ToeTet

ခေါင်းငုံ့

ဆရာ့ကိုဆရာ မလုပ်မိဖို့ကအလုပ်ရဲ့ ကျင့်ဝတ်ပထမပဲ။လူလုပ်တဲ့အခါ အမြင့်ရောက်ချင်ရင်ဥပဒေသလေးတွေရှိတယ်။ Robert Greene ရဲ့ 48 laws of power မှာလဲပါတယ်။ကိုယ့်ဆရာ၊ boss ထက်သာကြောင်းအရမ်းကာရော မပြချင်နဲ့။ဒါကိုယ့်ကိုကိုယ် ဖျက်ဆီးရာရောက်တယ်။ဒါကို never outshine your master လို့ခေါ်တယ်။ အလုပ်ခွင်ဝင်ကတည်းကဒါကို သတိထားတယ်။Meeting မှာ၊ လူကြားသူကြားမှာကိုယ့်ဆရာနဲ့ ပခုံးချင်းယှဉ်ပြီးလမ်းလျှောက်တာ၊ Level တူပြတာ ဘယ်တော့မှမလုပ်ခဲ့ဘူး။ ကိုယ်က အသိအမှတ်ပြုခံချင်တဲ့အတွက်လူကြားသူကြားမှာ ဆရာနဲ့ တန်းတူနေပြတာ၊သူထက်တတ်ကြောင်းပြတာဟာကိုယ့်ကိုကိုယ်ဖျက်ဆီးရာရောက်တယ်။ကိုယ့်အနာဂတ်ကို ပိတ်ဆို့ရာရောက်တယ်။ အကြောင်းကတော့ လူတိုင်းမှာ Ego အတ္တ ရှိတယ်။ဒါကြောင့် ကိုယ်လိုချင်တဲ့အဆင့်မရောက်ခင်ခေါင်းငုံ့၊ သည်းခံ၊ စိတ်ရှည်ပြီးကိုယ့်အလှည့်ရောက်ဖို့မဟာဗျူဟာကျကျစောင့်ပြီးပြင်ဆင်နေဖို့လိုတယ်။ ခေါင်းငုံ့သည်းခံပြီးအချိန်ကို စောင့်ဆိုင်းပြင်ဆင်နိုင်တာEQ ကောင်းတာပဲ မဟုတ်လား။ Phyo Paing @ Derek

ခေါင်းငုံ့ Read More »

Productivity နဲ့ Profit တိုးတက်ဖို့
Plan လိုတယ်။

Plan မရှိရင် ပက်လက်လှန်တဲ့ခေတ်မှာProductivity နဲ့ Profit တိုးတက်ဖို့Plan လိုတယ်။လုပ်ငန်းအတွက်လိုအပ်တဲ့ Plan တွေ အကုန်ချမှတ်နိုင်အောင်ကိုယ်တိုင်အသုံးပြုဖို့ Akyanpay Creator Studio ကို ဖန်တီးခဲ့တယ်။ နောက်ပိုင်း MBA ကျောင်းသားတွေနဲ့Coach တွေ၊ Consultant တွေကလဲသုံးချင်တယ်ဆိုတဲ့အတွက် Subscription စီစဥ်ပေးခဲ့တယ်။ Akyanpay ဆိုတာကတော့ Coachsulting (Coaching + Consulting) Modelပေါ် အခြေခံပြီး စတင်ခဲ့ပါတယ်။ Coaching = DevelopmentConsulting = Problem-solving ဖြစ်တဲ့အတွက် မေးခွန်းမေးနေတာထက်ချက်ချင်း Plan တစ်ခု ထွက်လာခဲ့စဥ်းစားနိုင်တဲ့ framework တွေအကုန်ထည့်ထားပေးထားတဲ့ Akyanpay Creator Studio ကိုပထမဆုံး ဖန်တီးခဲ့ပါတယ်။ ကိုယ်ဂုဏ်ယူတဲ့ အလုပ်တွေနေ့စဥ်လုပ်တဲ့ထဲမှာ Akyanpay Creator Studio ဖြစ်လာတာ

Productivity နဲ့ Profit တိုးတက်ဖို့
Plan လိုတယ်။
Read More »

