Personal Development

တိုးတက်မှုစက်ဝန်း

သူများအတွက်တော့ မသိဘူး။ဒါလေးကတော့ ကျွန်တော့်အတွက်တိုးတက်မှုစက်ဝန်း။ ၁။ Struggle ရုန်းကန်မှု ဘဝမှာ ရုန်းကန်မှုတွေရှိမယ်။ ဒါကတော့ သဘာဝပဲ။ ကိုယ်ရည်မှန်းချက်တွေကလက်ရှိရှိနေတဲ့ အခြေအနေထက်ကြီးလေလေရုန်းကန်မှုရှိလေလေပဲ။ ဒါကတော့ ကောင်းတဲ့အချက်တစ်ခုလဲဖြစ်နိုင်တယ်။ပိုနေမြဲ ကျားနေမြဲ မနေချင်တာ၊ပြင်းပြတဲ့စိတ်ဆန္ဒရှိတာကောင်းတဲ့အချက်ဖြစ်တယ်။ ၂။ Search ရှာဖွေခြင်း လိုချင်တာတစ်ခုရဖို့ ဆုတောင်းတာအပြင်ရှာဖွေလို့ရတယ်။ မရှာရင် မတွေ့။ ရှာသောသူတွေ့တယ်။ ရုန်ကန်မှုတွေ ကျော်လွှားဖို့ အဖြေရှာ။အိုင်ဒီယာသစ်တွေ၊ လူတွေ၊ မသိသေးတဲ့ သတင်းအချက်အလက်တွေ၊ကျွမ်းကျင်သူတွေဆီက အဖြေရှာလို့ရတယ်။ ၃။ Solution ရှာတွေ့ခြင်း အဖြေရှာဖွေတွေ့ရှိတဲ့အခါစမ်းသပ်မယ်။ အဆင်ပြေရင် ဒါကိုဇွဲ၊ စဥ်ဆက်မပြတ်သင်ယူလေ့လာမှု၊အသုံးချမှုနဲ့ ဆက်သွယ်ရင်ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေကိုယ်သတ်မှတ်ထားတဲ့ အောင်မြင်မှုတွေရလာနိုင်မယ်။ 4. Success အောင်မြင်မှု တစ်တောင်ထက် တစ်တောင်ပိုမြင့်တယ်။ လူတိုင်းမှာ ငယ်ဘဝအိမ်မက်တွေရှိတယ်။ ဖြစ်ချင်ပြီးမဖြစ်သေးတဲ့အရာတွေရှိတယ်။ ဒါတွေ တစ်ခုချင်းအကောင်အထည်ဖော်နိုင်သလိုသံသရာထဲကထွက်ဖို့လဲ ရုန်းကန်မှု၊ ကိုယ်နဲ့အကိုက်ညီဆုံးဖြစ်တဲ့အဖြေရှာမှု၊အံဝင်ဂွင်ကျဖြစ်တဲ့အဖြေတွေ့မှုကတဆင့်လိုရာခရီးရောက်တဲ့ အောင်မြင်မှုဖြစ်လာနိုင်မယ်။ Phyo […]

တိုးတက်မှုစက်ဝန်း Read More »

ကိုယ့်အတွက်ကိုယ် အချိန်ပေးပါ။

လေ့ကျင့်ခန်းလုပ်ဖို့ မိနစ် ၃၀၊တရားထိုင် ရေချိုး ၃၀ မိနစ်ဂျာနယ်ရေး၊ ကိုယ့်အသက်မွေးဝမ်းကြောင်းအတွက်လေ့လာ ၁ နာရီ။ တစ်ရက်ကို ကိုယ့်အတွက်၂ နာရီ ပေးမယ်ဆိုကျန်တဲ့ ၂၂ နာရီက အလုပ်၊ အိမ်၊ အစား၊ အပျော်လုပ်လို့ရနိုင်တယ်။ သူများအတွက်ပဲ ဖြစ်နေတဲ့ဘဝမှာ ကိုယ့်အတွက်ကိုယ် အချိန်ပေးပါ။ Phyo Paing @ Derek

