Relationship

Relationship က ကိုယ့်ဘဝရဲ့
အရည်အသွေးပဲ။

အချစ်ရေးတင်မဟုတ်ဘူး။မိဘနဲ့ သားသမီးကြားဆက်ဆံရေးလဲပါတယ်။ဘဝ အရည်အသွေးတစ်ခုပဲ။ ကိုယ့်ကိုနားလည်တဲ့မိဘနဲ့ကိုယ့်ကိုနားမလည်တဲ့မိဘနှစ်ယောက်ကြားဖြတ်သန်းရတဲ့ဘဝပုံစံကတူမှာမဟုတ်ဘူး။ ကိုယ်က လောကုတ္တရာမှာ တရားမရသေးဘူး၊တစ်ယောက်တည်းနေ၊တစ်စိတ်တည်းမထားတတ်သေးဘူးဆိုရင်လူတွေနဲ့ဆက်ဆံရမှာပဲ။လူတွေနဲ့ပေါင်းသင်းဆက်ဆံမှုမပြုရရင်အထီးကျန်မှာပဲ။ Relationship ဆက်ဆံရေးတိုင်းကတစ်ယောက်နဲ့ တစ်ယောက်နားလည်မှုရှိရင် အရာရာဆိုပြေတယ်။ အရင်က ဒီ relationship လျှို့ဝှက်ချက်codes တွေကို မရှာဖွေနိုင်စဥ်ကနှစ်ပေါင်းများစွာ တိုင်ပတ်ခဲ့တယ်။ Relationship ဆိုတာ လူတွေနဲ့ဆက်ဆံရေးတည်ဆောက်ရတာဖြစ်တဲ့အတွက်လူ့အကြောင်း၊ လူ့သဘောမနော၊ ဖြတ်သန်းကြီးပြင်းလာတဲ့ ယဥ်ကျေးမှု၊ကမ္ဘာကြီးကိုမြင်တဲ့ပုံစံ mental model တန်ဖိုးထားမှု values နဲ့ တွန်းအားပေးတဲ့ motivation ခေါင်းထဲထည့်ထားတဲ့အတွေးအခေါ်၊ ယုံကြည်မှု၊ တုန့်ပြန်မှု ဒါတွေ အကုန်လုံးသိထားဖို့လိုနိုင်တယ်။တပြိုင်တည်းမှာ မိဘ၊ သားသမီး၊ သမီးရည်းစား၊ လင်မယားကတန်ဖိုးထားမှု၊ လောကအမြင်တွေတူရင်ဘယ်လောက်ခက်ခဲတဲ့ ဒုက္ခကြားဖြစ်ဖြစ်ဘဝအရည်အသွေး quality of life က ကောင်းနေမှာပဲ။ The quality of your relationship isthe quality of […]

Relationship က ကိုယ့်ဘဝရဲ့
အရည်အသွေးပဲ။
Read More »

ဘယ်အရာမဆို
နားလည်ပြီး ထိန်းသိမ်း ဒီဇိုင်းလုပ်တာ
အရေးကြီးမယ်လို့ ထင်တယ်။

လူတွေက အချစ်ကိုရှာတဲ့အခါငယ်ငယ်က ကိုယ့်စိတ်ကူးထဲမှာလိုချင်တဲ့ အဖေ ဒါမှမဟုတ် အမေရဲ့ပုံစံရှာတတ်ကြတယ်။ အိမ်မှာ ဒရာမာတွေ များလေလေ၊ဒရာမာတွေ များလေလေအချစ်ကို ကိုးကွယ်တတ်လေလေပဲ။ တချို့ အိမ်မှာ “စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်အရမ်းပြည့်စုံတော့”အချစ်ဆိုတာ အရမ်းမတောင့်တ တတ်ကြဘူး။ တချို့က အကုန်လုံးပြီးပြည့်စုံနေလဲ“စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် မပြည့်စုံတဲ့အခါ”အချစ်ကို ပိုကိုးကွယ်တတ်ကြတယ်။ ဘာကြောင့်လဲဆိုတော့လူတိုင်း ကမ္ဘာလောကထဲကိုမျက်စိသူငယ်နားသူငယ်နဲ့ ရောက်လာပြီးအားကိုးရှာတဲ့အခါအဖေ ဒါမှမဟုတ် အမေ၊အဒေါ်တို့ဆီက အားကိုးမှုယူကြတယ်။ ဒီပေါ်မှာ မူတည်ပြီး လောကကို မြင်တဲ့ အမြင်တွေ ဖြစ်လာတတ်တယ်။နောက်မိဘ၊ အဘိုးအဘွားရဲ့မျိုးရိုးဗီဇကလဲ ပါမယ်။ လူတွေရဲ့ စိတ်က ထူးဆန်းတတ်တယ်။ မသိမသာ လေ့လာကြည့်ရင်လူတွေမှာ သူတို့ ပြောနေတဲ့ပုံပြင်တွေရှိတတ်တယ်။ တချို့က အမြဲ ခံရတဲ့ဖက်ကကြီး။ တချို့က အမြဲ ကြေကွဲနေတယ်။တချို့က အမြဲ တက်ကြွနေတယ်။တချို့က အချစ်နဲ့စတွေ့ရင် အရမ်းတက်ကြွ။နောက်ပိုင်း အကြောင်းစုံသိလာတဲ့အခါတက်ကြွမှုတွေ နည်းလာတယ်။

