ယောကျာ်းတွေအတွက်
အရေးအကြီးဆုံးက လွတ်လပ်မှု။
အမျိုးသမီးတွေအတွက်အရေးအကြီးဆုံးက အချစ်မေတ္တာ။ ယောကျာ်းတွေရဲ့ တာဝန်ကသူတို့ဘဝရဲ့ သမိုင်းပေးတာဝန်နဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့။အမျိုးသမီးတွေအတွက်ကချစ်ခင်ပျော်ရွင်စရာကောင်းတဲ့အချစ်ရေး၊ အိမ်ထောင်ရေးနဲ့သားသမီးတွေနဲ့ နေဖို့။ အမျိုးသားတစ်ယောက်ကဖိုဓာတ်နည်းလာတဲ့အခါအိမ်ထောင်ရေးပြဿနာဖြစ်သလို၊အမျိုးသမီးက အလုပ်အကိုင်ကိုအချစ်ရေးထက် ဦးစားပေးတဲ့အခါပြဿနာဖြစ်တတ်တာ မျက်မြင်ကိုယ်တွေ့ဖြစ်သလိုပျော့ပြောင်းတဲ့ အမျိုးသားနဲ့သန်မာတဲ့ အမျိုးသမီးကလဲသဟဇာတဖြစ်နေတာမျိုးလဲတွေ့ဖူးလိမ့်မယ်။ ဒါကတော့ ကမ္ဘာကျော် စာအုပ်ဖြစ်တဲ့David Deida ရဲ့The way of superior man ထဲက။လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကတည်းကဒီစာအုပ်ကို ကြားဖူးတယ်။ဒီနေ့မှ အကုန်ဖတ်ဖြစ်တယ်။ ဒီနေ့ခေတ် လူ့အဖွဲ့အစည်းမှာတစ်လင်တစ်မယားစနစ်နဲ့ သွားနေကြပေမယ့်ယောကျာ်းအများစုဟာ သူ့ရဲ့masculine energy ကို လွတ်လပ်မှုပေးဖို့အိမ်ထောင်ပြင်ပမှာ လွတ်လပ်ပျော်ပါးတာအနည်းနဲ့ အများရှိကြတယ်။နည်းပညာတွေ တိုးတက်လာတဲ့အတွက်အမျိုးသမီးအချို့က GPS တွေနဲ့အမျိုးသားဖုန်းတွေထဲထည့်track တာမျိုးလုပ်ကြတယ်။ ပျော်ပါးတယ်လို့ ပြောတဲ့နေရာမှာfeminine ဓာတ်တွေဖြစ်တဲ့အရက်၊ ဘီယာ၊ မိန်းမ၊ ဂိမ်းဒါတွေ ပါဝင်တယ်လို့ author ကဆိုတယ်။ နောက်ပြီး လွတ်လပ်မှုဆိုတာကိုဇီဝကမ္မဖြစ်စဥ်အရ ejaculation ကလာတယ်။ ဒီ masculine ဓာတ်ကို […]
