My philosophy

လူတွေက ရင်ထဲမှာရှိတဲ့အတိုင်း
ကမ္ဘာလောကကို အဓိပ္ပာယ်ဖွင့်တယ်။

အခု ကျွန်တော်တို့ စားသောက်ပျော်ပါးနေတဲ့အချိန် ဆေးရုံမှာအသက်ငင်နေတဲ့ သူတွေရှိတယ်။ ဘဝရဲ့ ငယ်ရွယ်တုန်း စမာန်နဲ့နေဝင်ချိန် သံဝေဂ။ ရောက်နေတဲ့ ခရီးလမ်းပေါ်မူတည်ပြီးကိုယ်တွေ့တဲ့ မြင်ကွင်းတွေကွာပါတယ်။ Phyo Paing @ Derek

လူတွေက ရင်ထဲမှာရှိတဲ့အတိုင်း
ကမ္ဘာလောကကို အဓိပ္ပာယ်ဖွင့်တယ်။
Read More »

“Me Time”

တစ်ယောက်တည်း ရုပ်ရှင်ကြည့်တာတစ်ယောက်တည်း စားသောက်တာတစ်ယောက်တည်း ခရီးသွားတာတခါတလေ ဒီ “me time” ကဦးနှောက်ကို ပစ္စုပ္ပန်ထဲ ကောင်သွင်းပြီးကိုယ့်ကိုကိုယ် ပြန် date သလိုပျော်ရွင်မှုလေးတွေရှိတယ်။ ”Me time” ပဲ ဖြစ်နေရင်လဲအထီးကျန်တာမျိုးဖြစ်လာတတ်ပြန်တယ်။ Needs တွေကို စီမံခန့်ခွဲတတ်ဖို့လိုပြန်တယ်။လူဆိုတာ တော်တော်နားလည်ရခက်တဲ့သတ္တဝါ။ Phyo Paing @ Derek

“Me Time” Read More »

superpower တစ်ခုရှိအောင်တော့
train ထားရမယ်။

တစ်ဖက်ကမ်းခပ်“ဂျွတ်နေတဲ့ skill” ရှိတဲ့ လူတစ်ယောက်နဲ့မရှိတဲ့ သူနဲ့ တန်ဖိုးချင်းကွာတယ်။ ကိုယ့်ရဲ့ superpower တစ်ခုရှိအောင်တော့train ထားရမယ်။ ဒီလို train ဖို့ တစ်လ၊ တစ်နှစ်နဲ့မရဘူး။နှစ်ရှည်လများ သိုင်းကျင့်နေဖို့လိုတယ်။ Phyo Paing @ Derek

superpower တစ်ခုရှိအောင်တော့
train ထားရမယ်။
Read More »

စီးပွါးရေးမှာ မြန်နှုန်းမြင့်ချင်ရင်
Bustomer တွေကိုရှောင်။
(ဘူစတာမာ = ဘူကောင် customer)

AT &T က သူ့ဆီအမြဲဖုန်းဆက် complaint တက်၊discount တောင်း၊ပြဿနာရှာတဲ့ customer တွေကိုfire လုပ်လိုက်တဲ့အခါရှိပြီးသားဖောက်သည်တွေကိုအကြည်ဓာတ်အပြည့်နဲ့service ပေးနိုင်တဲ့အတွက်Customer စိတ်ကျေနပ်မှုရောအမြတ်ငွေပါ ပိုတက်လာတယ်။ အမြတ်ထုတ်ဖို့ပဲစဉ်းစားအကြောင်းမရှိ ဒုက္ခပေးBustomer တွေကို fire လုပ်ရမှာမကြောက်ပါနဲ့။လုပ်ငန်းရှင် အားတီ၊ အားမေတို့။ ဒါကို တချို့လုပ်ငန်းရှင်တွေပဲနားလည်လိမ့်မယ်။ Phyo Paing @ Derek

စီးပွါးရေးမှာ မြန်နှုန်းမြင့်ချင်ရင်
Bustomer တွေကိုရှောင်။
(ဘူစတာမာ = ဘူကောင် customer)
Read More »