ဘယ်အရာမဆို
နားလည်ပြီး ထိန်းသိမ်း ဒီဇိုင်းလုပ်တာ
အရေးကြီးမယ်လို့ ထင်တယ်။
Read More »

အပေါ်ယံဆန်တဲ့ စကားဝိုင်းတွေ

အပေါ်ယံဆန်တဲ့ စကားဝိုင်းတွေနဲ့အချိန်ကုန်ရတာဟာအချိန်ဖြုန်းတာပဲ။ Relationship တစ်ခုရဲ့ အတိမ်အနက်ကလဲဒီ စကားပြောဆိုမှု conversation တွေကလာတယ်။အလုပ်၊ အချစ်၊ ဘဝPersonal, Professional နဲ့Business relationship တိုင်းအဲ့လိုပဲ။​ တချို့ သူငယ်ချင်းတွေ အရမ်းခင်တယ်။ရင်ဘတ်ချင်းမနီးတော့ဘူး။သမီးရည်းစား လင်မယားဖြစ်ပြီးဘဝက အထီးကျန်ဆန်နေတယ်။​လုပ်ငန်းတူတူလုပ်တဲ့သူချင်းစဥ်းစားတဲ့ အတိမ်အနက်မတူဘူး။​ဒါမျိုး relationship တိုင်းမှာ ဖြစ်တတ်တယ်။ ဒါကြောင့် အပေါ်ယံတွေရှောင်ပြီးအဓိပ္ပာယ်ရှိ deep ဖြစ်တဲ့ စကားတွေပြောနိုင်တဲ့သူတွေနဲ့ တွေ့ဆုံကြုံကြိုက် ဘဝကိုဖြတ်သန်းမှအဓိပ္ပာယ်ရှိမှာ။ Phyo Paing @ Derek

အပေါ်ယံဆန်တဲ့ စကားဝိုင်းတွေ Read More »

Relationship တစ်ခုမှာ ကျေးဇူးတင်တတ်တဲ့စိတ်
မထားတတ်ရင် ရေရှည်အဆင်မပြေနိုင်ဘူး

Relationship တစ်ခုမှာ ကျေးဇူးတင်တတ်တဲ့စိတ်မထားတတ်ရင် ရေရှည်အဆင်မပြေနိုင်ဘူး။ကိုယ်ရှိထား၊ ပိုင်ဆိုင်ထားတာကိုကျေးဇူးတင်စိတ်နဲ့ နေထိုင်ဖြတ်သန်းနိုင်ဖို့လိုတယ်။နောက်တစ်ခုက relationship လို့ဆိုလိုက်ရင်လူတိုင်းက ကိုယ်လိုချင်တာကိုပဲ စဉ်းစားကြတယ်။ ဘယ်လိုပုံစံ၊ ဘာအရည်အချင်း၊ချမ်းသာကြွယ်ဝမှုဘယ်လို၊ငါ့အပေါ်ဘာတွေလုပ်ပေးရမယ်။Relationship ဆိုတာကိုယ်သွားယူရတဲ့အရာမဟုတ်ဘူး။ လူတစ်ယောက်ကိုချစ်ရင်ပေးဆပ်ဖို့စဉ်းစားတဲ့နေရာ။တိုနီပြောတာ သဘောကျလို့။Relationship is not a place you go and take.It’s a place you go and give တဲ့။ Phyo Paing @ Derek

Relationship တစ်ခုမှာ ကျေးဇူးတင်တတ်တဲ့စိတ်
မထားတတ်ရင် ရေရှည်အဆင်မပြေနိုင်ဘူး
Read More »

