ကိုယ့်ကို ပိုက်ဆံရှာပေးတဲ့အရာတွေမှာ
ငွေသုံးဖို့ မနှမြောပါနဲ့။
Phyo Paing @ Derek
ကိုယ့်ကို ပိုက်ဆံရှာပေးတဲ့အရာတွေမှာ
ငွေသုံးဖို့ မနှမြောပါနဲ့။
Phyo Paing @ Derek Read More »
2019 အတွေးအခေါ်နဲ့ 2020 ဖြတ်သန်းလို့မလွယ်သလို 2020 အတွေးအခေါ်နဲ့ 2021 ဖြတ်သန်းလို့မလွယ်ဘူး။ စိန်ခေါ်မှုတွေကများတယ်။ ကိုယ့်အတွေးအခေါ်၊ လုပ်ရည်ကိုင်ရည်က Update ဖြစ်နေမှရမယ်။ Phyo Paing @ Derek
အကြောင်းအရာတစ်ခုကို စဥ်းစားရင် concept မိအောင် ကျွန်တော်တို့က ပုံပြင်နဲ့ စဥ်းစားကြတယ်။ မဟုတ်ရင် တချို့အရာတွေကို နားလည်ဖို့ခက်တယ်မဟုတ်လား။ ကိုယ့်ခေါင်းထဲကိုထည့်တဲ့ ပုံပြင်တွေကို ဂရုစိုက်ရမယ်။ လူတွေ မကောင်းမှုတွေလုပ်တာများလို့ ကပ်ရောဂါတွေဖြစ်တယ်ဆိုတာမျိုး၊ အရင်ဘဝက မကောင်းမှုတွေပြုထားလို့ ဒီဘဝအာဏာသိမ်းခံရတယ်ဆိုတာမျိုး။ ကိုယ့်ကို စိတ်ဓာတ်ကျ၊ အားလျော့စေမည့် ပုံပြင်တွေကို ပြန်လည်ဆန်းစစ် ပြင်သင့်ရင်ပြင်လိုက်ပါ။ ဥပမာ ငါငယ်ငယ်တည်းက ငါ့အဖေဆုံးသွားခဲ့တော့ သူငယ်ချင်းတွေအိမ်က ငါ့ထက်အဆပေါင်းများစွာပိုချမ်းသာတယ်။ ငါ့ကံမကောင်းဘူးဆိုတဲ့ ပုံပြင်အစား ငါငယ်ငယ်ကတည်းက လောကအကြောင်းကို ပိုလေ့လာလို့ရခဲ့တယ်။ ဒီတော့ ငါ့သူငယ်ချင်းတွေမရတဲ့ အတွေ့အကြုံတွေပိုရခဲ့တယ်။ ဒီအချက်တွေက အနာဂတ်မှာ ငါ့ကိုပိုအောင်မြင်စေလိမ့်မယ်။ မတူညီတဲ့ပုံပြင်က မတူညီတဲ့ လောကအမြင်ကို ဖြစ်ပေါ်စေတယ်။ Change your story, change your life ပါ။ နောက်တစ်ခုက လူတစ်ယောက်ရဲ့ အပြုအမူကိုကြည့်ပြီး
အခုလိုချိန်မှာ ကိုယ့်ခေါင်းထဲကိုထည့်တဲ့ ပုံပြင်တွေကို ဂရုစိုက်ရမယ်။ Read More »
ကိုယ်လုပ်တဲ့အလုပ်အတွက် ဂုဏ်ယူသလိုအလုပ်လုပ်နေတိုင်းလဲ ပျော်တယ်။ စိတ်မပျော်ရွင်စရာရှိရင်တောင် ကိုယ့်အလုပ်က ကိုယ့်စိတ်ထွက်ပေါက်ပဲ။ ကိုယ်ကျွမ်းကျင်တဲ့ profession ရှိတဲ့အတွက်ဘယ်နေရာသွားသွား မျက်နှာမငယ်ရသလိုဘယ်နေရာရောက်ရောက် သုညက ပြန်စရမှာကိုယ့်အတွက် အပန်းမကြီးဘူး။ ခံယူချက် အရေးကြီးတယ်။ ဘဝမှာ ခံယူချက်ပြည့်ဝတဲ့ဆရာတွေဆီကပဲ ရွေးချယ်လေ့လာခဲ့တာမှန်ကန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့တယ်။ Phyo Paing @ Derek
