Progress

Change your story,
change your life.

ဘဝတစ်ခုမှာဇာတ်ကောင်တစ်ခုရမယ်။ခန္ဓာတစ်ခု၊မိဘ၊ ဆွေမျိုး၊ လူမျိုး၊ နိုင်ငံနောက်ခံသမိုင်းကျောင်းတစ်ခုရမယ်။ ဒီဇာတ်ကောင်ကို ထိန်းချုပ်လို့ရတဲ့အသိဥာဏ်တစ်ခုရမယ်။ အတိတ်ကိုပြောင်းလို့မရပေမယ့်အနာဂတ်ကိုပြောင်းလဲလို့ရမယ်။ အနာဂတ်ကိုပြောင်းဖို့ပုံပြင်အသစ်လိုတယ်။အတိတ်ကပြောနေကျပုံပြင်တွေကစွန့်ခွာနိုင်ဖို့လိုတယ်။ ကိုယ့်ကိုကိုယ်ပြောနေတဲ့ပုံပြင်တွေပြောင်းလဲနိုင်တဲ့အခါဇာတ်ကောင်ရဲ့ရပ်တည်မှုကိုအဓိပ္ပာယ်ဖွင့်တဲ့ပုံစံပြောင်းသွားလိမ့်မယ်။ လူအများစုက အတိတ်၊ဟိုဟောင်းနေတဲ့ယဥ်ကျေးမှု၊ ထုံးတမ်းစဥ်လာ၊အမြင်ဟောင်းကြီးထဲကထွက်ဖို့ ရုန်းကန်နေကြရတယ်။ Change your story,change your life ဆိုတာလဲကြားဖူးလိမ့်မယ်။ ဦးနှောက်ထဲမှာ Reticular activating system (RAS)ဆိုတာရှိတယ်။အရေးကြီးတာ၊ အရေးမကြီးတာကိုဇကာစစ်ပေးတယ်။ကိုယ်ယုံကြည်တဲ့အတိုင်းအရေးကြီးတာကိုတွေ့စေတယ်။ ဘဝကြီးက ခက်ခဲတယ်ဆိုခက်ခဲတဲ့အရာတွေကိုပဲပြေတယ်။ဘဝမှာ အခွင့်အလမ်းတွေရှိတယ်။ငွေဆိုတာရှာရလွယ်တယ်ဆိုအရမ်းခက်ခဲတဲ့နေရာမှာတောင်အခွင့်အလမ်းတွေတွေ့နိုင်တယ်။ရှင်းပြတာ မော်တီဗေးရှင်းနယ်စပီကာများဆန်သွားသလား။အဲ့လိုပဲ။ ကိုယ့်ဘဝကို ဂိမ်းကစားနေသလိုစဥ်းစားကြည့်။ဇာတ်ကောင်ရဲ့ပုံစံပြောင်းချင်ရင်ကိုယ့်ကိုကိုယ်ပြောနေတဲ့ပုံပြင်ပြော။ Phyo Paing @ Derek

Change your story,
change your life.
Read More »

တစ်ရက်တာကို ဘယ်လိုဖြတ်သန်းလဲမေးရုံနဲ့
လူတစ်ယောက်ရဲ့ဘဝအကြောင်း
အများကြီးသိနိုင်တယ်။

တစ်ရက်တာကို ဘယ်လိုဖြတ်သန်းလဲမေးရုံနဲ့လူတစ်ယောက်ရဲ့ဘဝအကြောင်းအများကြီးသိနိုင်တယ်။ နေ့စဥ်မလုပ်မနေလုပ်ဆောင်ရမည့်Ritual လိုတယ်။ပိုကောင်းတဲ့ဘဝ၊ထုတ်ကုန်၊ လုပ်ငန်းတည်ဆောက်ချင်ရင်ritual လိုတယ်။ လုပ်ငန်းရှင်တစ်ယောက်နေ့စဥ်လုပ်နေတဲ့ အရာတွေကိုကြည့်သူ့လုပ်ငန်းအကြောင်းကို သိလိမ့်မယ်။လူတစ်ယောက်ရဲ့နေ့စဥ်လုပ်ဆောင်တဲ့အရာတွေကိုကြည့်သူ့ဘဝကိုခန့်မှန်းလို့ရလိမ့်မယ်။ Phyo Paing @ Derek

တစ်ရက်တာကို ဘယ်လိုဖြတ်သန်းလဲမေးရုံနဲ့
လူတစ်ယောက်ရဲ့ဘဝအကြောင်း
အများကြီးသိနိုင်တယ်။
Read More »

