ကိုယ့်ဘဝရဲ့ အသက်ရှင်မှုလေးကိုခံစားကြည့်ပါ
ကိုယ့်ဘဝရဲ့ အသက်ရှင်မှုလေးကိုခံစားကြည့်ပါ။အသက်ကို ဝဝလင်လင်ရှူနေနိုင်တာကိုကျေးဇူးတင်စရာmiracle အံ့ဖွယ်တစ်ခုပါ။ ဘဝမှာ ကင်ဆာဆေးသွင်းပြီးဘဝနေဝင်ချိန်ကို စောင့်နေသူတွေအများကြီးနဲ့ စကားပြောဖူးဆေးသွင်းပေးဖူးတယ်။သူတို့တွေ လောကကြီးမှာမရှိကြတော့ဘူး။ ကုတင်ပေါ်မှာ အသက်ရှူရခက်လို့စက်အကူနဲ့ အသက်ငင်နေတဲ့သူတွေအများကြီးနဲ့ တွေ့ခဲ့ဖူးတယ်။ကိုယ့်လက်ထဲမှာ အရေးပေါ်ကူရင်းလောကကြီးကထွက်ခွါသွားတဲ့လူတွေလဲရှိခဲ့ဖူးတယ်။ ဘဝနေဝင်ချိန်ကို မျက်လုံးဖျော့ဖျော့နဲ့စောင့်ဆိုင်းနေသူတွေအများကြီးတွေ့ဖူးတယ်။ခင်မင်ခဲ့ဖူးတယ်။ အဲ့ကတည်းက ဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်။ငါ့ဘဝ အသက်ရှင်နေသမျှအကြည်ဓာတ်အပြည့်နဲ့နေမယ်။အသက်ရှူတိုင်း ကျေးဇူးတင်စိတ်နဲ့နေမယ်။လောကအတွက် အကျိုးတစ်ခုရှိအောင်နေမယ်။ အခုလို အသက်မငင်ပဲအသက်ဝဝလင်လင်ရှူပြီးဘဝမှာ ကျန်းကျန်းမာမာနေနိုင်တာကိုကကျေးဇူးတင်စရာပါ။ Phyo Paing @ Derek drphyopaing