အားပေး၊ ဂုဏ်ယူ
လူတစ်ယောက်ကို

အားပေး၊ ဂုဏ်ယူ။လူတစ်ယောက်ကိုအကောင်းဆုံးပေးနိုင်တာကအားပေးတာနဲ့ ဂုဏ်ယူပေးတာပဲ။Relationship တိုင်းပေးရမှာဒီနှစ်ခုအဓိကပဲလို့မြင်တယ်။ကိုယ့်ကိုကိုယ်လဲအမြဲအားပေး၊ ဂုဏ်ယူပါ။ Phyo Paing @ Derek

အားပေး၊ ဂုဏ်ယူ
လူတစ်ယောက်ကို
Read More »

လူတွေလမ်းခွဲကြတဲ့အခါ

အကျဥ်းတန်တဲ့ ပုံစံနဲ့ခွဲကြသလို တချို့တွေက မေတ္တာနဲ့စပြီးနားလည်မှုနဲ့ပဲ အဆုံးသတ်ကြတယ်။ မနေ့က Nas Daily ရဲ့ လမ်းခွဲတဲ့video ကြည့်လိုက်ရင် အချစ် relationship အပေါ်ထားတဲ့အတွေးအခေါ်တွေ တော်တော်ကွာကြတာတွေ့ရလိမ့်မယ်။ အိမ်ထောင်ပြုတယ်ဆိုတာ ဘယ်သူမှတော့ အပျော်ကြံပြီးအိမ်ထောင်ပြုကြမှာတော့မဟုတ်ဘူး။ တစ်ဘဝလုံး အတူတူသွားကြမယ်ဆိုတဲ့သံဓိ ဌာန်နဲ့ ဆုံးဖြတ်ချက်ချခဲ့ကြတာကြီးပဲ။ လူတွေက လုပ်နေတဲ့အလုပ်ခေါင်းထဲထည့်တဲ့အတွေးအခေါ်ပေါင်းတဲ့သူပေါ်မူတည်ပြီးကမ္ဘာကြီးကိုမြင်တဲ့အမြင်မတူကြဘူး။ world view တွေက မတူကြဘူး။ Relationship တစ်ခုမှာ လူတွေကတန်ဖိုးထားမှု တူချင်မှတူမယ်။အိမ်မက်တွေကလဲ တူချင်မှတူမယ်။ ဒါပေမယ့်ပေါင်းစပ်လို့ရနိုင်တယ်။ ဘယ်အချိန်တွေမှာ relationship တစ်ခုတိုင်ပတ်တတ်ကြလဲဆို တစ်ဖက်က တစ်ဖက်ပိတ် fixed mindsetတစ်ဖက်က တိုးတက်မှု growth mindsetဖြစ်နေတဲ့အခါ မျိုးပေါ့။ တဖက်က တိုးတက်နေမှု၊ လေ့ကျင့်နေမှုကြောင့်မတူညီတဲ့ version ဖြစ်သွားတယ်။ လောကအမြင် မတူတော့ဘူး။ တဖက်က တစ်ဖက်ပိတ် fixed

လူတွေလမ်းခွဲကြတဲ့အခါ Read More »

