Personal Development

ဒီစူပါပါဝါ ဦးနှောက်ကိုလှုပ်နှိုးဖို့
ခံစားချက်တွေရဲ့ ရန်ကိုအောင်နိုင်ရတယ်။

လွတ်နေတာ ကောင်းတယ်။ ဒီလူလွတ်နေတယ်ကြားဖူးလိမ့်မယ်။တခါတလေ အသိုင်းအဝိုင်း၊အဖြစ်အပျက်၊ အတိတ်ရဲ့ရလဒ်ကြောင့်ဖြစ်လာတဲ့ချုပ်နှောင်မှုတွေ၊ဘဝပေးအခြေအနေကနေ“လွတ်” နေတာ ကောင်းတဲ့အချက်ဖြစ်နိုင်တယ်။ အခြေအနေတွေက ကိုယ့်ကိုဖန်တီးလို့ရတယ်။ကိုယ်က အခြေအနေတွေကို ဖန်တီးလို့ရတယ်။ ဦးနှောက်မှာ ဆဲလ်ပေါင်း ၁၀၀ ဘီလီယံနီးပါးရှိတယ်။ဒါကြီးမသုံး ဘာသွားသုံးမလဲ။ ဒီစူပါပါဝါ ဦးနှောက်ကိုလှုပ်နှိုးဖို့ခံစားချက်တွေရဲ့ ရန်ကိုအောင်နိုင်ရတယ်။ စူးစမ်းချင်စိတ်၊လေ့လာသင်ယူလိုစိတ်၊အနာဂတ်ကို အကောင်းမြင်ပြီးတွေးရဲ၊ ကြံရဲ၊ လုပ်ရဲတဲ့စိတ်နဲ့ကိုယ့်ရဲ့ အကောင်းဆုံးလူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲတဲ့ဗားရှင်းဖြစ်ဖို့ကဘဝပေးအခြေအနေထက်ကျော်ပြီးစဉ်းစားနိုင်မှ ရနိုင်တတ်တာမျိုး။ တခါတလေ လွတ်နေတာReality distortion field ထဲ နေနေတာကောင်းတဲ့အချက် အများကြီးရှိတယ်။ Phyo Paing @ Derek

ဒီစူပါပါဝါ ဦးနှောက်ကိုလှုပ်နှိုးဖို့
ခံစားချက်တွေရဲ့ ရန်ကိုအောင်နိုင်ရတယ်။
Read More »

“ကိုယ်” က စတင်တယ်။

ဘယ်အချိန်ဖြစ်ဖြစ်အကောင်းဆုံးရင်းနှီးမြုပ်နှံမှုလုပ်သင့်တဲ့နေရာက ကိုယ့်ကိုယ်ကိုယ်ပဲ။ ကိုယ်၊ စိတ်၊ နှလုံး၊ ဥာဏ် မှာရင်းနှီးမြုပ်နှံနိုင်လေကောင်းလေ။ ကိုယ်ကျန်းမာကြံ့ခိုင်ရေး၊ စိတ်အေးချမ်းရေး၊ဘယ်လိုလောကဓံဖြစ်ဖြစ်စိတ်ကိုစီမံနိုင်ရေး၊နှလုံးသားအဟာရကိုယ့်အတွက်အဓိပ္ပာယ်ရှိတဲ့ အလုပ်၊ကိုယ့်အတွက် အဓိပ္ပာယ်ရှိတဲ့အရာ၊ ဥာဏ ပိုင်းဆိုင်ရာစဥ်းစားနိုင်စွမ်း၊တွေးမြင်နိုင်စွမ်း၊ ဆုံးဖြတ်ချက်ကောင်းချနိုင်စွမ်း။ ဘာသာစကား၊ နည်းပညာအသုံးပြုနိုင်မှု။ အပြောင်းအလဲအားလုံး“ကိုယ်” က စတင်တယ်။ Phyo Paing @ Derek

“ကိုယ်” က စတင်တယ်။ Read More »