ကိုယ့်အတွက်ကိုယ် အချိန်ပေးပါ။ Read More »

နေ့စဥ် ကိုယ့်ဦးနှောက်ကို
လေ့ကျင့်နေဖို့လိုတယ်။

ဒါသိပြီးသားဖြစ်မှာပါ။ ဦးနှောက်က ခန္ဓာကိုယ်ရဲ့ ၂ ရာခိုင်နှုန်းပဲရှိတယ်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ စွမ်းအင် ၂၀ ရာခိုင်နှုန်းကို သုံးတယ်။ ဒါတောင် နားနေတဲ့အချိန်မှာ။ လူတွေမှာ ပိုင်ဆိုင်ထားတဲ့အရာတစ်ခုက“အချိန်” ပဲ။ ငွေဆိုတာ ကံကောင်းရင်မြန်မြန် ပြန်ရှာရလွယ်တယ်။ ဘာသာစကား၊ နည်းပညာ၊ အရသာရှိတဲ့ ဥာဏစွမ်းအားလှုံ့ဆောင်စေတဲ့အဆင့်မြင့်အာရုံခံစာပေ၊ အတွေးအခေါ်ကို ရသာရုံခံနိုင်စွမ်း တွေကို ခံစား အသုံးချနိုင်ဖို့ နေ့စဥ် ကိုယ့်ဦးနှောက်ကို လေ့ကျင့်နေဖို့လိုတယ်။ ကိုယ့်ဘဝမှာ ဘယ်တော့မှ နောင်တမရတဲ့ အရာတစ်ခုကတစ်ရက်တာကို ဘယ်တော့မှဖြစ်သလို မဖြတ်သန်းခဲ့တာလဲဖြစ်နိုင်တာပဲ။ Phyo Paing @ Derek

နေ့စဥ် ကိုယ့်ဦးနှောက်ကို
လေ့ကျင့်နေဖို့လိုတယ်။
Read More »

ကိုယ်နဲ့ မထိုက်တန်ရင်
ဘယ်အရာမှ ကြာကြာမခံတတ်ဘူး။

အခွင့်အလမ်းပေးလဲအရည်အချင်းရှိမနေရင်ဖမ်းယူလို့မရဘူး။ကိုယ်နဲ့ မထိုက်တန်ရင် ဘယ်အရာမှ ကြာကြာမခံတတ်ဘူး။နေ့တိုင်း အခွင့်အလမ်းလာရင်ဖမ်းယူနိုင်တဲ့ထိုက်တန်တဲ့ ကျွမ်းကျင်မှုရှိဖို့သင်ယူ လေ့ကျင့်ချိန်တစ်ခုတော့ ပေးဖို့လိုနိုင်တယ်။ Phyo Paing @ Derek

ကိုယ်နဲ့ မထိုက်တန်ရင်
ဘယ်အရာမှ ကြာကြာမခံတတ်ဘူး။
Read More »

ဒီသုံးခုကို ပေါင်းစပ်ကြည့်ပါ

Work Hard မလုပ်ခင်Work Smart လုပ်Work Smart မလုပ်ခင်Work Wise. ရှင်းပြပါရစေ။ Work Hard ဆိုတာအလုပ်ကြိုးစားတာ။ Work Smart ဆိုတာရလဒ်ရဖို့ ဘယ်အရာက အရေးကြီးလဲဆိုတာသိပြီးအရေးကြီးတာကို အဓိကလုပ်တာ။ Work Wise ဆိုတာဘယ်အရာက ဒီနေ့နဲ့ အနာဂတ်အတွက်ကိုယ့်စိတ်ချမ်းသာဖို့အရေးပါသလဲ ကြည့်ပြီးအရေးမပါတာကို အရာမပေးပဲအရေးပါတာကိုပဲ အရာပေးတာ။ ဒါကြောင့် Work Wise, Work Smart,Work Hard ဒီသုံးခုကို ပေါင်းစပ်ကြည့်ပါအားတီ၊ အားမေတို့။ Phyo Paing @ Derek