သတိနဲ့နေတတ်မယ်ဆို

သတိနဲ့နေတတ်မယ်ဆိုအတွေ့အကြုံများလာလေအမြင်တွေပြောင်းလာတတ်လေ။ လူတွေနဲ့ ပတ်သက်တဲ့အမြင်၊ငွေကြေးနဲ့ ပတ်သက်တဲ့အမြင်၊​စီးပွါးနဲ့ ပတ်သက်တဲ့အမြင်။ အခြေအနေပေါ်မူတည်ပြီးအမြင်တွေပြောင်းတတ်လာတာဟာကောင်းတဲ့အချက်တစ်ချက်ဖြစ်တယ်။ အခြေအနေပေါ်မူတည်ပြီးကိုယ့်အရင် အမြင်အတိုင်းဆွဲကိုင်ထားတာကလူတွေကို ဒုက္ခအကြီးအကျယ်ပေးတတ်တယ်။ ဥပမာ လီကွမ်းယူဆိုသူအသက်ရှင်နေသမျှ စလုံးမှာကာဆီနိုဖွင့်လို့မရစေရဘူးလို့ကြွေးကြော်တယ်။နောက်ပိုင်း သူ့ဝန်ကြီးတွေရဲ့အကြံဥာဏ်နဲ့နှစ်ပေါင်းများစွာသုံးသပ်ချက်ပေါ်မူတည်ပြီးကာဆီနိုဖွင့်ခွင့်ပြုတယ်။နိုင်ငံခြားသားတွေ ဝင်ခွင့်အတွက်အခမဲ့။သူ့နိုင်ငံသားတွေ မစွဲလန်းအောင်ဝင်ခွင့်သတ်မှတ်တယ်။ အခြေအနေပေါ်မူတည်ပြီးအမြင်ကိုပြောင်းသွားတယ်။ ဘဝဆိုတာ မွေးကတည်းကအကုန်သိနေတာမှမဟုတ်တာ။သတ်မှတ်အချိန်မှာရှိနေတဲ့အသိဥာဏ်နဲ့အကောင်းဆုံးထင်တာဆုံးဖြတ်ချက်ချခဲ့တာပဲမဟုတ်လား။ တချို့သူတွေက လိုအပ်ရင်ကိုယ့်အထင်အမြင်ကို ပြောင်းပြီးပိုကောင်းတဲ့ရလဒ်အတွက်တည်ဆောက်တယ်။တချို့က အမြင်ကိုမပြောင်းနိုင်ဘူး။ လုပ်နေကျပုံစံဆက်လုပ်နေပြီးမတူတဲ့ရလဒ်ကို မျှော်လင့်နေတာရူးသွပ်မှုပဲလို့ အိုင်စတိုင်ကဆိုခဲ့တယ်။ လိုအပ်ရင် အမြင်တွေပြောင်းနိုင်ဖို့လိုတယ်။အခြေအနေပေါ်မူတည်ပြီးအမြင်တွေကို update လုပ်နိုင်တာBaye’s Rule လို့လဲခေါ်တယ်။​ Phyo Paing @ Derek

သတိနဲ့နေတတ်မယ်ဆို Read More »

တစ်သက်လုံးအတွက်
ဒီနေ့က
အသက်အငယ်ဆုံးပဲ။

တစ်သက်လုံးအတွက်ဒီနေ့ကအသက်အငယ်ဆုံးပဲ။ နောက်နှစ်ငါးဆယ်ဆိုအခုကိုယ့်ဘေးကလူအများစုလဲရှိကြတော့မှာ မဟုတ်ဘူး။​ လူသားအတွေ့အကြုံကိုကြုံတုန်းဆုံတုန်းခဏလာတွေ့ကြတာ။ အသက်ရှင်တုန်းမှာအသက်ဝင်နေဖို့လိုတယ်။​ အာရုံခြောက်ပါး အလုပ်ကောင်းကောင်းလုပ်ဖို့လိုတယ်။အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့၊ အတွေး။ဒါတွေကို သိနေဖို့လိုတယ်။ တစ်ခဏအရာကို ထာဝရလို့မခံစားပဲ၊လူသားအတွေ့အကြုံကိုသိမြင်ခံစားနိုင်ဖို့လိုတယ်။ လူတွေရဲ့ ရာခိုင်နှုန်းတစ်ခုကအသက်လာရှင်ပြီးတခြားသူတွေနဲ့ နှိုင်းယှဉ်လိုက်၊​လောင်လိုက်နဲ့အသက်ဝင်ဖို့ မေ့သွားကြတယ်တဲ့။ နေ့စဉ်လှုပ်ရှား ရုန်းကန်မှုတွေထဲကအသက်ရှင်ပြီး အသက်ဝင်လို့ရတယ်။ ဒီလိုဖြစ်ဖို့ ကားတစ်စီးရွေ့လျားတဲ့အခါalignment အလိုင်းမန့်ညီဖို့လိုတယ်။အသိ၊ အတွေး၊ အကြံအစီ၊ အလုပ်တစ်သားတည်းကျအောင်ချိန်ငြိဖို့လိုနိုင်တယ်။ Phyo Paing @ Derek