Specialized knowledge

Specialized knowledgeရှိဖို့အတွက်ဆို ဟိုစပ်စပ် ဒီစပ်စပ်လေ့လာလို့မရဘူး။ Social Media ပေါ်မှာလေ့လာတယ်ဆိုတာအပေါ်ယံတွေလောက်ပဲရှိမယ်။ Youtube မှာ Tutorials တွေရှိပေမယ့်တကယ့်ပညာဆိုတာ သေချာ structureကျကျလေ့လာမှ တတ်မြောက်တယ်လို့ဆိုနိုင်မယ်။ ဆေးပညာကို Youtube ကြည့်ပြီးလေ့လာလို့မရဘူး။ အထောက်အကူပြုအနေနဲ့တော့ရနိုင်မယ်။ Specialized knowledge အတွက် Instructional design နဲ့သေချာတည်ဆောက်ထားတဲ့MOOC (Massive Open Online Courses) တွေပေါ်လာတယ်။ Phyo Paing @ Derek

Specialized knowledge Read More »

အိမ်စာလုပ်မှရမယ်။

ဥာဏ်ပဲကောင်းနေလို့မရဘူး။အိမ်စာလုပ်ဖို့လဲလိုတယ်။အိမ်စာမလုပ်ရင်နောက်တစ်တန်းတက်မှာမလုပ်ဘူး။တိုင်ပတ်နေကျ ပြဿနာပဲပြန်တက်နေရင် တစ်ခုခုတော့ မှားနေပြီ။မနေ့ကပြဿနာက ဒီနေ့အတွက်ကလေးကစားစရာဖြစ်နေဖို့ကအိမ်စာလုပ်မှရမယ်။ Phyo Paing @ Derek

အိမ်စာလုပ်မှရမယ်။ Read More »

Progress

မတိုးတက်တဲ့သူတစ်ယောက်ကကိုယ်နဲ့လက်တွဲလုပ်တဲ့သူတွေကိုယ်ထက်သာသွားမှာကြောက်တတ်တယ်။တိုးတက်မှု မြန်နှုန်းမြင့်တဲ့သူတွေကျကိုယ်နဲ့လက်တွဲလုပ်သူတွေတိုးတက်မှုနှေးပြီး ကျန်ခဲ့မှာပဲစိုးရိမ်တတ်တယ်။ Phyo Paing @ Derek

Progress Read More »

Principles

Billionaire Ray Dalio ရဲ့Principles စာအုပ်ထဲကစာကြောင်းတစ်ကြောင်းကိုအရမ်းသဘောကျတယ်။“လူအများစုဟာဘာသာတရားနဲ့ legal framework တွေ၊ယဥ်ကျေးမှု သတ်မှတ်ချက်တွေရဲ့pre-packaged principles တွေကြားကရုံးမထွက်နိုင်ကြဘူးတဲ့။” ဥပမာ ဒီဘဝမှာ ဒုက္ခရောက်တာအရင်ဘဝက မကောင်းတာလုပ်ခဲ့လို့ဆိုတဲ့guilty ဖြစ်အောင် လုပ်တဲ့ အယူအဆမျိုး။လူသားတွေအားလုံးဟာ အပြစ်ရဲ့သားကောင်ပါဆိုတဲ့ sinner ဆိုတဲ့guilty ဖြစ်အောင်လုပ်ပြီးလူတွေကို religion နဲ့ ထိန်းချုပ်ခဲ့ကြတယ်။ လူသားတွေရဲ့ Psychological safetyပြဿနာကိုဖြေရှင်းပေးဖို့ Religion ဆိုတာပေါ်ပေါက်လာတယ်။ အနောက်တိုင်းကနေ Colony ပြုတော့ပထမဆုံး export လုပ်တာ religion ပဲ။အာသောကမင်းကြီးလက်ထက်မှာBuddhism ကိုပြန့်အောင်လုပ်ခဲ့တယ်။​တရုတ်က သူ့နိုင်ငံနဲ့ ယဥ်ကျေးမှုကိုပြန့်ဖို့ရာConfucius Center ဆိုတာလုပ်တယ်။​Empire တစ်ခု တည်ဆောက်ဖို့philosophy တစ်ခု၊ Belief System တစ်ခုကိုပြန့်အောင်လုပ်ပြီးလူအများလက်ခံဖို့လိုတယ်။ Empire တစ်ခုတည်ဆောက်ဖို့philosophy တစ်ခု၊ ယုံကြည်မှုတစ်ခုကိုပြန့်ပွားအောင် propagade လုပ်တဲ့အခါတချို့ message

Principles Read More »

