Uncategorized

ဘဝကို ပိတ်မိနေတယ်ခံစားရသလားဒီ ငါးချက်ကို လုပ်ကြည့်ပါ

ဘဝကို ပိတ်မိနေတယ်ခံစားရသလားဒီ ငါးချက်ကို လုပ်ကြည့်ပါ။ ၁။ ကိုယ့်ရဲ့ရုန်းကန်မှုကိုအဓိပ္ပာယ်ရှိတဲ့ ပုံပြင်အဖြစ်ပြောင်းပါ။Creating meaningful story လူတွေရဲ့ ရုန်းကန်မှုတိုင်းမှာအဓိပ္ပာယ်လိုတယ်။ဒါကို Dr. Viktor Frankl ကစိတ်ပညာအခွဲတစ်ခုအဖြစ်Logotherapy ကို တီထွင်ခဲ့တယ်။ ၂။ ကိုယ့်ကိုယ်ကိုယ် အထင်မသေးလိုက်နဲ့။ ကိုယ့်ကိုယ်ကိုယ် အထင်သေးရင်လုပ်ရပ်တွေကလဲ ပေါ့သွားမယ်။လူဖြစ်ဖို့ မလွယ်ဘူး။ကျန်းကျန်းမာမာ အနာကင်းကင်းမွေးဖို့ ပိုမလွယ်ပါဘူး။လူဖြစ်ရတာလဲ မလွယ်ပါဘူး။ဒီအခြေအနေထိ ဒူပေဒါပေခံခဲ့ပြီဆိုစိတ်ရောဂါ မဖြစ်သေးဘူးဆိုဒါက သင်တော်တော် သန်မာတဲ့သူဖြစ်လို့ပဲ။သာမာန်လူအများစုဆိုဖြတ်သန်းလာတဲ့ အခြေအနေတွေကြောင့်သွေးပျက်သွားလောက်တယ်။ရေမလာ၊ မီးပျက်၊ ရန်သူမျိုးငါးပါးကြားမှာရှင်သန်နိုင်တယ်ဆိုတာနည်းတဲ့ ဖြတ်သန်းမှု မဟုတ်ပါဘူး။ကိုယ့်ရဲ့ ဖြစ်တည်မှုကိုဘာအကြောင်းကြောင့်ဖြစ်ဖြစ်အထင်မသေးလိုက်ပါနဲ့။ ၃။ အပေါင်းအသင်းတွေကို ဂရုစိုက်ပါ။ ဓာတ်ကူးတတ်ပါတယ်။တချို့က ဘူဓာတ်ကို ဖြန့်တတ်တယ်။တချို့က အကြည်ဓာတ်ကို ယူဆောင်လာတယ်။တချို့နဲ့ တွေ့ရင် ဥာဏ်ပွင့်တယ်။တချို့နဲ့တွေ့ရင် ရှင်းနေတာတောင် ရှုပ်နိုင်တယ်။တချို့က အားပေးတယ်။တချို့က ဘတ်ထရီထဲက အင်နာဂျီတွေစုပ်ယူသွားသလိုenergy vampireဒီတော့ ကိုယ့်ဘေးနားကလူတွေကိုဂရုစိုက် ရွေးချယ်ပေါင်းသင်းပါ။ […]

ဘဝကို ပိတ်မိနေတယ်ခံစားရသလားဒီ ငါးချက်ကို လုပ်ကြည့်ပါ Read More »