စိတ်မလုံခြုံမှု

လူတိုင်းမှာ စိတ်မလုံခြုံမှုအနည်းနဲ့ အများရှိကြတယ်။အများစုက လူတွေငါ့ကိုဘယ်လိုထင်နေမလဲကလာတယ်။ လှည့်ဖြားတတ်သူအများစုကဒီ စိတ်မလုံခြုံမှုကို အသုံးပြုပြီးသူတို့ထိန်းချုပ်မှုရောက်အောင်လုပ်ကြတယ်။ Phyo Paing @ Derek

စိတ်မလုံခြုံမှု Read More »

အရှိန်ရပ်ပြီးရင် ပြန်စဖို့
အင်မတန်ခက်ပါတယ်။

အရှိန်ရပ်ပြီးရင် ပြန်စဖို့အင်မတန်ခက်ပါတယ်။ လိိမ့်နေဖို့ အရေးကြီးတယ်။ တစ်နေရာ အဆင်မပြေရင်ပြေတဲ့နေရာ၊ တချို့လူတွေနဲ့အဆင်မပြေရင်ပြေတဲ့သူတွေနဲ့၊တစ်ခုနဲ့ အဆင်မပြေရင်နောက်တစ်ခုနဲ့၊အိုင်ဒီယာတစ်ခုနဲ့ အဆင်မပြေရင်နောက်တစ်ခုနဲ့ လိမ့်နေဖို့လိုတာပဲ။ ရှေ့ကို ဆက်လိမ့်နေမှအရှိန်မသေမယ်။ အရှိန်မသေမှအချိန်တန်ရင် အမြင့်ကိုထပ်တက်ဖို့ လေပင့်ရာလွင့်မဲ့ လေတံခွန်လို။ Phyo Paing @ Derek

အရှိန်ရပ်ပြီးရင် ပြန်စဖို့
အင်မတန်ခက်ပါတယ်။
Read More »

ထာရမာကနေ ဒရာမာ မဖြစ်ဖို့လိုတယ်။

လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲရေးမှာ Trauma တွေက Drama ထာရမာကနေ ဒရာမာ မဖြစ်ဖို့လိုတယ်။ ဒါကြောင့် ကျွန်တော် ကျင့်သုံးခဲ့တဲ့ အဆင့် ၃ ဆင့်နဲ့ မျှဝေပေးချင်တယ်။ ၁။ Release ရှင်းထုတ် လူတိုင်း ငယ်ဘဝဖြတ်သန်းမှုသမိုင်းမှာအမှိုက်တွေ တွယ်ကပ်လာတတ်တယ်။ ဒီအရာတွေက စိတ်ပိုင်းဆိုင်ရာဗိုင်းရပ်တွေလိုတစ်ချက်တစ်ချက် ဝင်ဒုက္ခပေးတတ်တယ်။ ဒီ အပျက်စိတ်၊ အငုံစိတ်၊ ကြောက်စိတ်၊ခွင့်လွတ်စရာ၊ စိတ်ဒဏ်ရာ၊ ဝမ်းနည်း၊ ကြေကွဲ၊ ယူကြုံးမရဒါတွေကို ဖြစ်စေတဲ့ ဘဝမှာကြုံခဲ့တဲ့အဖြစ်အပျက် significant emotional events (SEE) တွေကိုပြန်လည်ကုသဖို့လိုတယ်။ ဒီလို လုပ်ဖို့ ဒီအဖြစ်အပျက်တွေကို အဓိပ္ပာယ်ပြောင်းဖို့လိုတယ်။ ဒီအဖြစ်အပျက်တွေကို နားလည်ပေးလိုက်ဖို့လိုတယ်။ဒီလို အဓိပ္ပာယ်ပြောင်းဖို့ သင်ခန်းစာယူဖို့လိုတယ်။ တချို့က Therapy နဲ့ လုပ်တယ်။ အကောင်းဆုံးနည်းကတော့ self-therapy ဖြစ်နိုင်တယ်။ ဒီလို

ထာရမာကနေ ဒရာမာ မဖြစ်ဖို့လိုတယ်။ Read More »