လူတွေကို အဓိပ္ပာယ်ရှိစေတာ
လူတွေပဲ

တချို့လူတွေ အရမ်းကြိုးစားပြီးအချိန်တစ်ခုရောက်တဲ့အခါကိုယ်တန်ဖိုးထားတဲ့သူတွေမရှိတော့တဲ့အခါဘဝက အဓိပ္ပာယ်မရှိဖြစ်တာတွေတွေ့ဖူးကြလိမ့်မယ်။ ကိုယ့်ဘဝရဲ့ အရေးအကြီးဆုံးကဘယ်သူတွေ လဲသိဖို့လိုတယ်။အရာဝတ္ထုတွေမှာ တန်ဖိုးရှိတာထက်လူတွေက ပေးတဲ့တန်ဖိုးကပိုတယ်။ ဒါကြောင့် Seneca ကThere is no enjoyingthe possession of anything valuableunless one has someone to share it with တဲ့။ လူတွေ ဘယ်အချိန်ပြောင်းလဲလဲ?လူတွေနဲ့ ပတ်သက်တဲ့အချိန်။တချို့လူတွေကို သက်သေပြချင်လို့၊တချို့လူတွေဘဝ ပိုကောင်းစေချင်လို့၊တချို့လူတွေ အထင်ကြီးစေချင်လို့၊တချို့လူတွေ ပျော်စချင်လို့၊လူတွေကို အဓိပ္ပာယ်ရှိစေတာလူတွေ။ Phyo Paing @ Derek

လူတွေကို အဓိပ္ပာယ်ရှိစေတာ
လူတွေပဲ
Read More »

အနာဂတ်ကိုမကောင်းတွေးရင်
စိုးရိမ်ပူပန်တယ်။

အတိတ်ကို မကောင်းတွေးရင်နောင်တရတယ်။ အနာဂတ်ကို အကောင်းတွေရင်ရင်ခုန်တယ်။အတိတ်ကို အကောင်းတွေးရင်ကျေးဇူးတင်ဂုဏ်ယူစိတ်ဖြစ်တယ်။ Phyo Paing @ Derek

အနာဂတ်ကိုမကောင်းတွေးရင်
စိုးရိမ်ပူပန်တယ်။
Read More »

2023 Dec ရောက်သွားပြီလို့
စဥ်းစားကြည့်လိုက်။

အဲ့အချိိန်မှာ ကိုယ်ဆွပ်ခူးချင်တဲ့အချက် သုံးချက် အကောင်ထည်ဖော်ပြီးပြီလို့စဥ်းစားကြည့်ကြည့်။ အဲ့အချက် သုံးချက်က ဘာတွေဖြစ်မလဲ။ ဒါတွေဖြစ်ဖို့ လုပ်ဆောင်ရမည့်အရာတွေကဘာတွေများဖြစ်မလဲ။ ဘာတွေကို လွတ်ချခဲ့ရမလဲ။ ဘာတွေကို လွဲပြောင်းခဲ့ရမလဲ။ ဘာတွေကို ရပ်တန်းကရပ်ရမလဲ။ဘယ်လိုအတွေးအခေါ်၊ ယုံကြည်မှုတွေရှိထားရမလဲ? အကုန်ချရေးပြီး reverse engineer လုပ်ကြည့်။ ဘဝကို ဒုတိယတစ်ခါ ပြန်နေရမယ်ဆို ဘာတွေကို မလုပ်ဘူးလဲ။ ဘာတွေကို လုပ်မလဲ။ ဘဝကို ဒုတိယအကြိမ်ပြန်နေသလို စိတ်ကူးယဥ်ကြည့်ကြည့်။ Phyo Paing @ Derek

2023 Dec ရောက်သွားပြီလို့
စဥ်းစားကြည့်လိုက်။
Read More »

Social psychology နဲ့
Social Neuroscience နဲ့မတူဘူး

လူတွေက တစ်ယောက်တည်းနေတာနဲ့ အများကြားနေတာနဲ့တောင်ပုံစံမတူဘူး။ အိမ်မှာတစ်ယောက်တည်းနေရင်ပြုမူတဲ့ပုံစံတစ်မျိုး။အမျိုးတွေနဲ့ တွေ့ရင်တစ်မျိုး။သူငယ်ချင်းတွေနဲ့တွေ့ရင်တစ်မျိုး။ မင်္ဂလာဆောင်သွားရင်တစ်မျိုး။ Club သွားရင်တစ်မျိုး။ လူတွေဟာ တစ်ယောက်ထဲနေတဲ့အချိန်နဲ့Group အလိုက်နေတဲ့အချိန်ကွာတယ်။ ဒါကြောင့် Social psychology နဲ့ Social Neuroscience နဲ့မဘူဘူး။ Neurobiology မှာက ဦးနှောက်မှာရှိတဲ့motor neuron တွေ၊ mirror neuron နဲ့ frontal, parietal, occipital, temporal lobe ဘယ်လိုအလုပ်လုပ်သလဲ လေ့လာပြီးSocial Psychology က လူတွေက ဘယ်လို အခြေအနေမျိုးမှာ ဘယ်လိုပြုမူတယ်ဆိုတာ social lab ကြီးထဲမှာလေ့လာတာဖြစ်တယ်။ ကမ္ဘာကျော်စမ်းသပ်မှုကြီးဖြစ်တဲ့ Professor Zimbardo ဦဆောင်တဲ့ Stanford Prison Experiment မှာဆို လူတွေဟာ အာဏာကို လိုက်နာမှုobedience နဲ့ group

