“အခက်အခဲရဲ့တစ်ဖက်ခြမ်းမှာ
အခွင့်အလမ်းတွေ စောင့်နေတယ်။”
တခြားသူတွေတော့မသိဘူး။ကျွန်တော့်ဘဝရဲ့အကောင်းဆုံးတွေကမကောင်းဆုံးတွေကလာတယ်။ ဘွဲ့ရတော့ ကုမ္ပဏီပေါင်းစုံအလုပ်တွေလိုက်လျှောက်တယ်။လိုချင်တဲ့အလုပ်မရသေးရင်ယူကေဘွဲ့လွန်ဒီပလိုမာတက်မယ်လို့စဥ်းစားတယ်။ အလုပ်တွေကအများကြီးလျှောက်တယ်။မရခဲ့ဘူး။ဒါနဲ့ စီးပွားရေးဘွဲ့လွန်ဒီပလိုမာတက်တယ်။စာမေးပွဲဖြေပြီးတဲ့နေ့ပဲ ထိပ်တန်းနိုင်ငံတကာကုမ္ပဏီတစ်ခုမှာအလုပ်ရတယ်။ ဘွဲ့လဲရ၊ အလုပ်လဲရ။ စိတ်ဒုက္ခပေးတဲ့ အနီးဆုံးလူတွေအများကြီးနဲ့ ဘဝကတော်တော်ခက်ခဲခဲ့တယ်။ စိတ်ဆင်းရဲမှုတွေကို ဖြေဖျောက်ဖို့နည်းလမ်းတွေရှာရင်းမှတ်စုတွေရေးရင်းလူပေါင်း ၁ သန်းလောက် follow လုပ်တဲ့page တစ်ခုဖြစ်သွားတယ်။ အုပ်ရေ ၅၀၀၀၀ ကျော်ရောင်းပြီးတဲ့စာအုပ်တစ်အုပ်ထွက်လာတယ်။ ကတိတစ်ခုနဲ့ ဘဝအခြေအနေတစ်ခုကြောင့်ကိုယ်စိတ်ဝင်စားတဲ့အလုပ်ကိုခြောက်နှစ်လောက်လုပ်ခဲ့ရတယ်။ခန္ဓီပါရမီ တော်တော်ကျင့်ယူခဲ့ရတယ်။ဒီအလုပ်လဲပြီးရော အချိန်တန်ဖိုးကိုကောင်းကောင်းနားလည်လာတယ်။ကိုယ်ဖြစ်ချင်တာတွေကို အချိန်မစောင့်မြန်နှုန်းမြင့်လုပ်ဆောင်ဖို့ဘဝပေးသင်ခန်းစာကြီးတစ်ခုရခဲ့တယ်။မြန်မြန်လုပ်၊ မြန်မြန်လေ့လာ၊ မြန်မြန်ကျရှုံး၊မြန်မြန်ပြန်ထ၊ မြန်မြန်ဖြစ်အောင်လုပ်။ဒီအတွေးအခေါ်က ဘဝမှာ အများကြီးအထောက်အကူဖြစ်စေခဲ့တယ်။ အဲ့လိုဖြစ်ရပ်တွေ ဘဝမှာအများကြီးရှိတယ်။ ဒါကြောင့် ဘဝမှာ ပြဿနာတွေဖြစ်လာတိုင်းပျော်နေတတ်ပြီ။ ဘာကြောင့်လဲဆိုတော့“အခက်အခဲရဲ့တစ်ဖက်ခြမ်းမှာအခွင့်အလမ်းတွေ စောင့်နေတယ်။” ဒါကို အမြဲယုံကြည်တယ်။ အခက်အခဲဖက်ခြမ်းမှာပဲမနေဘဲအခွင့်အလမ်းဖက်အခြမ်းသွားဖို့ မှန်ကန်တဲ့အတွေးအခေါ်အကြံအစည်အလုပ်အကိုင်လိုတယ်။ အခက်အခဲတိုင်းရဲ့နောက်တစ်ဖက်ခြမ်းမှာအခွင့်အလမ်းတွေရဲ့ခေါ်သံနားထောင်နိုင်ဖို့ အရေးကြီးတယ်။ Phyo Paing @ Derek
“အခက်အခဲရဲ့တစ်ဖက်ခြမ်းမှာ
အခွင့်အလမ်းတွေ စောင့်နေတယ်။” Read More »
