People

ကိုယ့်ပေါ်ကိုထားတဲ့ စံနှုန်း
အင်မတန်အရေးကြီးတယ်။

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အချိုးအစားကြည့်ရင်သူ့ကိုယ်သူထားတဲ့ ကျန်းမာကြံ့ခိုင်ရေးရဲ့ စံနှုန်းကိုတွေ့လိမ့်မယ်။လူတစ်ယောက်ရဲ့ ဝင်ငွေကလဲသူ့ကိုယ်သူ သတ်မှတ်ထားတဲ့ စံနှုန်းပဲ။ကျွမ်းကျင်မှု တူတူပဲ။ကိုယ်နဲ့တွဲတဲ့သူ အတူတူပဲ။ပေါင်းတဲ့သူတွေ။အမှန်တရားက နည်းနည်းတော့ ခါးမလား မသိဘူး။ဒါကို နားလည်ပြီးတဲ့နောက်ကိုယ့်စံနှုန်းတွေကို မြင့်မြင့်ထားလိုက်တယ်။ ကုန်ပစ္စည်းဝယ်ရင်တောင်ဘယ်နိုင်ငံကထုတ်လဲဆိုပြီးနိုင်ငံတစ်နိုင်ငံရဲ့ အရည်အသွေးပေါ်ထားတဲ့စဲနှုန်းအတိုင်း ရွေးချယ်ကြတာ မဟုတ်လား။ ကိုယ့်ပေါ်ကိုထားတဲ့ စံနှုန်းအင်မတန်အရေးကြီးတယ်။ Phyo Paing @ Derek

ကိုယ့်ပေါ်ကိုထားတဲ့ စံနှုန်း
အင်မတန်အရေးကြီးတယ်။
Read More »

“အကောင်းဆုံး ဗားရှင်း”

ဘဝဆိုတာ မသေခင်ထိမပြီးနိုင်တဲ့ ပရောဂျက်တစ်ခုပဲ။ပရောဂျက်နာမည်က“အကောင်းဆုံး ဗားရှင်း”တဲ့။ ကိုယ်အကောင်းဆုံးဖြစ်မှတခြားသူကိုလဲ အကောင်းဆုံးတွေပိုပေးနိုင်မယ်။ Phyo Paing @ Derek

“အကောင်းဆုံး ဗားရှင်း” Read More »

လူတွေအပေါ် ဘာမျှော်လင့်ချက်မှသိပ်မထားတော့ဘူး။

ကိုယ့်လုပ်ရပ်နဲ့ စွမ်းဆောင်ရည်အပေါ်ပဲထားတယ်။ဆယ်နှစ်ကို အဆ ၁၀၀ ဖြစ်ဖို့ဘာတွေများထပ်လုပ်ဖို့လိုမလဲစဉ်းစားကြည့်မိတယ်။ Phyo Paing @ Derek

လူတွေအပေါ် ဘာမျှော်လင့်ချက်မှသိပ်မထားတော့ဘူး။ Read More »

စဥ်းစားရဲဖို့လိုတယ်။

လူတစ်ယောက်ကို ထိန်းချုပ်ဖို့မစဥ်းစားရဲအောင်လုပ်ကြတယ်။ ၁။ မသိအောင်လုပ်တယ်။ မစဥ်းစားမိအောင် သတင်းအချက်အလက်တွေကန့်သတ်တယ်။ ၂။ အပြစ်ပေးတယ်။ ပြောဆိုမိရင်၊ ရေးသားမိရင်အပြစ်ပေးတယ်။ ၃။ ဝေဖန်ရှုံ့ချတယ်။ လူတစ်ယောက်ကို မဖြစ်နိုင်ဘူးဝေဖန်ရှုံ့ချပြီး ဒီအတွေး မတွေးရဲအောင်လုပ်တယ်။ ဘာကြောင့် ဒီလိုလုပ်ကြလဲ?၁။ ထိန်းချုပ်လို့မရတော့မှာ စိုးရိမ်လို့။၂။ ကိုယ့်ထက်ကျော်သွားမှာစိုးလို့။ ၃။ သဘောတရားကို သေချာနားမလည်လို့။ ဒါကြောင့် လောကမှာကိုယ့်ရဲ့ အတွေး၊ အကြံ၊ အလုပ်ကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့သူတိုင်းကို သတိနဲ့ ဆက်ဆံဖို့လိုတယ်။ Phyo Paing @ Derek

စဥ်းစားရဲဖို့လိုတယ်။ Read More »

