နံနက်ခင်းမှာ သတင်းကောင်းတစ်ခုကတော့Akyanpay App အသစ်ကိုApple က AppStore အတွက်Approved လုပ်လိုက်ပါပြီ။ အိမ်တော့ဆောက်ပြီးပြီအထဲမှာ decoration လုပ်ဖို့နဲ့လိုအပ်တာတွေ ဖြည့်ဖို့ပဲ ကျန်တော့မယ်။ စမ်းသပ်ပြင်ဆင်စရာလေးတွေရှိပေမယ့်App ကို အစအဆုံးပြင်ဆင်မှုတွေပြန်လုပ်ရတဲ့အတွက် အချိန်ကသတ်မှတ်ချိန်ထက် တစ်လပိုကြာသွားမယ်။ ကျွန်တော့် personal mission ကကိုယ်မရှိတော့ရင်တောင် ကိုယ့်ရဲ့ဖန်တီးမှုတွေကို လုပ်ငန်းရှင်၊စွန့်ဦးတီထွင်၊ ရည်မှန်းချက်ကြီးတဲ့သူတွေ၊တကယ်ကြိုးစားတဲ့သူတွေ၊တိုးတက်ရေးကို ရူးသွပ်သူတွေ၊ကိုယ့်အနာဂတ်၊ ကိုယ်နေထိုင်တဲ့နေရာအနာဂတ်ကို တိုးတက်အောင်ကူညီနေသူတွေအတွက်personal, professional, business developmentပိုင်းတွေ ဆက်လက်ပံပိုးပေးနေချင်တာပါ။ ဘဝတစ်ခုလုံးကိုကျွန်တော်တို့ တည်ဆောက်နေတဲ့အိမ်မက်ထဲမှာ ၁၀၀% ပေးထားတယ်။ဒါကြောင့်YEC-Managed Brand အခု 20+YEC-Business Services 7+ နဲ့YEC-Capital တွေကို အစပျိုးဖြစ်တာဖြစ်ပါတယ်။ဒီပထမအဆင့်ပြီးရင်တကယ်အရမ်းလုပ်ချင်နေတဲ့ဒုတိယအဆင့်လာမယ်။ Brand တည်ဆောက်တဲ့အခါBranded House လို့ခေါ်တဲ့ Sony တို့လို၊Caterpillar တို့လို ဘာလာလာ တစ်ခုတည်းတည်ဆောက်လို့ရသလို၊Houses of Brand