3 M

လူတိုင်းအတွက် အသုံးကျချင်မှကျလိမ့်မယ်။ ကျွန်တော့်အတွက်တော့ အသုံးကျပြီးကိုယ့်အတွက်ကိုယ် ထုတ်ထားတဲ့ ဘဝကို အထာကျကျနေဖို့ ဘဝတည်ဆောက်ရေး 3M conceptual framework လေးအကြောင်းပြောပြချင်တယ်။ ၁။ Mastery တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှု ဘဝမှာ လမ်းမပျောက်ဖို့ ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို ထုတ်ပြလိုက်ရင်လူတွေ wow ခနဲဖြစ်သွားတဲ့ magic လိုတယ်။ဒီလို တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှုကို Mastery လို့ခေါ်ပါတယ်။ ဒီစာလေးကို ဖတ်နေတဲ့သူမှာ၊လူတိုင်းမှာ စူပါပါဝါရှိပြီးသားဖြစ်ပါတယ်။ဒါကို သိအောင်ရှာဖွေဖို့နဲ့ပျိုးထောင်ရင် တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့Mastery တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ၂။ Marketing မားကတ်တင်း တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့ အလုပ်ရှိပြီးငွေကြေး ချို့တဲ့တဲ့ဘဝ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့လိုနိုင်ငံမှာပါ။ ဒီလို မဖြစ်ဖို့အတွက် ကိုယ့်ဖန်တီးမှု၊ ကိုယ့်ကျွမ်းကျင်မှုကို လူတွေအားပေးဖို့လိုပါတယ်။ ကိုယ့်ကို မသိသေးတဲ့ သူစိမ်းတွေကို သိအောင်၊သိတဲ့သူတွေကို ဝယ်အောင်၊ ဝယ်တဲ့သူတွေကို

3 M Read More »

မြင်အောင်ကြည့်

ဒုက္ခတိုင်းရဲ့ နောက်ကွယ်မှာတန်ဖိုးကြီးတဲ့ အဓိပ္ပာယ်တွေရှိတတ်တယ်။မြင်အောင်ကြည့်၊ကြားအောင်နားထောင်၊ရင်ဘတ်နဲ့ခံစားတတ်ဖို့လိုနိုင်တယ်။ကျွန်တော်တို့ရဲ့ဘဝတွေကိုအောက်ကျနောက်ကျဖြစ်စေနိုင်တာလဲဒုက္ခ၊နောက်တစ်ဆင့်ရောက်စေနိုင်တာလဲဒုက္ခ။ Phyo Paing @ Derek

မြင်အောင်ကြည့် Read More »

တိုးတက်မှုစက်ဝန်း

သူများအတွက်တော့ မသိဘူး။ဒါလေးကတော့ ကျွန်တော့်အတွက်တိုးတက်မှုစက်ဝန်း။ ၁။ Struggle ရုန်းကန်မှု ဘဝမှာ ရုန်းကန်မှုတွေရှိမယ်။ ဒါကတော့ သဘာဝပဲ။ ကိုယ်ရည်မှန်းချက်တွေကလက်ရှိရှိနေတဲ့ အခြေအနေထက်ကြီးလေလေရုန်းကန်မှုရှိလေလေပဲ။ ဒါကတော့ ကောင်းတဲ့အချက်တစ်ခုလဲဖြစ်နိုင်တယ်။ပိုနေမြဲ ကျားနေမြဲ မနေချင်တာ၊ပြင်းပြတဲ့စိတ်ဆန္ဒရှိတာကောင်းတဲ့အချက်ဖြစ်တယ်။ ၂။ Search ရှာဖွေခြင်း လိုချင်တာတစ်ခုရဖို့ ဆုတောင်းတာအပြင်ရှာဖွေလို့ရတယ်။ မရှာရင် မတွေ့။ ရှာသောသူတွေ့တယ်။ ရုန်ကန်မှုတွေ ကျော်လွှားဖို့ အဖြေရှာ။အိုင်ဒီယာသစ်တွေ၊ လူတွေ၊ မသိသေးတဲ့ သတင်းအချက်အလက်တွေ၊ကျွမ်းကျင်သူတွေဆီက အဖြေရှာလို့ရတယ်။ ၃။ Solution ရှာတွေ့ခြင်း အဖြေရှာဖွေတွေ့ရှိတဲ့အခါစမ်းသပ်မယ်။ အဆင်ပြေရင် ဒါကိုဇွဲ၊ စဥ်ဆက်မပြတ်သင်ယူလေ့လာမှု၊အသုံးချမှုနဲ့ ဆက်သွယ်ရင်ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေကိုယ်သတ်မှတ်ထားတဲ့ အောင်မြင်မှုတွေရလာနိုင်မယ်။ 4. Success အောင်မြင်မှု တစ်တောင်ထက် တစ်တောင်ပိုမြင့်တယ်။ လူတိုင်းမှာ ငယ်ဘဝအိမ်မက်တွေရှိတယ်။ ဖြစ်ချင်ပြီးမဖြစ်သေးတဲ့အရာတွေရှိတယ်။ ဒါတွေ တစ်ခုချင်းအကောင်အထည်ဖော်နိုင်သလိုသံသရာထဲကထွက်ဖို့လဲ ရုန်းကန်မှု၊ ကိုယ်နဲ့အကိုက်ညီဆုံးဖြစ်တဲ့အဖြေရှာမှု၊အံဝင်ဂွင်ကျဖြစ်တဲ့အဖြေတွေ့မှုကတဆင့်လိုရာခရီးရောက်တဲ့ အောင်မြင်မှုဖြစ်လာနိုင်မယ်။ Phyo