ကိုယ့် profession ကို ကိုယ်တန်ဖိုးမထားရင် တခြားသူလဲ တန်ဖိုးထားမှာ မဟုတ်ဘူး။ Read More »
အောင်မြင်ဖို့ဆိုရင် ဘာကားစီးရမယ်၊ဘယ်မှာနေရမယ်၊ ဘယ်ကျောင်းကပြီးရမယ်၊ဘာအမှတ်တံဆိပ်သုံးပြီး၊ ဘယ်ဆိုင်တွေမှာထိုင်ရမယ် အစသဖြင့် အောင်မြင်မှုဆိုတဲ့ ပုံရိပ်ကို TV တွေနဲ့ ကြော်ငြာလုပ်တဲ့သူတွေကသတ်မှတ်ကြတယ်။ တချို့ကလဲ အောင်မြင်တယ်ဆိုတာနေ့တိုင်းကိုယ်လုပ်တဲ့အလုပ်ကိုရင်ခုန်ပြီးပျော်နေတာမျိုးလို့ဆိုတယ်။ ကျွန်တော်တို့လို တတိယနိုင်ငံ Social mobility အမြင့်ကိုတက်ဖို့ပြောသလောက်မလွယ်တဲ့နေရာပါ။ နေ့တိုင်းကိုယ်လုပ်တဲ့အလုပ်ကိုရင်ခုန်ပြီးပျော်နေဖို့ဆိုတာ ကိုယ်တိုင်လုပ်ငန်းစရင်စ မစရင် လုပ်ငန်းရှင်ကောင်းကောင်းနဲ့အလုပ်လုပ်ဖြစ်ဖို့လိုတယ်။ အထူးသဖြင့် အခုလို ကာလမျိုးမှာဆိုပိုဆိုးတယ်။ Phyo Paing @ Derek
အိုင်းစတိုင်းသည် နူးကလိယစွမ်းအင်ဆိုတာ ဘယ်လိုမှ ထုတ်ယူနိုင်မှာ မဟုတ်ဘူးလို့ဆိုခဲ့ဖူးတယ်။ IBM Chairman Thomas Watson ကကမ္ဘာ့ Computer စျေးကွက်ဟာကွန်ပျူတာငါးလုံးသာရောင်းရနိုင်တယ်လို့ခန့်မှန်းခဲ့ဖူးတယ်။ William Preece, British Post Office ကအမေရိကန်တွေကသာ Telephone လိုတာငါတို့မှာ messenger boy တွေရှိတဲ့အတွက် မလိုဘူးလို့ဆိုခဲ့ဖူးတယ်။ Lessonsနာမည်ကြီးပုဂ္ဂိုလ်တွေတောင်လူအများသိတဲ့ အမှားတွေပြောဖူးဆိုဖူးကြတယ်။အမှားတွေလုပ်မိမှာကြောက်ပြီးအလုပ်မလုပ်မိတာမျိုးမဖြစ်ပါစေနဲ့။ Phyo Paing @ Derek
Tesla ရဲ့ CEO Elon Musk ကဒီနေ့ပဲ ကမ္ဘာ့အချမ်းသာဆုံးသူဌေးဖြစ်သွားတယ်။ 2020 နှစ်အစက $27 Billion ပိုင်ဆိုင်မှုကနေ $194.8 Billion ဖြစ်သွားတယ်လို့ Bloomberg Billionaire Index က ဖော်ပြထားတယ်။ ကျွန်တော်တို့ရဲ့ ကြိုးစားမှုတွေကလဲ အလားတူပါပဲ။ ဘဝမှာ တိုးတက်သင့်သလောက် မတိုးတက်နေလို့ကြိုးစားမှုကို မရပ်လိုက်ပါနဲ့။ဘဝမှာ ကြီးမားတဲ့ အပြောင်းအလဲဖြစ်စေတဲ့Tipping Point ဆိုတာရှိပါတယ်။ Phyo Paing @ Derek
