action

Lifestyle Design

တစ်သက်မှာတစ်ခါ လူလာဖြစ်တာ စား၀တ်နေရေးအတွက်ဘဲ ရုန်းကန်နေရမယ်ဆို မဟုတ်သေးဘူး။ လွတ်လပ်မှုတွေအပြည့်ရှိတဲ့ ဘ၀နေထိုင်မှုပုံစံ ဒီဇိုင်းလုပ်ဖို့ လိုတယ်နော်။ Phyo Paing @ Derek

Lifestyle Design Read More »

ယှဉ်ပြိုင်ခြင်း

လောကသဘာဝအရ အရာရာ ယှဉ်ပြိုင်ခြင်းဖြင့် အသက်ရှင်သည်။ Infinity War မှာ Thanos ပြောသလို စင်္ကြာဝဋ္ဌာအတွင်းမှာရှိတဲ့ အရင်းအမြစ်တွေသည် Finite အတိုင်းအဆ အကန့်အသတ်ရှိသည်။ ဒီ အရင်းအမြစ်တွေကို လူသားတွေ၊ နိုင်ငံတွေရယူဖို့ ယှဉ်ပြိုင်နေကြရသည်။ ဒီခေတ်မှာပြိုင်ဆိုင်နိုင်စွမ်းမရှိရင် နောက်ကောက်ကျကျန်ခဲ့မယ်။ လူတွေအထင်သေးခံရမယ်။ တခြားနိုင်ငံတွေရဲ့ အထင်အမြင်သေးမှု ခံရမယ်။ စီးပွားရေး၊ ပညာရေး၊ လူမှုရေးမှာ နောက်ကောက်ကျကျန်ခဲ့မယ်။ ဒါတွေအားလုံးအတွက်ထွက်ပေါက်ကတော့ ပညာရေးဖြစ်တယ်။ Phyo Paing @ Derek

ယှဉ်ပြိုင်ခြင်း Read More »

မခံချင်စိတ်

သေသောငါးတွေသာ ရေစီးနဲ့အတူမျောပါတယ်။ အပင်တို့သည် မြေကြီးကိုဖောက်ထွက် ရှင်သန်ကြတယ်။ ဥကိုဖောက်ထွက်မှ အကောင်ဖြစ်လာသလို လူတစ်ယောက်ဖြစ်လာဖို့ အချင်းကိုဖယ်ပြီးမှ လူလောကထဲရောက်လာတယ်။ ပြဿနာ၊ အခက်ခဲဆိုတာ စိတ်ဓာတ်ကျစရာထက် စိန်ခေါ်မှုဖြစ်တယ်။ ဒီစိန်ခေါ်မှုတွေကို ဖြတ်ကျော်နိုင်ရင် အတိတ်ရဲ့အချင်းကို ချန်ထားခဲ့ပြီး လူသစ်စိတ်သစ် အတွေးသစ်နဲ့ နောက်တဆင့်ကို တက်ရောက်နိုင်တယ်။ Phyo Paing @ Derek

မခံချင်စိတ် Read More »

ရည်ရွယ်ချက်

ဘ၀ရဲ့ အဓိကရည်ရွယ်ချက်က သေဆုံးခြင်းဖြစ်တယ်။ ရှင်သန်ခြင်းရဲ့ ရည်ရွယ်ချက်က ပြောင်းလဲခြင်းဖြစ်တယ်။ ချစ်ခြင်းရဲ့ ရည်ရွယ်ချက်က ပေးဆပ်ခြင်းဖြစ်တယ်။ ပန်းတိုင်ရဲ့ ရည်ရွယ်ချက်က လမ်းပျောက်မသွားဖို့ဖြစ်တယ်။ Management ရဲ့ရည်ရွယ်ချက်က လူတွေအသုံးပြုပြီး အလုပ်ပြီးဖို့ဖြစ်တယ်။ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ ရည်ရွယ်ချက်က ဖောက်သည်တွေလိုအပ်တာကို ဖြည့်ဆည်းပေးပြီး အမြတ်ရဖို့ဖြစ်တယ်။ Phyo Paing @ Derek

ရည်ရွယ်ချက် Read More »

ဘ၀ဆိုတာ တိုက်ပွဲတစ်ခုဖြစ်ခဲ့မယ်ဆိုရင်

သင့်ရဲ့ အကြီးမားဆုံးရန်သူက သင်ကိုယ်တိုင်ဖြစ်တယ်။ နေ့စဉ်ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို စစ်တိုက်ယူနေရတယ်။ သင်ဟာစစ်သားဖြစ်တယ်။ စစ်သားတွေ စစ်ပွဲအတွက် နေ့စဉ်လေ့ကျင့်ရေးဆင်းရသလို ဘ၀အတွက် လေ့ကျင့်ရေးဆင်းဖို့လိုတယ်။ လေ့ကျင့်တာအရေးကြီးသလို နည်းစနစ်ကလည်း အရေးကြီးပါတယ်။ Phyo Paing @ Derek

