နေ့ရက်တိုင်းက ပါရမီဖြည့်ဖို့ အခွင့်အလမ်းပဲ။ ဆင်းရဲခြင်းက လွတ်ဖို့ပါရမီဖြည့်ဖို့လိုတယ်။ ပါရမီဆိုတာ ကြွက်သားလိုပဲ။နေ့စဥ် အထပ်ထပ်လေ့ကျင့်ရတဲ့အလေ့အကျင့်မျိုး။ လေ့ကျင့်လေ သန်မာလေ။ သန်မာလေ လောကဓံဆင်းရဲမှုကလွတ်ကင်းနိုင်လေလေ။ လောကီဘဝအတွက်ပါရမီဆယ်ပါးရှိတယ်။ ဒီလိုလုပ်ဖို့ ယူဖို့ထက် ပေးဖို့စဥ်းစားပါ။ဒါက ဒါန ပါရမီ။ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း (သို့) စွန့်လွှတ်ခြင်း။ ကိုယ့်ကိုမကြိုက်တာ သူများကိုလဲမလုပ်နဲ့။သီလ ပါရမီ၊ ကိုယ်ကျင့်တရားကောင်းခြင်း။ အလွန်အကျွံဆွဲလမ်းပြီးမရှိရမနေနိုင်ခြင်းကိုရှောင်ကျင်ပါ။ နေက္ခမ္မ ပါရမီ၊ တပ်မက်မှုကင်းခြင်း။ အမှန်ကို အမှန်၊ အရှိကိုအရှိအတိုင်းတွေးတောဆင်ခြင်မြင်ကြည့်ပါ။ပညာ ပါရမီ၊ အမှန်တိုင်းသိခြင်း။ အပျင်းမကြီးပါနဲ့။ အချိန်မဖြုန်းပါနဲ့။ကောင်းမွန်တဲ့ရည်မှန်းချက်အတွက် လက်လျော့တတ်တဲ့စိတ်ကိုဖျောက်ပါ။ဝီရိယ ပါရမီ၊ ဇွဲလုံ့လကြီးခြင်း။လောဘနဲ့ ရည်မှန်းချက်မတူပါ။ လောဘဆိုတာ ကိုယ်နဲ့မထိုက်တန်တာကိုရချင်စိတ်။ ရည်မှန်းချက်ပိုင်းတိုင်ဆိုတာ ကိုယ်ရည်ရွယ်တဲ့အရာကိုရဖို့ဝိရိယနဲ့ အားထုတ်မှု။ လေးပင်ပြီး ကလဲ့စားခြေဖို့ပဲမစဥ်းစားပါနဲ့။စိတ်ရှင်းရှင်းနဲ့ ခွင့်လွတ်သင့်တာခွင့်လွတ်ပါ။ ခန္တီ ပါရမီ = သည်းခံခွင့်လွှတ်ခြင်း။ ကတိတည်ပါ။ မလိမ်မညာပါနဲ့။သစ္စာ ပါရမီ၊ မှန်ကန်ခြင်း။