Love & Relationship မှာ
ချိတ်ဆက်မှုသုံးခုလိုတယ်

၁။ Physical connectionရုပ်ပိုင်းဆိုင်ရာ ချိတ်ဆက်နိုင်စွမ်းလှတယ်၊ မိုက်တယ်၊ သန်မာတယ်၊ရုပ်ပိုင်းဆိုင်ရာလက်ခံနိုင်တယ်။ပူးကပ်ကပ်နေတယ်။ဒါက physical connection ၂။ Emotional connectionကိုယ့်လိုအပ်ချက်ကိုသိတာ၊ခံစားချက်ကို နားလည်တာ၊တစ်ယောက်နဲ့တစ်ယောက်ခံစားချက်တွေနားလည်ပြီးဖေးမပေးတတ်တာ။ ၃။ Spiritual connectionငါတို့နှစ်ယောက်ပေါင်းကတစ်ယောက်တည်းထက်ပိုတယ်။ဒါက universe ကပေးလိုက်တာတို့။ကိုယ်မမြင်ဖူးတဲ့ ကမ္ဘာကိုပြပေးလိုက်တာ၊အတွေ့အကြုံကို ပြပေးလိုက်တာ။ဒါက spiritual connection. ဒါတွေကိုပိတ်ဆို့နေတာကcultural confusionယဥ်ကျေးမှုနဲ့ ကိုယ်နေထိုင်တဲ့နေရာကသတ်မှတ်ချက်တွေကြောင့်ရှုပ်ထွေးမှုတွေဖြစ်လာတယ်။မင်းကတော့ လှည်းကြိုးထမ်းရတော့မယ်တို့၊သူ့အိမ်က background ကချမ်းသာတယ်တို့၊ဒီ survival level နဲ့ social levelရှင်သန်မှုနဲ့ ပွဲတက်တဲ့အခါလူအထင်ကြီးမှုမှာလူအများစုက ပိတ်မိနေကြတယ်။ဒီကတဆင့် spiritual level မရောက်တော့ဘူး။ လူနှစ်ယောက်ပေါင်းစည်းတဲ့အခါနှစ်ယောက်ပေါင်းပြီး ကမ္ဘာကြီးကိုမြင်တဲ့world view က ပိုကောင်းသွားတာဖြစ်နိုင်တယ်။ပိုဆိုးသွားတာလဲဖြစ်နိုင်တယ်။ ပိုကောင်းသွားဖို့ ဒီ cultural confusion ဖြစ်စေတဲ့လူတွေကို ဦးနှောက်ဆေးတဲ့အဆိပ်အသောက်ဖြစ်စေတဲ့အပေါ်ယံဆန်တဲ့ social media ကတွေ့သမျှကို ယုံကြည်ခံစားနေလို့မရဘူး။ ဒါကတော့ သာကောရဲ့အချစ်အတွက် ထုတ်ထားတဲ့

Love & Relationship မှာ
ချိတ်ဆက်မှုသုံးခုလိုတယ်
Read More »

Relationship တစ်ခုက
ကိုယ်ဘယ်သူဖြစ်လာမလဲဆိုတဲ့ဖြစ်စဥ်မှာ
အကြီးကြီးအရေးပါတယ်

Relationship တစ်ခုကကိုယ်ဘယ်သူဖြစ်လာမလဲဆိုတဲ့ဖြစ်စဥ်မှာအကြီးကြီးအရေးပါတယ်။ ဘာကြောင့်လဲဆိုတော့ကိုယ်ဘယ်သူလဲဆိုတဲ့ identity နဲ့ relationship ကအနည်းနဲ့အများသက်ဆိုင်နေတယ်။ ကိုယ်ဘယ်လိုလူကိုရွေးချယ်သလဲ၊ပြဿနာတွေကို ဘယ်လိုဖြေရှင်းကြလဲ၊အနာဂတ်အမြင်ကဘယ်လိုလဲ၊ဘဝအပေါ်မြင်တဲ့အမြင်နဲ့အတွေးအခေါ်က ဘယ်လိုလဲဒီအပေါ်မူတည်ကြတယ်။ Jim Rohn ပြောတာမင်းဟာမင်းနဲ့ပေါင်းတဲ့လူငါးယောက်ရဲ့သာမာန် average ပဲတဲ့။ အဲ့ငါးယောက်ထဲမှာ အရေးကြီးတဲ့relationship ပါတယ်။ Phyo Paing @ Derek

Relationship တစ်ခုက
ကိုယ်ဘယ်သူဖြစ်လာမလဲဆိုတဲ့ဖြစ်စဥ်မှာ
အကြီးကြီးအရေးပါတယ်
Read More »

