People

လူတွေကို ပျော်စေ၊ စိတ်ညစ်စေတာ Case မဟုတ်ဘူး။Care ကြောင့်။

တချို့တွေ ဘွဲ့မရဘူး။ Care မလုပ်တော့ ဒါက သူ့အတွက် Case တစ်ခုမဟုတ်ဘူး။ တချို့လူတွေကိုယ့်ကို ချီးမွမ်းတယ်။လူတချို့က ဒီချီးမွမ်းလိုက်တာလေးကိုCare လုပ်တော့ ပျော်တယ်။ ကဲ့ရဲ့တာ Care လုပ်တော့ စိတ်ညစ်တယ်။ လူတွေ တစ်ရက်တစ်ရက်ပြည်တွင်း၊ ပြည်ပမှာ ပဋိပက္ခ တွေကြောင့် သေကြေပျက်စီးနေကြတယ်။ ဒါကို care မလုပ်တဲ့သူအတွက်ဒါက case မဟုတ်ဘူး။ care လုပ်တဲ့သူက နာကျင်ဝမ်းနည်းရတယ်။ အရေးကြီးတာ ကိုယ် care တဲ့အရာတွေကိုကိုယ်လိုချင်တဲ့ ပုံစံတည်ဆောက်ဖို့ လုပ်ဆောင်တဲ့ choice တွေပဲ။ ဒါကြောင့် စိတ်ညစ်စရာတစ်ခုကြုံရင်ငါ ဒါကို လိုတာထက်ပို ဂရုစိုက်နေလို့လားမေးကြည့်။Care ရင် Case ဖြစ်တယ်။ မ Care ရင် Case မဖြစ်ဘူး။ Phyo Paing @ […]

လူတွေကို ပျော်စေ၊ စိတ်ညစ်စေတာ Case မဟုတ်ဘူး။Care ကြောင့်။ Read More »

လူတွေပြောတာကို မယုံဘူး။
လူတွေ လုပ်ပြတာကိုပဲ ယုံတယ်။

စာဖတ်ပြီး ပြောပြဖို့လွယ်တယ်။တကယ်အလုပ်လုပ် စမ်းသပ်မှုတွေလုပ်ပြီးပြောပြဖို့သာ ခက်တာ။ ဒါကြောင့် ဒီနောက်ပိုင်း စာဖတ်ပြီးသင်တဲ့ဆရာတွေထက်တကယ်လက်တွေ့ ကျင့်သုံးပြီးသင်တဲ့practitioner တွေဆီကပဲ လေ့လာဖြစ်တယ်။ စွန့်ဦးတီထွင်အကြောင်းသင်ပြီးဘာလုပ်ငန်းမှ မယ်မယ်ရရမလုပ်ဖူးတဲ့ဆရာဆီက လေ့လာပြီး ဘာတတ်မလဲ။ မားကတ်တင်းသင်ပြီးဘာအမှတ်တံဆိပ်တစ်ခုမှ မဖောက်ဖူးတဲ့သူဘာ campaign မှာ အောင်အောင်မြင်မြင်မလုပ်ဖူးတဲ့သူ ဆီသင်လို့ ဘာတတ်မလဲ။ ငွေကြေးဆိုင်တာ တန်ဖိုးဖြတ်သူအကြံပေးသူလုပ်ပြီး ဘာ deal မှာဖြစ်ဖြစ်မြောက်မြောက်ဖြစ်အောင်မလုပ်ဖူးတဲ့သူ။ App တစ်ခု၊ Website တစ်ခုDigital Product Management တွေသင်ပြီးဘာနည်းပညာကုန်ပစ္စည်းတစ်ခုမှ မထုတ်ဖူးတဲ့သူ။ မန်းနေ့မန့်သင်ပြီး လူပေါင်း ၁၀၀ လောက်ကိုမှစီမံမခန့်ခွဲဖူးတဲ့သူ။ဒါတွေကို သတိပြုမိဖို့လိုတယ်။ ဒါကြောင့် စာထဲမှာပါတာ ပြန်ဖတ်ပြတဲ့“ပါတာဖတ်” တွေကို ရှောင်ဖို့လိုတယ်။ New Next University မှာလဲ”ပါတာဖတ်” တွေ မရှိပဲPractitioner တွေနဲ့ပဲ သင်ကြားဖို့ဦးဆောင်သူတွေနဲ့ တိုင်ပင်ထားတယ်။ Phyo Paing

လူတွေပြောတာကို မယုံဘူး။
လူတွေ လုပ်ပြတာကိုပဲ ယုံတယ်။
Read More »