ကိုယ့်ကို ပိုက်ဆံပေးတဲ့လူတွေကိုလေးစားတန်ဖိုးထားဖို့လိုတယ်

အချစ်က ဘဝမဟုတ်ဘူး။အလုပ်က ဘဝ။ အချစ်ကို မကိုးကွယ်ဘူး။​အလုပ်ကို ကိုးကွယ်တယ်။ ကိုယ်နဲ့ တစ်သက်လုံးအတူရှိနေတဲ့အရာက“အဓိပ္ပာယ်ရှိတဲ့ အလုပ်”။ဒါကြောင့်Work is life ပဲ။ တချို့တွေက အလုပ်လုပ်ရင်ပင်ပန်းနွယ်နယ်တယ်။တချို့က အလုပ်မလုပ်ရင်ပင်ပန်းနွယ်နယ် ဟာတာတာဖြစ်တယ်။ ဘဝမှာ တိုးတက်ချင်ရင်အလုပ်ကို ကိုးကွယ်ဖို့လိုတယ်။ လူတိုင်းအတွက်တော့ မှန်မှာမဟုတ်ဘူး။ တချို့လူတွေအတွက်ကတော့အလုပ်ဆိုတာ လွတ်မြောက်မှုပဲ။ ဒီနေ့စီးနေတဲ့ ကား၊နေနေတဲ့ အိမ်၊ဘဝနေထိုင်မှုအတွက် ဝင်ငွေ၊လူတွေထားတဲ့ လေးစားမှုဒါတွေအကုန်လုံးက အလုပ်ကြောင့်ဖြစ်လာတာ။ ဒါကြောင့် ကိုယ်လုပ်နေတဲ့အလုပ်ကိုအသက်လို တန်ဖိုးထားဖို့လိုတယ်။ကိုယ့်ကို ပိုက်ဆံပေးတဲ့လူတွေကိုလေးစားတန်ဖိုးထားဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ကို ပိုက်ဆံပေးတဲ့လူတွေကိုလေးစားတန်ဖိုးထားဖို့လိုတယ် Read More »

ဥာဏ်ဆိုတာ

ဘဝဆိုတာ ဥာဏ်နဲ့ ဝိရိယပေါင်းပြီးကံကို ဖန်တီးတဲ့နေရာတစ်ခုဆိုလဲမှားမယ် မထင်ဘူး။ ဥာဏ်မရှိရင် ကံလဲအကြာကြီး ကိုယ်နဲ့ မရှိဘူး။ ဥာဏ်ဆိုတာ အဆိုးအကောင်း၊အကျိုးအကြောင်းကို ဆင်ခြင်သုံးသပ်ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ အသိ။ Phyo Paing @ Derek

ဥာဏ်ဆိုတာ Read More »

အလုပ်နဲ့ ဘဝမှာ လူရွေးမမှားဖို့
ဆုံးဖြတ်ချက် မမြန်ဖို့လိုတတ်တယ်။

ကိုယ်နဲ့ထဲထဲဝင်ဝင်ပေါင်းတဲ့လူတွေရဲ့ အကျင့်အကူးမြန်တယ်။ ဦးနှောက်မှာ မှန်နဲ့တူနဲ့ဆဲလ်mirror neuron ရှိတယ်။ ဒါကြောင့် အမူအကျင့်တွေအတူနေတာ ကြာရင် ကူးတယ်။ ကိုယ်က လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီးအပျင်းထူပြနေပြီးကိုယ့်ဝန်ထမ်းတွေ တက်ကြွစေချင်လို့မရဘူး။ အပေါင်းအသင်း ယောင်းရင်းကို ဂရုစိုက်ရသလို၊ လုပ်ငန်းတွင်းယဥ်ကျေးမှုculture တည်ဆောက်တဲ့အခါလဲလူသေချာရွေးဖို့လိုတယ်။ အလုပ်နဲ့ ဘဝမှာ လူရွေးမမှားဖို့ဆုံးဖြတ်ချက် မမြန်ဖို့လိုတတ်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

အလုပ်နဲ့ ဘဝမှာ လူရွေးမမှားဖို့
ဆုံးဖြတ်ချက် မမြန်ဖို့လိုတတ်တယ်။
Read More »

တစ်သားတည်း

ဘာအလုပ်တွေ လုပ်နေရင်ဘဝက အသက်ဝင်နေလဲ။ဘဝမှာ မသေခင်ဖြစ်ချင်တဲ့ပါဆန်နယ် ဆန္ဒတစ်ခုကဘာဖြစ်မလဲ။နေ့စဥ် လုပ်နေတဲ့အလုပ်နဲ့အသက်ဝင်စေတဲ့အလုပ်နဲ့ဖြစ်ချင်တဲ့ ဆန္ဒနဲ့“တစ်သားတည်း” ကျရဲလား။ Phyo Paing @ Derek

တစ်သားတည်း Read More »

