ToeTet

Energy Management လုပ်ရမယ်။

Time Management ထက်Energy Management လုပ်ရမယ်။တခါတလေ အချိန်ရှိပြီးအလုပ်လုပ်ဖို့ အားမရှိတာဖြစ်တတ်တယ်။Energy ထွက်ဖို့ Emotion ကအရေးကြီးတယ်။ဒေါသ၊ ကြောက်စိတ်၊ ပူဆွေးဝမ်းနည်း၊အားငယ်၊ စိတ်ဓာတ်ကျ ဒီခံစားချက်တွေကအလုပ်လုပ်ဖို့ Energy မထွက်စေဘူး။ပျော်ရွင်စိတ်၊ ရင်ခုန်စိတ်၊ ဂုဏ်ယူစိတ်၊ကျေးဇူးတင်စိတ်၊ စူးစိုက်မှုအပြည့်တဲ့စိတ်၊အချစ်၊ မေတ္တာတရား အစရှိတဲ့စိတ်ခံစားချက်တွေက Energy ကိုထွက်စေတယ်။ From Time Management toEmotional Management Phyo Paing @ Derek

Energy Management လုပ်ရမယ်။ Read More »

ဘာပဲဖြစ်ဖြစ် အကြည်ဓာတ်မပျက်ပါစေနဲ့။

နေ့စဥ် လူတွေနဲ့ မာန်မာနခလုတ်တိုက်မှုတွေကြားမှာအကြည်ဓာတ်ထိန်းနိုင်ဖို့ဆိုတာတော်ရုံလွယ်တဲ့ကိစ္စမဟုတ်ဘူး။တခါတလေ ဘာလေးမဟုတ်တဲ့ကိစ္စသေးသေးလေးနဲ့စိတ်ကသိကအောင့် ဖြစ်နေတတ်ကြတယ်။ ဒါကြောင့် ကျွန်တော်ကတော့ စိတ်ညစ်စရာကိုတစ်မိနစ်ထက် ပိုမခံစားသလိုမနက်ထတိုင်းမှာ လူတွေကို ခွင့်လွတ်ခြင်းနဲ့တောင်းပန်ခြင်း တရားထိုင်နည်းနဲ့ကိုယ့်ရဲ့ စိတ်ခံစားချက်negative emotion တွေကိုနေ့စဥ် Detox လုပ်လေ့ရှိတယ်။ရေချိုးသလိုပဲ အကြည်ဓာတ်မပျက်ဖို့နေ့စဥ် Detox လုပ်နေဖို့လိုတယ်။ ဒါမှ နေ့စဉ် ကိုယ့်အတွက် growing နဲ့တခြားသူတွေအတွက် giving လုပ်ပေးနိုင်မှာ။ Phyo Paing @ Derek

ဘာပဲဖြစ်ဖြစ် အကြည်ဓာတ်မပျက်ပါစေနဲ့။ Read More »

လူတွေအထင်ကြီးဖို့ အလုပ်မလုပ်ပါနဲ့။

သင့်ကိုအထင်မကြီးတဲ့သူတွေက ဘာလုပ်လုပ်အထင်ကြီးမှာမဟုတ်ဘူး။ ကိုယ့်အိမ်မက်တွေအတွက် အလုပ်လုပ်ပါ။

လူတွေအထင်ကြီးဖို့ အလုပ်မလုပ်ပါနဲ့။ Read More »

Goodbye 2021!

တစ်နှစ်တစ်နှစ် ကုန်သွားတိုင်းဝမ်းနည်း၊ ဝမ်းသာဖြစ်ရတယ်။ဝမ်းနည်းတာက အချိန်တွေကုန်သွားပြန်ပြီ။ဝမ်းသာတာက ရှိတဲ့အချိန်တွေကိုGrowing တိုးတက်ဖို့နဲ့Giving ပြန်လည်ပေးဆပ်ဖို့အတွက်အကောင်းဆုံးအသုံးချဖြစ်ခဲ့တယ်။Goodbye 2021!Hello 2022! Phyo Paing @ Derek

Goodbye 2021! Read More »