တိုးတက်မှုစက်ဝန်း Read More »

ကိုယ့်အတွက်ကိုယ် အချိန်ပေးပါ။

လေ့ကျင့်ခန်းလုပ်ဖို့ မိနစ် ၃၀၊တရားထိုင် ရေချိုး ၃၀ မိနစ်ဂျာနယ်ရေး၊ ကိုယ့်အသက်မွေးဝမ်းကြောင်းအတွက်လေ့လာ ၁ နာရီ။ တစ်ရက်ကို ကိုယ့်အတွက်၂ နာရီ ပေးမယ်ဆိုကျန်တဲ့ ၂၂ နာရီက အလုပ်၊ အိမ်၊ အစား၊ အပျော်လုပ်လို့ရနိုင်တယ်။ သူများအတွက်ပဲ ဖြစ်နေတဲ့ဘဝမှာ ကိုယ့်အတွက်ကိုယ် အချိန်ပေးပါ။ Phyo Paing @ Derek

ကိုယ့်အတွက်ကိုယ် အချိန်ပေးပါ။ Read More »

နေ့စဥ် ကိုယ့်ဦးနှောက်ကို
လေ့ကျင့်နေဖို့လိုတယ်။

ဒါသိပြီးသားဖြစ်မှာပါ။ ဦးနှောက်က ခန္ဓာကိုယ်ရဲ့ ၂ ရာခိုင်နှုန်းပဲရှိတယ်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ စွမ်းအင် ၂၀ ရာခိုင်နှုန်းကို သုံးတယ်။ ဒါတောင် နားနေတဲ့အချိန်မှာ။ လူတွေမှာ ပိုင်ဆိုင်ထားတဲ့အရာတစ်ခုက“အချိန်” ပဲ။ ငွေဆိုတာ ကံကောင်းရင်မြန်မြန် ပြန်ရှာရလွယ်တယ်။ ဘာသာစကား၊ နည်းပညာ၊ အရသာရှိတဲ့ ဥာဏစွမ်းအားလှုံ့ဆောင်စေတဲ့အဆင့်မြင့်အာရုံခံစာပေ၊ အတွေးအခေါ်ကို ရသာရုံခံနိုင်စွမ်း တွေကို ခံစား အသုံးချနိုင်ဖို့ နေ့စဥ် ကိုယ့်ဦးနှောက်ကို လေ့ကျင့်နေဖို့လိုတယ်။ ကိုယ့်ဘဝမှာ ဘယ်တော့မှ နောင်တမရတဲ့ အရာတစ်ခုကတစ်ရက်တာကို ဘယ်တော့မှဖြစ်သလို မဖြတ်သန်းခဲ့တာလဲဖြစ်နိုင်တာပဲ။ Phyo Paing @ Derek

နေ့စဥ် ကိုယ့်ဦးနှောက်ကို
လေ့ကျင့်နေဖို့လိုတယ်။
Read More »