ဘ၀ဆိုတာ တိုက်ပွဲတစ်ခုဖြစ်ခဲ့မယ်ဆိုရင် Read More »

Jack Ma မှ စွန့်ဦးတီထွင်တွေကိုပေးတဲ့ အကြံညဏ်ငါးခု

၁. အနာဂတ်ကို အမြဲအကောင်းမြင်ပါ။ ၂. သင့်ဘေးနားက သင့်လူတွေဟာ အရာရာကို အပြောင်းအလဲလုပ်နိုင်ပါတယ်။ ၃. သင့်အနေနဲ့ စွန့်လွတ်မှုတွေ လုပ်ရလိမ့်မယ်။ ၄. အရမ်းခေတ်စားနေတဲ့ စီးပွားရေးတွေနောက် မလိုက်ပါနဲ့။ ၅. အရာရာ အဆင်သင့်ဖြစ်နေအောင် မစောင့်ပါနဲ့။ Phyo Paing @ Derek

Jack Ma မှ စွန့်ဦးတီထွင်တွေကိုပေးတဲ့ အကြံညဏ်ငါးခု Read More »

လူတွေကို ကြင်နာပေးပါ။

စား၀တ်နေရေးအတွက် ရုန်းကန်ရတဲ့သူ။ အကြွေးတွေတင်နေသူ။ ဘ၀လုံခြုံမှုအတွက် ခိုးကိုးရာရှာဖွေနေသူ။ အထီးကျန်စိတ်ပျက်အားငယ်နေသူ။ လူတွေအသိအမှတ်ပြုခံလိုနေသူ။ အောင်မြင်မှုကို ဆာလောင်နေသူ။ ဘ၀ရဲ့ အနှစ်သာရကို ရှာဖွေနေသူ။ လူတိုင်းလူတိုင်းဟာ လိုအပ်ချက်တိုင်းကို ရှာဖွေဖြည့်ဆည်းနေရင်း တခါတခါ အတ္တချင်း ခလုတ်တိုက်မိကြတယ်။ စာနာပေးလိုက်ပါ။ နားလည်ပေးလိုက်ပါ။ ခွင့်လွှတ်ပေးလိုက်ပါ။ Phyo Paing @ Derek

လူတွေကို ကြင်နာပေးပါ။ Read More »

Small is beautiful.

စာသင်တာဝါသနာပါလို့ သင်တန်းကျောင်းထောင်တဲ့အခါ စာမသင်ရတော့ဘူး။ ဘာ့ကြောင့်လည်းဆိုတော့ စာသင်တာထက် စီးပွားရေးလုပ်ငန်းတစ်ခုလုံး လည်ပတ်ဖို့အချိန်ပေးရလို့ပါ။ အချက်အပြုတ်ဝါဿနာပါလို့ စားသောက်ဆိုင်ဖွင့်သော အခါ အချက်အပြုတ်မလုပ်ရတော့လေပဲ စီးပွားရေးလည်ပတ်ရန် တခြားလုပ်ငန်းဆောင်တာများကို လုပ်ရလေသည်။ ဖုန်းတွေဂလိရာ ဝါသနာပါရာက ဖောက်သည်တွေလည်းရှိတာနဲ့ ဖုန်းဆိုင်ဖွင့်ရာမှ ဖုန်းမပြင်ပဲ စီးပွားရေးလည်ပတ်ဖို့စဉ်းစားရလေသည်။ အရင်ခေတ်မှာ Financial Freedom ရဖို့ စီးပွားရေးလုပ်ငန်းလုပ်ရမယ်၊ Assets တွေ ဝယ်ယူရမယ်ဆိုတဲ့ အယူအဆတစ်ခုရှိပါတယ်။ ဒီနေ့ခေတ်မှာ Financial Confidence ရဖို့ အတွက် Passion စိတ်အားထက်သန်မှု အခြေပြု လုပ်ငန်းတွေလိုလာပါတယ်။ Bigger is better လို့ထင်လာရာကနေ Small is beautiful ဖြစ်လာပါပြီ။ နည်းပညာကို အသုံးပြုတဲ့အခါ လူနည်းနည်းနဲ့ ကျစ်လစ်တဲ့ lean organization တွေတည်ဆောက်လာနိုင်ပါမယ်။ More people

Small is beautiful. Read More »

စိတ်ညစ်နေမည့်အစား

လူတိုင်းအားနည်းချက်ရှိတယ်။ ဒါကို စိတ်ညစ်နေမည့်အစား ကိုယ့်ရဲ့ အားသာချက်ကိုရှာ ပိုကောင်းအောင်လုပ်။ လူကောင်းသေးပေမယ့် ဘောလုံးမှာ ကြိုးစားမှုကြောင့် Messi ဖြစ်လာတယ်။ လူမည်းပေမယ့် သီချင်းအဆိုတော်တဲ့အခါ မိုက်ကယ်ဂျယ်ဆင်ဖြစ်လာတယ်။ Phyo Paing @ Derek

စိတ်ညစ်နေမည့်အစား Read More »