Learning and Growth

အဖြစ်လုပ်တာနဲ့အလုပ်ဖြစ်အောင်လုပ်တာ မတူဘူး။အလုပ်ဖြစ်အောင်လုပ်ဖို့ဘယ်အရာက အလုပ်ဖြစ်တယ်၊ဘယ်အရာက အလုပ်မဖြစ်ဘူးပြန်လည်သုံးသပ်ပြီးပြုပြင်သွားဖို့လိုတယ်။ လိုအပ်တဲ့ Learning & Growth လုပ်မနေပဲ၊ငွေရေးကြေးရေး၊ စီးပွားရေး၊ လူမှုရေး၊ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေးအလိုလို တိုးတက်မလာဘူး။ စီမံခန့်ခွဲမှုမှာ ပြောနေကျစကားလိုအလိုလိုပေါက်တာဆိုလို့အများဆုံးကတော့ မြက်ပင်ပဲရှိတယ်။လှပတဲ့သစ်ပင်ပန်းမံတွေပွင့်ဖို့တော့စနစ်တကျ ပြုစုပျိုးထောင်ရတယ်။ Phyo Paing @ Derek

Learning and Growth Read More »

အဆက်အသွယ်ဖြတ်ရတဲ့အခိုက်အတန့်

ကြီးကျယ်တဲ့အပြောင်းအလဲလုပ်ဖို့အများကြီးလိုချင်မှ လိုလိမ့်မယ်။တစ်ခုခု၊ တစ်ယောက်ယောက်ကိုကိုယ့်ဘဝထဲက ခဏဖြစ်ဖြစ်အဆက်အသွယ်ဖြတ်ထားဖို့ပဲလိုတာ ဖြစ်နိုင်တယ်။ အလုပ်ထွက်ပြီး ကိုယ်တိုင်စတော့အိမ်နဲ့သုံးလ အဆက်အသွယ်မလုပ်ဘူး။ရစေချင်တဲ့ဘွဲ့ ကတိအတိုင်းယူပေးခဲ့ပြီးပြီ။ ရှေ့ဆက်မည့် ဘဝကတော့ကိုယ်သွားချင်တဲ့ဘဝ၊ ကိုယ့်အတွေးနဲ့ယုံကြည်မှုနဲ့တည်ဆောက်မှာဖြစ်တဲ့အတွက်Instruction တွေ၊ အထင်အမြင်တွေနဲ့လမ်းမလွဲချင်ဘူး။ တခါတလေ ပိုကောင်းတဲ့အပြောင်းအလဲတစ်ခုအတွက်ကိုယ်ချစ်တဲ့သူတွေကို ခဏဖြစ်ဖြစ်အဆက်အသွယ်ဖြတ်ရတဲ့အခိုက်အတန့်တွေရှိကောင်းရှိရနိုင်တယ်။ Phyo Paing @ Derek

အဆက်အသွယ်ဖြတ်ရတဲ့အခိုက်အတန့် Read More »

ကိုယ်အလုပ်လုပ်တဲ့ နယ်ပယ်မှာနေရာတစ်ခုရဖို့

ကိုယ်အလုပ်လုပ်တဲ့ နယ်ပယ်မှာနေရာတစ်ခုရဖို့ဆိုတာ ၁။ ဦးနှောက်ဘယ်လောက်သုံးနိုင်လဲ?၂။ အမှားဘယ်လောက်လုပ်ခဲ့ဖူးလဲ?၃။ အမှားက သင်ခန်းစာဘယ်လိုယူသလဲ?၄။ အလုပ်မှာ ဘယ်လောက်စူးစိုက်နိုင်သလဲ?၅။ အလုပ်ကို အလေးအနက်ထားလုပ်လဲ?ဒီငါးချက်ပေါ်မှာ မူတည်တာပဲ။ အလုပ်တစ်ခုကို တစ်ဖက်ကမ်းခက်မကျွမ်းခင်မှာတော့ ဟိုဟာစိတ်ဝင်စားသလိုလိုဒီဟာပဲ စိတ်ဝင်စားသလိုလိုဖြစ်တတ်တယ်။အလုပ်တစ်ခုကို တစ်ဖက်ကမ်းခက်ကျွမ်းကျင်သွားရင် passion ပျောက်တယ်ဆိုတာဖြစ်မှာ မဟုတ်ဘူး။ Phyo Paing @ Derek

ကိုယ်အလုပ်လုပ်တဲ့ နယ်ပယ်မှာနေရာတစ်ခုရဖို့ Read More »