တစ်သက်လုံးအတွက်
ဒီနေ့က
အသက်အငယ်ဆုံးပဲ။
Read More »

လိမ္မာပါးနပ်တဲ့သူအများစုကပဲ
သူ့နယ်ပယ်မှာ ထိပ်ဆုံးရောက်တာ။

အတော်ဆုံးသူတိုင်းကသူ့နယ်ပယ်မှာ ထိပ်ဆုံးဖြစ်တာမဟုတ်ဘူး။လိမ္မာပါးနပ်တဲ့သူအများစုကပဲသူ့နယ်ပယ်မှာ ထိပ်ဆုံးရောက်တာ။ လိမ္မာပါးနပ်တယ်ဆိုတာကိုယ့်အားသာချက်ကိုယ်သိတယ်။ကိုယ့်ရဲ့အကန့်အသတ်ကိုယ်သိတယ်။ကိုယ်လိုချင်တာကိုယ်သိတယ်။ကိုယ့်ပလန်နဲ့ ကိုယ်။ကိုယ်ရွေ့မဲ့အကွက်ကို စနစ်တကျချတယ်။ရေရှည်စဉ်းစားတယ်။စိတ်ရှည်ရှည်ထားတယ်။အချိန်ကောင်းရောက်ရင်အကွက်ရွေ့တာမြန်တယ်။ကိုယ့်အတွေးအခေါ်နဲ့ ကိုယ်ရှိတယ်။ Phyo Paing @ Derek

လိမ္မာပါးနပ်တဲ့သူအများစုကပဲ
သူ့နယ်ပယ်မှာ ထိပ်ဆုံးရောက်တာ။
Read More »

ပျော်ရွင်မှုရဲ့လမ်းတစ်လမ်းပဲ။

ကိုယ်ဂုဏ်ယူတဲ့အလုပ်ကိုလုပ်ပြီးအသက်မွေးမှု ကောင်းကောင်းလုပ်နိုင်ခြင်းကပျော်ရွင်မှုရဲ့လမ်းတစ်လမ်းပဲ။ Phyo Paing @ Derek

ပျော်ရွင်မှုရဲ့လမ်းတစ်လမ်းပဲ။ Read More »

ရေရှည်အတွက် အကျိုးရှိရင်
မချစ်တာကို ချစ်အောင်လုပ်နိုင်ဖို့လဲလိုတတ်တယ်။

ကိုယ့်အတွက် အကျိုးရှိမယ်ဆိုရင်ကိုယ်မုန်းတဲ့အရာတွေကိုချစ်အောင်ကြိုးစားကြည့်။ အလေးမရတာ မကြိုက်ဘူး။ရေရှည်အတွက် အကျိုးရှိရင်ချစ်အောင်ကြိုးစားကြည့်ရမှာပဲ။ နည်းပညာသစ်တွေအသုံးမပြုချင်ဘူး။ရေရှည်အတွက် အကျိုးရှိရင်ချစ်အောင်ကြိုးစားကြည့်ရမှာပဲ။ တချို့လူတွေကို အဆက်အဆံမပြုချင်ဘူး။ရေရှည်အတွက် အကျိုးရှိရင်ချစ်အောင်ကြိုးစားကြည့်ရမှာပဲ။ စာတွေ၊ ဗီဒီယိုတွေလုပ်ငန်းအတွက်တင်ရမှာ မကြိုက်ဘူး။ရေရှည်အတွက် အကျိုးရှိရင်မကြိုက်လဲ ကြိုက်အောင်ကြိုးစားကြည့်ရမှာပဲ။ ဘဝမှာ တချို့အတွေးအခေါ်တွေကိုလက်မခံချင်ဘူး။ရေရှည်အတွက် အကျိုးရှိရင်လက်ခံနိုင်အောင် ကြိုးစားကြည့်ရမှာပဲ။ ကိုယ်က ဘာကောင်မှလဲမဟုတ်ဘူး။ကိုယ့်အတွက်၊ မိသားစုအတွက်၊ကိုယ့်လုပ်ငန်းအတွက်၊ ကိုယ့်ရပ်ရွာ၊ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ၊ လူတွေအတွက်တစ်ဆင့်ချင်းလာတယ်။ရေရှည်အတွက် အကျိုးရှိရင်မချစ်တာကို ချစ်အောင်လုပ်နိုင်ဖို့လဲလိုတတ်တယ်။ Phyo Paing @ Derek