Non-negotiable set point

တစ်ရက်စာတစ်အုပ်ပြီးအောင်ဖတ်ရမယ်။တစ်ရက် video တစ်ခု ဖန်တီးရမယ်။တစ်ရက် စာတစ်ပိုဒ်ရေးရမယ်။​တစ်ရက် pushups တစ်ရာလုပ်ရမယ်။မနက်တိုင်း ၁၅ မိနစ် တရားထိုင်ရမယ်။စိတ်ညစ်စရာတိုင်း ၁ မိနစ်ထက် ပိုမခံစားဘူး။နေ့တိုင်း ၁၅ မိနစ် အလုပ်အကြောင်း plan ရမယ်။Learning App နှစ်ခုအတွက် တစ်ရက်၃၅ မိနစ်အထက် အချိန်ပေးတယ်။ဒါတွေက ကိုယ့်ရဲ့ non-negotiable setpoint ပဲ။ ဒီနေ့ Vishen Lakhiani ရဲ့The Codes of Extraordinary Mind ကိုVideo လုပ်ဖို့ သူ့စာအုပ်ဖတ်နေရင်းကိုယ်နဲ့တူတဲ့ idea တစ်ခုတွေ့တယ်။ဒါကိုတော့ Vishen က non-negotiable setpointလို့ခေါ်တယ်။ ကျွန်တော်ကတော့Daily Feel-Good List လို့သုံးတယ်။ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့တစ်ရက်တာအဓိပ္ပာယ်ရှိဖို့ အဲ့အချက်တွေက မရှိမဖြစ်လိုလို့။ Phyo Paing @ Derek

Non-negotiable set point Read More »

စိတ်ညစ်ရင် အလုပ်ပိုလုပ်ပါ။

အခုလိုအချိန်မှာ နိုင်ငံရေးအရကိုယ်ဖြစ်စေချင်သလို မဖြစ်တာကြေကွဲရတဲ့ အဖြစ်အပျက်တွေတစ်ပတ်တစ်ခါလောက်မြင်နေကြားနေ ခံစားနေရတတ်တယ်။ ဒီ reality ကနေ escape ဖြစ်ဖို့အပြောင်းအလဲအတွက်အချိန်အများကြီးလိုတယ်နားလည်ထားတယ်။ခရီးလဲသွားဖို့ မဖြစ်နိုင်သေးသလို၊လွတ်မြောက်ရာထွက်ပေါက် လိုက်ရှာတော့အလုပ်ကိုသွားတွေ့တယ်။ ငယ်ငယ်ကစိတ်ညစ်ရင် ဂိမ်းနှိပ်တယ်။ပျင်းရင် ဂိမ်းနှိပ်တယ်။ဂိမ်းနှိပ်ရင် အာရုံအရမ်းစိုက်ထားတဲ့အတွက်ပတ်ဝန်းကျင်ကိုမေ့သွားတယ်။ အချိန်အများစုက အလုပ်ထဲမှာကုန်တတ်တော့အလုပ်ကို ဂိမ်းတစ်ခုလို ဖန်တီးဖို့စဉ်းစားမိတယ်။ ကိုယ်မကြိုက်တဲ့ ဂိမ်းကိုအကြာကြီးမဆော့နိုင်သလိုကိုယ်မကြိုက်တဲ့အလုပ်ကိုလုပ်တာကိုယ့်ကိုကိုယ် ညင်းဆဲရာကျတယ်။ဒါကြောင့်ကိုယ်ချစ်တဲ့အလုပ်ကိုပဲ လုပ်မယ်လို့ဆုံးဖြတ်ချက်ချခဲ့တယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့အလုပ်ကိုရွေးချယ်ပါ။အလုပ်ကို ဂိမ်းတစ်ခုလိုလုပ်ပါ။စိတ်ညစ်ရင် အလုပ်ပိုလုပ်ပါ။ Phyo Paing @ Derek

စိတ်ညစ်ရင် အလုပ်ပိုလုပ်ပါ။ Read More »