အရေးမပါတဲ့ ဥပဒေသတွေ

သေးငယ်တဲ့ အသိပညာက ဘေးဥပုဒ်အကြီးအကျယ်ဖြစ်နိုင်တယ်။ ပညာရပ်တစ်ခုကို သေချာမသိပဲသေချာသိပြီလို့ထင်ပြီးကိုယ်ထင်တာကို အမှန်လို့ထင်လိုက်ရင်တိုင်ပတ်မှုအပေါင်း သရဖူဆောင်းပြီသာမှတ်။ ဒါကြောင့် ကိုယ်ထင်ထားတာကိုအမှတ်လို့အမြဲမယူဆပဲအမြင်ကျယ်ကျယ်နဲ့ ကြည့်တတ်ဖို့အရေးကြီးတယ်။ လူအများစုက ကိုယ့်အထင်အမြင်ကိုအမှန်လို့ပဲ ထင်နေတတ်ကြတယ်။ နာကျင်မှုအများစုကလဲ ဒီအထင်အမြင်တွေကပဲ လာတာပဲ။ ဒီအထင်အမြင်ကနေ အရေးမပါတဲ့ ဥပဒေသတွေဖြစ်လာတယ်။ Phyo Paing @ Derek

အရေးမပါတဲ့ ဥပဒေသတွေ Read More »

လူတွေရဲ့ ချစ်တဲ့ပုံစံမတူကြဘူး

အချစ်နှစ်မျိုးရှိတယ်တဲ့။ တစ်ခုက D love.နောက်တစ်ခုက B love တဲ့။ D ဆိုတာ Deficiency လိုအပ်မှုကိုဖြည့်ဆည်းဖို့ချစ်တာ။ ကိုယ့်ရဲ့မပြည့်တဲ့လိုအပ်ချက်ပေးနိုင်တဲ့သူကိုချစ်တာ။ ဒါကို D love တဲ့။ နောက်တစ်ခု B ကတော့ Beingဖြစ်တည်မှုလေးကို ချစ်တာ။ လူတွေရဲ့ ချစ်တဲ့ပုံစံမတူကြဘူး။ Phyo Paing @ Derek

လူတွေရဲ့ ချစ်တဲ့ပုံစံမတူကြဘူး Read More »

မြန်မာစကားတချို့က
လူမှုဘဝဖြတ်သန်းမှုမှာ
တော်တော်ဒုက္ခပေးတယ်။

လူတွေရဲ့ သဘောတရားအရတခြားသူတွေထက် သာနေမှပျော်တတ်တဲ့ ခံစားချက်superiority ရှိကြတယ်။ဒါက အော်စတိယျ စိတ်ပညာရှင်Individual Psychology ကိုဖန်တီးခဲ့တဲ့ဒေါက်တာ အဲလ်ဖက်အဒလာ Dr. Alfred Adler က ဆိုတယ်။ ကိုယ့်အဆောက်အဦးကို အမြင့်ဆုံးဖြစ်အောင်ဘေးကတိုက်တွေကို ဖြိုချဖို့ကြိုးစားတတ်တဲ့ သဘောတွေရှိတတ်ကြတယ်။ ဒီကောင်ကြည့်နေ။ဘယ်တော့ ပြုတ်ကျမလဲမသိဘူး။ ဒီကောင်အလကားပါကွာ။ ဘာများဖြစ်မှာမို့လို့လဲ။ သီအိုရီပဲသိတာတို့။ ဒီအဖျက်တွေ negativity တွေ၊ ဘူကောင်တွေရန်က အရင်ကျော်ရတယ်။ လီကာရှင်းပြောခဲ့သလိုလူတွေက သူတို့ထက်နည်းနည်းကျော်ရင်ကိုယ့်ကို မနာလိုဖြစ်ကြမယ်။အပုံကြီးသာသွားရင် အားကျကြလိမ့်မယ်တဲ့။ Phyo Paing @ Derek

မြန်မာစကားတချို့က
လူမှုဘဝဖြတ်သန်းမှုမှာ
တော်တော်ဒုက္ခပေးတယ်။
Read More »

Trauma တွေကြောင့်
အသက်ကြီးတဲ့အခါ
ဒရာမာ Drama တွေ အနေနဲ့
ပြန်ထွက်ပေါ်လာတယ်။

လူတော်တော်များများဟာ ငယ်ဘဝက ကြုံခဲ့တဲ့ထရာမာ Trauma တွေကြောင့်အသက်ကြီးတဲ့အခါ ဒရာမာ Drama တွေ အနေနဲ့ပြန်ထွက်ပေါ်လာတယ်။ Phyo Paing @ Derek

Trauma တွေကြောင့်
အသက်ကြီးတဲ့အခါ
ဒရာမာ Drama တွေ အနေနဲ့
ပြန်ထွက်ပေါ်လာတယ်။
Read More »