လူတစ်ယောက်နဲ့ အလုပ်မလုပ်ခင်

လူတစ်ယောက်နဲ့ အလုပ်မလုပ်ခင်ဒီလူနဲ့အလုပ်လုပ်လိုက်လို့ ဘယ်နှစ်ယောက်က တိုးတက်ပြောင်းလဲသွားသလဲ။ဘယ်နှစ်ယောက်က တိုင်ပတ်သွားသလဲ။ ဒီအချက်နှစ်ချက်ကို အဓိကကြည့်တယ်။ ဒါက လွယ်ကူရိုးရင်းပြီးဆုံးဖြတ်ချက်ချလို့လွယ်တဲ့ စဥ်းစားနည်းတစ်ခုပဲ။ Phyo Paing @ Derek

လူတစ်ယောက်နဲ့ အလုပ်မလုပ်ခင် Read More »

လူတွေက ဘာတွေမှန်းမသိကြဘူး။

လူတချို့က ကိုယ့်ကိုချစ်တဲ့သူတွေကိုမချစ်ဘူး၊ ကိုယ့်ကို မချစ်တဲ့ သူတွေကိုမှချစ်တယ်။လူတချို့က ကိုယ့်အပေါ်ကောင်းတဲ့သူတွေအပေါ်ဆိုးပြီးကိုယ့်အပေါ်ဆိုးတဲ့သူတွေအပေါ်ကျကောင်းနေတတ်တယ်။ လူတွေက ဘာတွေမှန်းမသိကြဘူး။ 😃 Phyo Paing @ Derek

လူတွေက ဘာတွေမှန်းမသိကြဘူး။ Read More »

လူတွေကို စာနာတတ်ဖို့ အရေးကြီးတယ်။

လူတွေအကြောင်းပိုသိလာလေလေလူတွေကို ပိုစာနာတတ်လာလေလေ။ လူတိုင်းက ငယ်ဘဝနာကြင်မှုတွေနဲ့ကြီးပျင်းလာကြတာ။ဒါကို သတိမထားမိတော့ အသက်ကြီးလာတော့လဲ တိုင်ပတ်ကြတယ်။ ဒါကြောင့် NLP မှာ timeline therapy ဆိုတာရှိတယ်။ငယ်ဘဝ သို့ ပထမမှတ်ဥာဏ် SEE လို့ခေါ်တဲ့ Significant emotional event ကို သွားပြင်တာ။ လူတွေကို စာနာတတ်ဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

လူတွေကို စာနာတတ်ဖို့ အရေးကြီးတယ်။ Read More »

လူအများစုက မနားသင့်တဲ့အချိန်
နားလိုက်တတ်ကြတယ်။

လူတွေက နေရာလေးတစ်ခုရအောင်မြင်လာရင်ဘယ်အချိန်မဆို သူဒီနေရာပြန်လာပြီးလုပ်ရင် အောင်မြင်မယ်လို့ထင်တတ်ကြတယ်။​ အလုပ်တစ်ခုလုပ်တဲ့အခါအရှိန်လိုတယ်။​မြန်နှုန်းမြင့်နေတဲ့အချိန် မနားလိုက်နဲ့။မိုးရွာတုန်းရေခံ၊သံပူတုန်းရိုက်ဖို့ အရေးကြီးတယ်။​ လူအများစုက မနားသင့်တဲ့အချိန်နားလိုက်တတ်ကြတယ်။ဒါက ကိုယ့်ရဲ့ အကောင်းဆုံးအခွင့်အရေးကို ဖျက်ဆီးလိုက်တာနဲ့တူတူပဲ။ Phyo Paing @ Derek

လူအများစုက မနားသင့်တဲ့အချိန်
နားလိုက်တတ်ကြတယ်။
Read More »

