အချိန်က ကိုယ့်အတွက်
အကြီးဆုံး အရင်းအနှီးတစ်ခုပဲ။
ဒါကို ထုတ်သုံးဖို့ အတားအဆီးကအကျိုးမရှိတဲ့ စိတ်ခံစားမှုတွေ။ စိတ်ခံစားမှု မကောင်းရင်အတွေးမကောင်းဘူး။ အတွေးမကောင်းရင်လဲစိတ်ခံစားမှု မကောင်းဘူး။ ဒါကြောင့် Cognitive Behavior Therapy (CBT) ကော်နက်တစ် ဘီဟေးဘီယာ ကုထုံးမှာအတွေး-ခံစားချက်-လုပ်ဆောင်ချက်Thinking-Feeling-Doing ဆက်စပ်ချက်ကိုပြောတယ်။ ဒါကြောင့် ကောင်းမွန်တဲ့အတွေးတွေးနိုင်ဖို့လိုတယ်။ ကောင်းမွန်တဲ့အတွေးတွေးနိုင်ဖို့ဗုဒ္ဓသင်ကြားပေးခဲ့တဲ့ သမ္မာဒိဋ္ဌိ လို့ခေါ်တဲ့ မှန်သော အယူအမြင် ရှိဖို့လိုတယ်။ မှန်ကန်သော အယူအမြင်ဆိုတာ အကြောင်း အကျိုးဆက်စပ်မှုဖြစ်တယ်။ ကိုယ်အခုဖြစ်နေတဲ့ဘဝ အကျိုးဟာ ကိုယ့်ရဲ့ အတိတ်ကလုပ်ရပ် အကြောင်းကြောင့်ဖြစ်တယ်။ ပြီးသွားတာကို ပြင်လို့မရဘူး။အနာဂတ်ဖြစ်လာမည့်အရာကို ပြင်လို့ ရတယ်။ အနာဂတ်ကို “ဒီနေ့” က စပြင်လို့ရတယ်။ ကိုယ့်အတွက် အကျိုးမရှိတာ သူတပါးအတွက် အကျိုးမရှိတာ တတ်နိုင်သလောက်မတွေးနဲ့၊ မပြောနဲ့ မလုပ်နဲ့။ ကာယကံ၊ ဝဇီကံ၊ မနောကံကံသုံးပါးကို ဂရုစိုက်ခြင်းနဲ့စတင်လို့ရတယ်။ Phyo Paing […]
အချိန်က ကိုယ့်အတွက်
အကြီးဆုံး အရင်းအနှီးတစ်ခုပဲ။ Read More »