ပျော်ရွင်တဲ့ အိမ်ထောင်ရေးမှာ

သုတေသနတွေအရအိမ်ထောင်ရေးမှာ ဆယ်ယောက်မှာသုံးယောက်ပျော်ရွင်ကြပြီးသူတို့မှာ အဓိကတွေ့ရတဲ့အချက်သုံးချက်ရှိတယ်။ပထမတစ်ချက်က အသေးစိတ်ဂရုစိုက်တာတဲ့။Conscientious နဲ့တဲ့။ အချိန်ကြာလာလေ လူတွေကကျင့်သားရလေဖြစ်တတ်ကြပြီးဒီ အသေးစိတ်ဂရုစိုက်တတ်တာကအချစ်ရေးမှာ စတွေ့တဲ့အချိန်မှာပဲဖြစ်တတ်ကြပြီး ကြာလေပျောက်လေဖြစ်တတ်ကြတယ်။ ဒီအချက်ရှိရင် ကျေးဇူးတင်စိတ်ကိုဖော်ပြတဲ့ show of gratitude ဖြစ်လာပြီးပိုအဆင်ပြေတဲ့ အိမ်ထောင်ရေးတွေမှာတွေ့ရတယ်တဲ့။ နောက်တစ်ဆင့်ကတော့ဒေါသကြီးတာ။ စိတ်ကြီးတာ။အညှိုးထားတတ်တာ။တစ်ခုခုဆို ကလဲ့စားခြေချင်တာ။စိုးရိမ်စိတ်များတတ်ပြီး လူတွေကိုမယုံတာ။ဒီ neurotic personality trait နည်းတာတဲ့။တစ်နည်းပြောရရင် စိတ်ငြိမ်တာ။Emotional stability ရှိတာ။ နောက်တစ်ချက်ကသဘောတူလိုက်လျောညီထွေနေတတ်မှုAgreeableness တဲ့။ OCEAN လို့ခေါ်တဲ့ကိုယ်ရည်ကိုယ်သွေး ငါးခုBig 5 personality ကို ကြားဖူးလိမ့်မယ်။​ မြန်လာလိုဆို ဒီလိုပြောလို့ရမလားမသိဘူး။Openness ပွင်းလင်းမှုConscientiousness အသေးစိတ်ဂရုစိုက်Extraversion ဖော်ရွေ၊ အပြင်စွဲAgreeableness သဘောတူလိုက်လျောညီထွေနေတတ်မှုNeuroticism စိုးရိမ်တတ်၊ အသေးစိတ်အကဲဖြတ်တတ်မှုတဲ့။ ပျော်ရွင်တဲ့ အိမ်ထောင်ရေးမှာဒီ personality trait ကိုယ်ရည်ကိုယ်သွေးသုံးခုတွေ့ရတယ်တဲ့။ Phyo Paing @ Derek

ပျော်ရွင်တဲ့ အိမ်ထောင်ရေးမှာ Read More »

Relationship မှာ
ပထမဆုံးစတွေ့တဲ့အခါ

အရင်ကတည်းက ရင်းနှီးနေသလိုပဲ။ ဒါကို phenomenon of recognition တဲ့။ နောက် သိတာမှမကြာသေးဘူး။နှစ်ရှည်လများ သိနေသလိုပဲ။ ဒါကို phenomenon of timelessness တဲ့။ တတိယအဆင့်က အချိန်ကြာလာလေပိုရင်းနှီးလာလေ၊ ပိုယုံကြည်လာလေ။ ပိုစာနာပြီး တစ်ဖက်လူဖက်ကခံစားပေးလေတဲ့။ နောက်တစ်ဆင့်ကျတော့ illusion ထင်ယောင်ထင်မှားဖြစ်တဲ့အဆင့်တဲ့။ ကိုယ့် partner ရဲ့ စိတ်ကူးထဲက ideal ဖြစ်တဲ့ပုံစံအတိုင်းပြုမူတတ်တဲ့အတွက်ဒါက ငါ့စိတ်ကူးထဲက relationship ပဲဆိုတဲ့ကမ်းမမြင်လမ်းမမြင်အဆင့်။ နောက်ကျတော့ အရင်သဘောကျတဲ့အဆင့်တွေကစိတ်ညစ်စရာဖြစ်တဲ့အဆင့်။ အရင် အနေအေးလိုက်တာ၊ စကားနည်းတာကောင်းတယ်ဆိုတဲ့ အထင်အမြင်ကနေအချိန်ကြာလာတော့ ပျင်းစရာကောင်းလိုက်တာ၊ငြီးငွေ့စရာ အထီးကျန်စရာကောင်းလိုက်တာဆိုတဲ့အဆင့်။ နောက် power struggle တစ်ယောက်နဲ့တစ်ယောက်စိတ်ဆိုး၊ စိတ်ကောက်၊ အနာကို ဒုတ်နဲ့ဆွမိတဲ့အဆင့်။တစ်ယောက်နဲ့တစ်ယောက် ဝေဖန်မိရင်းဒဏ်ရာတွေနဲ့ ဒေါသ ဒါမှမဟုတ်တော်ပါပြီ နောက်ဆုံးငါပဲနာကျင်ရတယ်ဆိုတဲ့အကြောက်နဲ့ ဆုံးတဲ့အဆင့်။ နောက်အတတ်နိုင်ဆုံး ရှောင်ဖယ်တဲ့အဆင့်။ခပ်ခွာခွာနေတဲ့အဆင့်။ ဒီအဆင့်တွေအကုန်လုံးက

Relationship မှာ
ပထမဆုံးစတွေ့တဲ့အခါ
Read More »