Sapwar

လူတွေအသက်ရှင်ဖို့ ဝင်ငွေလိုတယ်။

ဝင်ငွေရှိဖို့ အလုပ်လိုတယ်။ အလုပ်တွေရှိဖို့ လုပ်ငန်းတွေလည်ပတ်ဖို့လိုတယ်။လုပ်ငန်းတွေရပ်တည်ဖို့ နိုင်ငံရေး၊ သဘာဝ ပတ်ဝန်းကျင်ဘေးအန္တရာယ်၊ရောဂါဘယ အန္တရာယ်တွေကို ကျော်လွှားနိုင်ဖို့လိုတယ်။ အလုပ်တွင်တဲ့ အလုပ်ခွင်ယဥ်ကျေးမှုတည်ဆောက်ဖို့ဆိုတာ အချိန်တော်တော်ပေးရတဲ့အလုပ်ပါ။ ကိုယ်မသိသေးတဲ့အမှားတွေကို ပြင်ဆင်ရတာရယ်ကိုယ်သွားချင်တဲ့လမ်းကြောင်းနဲ့ကိုက်တဲ့လူတော်၊ လူကောင်းတွေ recruit လုပ်နိုင်ဖို့ရယ်အတွက် အချိန်တော်တော်ပေးရပါတယ်။ နောက်လုပ်ငန်းအရှိန်ရဖို့ ရှိထားတဲ့ momentum ကိုလျော့မသွားဖို့အများကြီးစဉ်းစားရပြန်တယ်။ လုပ်ထားတဲ့ product/ service တွေထဲမှာ တချို့တွေက 50% – 70% လောက်ထိရပ်တန့်နေတယ်။ Project အသစ်တွေကတော့ grow ဖြစ်လာတဲ့အတွက် တောင်ထိပ်ကို ဆက်ခရီးနှင်လို့ရတာဖြစ်တယ်။ အခုအချိန်မှာ အလုပ်မဖြစ်တော့တဲ့ product/ service တွေကို ဇွတ်အတင်း တွန်းတင်မည့်အစားလုပ်ငန်းရှင်တွေအနေနဲ့ တခြားနည်းလမ်းကိုစဥ်းစားကြည့်တာ ဖြစ်နိုင်ချေပိုများနိုင်ပါတယ်။ လုပ်ငန်းဆိုတာ ဖောက်သည်တွေရဲ့ပြဿနာတွေဖြေရှင်းပေးတာဖြစ်တဲ့အတွက် ပေါ်ပေါက်လာတဲ့ပြဿနာအသစ်တွေကို ဆက်လက်ဖြေရှင်းနေဖို့ အရေးကြီးပါတယ်။ Phyo Paing @ Derek

လူတွေအသက်ရှင်ဖို့ ဝင်ငွေလိုတယ်။ Read More »

ကိုယ်ထုတ်လိုက်တဲ့ policies ရဲ့ရည်ရွယ်ချက်နဲ့ လူတွေရဲ့အပြုအမူ ပြောင်းပြန်ဖြစ်ရင် ပြည်သူတွေကို အပြစ်တင်ရမှာမဟုတ်ဘူး။

Marketing မှာလဲအတူတူပဲ။ကိုယ်တည်ဆောက်ထားတဲ့ funnel အလုပ်မဖြစ်ရင်Prospect တွေကို အပြစ်တင်ရမှာမဟုတ်ဘူး။ကိုယ့်ကိုကိုယ် အပြစ်တင်ရမှာ။ကိုယ်အသုံးမကျလို့။ Phyo Paing @ Derek

ကိုယ်ထုတ်လိုက်တဲ့ policies ရဲ့ရည်ရွယ်ချက်နဲ့ လူတွေရဲ့အပြုအမူ ပြောင်းပြန်ဖြစ်ရင် ပြည်သူတွေကို အပြစ်တင်ရမှာမဟုတ်ဘူး။ Read More »

Marketing Game တကယ် ကစားတတ်ပြီလား?

ကျွန်တော်တို့ Marketer တွေမှာunderground community တစ်ခုရှိတယ်။ဒီ Community က တခြားသူတွေနဲ့ မတူဘူး။Investor တွေရဲ့ အကူညီမယူဘူး။ကိုယ့်ရှိတဲ့ အရင်းအနှီးနဲ့လုပ်ငန်းကို စတင်ပြီး အမြန်ကြီးအောင်စရိတ်နည်းပြီး အရှိန်အဟုန်နဲ့ထိရောက်မှုဆပွါးအောင် growth hackingနည်းစနစ်တွေနဲ့ လုပ်ကြတယ်။ ကျွန်တော်တို့ရဲ့ goal ဟာ IPO မဟုတ်ဘူး။ လုပ်ခဲ့တဲ့ လုပ်ငန်းတိုင်းဟာMoney Capital နည်းနည်းနဲ့ပဲ စခဲ့ကြတယ်။Growth hacking နည်းစနစ်တွေကိုအလျှံပယ် ထိထိရောက်ရောက်အသုံးပြုတယ်။လုပ်ငန်းအသစ်စတိုင်း သုညက ပြန်စစရာမလိုဘူး။နည်းစနစ် ၁၈ ခုကို အသုံးပြုပုံကိုအသေးစိတ် ပြောပြသွားမယ်။ Phyo Paing @ Derek

Marketing Game တကယ် ကစားတတ်ပြီလား? Read More »

Motivation ဆိုတာ?