ပထမအချက်က တချို့အရာတွေကို ဘုရင့်နောင်ဖောင်ဖျက်သတ္တိရှိရှိလုပ်ဖို့လိုတယ်။ ဒုတိယအချက်ကPeter Thiel အမြဲမေးတဲ့ မေးခွန်းတစ်ခုရှိတယ်။ဆယ်နှစ်စာ plan ကို ခြောက်လအတွင်းဘယ်လိုအကောင်အထည်ဖော်မလဲတဲ့။ ဒီမေးခွန်းက ကိုယ့်အတွေးတွေ၊ အမြင်တွေကိုပြောင်းသွားစေနိုင်တယ်။Speed အရေးကြီးတယ်။ တတိယအချက်က ကိုယ်နဲ့ ကိုယ့် Teamအလုပ်ထဲမှာစျန်ဝင်နေဖို့လိုတယ်။ Steve Jobs သုံးခဲ့တဲ့နည်းလမ်းကိုတော့Reality Distortion Field လို့ဆိုတယ်။ Phyo Paing @ Derek
HUGG ဆိုတာကတော့ ကိုယ့်ကိုတုန်လှုပ်စေတဲ့ရင်ခုန်စေတဲ့၊ ကြီးကျယ်တဲ့ ရည်မှန်းပန်းတိုင်Huge Unbelievable Great Goals ပါ။ လွန်ခဲ့တဲ့ ၃ နှစ် ဒီနေ့မှာ Personal Productivity ဆိုတဲ့ Training တစ်ခုစတင်ခဲ့ပါတယ်။ လူပေါင်းများစွာကို ကူညီနိုင်အောင် ToeTet.com မှာOnline Program တစ်ခုအနေနဲ့ ပြောင်းလဲခဲ့ပါတယ်။ Phyo Paing @ Derek
ကိုယ့်ရဲ့ စွမ်းဆောင်းရည်တိုးဖို့
လူတိုင်း HUGG တွေလိုပါတယ်။ Read More »
လူငယ်အများစုဟာ ချမ်းသာချင်တယ်ဆိုတာထက် လိုချင်တဲ့ဘဝနေထိုင်မှုပုံစံကို တည်ဆောက်လိုတာဖြစ်ပါတယ်။ အောင်မြင်နာမည်ကြီးပြီး မပျော်တာထက်စာရင် ဝါသနာပါတဲ့အလုပ်လေးကိုလုပ်ပြီး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးမှာ ပုံမှန်လေးနဲ့ သွားချင်တဲ့နိုင်ငံကိုသွားလည်ချင်တာမျိုးဖြစ်ပါတယ်။ ဒီလို life-style လိုချင်လို့ ကိုယ်တိုင်စီးပွားရေးအများစု စကြပါတယ်။ဒါကို life-style entrepreneur လို့ခေါ်ပါတယ်။ Sharing economy Gig economy နဲ့အတူ အများအပြား ပေါ်ပေါက် လာမှာ Life-style entrepreneur တွေပါ။ ဒီလို လိုချင်တဲ့ နေထိုင်မှုပုံစံတည်ဆောက်ဖို့ တစ်နေရာရာမှာတော့ ဆရာကျဖို့လိုပါတယ်။ ဒီနေ့ကစ ပညာရပ်တစ်ခုမှာ အချိန်ပေးပြီးဇောက်ချလေ့လာပါ။ Phyo Paing @ Derek
ဒီနေ့ကစ ပညာရပ်တစ်ခုမှာ အချိန်ပေးပြီး
ဇောက်ချလေ့လာပါ။ Read More »