အမြင်ကျယ်ဖို့
အမြင်မကျယ်ရင်အကျယ်မမြင်ဘူး။အကျယ်မမြင်ရင်ရွေးချယ်လို့ရတဲ့လမ်းတွေမမြင်ဘူး။ ရွေးချယ်စရာများမှန်းမသိရင်ဘဝမှာ ကျဥ်းထဲကြပ်ထဲရောက်နေတယ်လို့မြင်တတ်တယ်။ပြဿနာတွေကို အထိရောက်ဆုံးအဖြေရှင်းတတ်ဘူး။ အမြင်ကျယ်ဖို့ ၁။ စာကောင်းပေကောင်းနေစဥ်ဖတ်ဖို့လိုတယ်။ ၂။ တခြားနိုင်ငံနဲ့လူမျိုးတွေဆီ ခရီးသွားကြည့်ဖို့လိုတယ်။ ၃။ အသစ်ဖြစ်ပေါ်နေတဲ့ နည်းပညာနဲ့သတင်းတွေကိုလေ့လာနေဖို့လိုတယ် ၄။ ဘာသာစကားနှစ်ခုလောက်တော့ကောင်းကောင်းတတ်ဖို့လိုတယ်။(အထူးသဖြင့် အင်္ဂလိပ်လိုပါဝင်တယ်။) ၅။ ကိုယ့်အထင်အမြင်တိုင်းအမှန်မဟုတ်ဘူးဆိုတဲ့open-minded ဖြစ်ဖို့ လိုတယ်။ Phyo Paing @ Derek