ဒူးရင်းသီးမကြိုက်တဲ့သူကို ဒူးရင်းသီးစားဖို့ သေနတ်နဲ့ခေါင်းကိုချိန် စားခိုင်းရင်လုပ်ကောင်းလုပ်လိမ့်မယ်။ ဒါပေမယ့် ရေရှည်ခံမှာ မဟုတ်ဘူး။ Motivation ဆိုတာ စိတ်ကိုနှိုးဆွမှုကို ခေါ်ပါတယ်။ တနည်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် အရာဝတ္ထုတွေအပေါ်မှာ ဖြစ်ပေါ်တဲ့ Motivation မတူပါဘူး။ တချို့လူတွေအဖို့ တက်ကျမ်းတွေဖတ်ဖို့ လွယ်ကူနေပေမယ့် ဝတ္ထုတွေဖတ်ဖို့ Motivation ရချင်မှ ရပါမယ်။ လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်က Motivation အခြေခံက Pain & Pleasure လို့ရေးခဲ့ဖူးပေမယ့် နောက် အရေးအကြီးဆုံး P တစ်လုံးကို မိတ်ဆက်ပေးပါရစေ။ ဒါကို Perception လို့ခေါ်ပါတယ်။ အထင်အမြင်ပါ။ Gym သွားဖို့ ပျင်းတဲ့လူတစ်ယောက်နဲ့ Gym သွားရတာပျော်တဲ့သူတစ်ယောက်မှာ ကွာခြားတဲ့ Perception အထင်အမြင်တွေရှိပါတယ်။ ဒါတွေဟာ Neuro-Association လို့ခေါ်တဲ့ ဦးနှောက်မှာရှိတဲ့ Dendrite လေးတွေရဲ့

Motivation ဆိုတာ? Read More »

Marketing လုပ်တဲ့အခါ

Marketing လုပ်တဲ့အခါ ရိုးသားမှုအရေးကြီးတယ်။ လူတွေ စိတ်၀င်စားရင်ပြီးရော အဆင်မပြေဘူး။ Marketing ဆိုတာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေအတွက် ဖြစ်ရမယ်။ Phyo Paing @ Derek

Marketing လုပ်တဲ့အခါ Read More »

မွဲဆေး Vs ငွေကြေးလွတ်မြောက်မှု

စီးပွားရေးမလုပ်ဖူးပဲ ပထမဆုံး စီးပွားရေးကို အတိုးယူပြီးလုပ်တယ်ဆိုတာ မွဲဆေးဖော်တာနဲ့ အတူတူပါပဲ။ ဒီနေ့ခေတ် သိန်း ၅၀-၁၀၀-၂၀၀ နဲ့ လုပ်လို့ရတာ များများစားစားမရှိပါဘူး။ ဒီတော့ ကိုယ်ထူကိုယ်ထ လူငယ်တွေအနေနဲ့ ပထမဆုံးမေးရမှာ “သိန်း ဘယ်လောက်ဘယ်လောက်ရှိတယ်။ ဘာလုပ်မရလဲ မသိဘူး” ဆိုတဲ့မေးခွန်းမဟုတ်ပါဘူး။ မေးရမည့်မေးခွန်းက “ငါ့အနေနဲ့ High Income Skill” ရှိပြီလား။ “ငါဘယ်အပိုင်းမှာ ကျွမ်းကျင်အောင်လုပ်မလဲ” ဒီမေးခွန်းကို အဓိကမေးရမှာဖြစ်ပါတယ်။ High Income Skill တွေထဲမှာ အရောင်းပညာ၊ ဒီဂျစ်တယ်မားကတ်တင်းပညာ၊ လူရှေ့သူရှေ့မှာ ဟောပြောနည်းအတတ်ပညာ၊ ကြော်ငြာရေးနည်းအတတ်ပညာ၊ Design အတတ်ပညာ၊ တခြားသူကို ပြန်သင်ပေးနိုင်တဲ့အတတ်ပညာ အစရှိတာတွေပါဝင်ပါတယ်။ ပထမဆုံး ဒီ High Income Skills တစ်ခုခုကိုရှိအောင် အရင်လုပ်ရမှာဖြစ်ပါတယ်။ ဒုတိယအဆင့်က ဒီ Skill

မွဲဆေး Vs ငွေကြေးလွတ်မြောက်မှု Read More »