လူတွေတံဆိပ်ကပ်တာတွေကြားက ကိုယ့်ကိုကိုယ် ပြန်ဖန်တီးပါ။

တက္ကသိုလ်တက်တုန်းက ဆေးကျောင်းသား၊အလုပ်ခွင်ဝင်တော့ ဆရာဝန်။ဆေးကုမ္ပဏီဝင်တော့ အရောင်းသမား။အချိန်ပိုင်းစာသင်တော့ သင်တန်းဆရာ။ဖောက်သည်တွေရအောင် ကူညီပေးတော့မားကတ်တင်း ကျွမ်းကျင်ပညာရှင်။ ကိုယ်တိုင်လုပ်ငန်းစတော့ အလုပ်ရှင်။ကိုယ်တိုင်သင်တန်းကျောင်းဖွင့်တော့သင်တန်းကျောင်း ပိုင်ရှင်။တိုင်ပင်ဆွေးနွေးအကြံပေးလုပ်တော့ အကြံပေး။Website တွေ၊ App တွေလုပ်တော့Digital Entrepreneur ဘာညာ။ လူတွေက ကိုယ်ဒီနေ့ လုပ်နေတဲ့ အလုပ်ကိုကြည့်ပြီးတံဆိပ်ကပ်ကြတယ်။ တချို့လူတွေမသိတာကToeTeter တွေကလူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲနေဖို့ကိုယ်ပိုင်ဆိုင်ထား၊ ရရှိထားတဲ့ အရာတွေကိုစွန့်လွတ်ပြီး ကိုယ့်ကိုကိုယ် ပြန်လည်ဖန်တီးရတဲ့အချိန်တွေ ရှိတယ်။ စွန့်လွတ်ရတဲ့အထဲမှာ အတွေးအခေါ်အဟောင်း၊ယုံကြည်မှုဟောင်း၊ လုပ်ပုံကိုင်ပုံအဟောင်း၊လုပ်နေကျအဟောင်းတွေပါဝင်တယ်။You have to give up to grow up. ကိုယ်နေ့စဉ် လုပ်နေတဲ့အရာတွေကကိုယ့်ကို next level ရောက်အောင်ကူညီပေးနိုင်ရမယ်။ Phyo Paing @ Derek

လူတွေတံဆိပ်ကပ်တာတွေကြားက ကိုယ့်ကိုကိုယ် ပြန်ဖန်တီးပါ။ Read More »

ကိုယ့်ကိုကိုယ် နားလည်ဖို့အရေးကြီးတယ်။

ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာအကောင်းဆုံးလူကကိုယ်ကိုယ်တိုင်ပဲ။ကိုယ့်ကိုကိုယ် နားလည်အောင်လေ့လာနေတာနှစ်ပေါင်း ၃၀ ကျော်ပြီ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် နားလည်ဖို့အရေးကြီးတယ်။ Read More »

ကိုယ့်ကိုကိုယ် limit လုပ်ထားတဲ့အရာတွေ မရှိဘူး။

ဆေးကျောင်းပထမနှစ် test စာမေးပွဲမှာဘာသာစုံ ၇ ဘာသာအောင်တာအရင်နှစ်က အယောက် ၆၀၀ မှာအယောက် ၂၀ မပြည့်ဘူးသားကြီး။စိတ်ကူးယဉ်မနေနဲ့။ အဲ့ကုမ္ပဏီက နှစ်ဆယ်သုံးဆယ်မှာတစ်ယောက်လောက်ပဲရွေးတာနော်။မလွယ်ဘူးထင်တယ်။ ဟင် UK Graduate Level 6 Diploma ကိုငါးလနဲ့ ဖြေမလို့။ဆုတောင်းမှပဲရလိမ့်မယ်။သူများ Level 4 က တက်လာတာနှစ်နှစ်ခွဲရှိပြီ မအောင်သေးဘူး။ ဟင် သင်တန်းကျောင်းဖွင့်မလို့လား။ထသွားမှ ကျိုးမှန်းသိမယ်နော်။ တ နဲ့ သလဲ မပီပဲနဲ့ သင်တန်းဆရာဘယ်လိုဖြစ်မလဲသားရယ်။ မန္တလေးကစတဲ့ သင်တန်းဆရာရန်ကုန်ထိသွားသင်တာ သိပ်မရှိဘူးနော်။ မားကတ်တင်းလို့ပြောလိုက်ရင်အရှေ့မှာဆရာကြီးတွေရှိနေပြီဘယ်လိုစျေးကွက်ဖောက်မှာလဲ။ Subscription business modelမြန်မာပြည်မှာ မဖြစ်နိုင်သေးဘူး။ ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းဆိုတာမြန်မာပြည်မှာ မဖြစ်နိုင်ပါဘူးကွာ။ တစ်ရက်ကိုစာတစ်အုပ်ဖတ်တယ်ဆိုတာမဖြစ်နိုင်ပါဘူးကွာ။ လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့လားဝိတ်အရင်ချကြည့်ပါလား။စောင့်ကြည့်နေတယ်နော်ဆရာဖြိုး။ Coachsulting က မြန်မာပြည်မှာစောနေပါသေးတယ်။ မဖြစ်နိုင်ဘူး၊ မလွယ်ဘူးဆိုတဲ့စကားတွေဟာကိုယ့်ကိုပြောကြတာ မဟုတ်ဘူးလို့အမြဲယူဆထားတယ်။ လူတိုင်းက သူ့ခေါင်းထဲမှာရှိတဲ့ ပုံရိပ်ကိုအပြင်လောကကြီးကို မီးမောင်းထိုးလိုက်တာပဲ။