ရေရှည်အတွက် အကျိုးရှိရင်
မချစ်တာကို ချစ်အောင်လုပ်နိုင်ဖို့လဲလိုတတ်တယ်။
Read More »

အချိန်နဲ့ အာရုံကို ကပ်စေးနဲပါ။

အချိန်နဲ့ အာရုံကို ကပ်စေးနဲပါ။ကုန်သွားတဲ့ငွေကပြန်ရှာလို့ရနိုင်တယ်။ကုန်သွားတဲ့အချိန်နဲ့အာရုံကပြန်ရှာလို့မရဘူး။ Phyo Paing @ Derek

အချိန်နဲ့ အာရုံကို ကပ်စေးနဲပါ။ Read More »

နေ့စဉ် ဘာလုပ်ရပ်တွေလုပ်ရမလဲ

နေ့စဉ် ဘာလုပ်ရပ်တွေလုပ်ရမလဲ။ ၁။ နေ့စဉ်အသစ်တစ်ခုလေ့လာ၂။ နေ့စဉ် အသစ်တစ်ခုစမ်းသပ်၃။ နေ့စဉ် မျှဝေ နေ့စဉ် ဘာရလဒ်တွေရရမလဲ။ ၁။ နေ့စဉ် ငွေဝင်၂။ နေ့စဉ် တိုးတက်၃။ နေ့စဉ် အနာဂတ်အတွက်ပြင်ဆင်၄။ နေ့စဉ် ကုသိုလ်ရ Phyo Paing @ Derek

နေ့စဉ် ဘာလုပ်ရပ်တွေလုပ်ရမလဲ Read More »

ဘဝမှာ အခက်အခဲဆုံးအရာက
move on ဖြစ်ဖို့။

ဘဝမှာ အခက်အခဲဆုံးအရာကmove on ဖြစ်ဖို့။ ဘဝမှာ ခဏခဏmove on လုပ်ရတတ်တယ်။ ကိုယ်မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာတဲ့ အဖြစ်အပျက်တွေကိုနာကျင်စွာနဲ့ နှလုံးသွင်းmove on လုပ်ခဲ့ဖူးကြလိမ့်မယ်။ သင်ခဲ့တဲ့စာတွေနဲ့လက်တွေ့ဘဝနဲ့မကိုက်တဲ့အခါသင်ခန်းဟောင်းတွေကနေmove on လုပ်ရတယ်။​ ဘဝမှာ လာရာတွေတူခဲ့ပေမယ့်လားရာမတူတဲ့သူတွေရဲ့လမ်းခွဲမှုကနေmove on လုပ်ရတတ်တယ်။ ခေတ်ပြောင်း၊ စနစ်ပြောင်းတဲ့အခါလိုအပ်တဲ့ စကေးအပြောင်းမှာစကေးအဟောင်းတွေကိုထားခဲ့move on လုပ်ရပြန်တယ်။ ဖြစ်နေတဲ့ပုံစံကိုမကြိုက်တဲ့အခါလုပ်နေကျပုံစံတွေကိုစွန့်လွတ်ပြီးmove on လုပ်ရပြန်တယ်။ ဘဝမှာ သင်ခန်းစာယူပြီးmove on လုပ်နိုင်တိုင်းအရာရာပိုကောင်းလာနိုင်တာဘဝပါပဲ။ ဒါကြောင့် အရာရာပိုကောင်းဖို့ဖြစ်လာတာပါလို့အမြဲနှလုံးသွင်းဖြစ်တယ်။ Phyo Paing @ Derek

ဘဝမှာ အခက်အခဲဆုံးအရာက
move on ဖြစ်ဖို့။
Read More »