင်မှာ မဟုတ်ဘူး။ ဘဝမှာ အရေးအကြီးဆုံးက တစ်ရက်တစ်ရက် ကိုယ်ဖြစ်ချင်တဲ့ပုံစံဖြတ်သန်းရင်း ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင််တွေဖြစ်လာဖို့ပဲ။ ဒီလိုဖြစ်လာဖို့ ကိုယ့်ကိုကိုယ်သိဖို့အရေးကြီးတယ်။ Self-awareness ရှိမှ ကိုယ်လိုချင်တာတွေကို အကောင်အထည်ဖော်နိုင်မှာ။ လိုချင်တဲ့ အပြုအမူတစ်ခုကို တည်ဆောက်ဖို့ self-awareness ကိုယ့်ကိုကိုယ် သေချာသိဖို့လိုတယ်။ သေချာသိဖို့ နေ့တိုင်း ကိုယ့်ကိုကိုယ်လေ့လာနေဖို့လိုတယ်။ဘယ်အချိန်ပျော်တတ်တယ်။ဘယ်အချိိန်စိတ်ညစ်တတ်တယ်။ဘယ်အချိန်လောဘတက်ပြီးဘယ်အချိန်စိတ်ညစ်တတ်တယ်။ ကိုယ်ဘဝမှာ ဖြစ်ချင်ပြီးမဖြစ်သေးတဲ့အရာတွေ၊ကိုယ့်ငယ်ဘဝဖြတ်သန်းမှုက ဒီနေ့အပြုအမူကိုလွမ်းမိုးနေတဲ့အချက်တွေကိုယ့်ကိုကိုယ် လေ့လာနေဖို့လိုတယ်။ ဒါတွေကို တမင်တကာ ကျောင်းမှာ မသင်ပေးလိုက်ဘူး။ Phyo Paing @ Derek

ဒါတွေကို တမင်တကာ
ကျောင်းမှာ မသင်ပေးလိုက်ဘူး။
Read More »

လူမှန်ရင် ပြဿနာရှိတယ်။

ပြဿနာမရှိတဲ့သူတွေက သင်္ချိုင်း မှာရှိတယ်တဲ့။ လူမှန်ရင် ပြဿနာရှိတယ်။ဒီပြဿာနာတွေက ကိုယ့်ကိုနောက်တစ်ဆင့်တက်စေမည့်လှေကားထစ်တွေပဲ။ ကျွန်တော်စဥ်းစားတာကတော့ပြဿနာမရှိရင်ဒါပြဿနာရှိနေပြီ။ ပိုနေမြဲ ကျားနေမြဲဖြစ်နေတဲ့ပြဿနာလဲ ဖြစ်နိုင်တယ်။ ရည်မှန်းချက်မြင့်သင့်သလောက်မမြင့်တဲ့ ပြဿနာလဲ ဖြစ်နိုင်တယ်။ ပြဿနာဆိုတာ ဖြေရှင်းဖို့။ ငြီးပြီး ဟိုလူ့အပြစ်တင်ဒီလူ့အပြစ်တင်ဖို့ မဟုတ်ဘူး။ Phyo Paing @ Derek

လူမှန်ရင် ပြဿနာရှိတယ်။ Read More »

ဘဝက ပေးတဲ့ သင်ခန်းစာတွေကို
ကျော်လွှားနိုင်ဖို့ အိမ်စာလုပ်နေဖို့လိုတယ်။

ဘဝက ကိုယ့်ကို ဆုလဒ်တွေပေးဖို့ကိုယ်နဲ့ ထိုက်တန်လား၊ မထိုက်တန်လားသိဖို့သင်ခန်းစာတွေ တစ်ခုပြီးတစ်ခုပေးတယ်။ဒီသင်ခန်းစာတွေကို ကျေညက်ပြီးနောက်တစ်ဆင့်တက်လေလေဆုလဒ်တွေ unlock ဖြစ်ပိုင်ဆိုင်ရ လေလေပဲ။ ဘဝက ပေးတဲ့ သင်ခန်းစာတွေကိုကျော်လွှားနိုင်ဖို့ အိမ်စာလုပ်နေဖို့လိုတယ်။ Phyo Paing @ Derek

ဘဝက ပေးတဲ့ သင်ခန်းစာတွေကို
ကျော်လွှားနိုင်ဖို့ အိမ်စာလုပ်နေဖို့လိုတယ်။
Read More »

ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။

သင်္ချာပုစ္ဆာတစ်ပုဒ်ကို နားမလည်ပဲတွက်တဲ့အခါ မှားတတ်ပါတယ်။ နားလည်ပြီးတွက်ရင်တောင်မှ မှားနိုင်ပါသေးတယ်။ တွက်ဖူးတဲ့ပုစ္ဆာထပ်တွက်တဲ့အခါ သတိမထားမိရင်လည်းမှားတတ်ပါသေးတယ်။ ဒါပေမယ့် ဒီ ပုစ္ဆာနဲ့ ရင်းနှီးလာတဲ့အခါ အမှန်တွေများလာပါမယ်။ ဘဝမှာ ဘယ်ပုစ္ဆာတွေ၊ ဘယ်ပြဿနာတွေကို အဓိကဖြေရှင်းမလဲစဉ်းစားပါ။ ဒီပြဿနာတွေဖြေရှင်းစဉ်မှာ အမှားလုပ်မိတာတွေကို အပြစ်မတင်ပါနဲ့။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။ Read More »

ဒါကတော့ subjective experience ပေါ့

လူတွေမှာ energy တွေရှိတယ်။ဒါကို ဖုန်းရွှေနဲ့ ရှေးတရုတ်တွေကframework တွေထုတ်ကြသလို၊မြန်မာမှာဆို ဓမ္မ၊သောက၊အင်း၀၊ရာဇာဒီလို အယူအဆမျိုးရှိကြတယ်။ ဒါဟာ လူတွေရဲ့ pattern-makingသဘောတရားကြောင့်Thinking fast and slow ရေးတဲ့စာရေးဆရာ Daniel Kahneman ပြောတဲ့System I အလုပ်လုပ်တာကြောင့်လဲဖြစ်နိုင်တယ်။ ကျွန်တော်ကတော့ ဒီ pattern ကိုတဖြည်းဖြည်းနားလည်လာတယ်။တချို့လူတွေနဲ့ တွေ့တဲ့အခါလောဘကြီးလာတတ်တယ်။တချို့လူတွေနဲ့တွေ့တဲ့အခါစိတ်ငြိမ်းချမ်းတာမျိုးဖြစ်တယ်။တချို့လူတွေနဲ့တွေ့တဲ့အခါလွတ်လပ်ပြီး တီထွင်ဆန်းသစ်မှုရှိလာတာမျိုးဖြစ်တယ်။ ဘဝမှာ ကြုံဆုံတဲ့သူတိုင်းနဲ့စကားပြောပြီးတဲ့အခါတိုင်းခံစားရတဲ့ energy နဲ့ကိုယ့်ကိုဖြစ်ပေါ်စေတဲ့အတွေးရသွားတဲ့ ရလဒ်နဲ့ ဒါတွေကိုအမြဲ မှတ်ထားတယ်။ အိုင်ဒီယာအသစ်တွေလိုနေရင်ဘယ်သူနဲ့ စကားပြောဖို့လိုတယ်၊လောဘကြီးချင်ရင်ဘယ်သူနဲ့ ဆက်သွယ်ဖို့လိုတယ်။ ဘယ်သူ့ကိုတော့ ဘယ်အချိိန်မှာမှဆက်သွယ်မယ်။ဒီလို သတ်မှတ်ထားတယ်။ ဥပမာ အမေ့ကို ဖုန်းဆက်ရင်အလုပ်တွေ အကုန်ပြီးတဲ့ညနေပိုင်းအချိန်မှာ ဆက်တယ်။အဓိက အကြောင်းအရင်းကအမေရဲ့ personality အရစိုးရိမ်တတ်ပြီး security-oriented ဖြစ်တဲ့energy ဖြစ်တဲ့အတွက်စွမ်းအင်တွေ စုပ်ယူသွားသလိုခံစားရတယ်။သူကတော့ ငါ့သားနဲ့စကားပြောပြီးရင်တက်ကြွလာတယ်တဲ့ 😀 နှစ်ပေါင်းများစွာကြာလာတဲ့အခါကိုယ့်ဘေးနားရှိတဲ့လူတွေရဲ့အားသာချက်နဲ့ energy

ဒါကတော့ subjective experience ပေါ့ Read More »

ကိုယ်လိုချင်တာ ရအောင်ရနိုင်တဲ့သူနဲ့
ဘေးထိုင်ဘုပြောတဲ့သူနဲ့ကြားကွာခြားချက် (၉) ချက်