ကိုယ်မဖြစ်ချင်တဲ့ list

နာမကျန်းဖြစ်တဲ့အခါ အရည်အချင်းမရှိတဲ့ ကျန်းမာရေး စောင့်ရှောက်မှုညံ့ဖျင်းတဲ့နေရာမှာ ခံစားပြီး မသေချင်ဘူး။ အသက် ၇၀ လောက်မှာ အိုနာပြီး နာတာရှည်ရောဂါမဖြစ်ချင်ဘူး။ အသက်ကြီးတဲ့အခါ တစ်ယောက်တည်းအထီးမကျန်ချင်ဘူး။ အသက်ကြီးတဲ့အခါ လောကအတွက်အသုံးမဝင်တဲ့သူ မဖြစ်ချင်ဘူး။ အသက်ကြီးမှ ငွေကြေးဒုက္ခရောက်နေတာမျိုးမဖြစ်ချင်ဘူး။ ဘဝကို ပိုက်ဆံအတွက် ရုန်းကန်နေရတာမဖြစ်ချင်ဘူး။ ကိုယ်မကြိုက်တဲ့အလုပ်ကို ပိုက်ဆံအတွက်လုပ်နေရတာ မကြိုက်ဘူး။ လူအများသတ်မှတ်ထားတဲ့ အောင်မြင်မှုဆိုတာကို သက်သေပြဖို့ ကိုယ့်အချိန်တွေ ဖြုန်းပြီး အသက်မရှင်ချင်ဘူး။ တစ်နိုင်ငံထဲပေါ် မူတည်ပြီး တိုင်ပတ်တဲ့အခါ ပြေးပေါက်မဲ့တဲ့ဘဝ မဖြစ်ချင်ဘူး။ လူတွေရဲ့ အထင်အမြင်မှာအသက်မရှင်ချင်ဘူး။ ဘဝမှာ ဘာမလုပ်ရဘူး၊ ဘာပဲလုပ်ရမယ်ဆိုတဲ့ကန့်သတ်ချက်တွေနဲ့ မနေချင်ဘူး။ ဒီ မဖြစ်ချင်တဲ့ အရာတွေကို ကာကွယ်ဖို့ ၁။ အစားအသောက်၂။ ကျန်းမာရေး၃။ အချစ်ရေး၄။ အပေါင်းအသင်း၅။ အလုပ်အကိုင်၆။ စီးပွားရေး ၇။ အနာဂတ် plan

ကိုယ်မဖြစ်ချင်တဲ့ list Read More »

အဲ့လိုလူတွေရှိလား?

တချို့လူတွေအတွက် ဒုက္ခအပေးဆုံးအချိန်ကည ၆ နာရီနဲ့ ၉ နာရီပဲ။အလုပ်လဲပြီးပြီ။ တခါတလေ သူငယ်ချင်းတွေရှိပြီးအထီးကျန်တတ်တဲ့ ဗီဇရှိသူတွေဆိုအလုပ်မှာ ပင်ပန်းထားတာနဲ့အထီးကျန်တာနဲ့ ငါဘာလို့ အလုပ်လုပ်နေလဲ ခံစားချက် ဝင်တတ်တယ်။ အဲ့ဒီပြဿနာဖြေရှင်းနိုင်ရင်ဘဝက တော်တော်ကောင်းသွားမှာ။ပြဿနာအများစုကလဲ အဲ့အချိန်ကြောင့်ဖြစ်တာများတယ်။ Phyo Paing @ Derek

အဲ့လိုလူတွေရှိလား? Read More »

လူတိုင်းမှာ စံနှုန်းဆိုတာရှိကြတယ်။

တချို့တွေက စာမေးပွဲအောင်ရုံတချို့က ဂုဏ်ထူး၊တချို့က အမှတ်ပြည့်။ ဘဝမှာ ပညာရေး၊ ငွေရေးကြေးရေး၊အလုပ်အကိုင်၊ အချစ်ရေးအရာရာမှာစံနှုန်းတွေ ရှိထားကြတတ်ကြတယ်။ ကိုယ်လိုချင်တဲ့ စံနှုန်းမရောက်ရင်လက်လျော့လိုက်မည့်အစားနည်းလမ်းရှာပြီး အားထုတ်မှုပိုလုပ်တာမှန်ကန်တဲ့နည်းလမ်းပဲ။ စံနှုန်းကို မလျော့လိုက်နဲ့။ ℙ𝕙𝕪𝕠 Paing @ Derek

လူတိုင်းမှာ စံနှုန်းဆိုတာရှိကြတယ်။ Read More »

ကိုယ့်ကိုကိုယ် မဖျက်စီးနဲ့။

လူဆိုတာ အကျင့်ပါတာ မတရားလွယ်တဲ့ သတ္တဝါ။အထူးသဖြင့် မကောင်းတဲ့အကျင့်ပေါ့။ ငါဒီနေ့တော့ စားလိုက်ပါအုံးမယ်ဆိုတဖြဲနှစ်ဖြဲစားတော့ နောက်နေ့စားချင်ပြန်ရော။နောက်ရက်ဆက်သွားရော။ ငါဒီနေ့တစ်ရက် နားလိုက်ပါအုံးမယ်ဆိုပြီးတစ်ရက်တစ်ရက် မဖြစ်မနေလုပ်ရမည့် ဝတ္တရားတွေ မလုပ်ပဲအလေလိုက်ပြန်တော့ အကျင့်ပါသွားရော။ နားရမည့်အချိန်နားသလိုအလုပ်လုပ်ရမည့်အချိန် အချောင်ခိုရင်နောက်ဆုံး ဒုက္ခရောက်မှာ ကိုယ်ပဲ။ ကိုယ့်ကိုကိုယ် မဖျက်စီးနဲ့။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် မဖျက်စီးနဲ့။ Read More »