အနုပညာရှင်နဲ့ ဖျော်ဖြေရေးသမား

အနုပညာရှင်နဲ့ ဖျော်ဖြေရေးသမားဘာကွာလဲဆိုရင်ဖျော်ဖြေရေးသမားက လက်ခုပ်တီးမှ ကတယ်။လူတွေ လက်ခုပ်တီးတာကိုပဲလုပ်တယ်။အနုပညာရှင်က ကြိုက်ကြိုက်မကြိုက်ကြိုက်ရင်ထဲက လာတာကိုလုပ်ရင်းလူတွေ ကြိုက်သွားကြတယ်။ Phyo Paing @ Derek

အနုပညာရှင်နဲ့ ဖျော်ဖြေရေးသမား Read More »

ရည်မှန်းချက်ကြီးကြီးထား၊မျှော်မှန်းချက် သေးသေးထား

ရည်မှန်းချက်ကြီးကြီးထား၊မျှော်မှန်းချက် သေးသေးထား။ ရည်မှန်းချက် ကြီးကြီးထားတဲ့အခါမနက်မိုးလင်းမျက်လုံးဖွင့်တဲ့အခါရင်ခုန်စရာ ဒီနေ့အတွက်လုပ်စရာတွေနဲ့ အကောင်အထည်ဖော်စရာရည်မှန်းချက် ခပ်ကြီးကြီးတစ်ခုရှိမယ်။ မျှော်မှန်းချက် သေးသေးပဲထားတဲ့အခါတိုက်ရိုက်ထိန်းချုပ်လို့မရတဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့နည်းပညာအပြောင်းအလဲကြောင့်ဖြစ်လာတဲ့အရာတွေကြောင့်စိတ်ညစ်စရာ နည်းသွားမယ်။ Phyo Paing @ Derek drphyopaing

ရည်မှန်းချက်ကြီးကြီးထား၊မျှော်မှန်းချက် သေးသေးထား Read More »

ကိုယ့်ဘဝနဲ့ ကိုယ်နဲ့တစ်သားတည်းဖြစ်နေတာအောင်မြင်တဲ့ ဘဝပဲ

ကိုယ့်ဘဝနဲ့ ကိုယ်နဲ့တစ်သားတည်းဖြစ်နေတာအောင်မြင်တဲ့ ဘဝပဲ။ ငွေတွေ ကျိကျိတက်ချမ်းသာပြီးပူလောင်နေတာမျိိုး တွေ့ဖူးလိမ့်မယ်။ပညာတွေတတ်ပြီးလောကကြီးက ကိုယ်ဖြစ်စေချင်သလိုလူ့အဖွဲ့အစည်းက မလည်ပတ်တဲ့အတွက်ဒေါသတွေများပြီး သောကတွေများအပြစ်တွေပြောပြီး ပူလောင်နေတာတွေ့ဖူးလိမ့်မယ်။လုပ်ငန်းခွင်မှာ အောင်မြင်ပြီးကိုယ့်နေရာသူများလုမှာ စိုးတဲ့အတွက်ပူလောင်မှုတွေနဲ့ ဖြတ်သန်းနေရာတာတွေ့ဖူးလိမ့်မယ်။ ဘဝမှာ ကျောချစရာကောင်းကောင်းတစ်ခု၊ဘဝအတွက် အိုစာမင်းစာမပူရတဲ့ကိုယ့်ဘဝနေထိုင်မှုအတွက် ဖူလုံစေမယ့်အရာတစ်ခု၊ကိုယ်ချစ်တဲ့အလုပ်ကို နေ့စဥ်လုပ်နေပြီး၊ကိုယ့်ဘဝနဲ့ ကိုယ် တစ်သားတည်းကျနေတာအောင်မြင်မှုလို့ပဲ ပုဂ္ဂလိက ခံယူထားကြည့်တယ်။ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့နည်းလမ်းနဲ့ စည်းကမ်းလိုတယ်။ဖြစ်နေတာကို စိတ်ကျေနပ်ဖို့ကိုယ့်ကိုယ်ကို နားလည်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ဘဝနဲ့ ကိုယ်နဲ့တစ်သားတည်းဖြစ်နေတာအောင်မြင်တဲ့ ဘဝပဲ Read More »

ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့

ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့နည်းလမ်းနဲ့ စည်းကမ်းလိုတယ်။ဖြစ်နေတာကို စိတ်ကျေနပ်ဖို့ကိုယ့်ကိုယ်ကို နားလည်ဖို့လိုတယ်။ Phyo Paing @ Derek

ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့ Read More »