အနာဂတ်ပုံရိပ်က အတိတ်ထက်ပို ကြည်လင် ပြတ်သားဖို့ လိုပါတယ်
“လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲလိုက်ပါ” စာအုပ်မှာကိုယ့်အကြောင်းမိတ်ဆက်ဖို့လိုတယ်ဆိုလို့တက်ဖူးတဲ့ certificates အကုန်လိုက်ရေးနေမည့်အစားစာတစ်ပုဒ်နဲ့ ကိုယ့်ကိုကိုယ် မိတ်ဆက်ဖို့ဒါလေးတော့ လုပ်ထားတယ်။ဘယ်လိုနေလဲ? အဘိုးက FRC ဖြစ်တဲ့အတွက် အဖေတို့အဒေါ်တို့လက်ထက်တုန်းက ဆေးကျောင်းတက်ခွင့်မရခဲ့ဘူး သူတို့ကိုကတိပေးထားတဲ့အတိုင်း ဆေးကျောင်းကိုပြီးအောင်တက်ခဲ့တယ်။ ၄တန်းပြီးကတည်းကအဖေမရှိတော့တဲ့အတွက် စျေးထဲမှာဆိုင်စောင့်လိုက်၊ ကျောင်းတစ်ဖက်တဲ့ အချိန်ကုန်တယ်။ ကျောင်းပြီးတော့ကျောင်းတက်တုန်းကကျားကုတ်ကျားခဲ စုခဲ့တဲ့ငွေနဲ့ MEBOOK E-READER လေးကို တရုတ်ကသွင်းပြီး အကုန်ရင်းလိုက်တယ်။ အရင်းပါပြုတ်သွားတယ်။ ဒါကြောင့် စီးပွါးရေးစီမံခန့်ခွဲမှုကို ထဲထဲဝင်ဝင် လေ့လာဖို့ ဆုံးဖြတ်ပြီး ကျွန်တော် သင်တန်းတွေတက်ခဲ့တယ်။ နိုင်ငံတကာ ဆေးCompanyကြီးမှာ အလုပ်ဝင်လုပ်ပြီး Company တွေအလုပ်လုပ်ပုံ လေ့လာခဲ့တယ်။ ကိုယ်တိုင်ဖုန်းဆိုင်ဖွင့်ပြီး လေ့လာထားတဲ့ပညာရပ်တွေကို အသုံးပြုပြီး လက်လွှဲနိုင်အောင် စမ်းကြည့်သလို တွေ့ကြုံခဲ့တဲ့ ပြဿနာတွေကို အဖြေရှာရင်း SME လုပ်ငန်းရှင်နဲ့ စွန့်ဦးတီထွင်တွေကို ကိုယ်သိထားတာတွေ ပြန်လည်မျှဝေပေးဖြစ်ခဲ့တယ်။ အရမ်းလေးစားတဲ့ Seth […]
အနာဂတ်ပုံရိပ်က အတိတ်ထက်ပို ကြည်လင် ပြတ်သားဖို့ လိုပါတယ် Read More »