ဒီနေ့ခေတ်စီးပွားရေး

ဒီနေ့ခေတ် လူငယ်တွေအနေနဲ့ recession-proof နဲ့ pandemic-proof business တစ်ချို့ရှိတယ်။ ဒီ Business တွေအားလုံးက အရင်းအနှီးအများကြီးမလိုဘူး။ ၁။ Online Shop Online Shop စတင်တဲ့ ကောင်းတဲ့အချက်က Operating expense တွေအများကြီးမကုန်သလို၊ ကိုယ်က communication ကောင်းမယ်၊ ရောင်းတတ်မယ်ဆို စတင်လို့ရတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒီအတွက် အရေးအကြီးဆုံး Skill လေးခုကတော့ Marketing, Sale, Inventory Control နဲ့ Finance ပါ။ ကိုယ့် online shop ကိုလူတွေဘယ်လိုမြင်စေချင်သလဲ၊ ဘယ်လိုရောင်းမလဲ အမြဲခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်ဖို့ ဘာတွေလုပ်မလဲ စဥ်းစားရသလို၊ ကုန်ပစ္စည်းတွေ မကျန်ဖို့ စဥ်းစားရတယ်။ ကျန်တဲ့ ကုန်ပစ္စည်းတွေကို ဘယ်လို promotion plan နဲ့

ဒီနေ့ခေတ်စီးပွားရေး Read More »

မရှုံးအောင် ကန်တာနဲ့
ချန်ပီယံဖြစ်ဖို့ ကန်တာမတူဘူး။

Covid-19 ကာလမှာ သင်လိုအပ်နေတာSpiritual Marketing ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျွန်တော်ကတော့ Positive energy က Positive energy ကို attract ဖြစ်တယ်ဆိုတာယုံကြည်တယ်။ ဖြစ်ချင်တာတွေကို စိတ်ကူးပုံဖော်ခံစားကြည့်ပါ။ Phyo Paing @ Derek

မရှုံးအောင် ကန်တာနဲ့
ချန်ပီယံဖြစ်ဖို့ ကန်တာမတူဘူး။
Read More »

Don’t just build a business. Build yourself.

လုပ်ငန်းအသေးလေးတွေစတဲ့အခါ Entrepreneur အများစုက ကိုယ့်ကိုကိုယ် small business လို့ပဲ မြင်ကြတယ်။ Small business ဆိုတာမရှိဘူး။ Small business owner ပဲရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းတစ်ခုရဲ့ Sale နဲ့ Profit ကို သင်ခန့်ထားတဲ့ ဝန်ထမ်းဦးရေနဲ့ တိုင်းတာလို့မရတော့ဘူး။ နည်းပညာကို leverage လုပ်မလား၊ supply chain နဲ့ network ကို leverage လုပ်မလား၊ အတွေ့အကြုံကို leverage လုပ်မလား၊ levearge လုပ်စရာတွေအများကြီးရှိလာပြီ။ စီးပွားရေး စလုပ်ကတည်းက ကျွန်တော့်ရဲ့ philosophy က အမြတ်ရဖို့ဆိုတာထက် ကိုယ့်ကိုကိုယ်တိုးတက်ဖို့ကို အဓိကစဥ်းစားခဲ့တယ်။ အလုပ်လုပ်တဲ့အခါမှာလဲ ဒီအတိုင်းပဲ။ အကောင်းဆုံး ရင်းနှီးမြုပ်နှံသင့်တဲ့ နေရာကလဲ​ကိုယ့်ကိုကိုယ်လို့ ယုံကြည်တယ်။ ကိုယ်တိုးတက်သလောက်၊ ဥာဏ်ရှိသလောက်ပဲ

Don’t just build a business. Build yourself. Read More »

Marketing ဆိုတာ

ထိုးရောင်းရင်ကို Marketing ကောင်းတယ်။ ကောင်းတယ်ပြောတတ်ကြတယ်။ သာမာန် definition ကတော့ value creation ပေါ့။ ဖောက်သည်တွေ လိုချင်တာ လိုအပ်တာကို ရှာဖွေ၊ ဖောက်ထုတ်၊ ခန့်မှန်းပြီးနှစ်ဦးနှစ်ဖက်အကျိုးရှိရှိဖြည့်ဆည်းပေးတာမျိုးကို marketing လို့ခေါ်ခဲ့တယ်။​ Marketing 1.0 ကနေ 4.0 ထိပေါ့။ Guerrilla Marketing ကျတော့ Applied Psychology 60% + Maths 40% နဲ့ပေါင်းစည်းထားတာလို့ယူဆတယ်။ Marketing 4.0 မှာတော့ customer engagement တွေတည်ဆောက်ရင်း အကျိုးအမြတ်ရှိစေတဲ့ ဆက်ဆံရေးတည်ဆောက်တာကို marketing လို့ခေါ်တယ်တဲ့။ Seth Godin ကတော့ Impact တစ်ခုကိုလုပ်ချင်တဲ့သူတိုင်း marketing လိုတယ်တဲ့။ ကျွန်တော်ကိုယ်တိုင်လဲ Seth Godin လိုပဲအတွေးတူလို့ This

Marketing ဆိုတာ Read More »