Social psychology နဲ့
Social Neuroscience နဲ့မတူဘူး
Read More »

ATM ဆိုတာကတော့

ကိုယ်ချစ်တဲ့သူကို ဖုန်းဆက်လိုက်တယ်။ဆက်သွယ်မှု ဧရိယာပြင်ပဖြစ်နေတယ်။နောက်တစ်နာရီနေတော့လဲ​ ဖုန်းမအားဘူး။message ပို့တော့လဲ ပြန်မပို့ဘူး။ ဒီအချိန် ကိုယ်ဘယ်လို စဥ်းစားမလဲ။ တချို့က စိတ်ပူမယ်။တချို့က ဒေါသထွက်မယ်။တချို့က အားငယ်မယ်။ လူတွေကို စိတ်အညစ်စေဆုံးကတခြားသူတွေရဲ့ အထင်အမြင်ပဲ။အဲ့ထဲမှာ အဆိုးဆုံးတစ်ခုကလျစ်လျူရှုခံရခြင်းနဲ့ ငြင်ဆိုခံရခြင်းပဲ။ ဒါတွေကို ဖြစ်စေတဲ့တရားခံကအတွေးဖြစ်ပြီးအတွေးတွေ စုနေတာကို thought bankလို့ခေါ်တယ်။​ ဒါတွေက ATM လို အလုပ်လုပ်တယ်။ATM ဆိုတာကတော့ and that meansလူတွေရဲ့ ဦးနှောက်က အခြေနေတိုင်းကိုအကဲလိုက်ဖြတ်နေတယ်။ သူငါ့ကို လမ်းမှာတွေ့တာတောင်မပြုံပြဘူး။ငါ့ကို ဘာမကြည်လဲ မသိဘူး။ငါဟိုနေ့က စကားပြောပဲမှားသွားလို့လား။​ငါဆိုတာကလဲ အမွဲအဲ့လိုပဲ။ ဒါမှ မဟုတ်သူငါ့ကို မျက်နှာမွဲမို့လို့ပဲ မပြောချင်တာလား။လောကကြီးက အဲ့လိုပါပဲ။ငွေရှိမှ ရမှာ။ အစရှိတဲ့ ကိုယ့်အတွေးနဲ့ ကိုယ်အဓိပ္ပာယ်ဖွင့်ပြီး တိုင်ပတ်နေတတ်ကြတယ်။ နောက်တစ်ခုက လူတွေရဲ့ဦးနှောက်ထဲမှာကလေးဘဝနဲ့ အတွေ့အကြုံကသင်ပေးလိုက်တဲ့ယုံကြည်မှုတွေ ရှိတယ်။ဒါတွေက ကိုယ့်အတွေးတွေကိုlooping တိုင်ပတ်စေတယ်။

ATM ဆိုတာကတော့ Read More »

Monetize Your Moment

အတွေးအခေါ်တစ်ခုနဲ့ မိတ်ဆက်ပေးမယ်။Monetize Your Moment လို့ခေါ်တယ်။နေ့စဥ်လုပ်တဲ့အလုပ်တွေကိုကုန်ပစ္စည်း၊ ဝန်ဆောင်မှုအနေနဲ့ပြောင်းတာ။ Chef တစ်ယောက်က သူအစားအသောက်ပြင်ဆင်နေတာကို ဘေးက ဖုန်းနဲ့ပဲဖြစ်ဖြစ်camera နဲ့ပဲဖြစ်ဖြစ် video ရိုက်ထားပြီးsocial media က ကြော်ငြာနဲ့သော်လည်းကောင်းcourse တစ်ခုအနေဖြင့်သော်လည်းကောင်းပြောင်းလို့ရတယ်။ Gym trainer တွေဆိုရင်လဲ သူတို့workout လုပ်နေတဲ့ video တွေကနေsocial following တို့၊Facebook stars တို့အပြင်နေ့စဥ် စားစရာပြင်ဆင်တာကိုရိုက်ထားတာကနေ business တွေဖြစ်ကုန်တယ်။ ကျွန်တော်လဲ training လုပ်တိုင်းvideo လုပ်ထားတယ်။​ဒီကမှတစ်ဆင့် online courses တွေဖြစ်သွားတယ်။​နေ့စဥ် စာဖတ်ပြီး မေ့သွားမည့်အစားvideo ရိုက်ထားပြီး content ကို ပြန်ငှားတဲ့contents as a service သွားလို့ရတယ်။ တစ်ရက်တစ်ရက် ဖြတ်သန်းမှုတွေကိုဒီအတိုင်း အလဟသ ငွေတစ်ခုတည်းနဲ့မကုန်ပါစေနဲ့။ Jack Ma

Monetize Your Moment Read More »