ကိုယ့်ကိုကိုယ် limit လုပ်ထားတဲ့အရာတွေ မရှိဘူး။ Read More »

လောကဓံနဲ့ ကိုယ်နဲ့ဘယ်သူပိုသန်မာလဲနောက်ဆုံး မသေခင်ထိ အားပြိုင်ရမှာပဲ။

နံနက်ခင်းမှာ သတင်းကောင်းတစ်ခုကတော့Akyanpay App အသစ်ကိုApple က AppStore အတွက်Approved လုပ်လိုက်ပါပြီ။ အိမ်တော့ဆောက်ပြီးပြီအထဲမှာ decoration လုပ်ဖို့နဲ့လိုအပ်တာတွေ ဖြည့်ဖို့ပဲ ကျန်တော့မယ်။​ စမ်းသပ်ပြင်ဆင်စရာလေးတွေရှိပေမယ့်App ကို အစအဆုံးပြင်ဆင်မှုတွေပြန်လုပ်ရတဲ့အတွက် အချိန်ကသတ်မှတ်ချိန်ထက် တစ်လပိုကြာသွားမယ်။ ကျွန်တော့် personal mission ကကိုယ်မရှိတော့ရင်တောင် ကိုယ့်ရဲ့ဖန်တီးမှုတွေကို လုပ်ငန်းရှင်၊​စွန့်ဦးတီထွင်၊ ရည်မှန်းချက်ကြီးတဲ့သူတွေ၊တကယ်ကြိုးစားတဲ့သူတွေ၊တိုးတက်ရေးကို ရူးသွပ်သူတွေ၊ကိုယ့်အနာဂတ်၊ ကိုယ်နေထိုင်တဲ့နေရာအနာဂတ်ကို တိုးတက်အောင်ကူညီနေသူတွေအတွက်personal, professional, business developmentပိုင်းတွေ ဆက်လက်ပံပိုးပေးနေချင်တာပါ။ ဘဝတစ်ခုလုံးကိုကျွန်တော်တို့ တည်ဆောက်နေတဲ့အိမ်မက်ထဲမှာ ၁၀၀% ပေးထားတယ်။ဒါကြောင့်YEC-Managed Brand အခု 20+YEC-Business Services 7+ နဲ့YEC-Capital တွေကို အစပျိုးဖြစ်တာဖြစ်ပါတယ်။ဒီပထမအဆင့်ပြီးရင်တကယ်အရမ်းလုပ်ချင်နေတဲ့ဒုတိယအဆင့်လာမယ်။ Brand တည်ဆောက်တဲ့အခါBranded House လို့ခေါ်တဲ့ Sony တို့လို၊Caterpillar တို့လို ဘာလာလာ တစ်ခုတည်းတည်ဆောက်လို့ရသလို၊Houses of Brand

လောကဓံနဲ့ ကိုယ်နဲ့ဘယ်သူပိုသန်မာလဲနောက်ဆုံး မသေခင်ထိ အားပြိုင်ရမှာပဲ။ Read More »