၁။ Energy လူတွေမှာရှိတဲ့ energy မတူကြဘူး။တချို့က ပျင်းရိနေတာပဲ။ စကားပြောလိုက်ရင် လေသံကအစအားမရှိ၊ တက်ကြွမှုမရှိတဲ့လေသံ။ တချို့ energy က အရမ်းမြင့်တယ်။သူအခန်းထဲဝင်လာတာနဲ့ သူ့ energy ကို ခံစားလို့ရတယ်။ ၂။ Habits of Doing more than paid for ယူတာထက်ပိုပေးတာနဲ့ ပေးသလောက်ပဲ လုပ်မယ်နဲ့ ပေးသလောက်ထက် လျော့လုပ်မယ်။ဒီသုံးခုရဲ့ ခံယူချက်ကမတူဘူး။ သူများဆီအလုပ်လုပ်ပြီးဆိုရင်ငါ့ကို ပေးထားတာထက် ဘာများပိုလုပ်ပေးရမလဲဆိုတဲ့ အချက်အမြဲ စဥ်းစားတဲ့သူတွေရှိတယ်။ သူတို့က Family type ဆိုပြီးသူတို့ Family တိုက်ဆောက်ဖို့ ငါ့ကို လိုတာထက် ပိုခိုင်းတယ်လို့စဥြးစားတဲ့သူ။ ဝတ်ကြေတမ်းကြေပဲလုပ်တဲ့သူသူတို့ရဲ့ စဥ်းစားပုံမတူသလို အနာဂတ်လားရာလဲ မတူဘူး။ ၃။ Law of increasing return ကော်ဖီဆိုင်မှာ၊

ကိုယ်လိုချင်တာ ရအောင်ရနိုင်တဲ့သူနဲ့
ဘေးထိုင်ဘုပြောတဲ့သူနဲ့ကြားကွာခြားချက် (၉) ချက်
Read More »

ဒီနေ့လုပ်တဲ့အလုပ်က
မနက်ဖြန်ရဲ့ အချိန်ကိုခြွေတာပေးရမယ်။

ရေပုံးနဲ့ ရေသယ်တာထက်ရေပိုက်သွယ်တာက ရေရှည်အတွက် ပိုကောင်းနိုင်တယ်။ တခြားသူတွေ ပုံးနဲ့ ရေသယ်ပြီးရေအများကြီးရတာ ကောင်းပါတယ်။ဒါပေမယ့် ကိုယ်ကစနစ်ချရေပိုက်သွယ်နေတယ်ဆိုရင်စိတ်ရှည်ဖို့လိုတယ်။ တနေ့ ရေပုံးတွေနဲ့သယ်မှရေရမှာမျိုးမဟုတ်တော့ပဲရေဖွင့်တာနဲ့ ရေလာနေရမယ်။ ဒီအတွက် ဒီနေ့လုပ်တဲ့အလုပ်ကမနက်ဖြန်ရဲ့ အချိန်ကိုခြွေတာပေးရမယ်။ Phyo Paing @ Derek

ဒီနေ့လုပ်တဲ့အလုပ်က
မနက်ဖြန်ရဲ့ အချိန်ကိုခြွေတာပေးရမယ်။
Read More »

ကိုယ့်ရဲ့ မပြီးသေးတဲ့ ပန်းချီကားနဲ့
သူများရဲ့ ပန်းချီကားသွားနှိုင်းမယှဥ်နဲ့။

အလုပ်လုပ်တာ မြန်တာနဲ့ စိတ်ရှည်တာ မတူဘူး။ စိတ်ရှည်တယ်ဆိုတာ အနာဂတ်ရည်မှန်းချက်ပန်းတိုင်အတွက်နေ့စဥ် အလုပ်လုပ် ကိုယ့်ကိုကိုယ် train နေကိုယ့် team ကို စိတ်ရှည်ရှည်နဲ့တည်ဆောက်နေတာ။ထိုင်စောင့်နေတာမဟုတ်ဘူး။ အလုပ်လုပ်တာ မြန်တာက အကောင်အထည်ဖော်တာလုပ်ရပ်တစ်ခုကို မြန်မြန်လုပ်ဆောင်တာဖြစ်တယ်။ လူတွေက စိတ်ရှည်တာ၊ စောင့်ဆိုင်းတာနဲ့အလုပ်လုပ်မြန်တာကို ရောထွေးနေတတ်တယ်။ တခြားသူတွေရဲ့ အခြေအနေနဲ့ကိုယ့်ရဲ့အခြေအနေသွားနှိုင်းမယှဥ်နဲ့။ကိုယ်နှိုင်းယှဥ်တဲ့ လေးထပ်အိမ်က မြင့်ကောင်းမြင့်လိမ့်မယ်။ဒါပေမယ့် ကိုယ်တည်ဆောက်နေတာကမိုးမျှော်တိုက်လဲ ဖြစ်ချင်ဖြစ်မယ်။ခုမှ foundation ချနေတာလဲဖြစ်ရင်ဖြစ်မယ်။ ကိုယ့်ရဲ့ မပြီးသေးတဲ့ ပန်းချီကားနဲ့သူများရဲ့ ပန်းချီကားသွားနှိုင်းမယှဥ်နဲ့။ Phyo Paing @ Derek

ကိုယ့်ရဲ့ မပြီးသေးတဲ့ ပန်းချီကားနဲ့
သူများရဲ့ ပန်းချီကားသွားနှိုင်းမယှဥ်နဲ့။
Read More »