ဒီသုံးခုကို ပေါင်းစပ်ကြည့်ပါ Read More »

ပညာပိုင်းဆိုင်ရာ အတွက်
ကိုယ့်အတွက်တော့ အသက်ပဲ။

ကိုယ်လုပ်တဲ့အလုပ်မှာ အစားထိုးလို့မရတဲ့သူဖြစ်အောင် နေ့တိုင်းလုပ်တယ်။ ကိုယ်ဖြေရှင်းနေတဲ့ပြဿနာမှာ ကိုယ်က အတော်ဆုံးဖြစ်ရမယ်။ အထူးချွန်ဆုံးဖြစ်ရမယ်။အဲ့လို စိတ်ပဲထားတယ်။ အဲ့နေရာမှာတော့ ပြိုင်ဆိုင်မှုပြင်းတယ်။ Competitive ဖြစ်တယ်။ ကျန်တဲ့ ဂုဏ်ရှိန်ဝါထက်ပညာပိုင်းဆိုင်ရာ အတွက်ကိုယ့်အတွက်တော့ အသက်ပဲ။ Phyo Paing @ Derek

ပညာပိုင်းဆိုင်ရာ အတွက်
ကိုယ့်အတွက်တော့ အသက်ပဲ။
Read More »

အရေးမပါတာကို အရာမပေးဖို့

မနက်ထလာလို့ မှန်ထဲကြည့်ရင်ကိုယ်တည်ဆောက်ဖန်တီးလာတဲ့ဂုဏ်အယူဆုံးသူကို တွေ့ရဖို့အရေးမပါတာကို အရာမပေးဖို့စိတ်ဓာတ်ရေးရာ နေ့စဉ်လေ့ကျင့်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek

အရေးမပါတာကို အရာမပေးဖို့ Read More »

လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့

အသက်ကို ပြင်းပြင်းရှူသွင်းကြည့်။ အာရုံလေးစိုက်ပြီး ပြန်ရှူထုတ်ကြည့်။ ဝင်သက်ထွက်သက်တိုင်းမှာ သတိလေးထားပြီး ပစ္စုပ္ပန်ကို အာရုံစိုက်နိုင်ရင်ငြိမ်းချမ်းမှုဆိုတာရှိတယ်။ တရုတ်အတွေးအခေါ်မှာ “သဟဇာတ” ကျဖို့Taoism ဆိုတာရှိတယ်။ လောကမှာ အရာရာကို အဖိုနဲ့ အမYin and Yang ခွဲနှစ်ခုမျှဖို့လိုတယ်။ အသက်ရှူသွင်းတာရှိသလို၊ အသက်ရှူထုတ်တာ ရှိတယ်။ ဘဝမှာ အဆိုးတွေရှိသလိုအကောင်းတွေလဲ ရှိတယ်။ ဘဝကို အထာကျကျနဲ့ သဟဇာတရှိရှိဖြစ်သန်းဖို့ အတွေးအခေါ်တစ်ခုနဲ့ ဘဝကို နေထိုင်ကြည့်တယ်။ ဒါကို Master Your Flow လို့နာမည်ပေးလိုက်တယ်။ သားရေကွင်းက ဆွဲလွန်းရင်လဲပြတ်တယ်။ အလားတူပဲ စွမ်းဆောင်ရည်အမြင့်ဆုံးPeak Productivity သွားတဲ့အခါဇွတ်အတင်းလုပ်တဲ့အခါအရုပ်ကြိုးပြတ်သွားနိုင်တယ်။ အချစ်ရေးမှာလဲ အလားတူပဲ။ရူးသွပ်မှုကို အခြေခံရင်ကြေကွဲမှု နောက်ကလိုက်လာမယ်။ အရာရာကို ညင်ညင်သာသာ Flow ရေစီးကြောင်းထဲ ဝင်အောင်လုပ်ဖို့လိုတယ်။ ဘဝရဲ့ ရေစီးကြောင်းကိုတွေ့တဲ့အခါရေဆန်ပြီး ရုန်းကန်နေရတာပျောက်သွားလိမ့်မယ်။ အထာကျကျ

လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့
Read More »

လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့

လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့ နေ့စဥ် မပျက်မကွက်တကူးတက အချိန်ပေးလုပ်ဆောင်တဲ့လုပ်ငန်းဆောင်တာတွေရှိလား?တစ်ခု သာရှိခဲ့မယ်ဆို ဘာလေးဖြစ်နိုင်မလဲ?

လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့
Read More »

ကိုယ့်အိုင်ဒီယာကို ရှင်းရှင်းလင်းလင်းဖော်ပြနိုင်ရေးကမားကတ်တင်းအတွက်တင် မဟုတ်ပဲ

ကိုယ့်အိုင်ဒီယာကို ရှင်းရှင်းလင်းလင်းဖော်ပြနိုင်ရေးကမားကတ်တင်းအတွက်တင် မဟုတ်ပဲလုပ်ငန်းရှင်တိုင်းအတွက် အရေးကြီးတယ်။ စာနဲ့ ရေးရေး၊ စကားနဲ့ ပြောပြောကိုယ်ဆိုလိုချင်တာကို ကွက်ကွက်ကွင်းကွင်းရှင်းရှင်းလင်းလင်းသိဖို့ လိုတယ်။ ကျွန်တော့်မှာ အဲ့ပါရမီ မပါဘူး။ပါရမီ မပါတဲ့ ဘယ်အရာမဆိုစိတ်ရှည်သည်းခံရင် သင်ယူလေ့လာပြီးပြုစု ပျိုးထောင်လို့ရတယ်လို့ ယုံကြည်တယ်။ နေ့တိုင်း ဟုတ်သည်ရှိ မဟုတ်သည်ရှိစာရေးနိုင်အောင်နဲ့ရေးထားတာကို လူတွေဘယ်လိုတုန့်ပြန် feedback ပေးသလဲ လေ့လာဖို့လူမှုကွန်ယက်ပေါ်နေ့တိုင်းတင်တယ်။​ ကိုယ့်ရဲ့ စွမ်းဆောင်ရေကို တိုးတက်စေသလိုလူတွေရဲ့ စဥ်းစားပုံ၊ တုန့်ပြန်ပုံ၊အပြုအမူ behavior တွေကိုလဲလေ့လာပြီး ဖြစ်သလို၊ဘယ်စကားလုံးက တာပိုသွားတယ်၊responsive ပိုဖြစ်တယ်၊ဘယ်လို အကြောင်းအရာ topic ကိုလူတွေ ဘယ်လို တုန့်ပြန်လေ့ရှိတယ်အပြင်၊ကိုယ့်ကို ဝေဖန်တဲ့အခါဘယ်လို ပုံစံမျိုးဝေဖန်လေ့ရှိသလဲ၊ဒီလို ဝေဖန်တဲ့အခါ ဘယ်လိုဆွမ်းကြီးဝင်လောင်းကြသလဲ 😀ဒါကို ဘယ်လို ဖြေရှင်းလို့ရသလဲ၊ဒီလို ဖြေရှင်းတဲ့ နည်းလမ်းတွေကိုမားကတ်တင်း ဗျူဟာပိုင်းတွေမှာဘယ်လို ပြန်သုံးမလဲ အပြင်၊မားကတ်တင်းမှာ ပြန့်နှံမှုအားကောင်းတဲ့philosophy အတွေးအခေါ်တစ်ခုကိုဖန်တီးပြန့်နှံ့စေဖို့ နည်းလမ်းတွေရှာရတယ်။

ကိုယ့်အိုင်ဒီယာကို ရှင်းရှင်းလင်းလင်းဖော်ပြနိုင်ရေးကမားကတ်တင်းအတွက်တင် မဟုတ်ပဲ Read More »